ထီးေျပာင္းျပန္ မခ်ရ

ထီးပြောင်းပြန် မချရ

ထီးတင်တော့ ပထမဆုံးခွေက စတင်ပြီးနောက်ဆုံး စိန်ဖူးကိုတင်တယ်ပေါ့။ထီးချရင် စိန်ဖူးက စဖြုတ်ရတယ်။အဲဒီအတိုင်းထီးချရင် ထီးဇောက်ထိုးဆင်းတယ်ခေါ်တယ်။စိန်ဖူးကနေ အောက်ဆုံးခွေအထိ ဖြုတ်ပြီး ငြမ်းပေါ်မှာတင်ထားပြီး အောက်ဆုံးခွေက စချရတယ်။

ထီးချရင် မြေကြီးနဲ့မထိရ၊ခုံတစ်ခုပေါ်ပိတ်ဖြူခင်း အဲဒီအပေါ်တင်ထားပြီးမှ သင့်တော်သလိုဆောင်ရွက်ပေါ့ ထီးချရင် လူစာရင်းမှတ်ထား။ထီးတော်အသစ်ပြန်တင်ရင် အဲဒီလူတွေပြန်ပါပလေ့စေ။

အနည်းဆုံး လူတစ်ဝက်တော့ပြန်ပါရတယ်။ထီးချတာပါပြီး ထီးတင်မှာပြန်မပါရင် လောကီကိစ္စမှာ ကျ သွားတတ်တယ် ထီးအသစ်ပြန်တင်တော့မယ်ဆိုရင် မူလထီးဒကာရဲ့ အလှုငွေ အနည်းဆုံး တစ်မတ်တော့ ပါပလေ့စေ။

သဘောတူ ခွင့်ပြုချက်ကို ယူတာ။မူလထီးဒကာကို အကြောင်းမကြား အလှုမခံရင် စကားများရတတ်တယ်။ မူလထီးက အချင်းနှစ်ပေဆိုရင် ထီးအသစ်ကို အဲဒီထက်မလျော့စေနဲ့။ထီးအသစ်က ထီးဟောင်းထက်တန်ဖိုး မြင့်ပါစေ။

ထီးတင် ပန်းရထားသည် ရွာကို ဦးမတိုက်ရ။သုဿာန်ကို ဦးမတိုက်ရ။ရွာဦးတိုက်ရင် ရွာနာတတ်တယ်။ ထီးအသစ်မှာ မူလထီးအဟောင်းရဲ့ အစလေးတစ်စ၊ခေါင်းလောင်းလေး တစ်လုံးဖြစ်ဖြစ် ပြန်ထည့်ပေး။

မူလဓါတ်ဟောင်း မဖျက်ကောင်းတဲ့။ မကိုဋ်ထီး၊ရွှေတိဂုံထီး၊ချည်ဝင်ထီး၊တလိုင်းထီး၊ရှမ်းထီး ထီးသုံးဆင့် စသဖြင့် ထီးအမျိုးမျိုးရှိတယ်ပေါ့ဗျာ။ မွန်ပြည်နယ်မှာ ထီးတင်ရင် ဟသ်ာခံပေါ့။ ရောင်းတမ်းထီးတွေ မဝယ်ပဲ ကိုယ်ကြိုက်တဲ့ပုံစံကို အော်ဒါမှာတယ်။

စိန်ဖူးကတော့ စလင်းပဲကောင်းတယ်ဗျ။ငွေတတ်နိူင်ရင် စလင်းကိုရွှေကွပ် ရတနာစီပေါ့။ ဒါယကာဆောင်(သိကြားဆောင်)ထီးတင်ရတာ အတော်လုပ်ယူရတယ်။ ထီးတော်မှာ၃၃ပါးသော သိကြားမင်းပုံပါတယ်။

နေလရထား ပါတယ်။၂၈ဆူရွှေသက်န်းကပ်၊ဂြိုလ်ရှစ်ခွင် မှန်ကပ်ပြီးမှ တင်လို့ရတယ်။ ဒါယကာဆောင် စိန်ဖူးတင်တဲ့အချိန် ကျွန်တော်မှန်ကိုင်ပြီး ဆရာတော်ပေးထားတဲ့ဂါထာ မပြတ်ရွတ်နေခဲ့ရတယ်။ ဦးထုတ်ပြောင်းပြန်ဆောင်းတယ်ဆိုတာ ဘိုးမင်းခေါင်ဓါတ်ဗျ။

သိကြားဆောင်ထီးတင်မှာ ရွတ်ရတဲ့ဂါထာက

မာရ သေန ပမ္မဒ္ဒိနော။

သဗ္ဗဇေယျ စိန်ဖူးတင် မှာ ရွတ်ရတဲ့ဂါထာက

“ဆ ဒွါရ အဓိပတိ မဟာရာဇာ”

စေတီမှာ အုဋ်ထီးတင်ထားရင် ဂရုစိုက်၊သစ္စာချက်ကြီးတဲ့ဘုရား။မြောက်ဘက် မုခ်တစ်ခုတည်း ဖွင့်ထားရင်သတိထား။စေတီက အဝိုင်းဆိုရင် ဘုရင်တည်ထားတာ။တစ်ဝစေတီနဲ့ဓါတ်ရှင်းစေတီ ကြည့်ပေါ့။

ရှစ်မြှောင့်ဆိုရင် စစ်သူကြီး တည်တာ။ စေတီက ညဏ်တော်နိမ့်နိမ့်လေး ဆိုပြီး ပေါ့တီးပေါ့ဆမလုပ်နဲ့။ စေတီအားလုံးဟာ အရဟံအစ ဘဂဝါအဆုံးနဲ့ပြည့်စုံတဲ့ ဘုရားချည်းပဲ။တည်ထားတဲ့ သူရဲ့ သစ္စာချက်နဲ့ပုဂ္ဂိုလ်အစောင့်အရှောက်ကို ကြည့်ပြီး လုပ်ဆောင်ရတယ်။

Crd အောင်ပါစေ.

မူရင်းတင်သူမျှဝေသူ ကုသိုလ်ထပ်တူရပါစေ

Zawgyi

ထီးေျပာင္းျပန္ မခ်ရ

ထီးတင္ေတာ့ ပထမဆုံးေခြက စတင္ၿပီးေနာက္ဆုံး စိန္ဖူးကိုတင္တယ္ေပါ့။ထီးခ်ရင္ စိန္ဖူးက စျဖဳတ္ရတယ္။အဲဒီအတိုင္းထီးခ်ရင္ ထီးေဇာက္ထိုးဆင္းတယ္ေခၚတယ္။စိန္ဖူးကေန ေအာက္ဆုံးေခြအထိ ျဖဳတ္ၿပီး ျငမ္းေပၚမွာတင္ထားၿပီး ေအာက္ဆုံးေခြက စခ်ရတယ္။

ထီးခ်ရင္ ေျမႀကီးနဲ႔မထိရ၊ခုံတစ္ခုေပၚပိတ္ျဖဴခင္း အဲဒီအေပၚတင္ထားၿပီးမွ သင့္ေတာ္သလိုေဆာင္႐ြက္ေပါ့ ထီးခ်ရင္ လူစာရင္းမွတ္ထား။ထီးေတာ္အသစ္ျပန္တင္ရင္ အဲဒီလူေတြျပန္ပါပေလ့ေစ။

အနည္းဆုံး လူတစ္ဝက္ေတာ့ျပန္ပါရတယ္။ထီးခ်တာပါၿပီး ထီးတင္မွာျပန္မပါရင္ ေလာကီကိစၥမွာ က် သြားတတ္တယ္ ထီးအသစ္ျပန္တင္ေတာ့မယ္ဆိုရင္ မူလထီးဒကာရဲ႕ အလႈေငြ အနည္းဆုံး တစ္မတ္ေတာ့ ပါပေလ့ေစ။

သေဘာတူ ခြင့္ျပဳခ်က္ကို ယူတာ။မူလထီးဒကာကို အေၾကာင္းမၾကား အလႈမခံရင္ စကားမ်ားရတတ္တယ္။ မူလထီးက အခ်င္းႏွစ္ေပဆိုရင္ ထီးအသစ္ကို အဲဒီထက္မေလ်ာ့ေစနဲ႔။ထီးအသစ္က ထီးေဟာင္းထက္တန္ဖိုး ျမင့္ပါေစ။

ထီးတင္ ပန္းရထားသည္ ႐ြာကို ဦးမတိုက္ရ။သုႆာန္ကို ဦးမတိုက္ရ။႐ြာဦးတိုက္ရင္ ႐ြာနာတတ္တယ္။ ထီးအသစ္မွာ မူလထီးအေဟာင္းရဲ႕ အစေလးတစ္စ၊ေခါင္းေလာင္းေလး တစ္လုံးျဖစ္ျဖစ္ ျပန္ထည့္ေပး။

မူလဓါတ္ေဟာင္း မဖ်က္ေကာင္းတဲ့။ မကိုဋ္ထီး၊ေ႐ႊတိဂုံထီး၊ခ်ည္ဝင္ထီး၊တလိုင္းထီး၊ရွမ္းထီး ထီးသုံးဆင့္ စသျဖင့္ ထီးအမ်ိဳးမ်ိဳးရွိတယ္ေပါ့ဗ်ာ။ မြန္ျပည္နယ္မွာ ထီးတင္ရင္ ဟသ္ာခံေပါ့။ေရာင္းတမ္းထီးေတြ မဝယ္ပဲ ကိုယ္ႀကိဳက္တဲ့ပုံစံကို ေအာ္ဒါမွာတယ္။

စိန္ဖူးကေတာ့ စလင္းပဲေကာင္းတယ္ဗ်။ေငြတတ္ႏိူင္ရင္ စလင္းကိုေ႐ႊကြပ္ ရတနာစီေပါ့။ ဒါယကာေဆာင္(သိၾကားေဆာင္)ထီးတင္ရတာ အေတာ္လုပ္ယူရတယ္။ ထီးေတာ္မွာ၃၃ပါးေသာ သိၾကားမင္းပုံပါတယ္။

ေနလရထား ပါတယ္။၂၈ဆူေ႐ႊသက္န္းကပ္၊ၿဂိဳလ္ရွစ္ခြင္ မွန္ကပ္ၿပီးမွ တင္လို႔ရတယ္။ ဒါယကာေဆာင္ စိန္ဖူးတင္တဲ့အခ်ိန္ ကြၽန္ေတာ္မွန္ကိုင္ၿပီး ဆရာေတာ္ေပးထားတဲ့ဂါထာ မျပတ္႐ြတ္ေနခဲ့ရတယ္။ ဦးထုတ္ေျပာင္းျပန္ေဆာင္းတယ္ဆိုတာ ဘိုးမင္းေခါင္ဓါတ္ဗ်။

သိၾကားေဆာင္ထီးတင္မွာ ႐ြတ္ရတဲ့ဂါထာက

မာရ ေသန ပမၼဒၵိေနာ။

သဗၺေဇယ် စိန္ဖူးတင္ မွာ ႐ြတ္ရတဲ့ဂါထာက

“ဆ ဒြါရ အဓိပတိ မဟာရာဇာ”

ေစတီမွာ အုဋ္ထီးတင္ထားရင္ ဂ႐ုစိုက္၊သစၥာခ်က္ႀကီးတဲ့ဘုရား။ေျမာက္ဘက္ မုခ္တစ္ခုတည္း ဖြင့္ထားရင္သတိထား။ေစတီက အဝိုင္းဆိုရင္ ဘုရင္တည္ထားတာ။တစ္ဝေစတီနဲ႔ဓါတ္ရွင္းေစတီ ၾကည့္ေပါ့။

ရွစ္ေျမႇာင့္ဆိုရင္ စစ္သူႀကီး တည္တာ။ ေစတီက ညဏ္ေတာ္နိမ့္နိမ့္ေလး ဆိုၿပီး ေပါ့တီးေပါ့ဆမလုပ္နဲ႔။ ေစတီအားလုံးဟာ အရဟံအစ ဘဂဝါအဆုံးနဲ႔ျပည့္စုံတဲ့ ဘုရားခ်ည္းပဲ။တည္ထားတဲ့ သူရဲ႕ သစၥာခ်က္နဲ႔ပုဂၢိဳလ္အေစာင့္အေရွာက္ကို ၾကည့္ၿပီး လုပ္ေဆာင္ရတယ္။

Crd ေအာင္ပါေစ.

မူရင္းတင္သူမွ်ေဝသူ ကုသိုလ္ထပ္တူရပါေစ