
Unicode

အောက္ဆုံးတြင် Video ပါသည်

အနာဂတ်အတွက် လေပေါ်ပျံသန်းသွားလာနိုင်တဲ့ ဒေါ်လာ ၆၈၀,၀၀၀ တန်ဖိုးရှိ hoverbike ကို စတင်ထုတ်ဖော်ပြသခဲ့တဲ့ ကုမ္ပဏီ (ရုပ်သံ)။

တိုကျိုအခြေစိုက် ဒရုန်းလုပ်ငန်း A.L.I. Technologies ကုမ္ပဏီဟာ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ လေပေါ်မှာအပြည့်အဝလုပ်ဆောင်နိုင်တဲ့ hoverbike ကို တရားဝင်စတင်မိတ်ဆက်ခဲ့ပြီ

း စူပါကားဝါသနာအိုးများအားဆွဲဆောင်နိုင်ရန် မျှော်လင့်နေပါတယ်။ဒရုန်းပန်ကာများပေါ်မှာ မော်တော်ဆိုင်ကယ်ကဲ့သို့ ကိုယ်ထည်ဖြင့် တည်ဆောက်ထားတဲ့

၎င်း “XTurismo Limited Edition” hoverbike ကို လက်ရှိမှာ ယန်း ၇၇.၇ သန်း (ဒေါ်လာ ၆၈၀,၀၀၀ ဝန်းကျင်) ဖြင့် စတင်ရောင်းချနေကြောင်း Reuters သတင်းမှာ ဖော်ပြခဲ့ပါတယ်။

သမားရိုးကျ အင်ဂျင်တစ်လုံးနှင့် ဘက်ထရီစွမ်းအင်သုံး မော်တာလေးလုံးပါဝင်တာကြောင့် hoverbike ဟာ လေထဲမှာ မိနစ် 40 ကြာနေထိုင်နိုင်ပြီး 100 kph (62 mph) အထိပျံသန်းနိုင်ကြောင်းသိရပါတယ်။

၎င်းတိုတောင်းတဲ့သရုပ်ပြမှုက ဖူဂျီတောင်အနီး အပြေးပြိုင်ကွင်းဖြစ်တဲ့ Fuji Speedway မှာ hoverbike ကို မြေပြင်မှမီတာအနည်းငယ် လွှင့်တင်နေတာကို ပြသခဲ့တာဘဲဖြစ်ပါတယ်။

Daisuke Katano အမည်ရှိ A.L.I. အမှုဆောင်အရာရှိချုပ်က ၎င်းတို့က XTurismo ဖြင့် လှုပ်ရှားမှုနည်းလမ်းသစ်ကိုကမ်းလှမ်းရန် မျှော်လင့်ထားကြောင်းပြောကြားခဲ့ပါတယ်။

အင်ဂျင်ထုတ်လုပ်သူ Kawasaki Heavy ကို A.L.l. Technologies ၏ ပေးသွင်းသူများကြားတွင် ထည့်သွင်းဖော်ပြထားပြီး Honda နှင့် အီလက်ထရွန်နစ်ကုမ္ပဏီကြီ

း Mitsubishi Electric နှင့် Kyocera တို့မှ ကျောထောက်နောက်ခံပြုထားပါတယ်။

ဂျပန်နိုင်ငံရဲ့လက်ရှိစည်းမျဉ်းများအရ ဒေသတွင်းလမ်းများပေါ်ရှိ မော်တော်ဆိုင်ကယ်များ ပျံသန်းခြင်းကို တားမြစ်ထားတာကြောင့်၎င်းအသုံးပြုမှုများကို

သီးသန့်လမ်းကြောင်းများနှင့်အလားတူနေရာများတွင်သာ ကန့်သတ်ထားမည်ဖြစ်ကြောင်း ကုမ္ပဏီက ဝန်ခံထားပါတယ်။

Katano က ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်း ရောက်ရှိရန်ခက်ခဲတဲ့နေရာများသို့ hoverbike ရဲ့အလားအလာအသုံးပြုမှုကို မီးမောင်းထိုးပြခဲ့ပါတယ်။

နိုင်ငံရဲ့တင်းကျပ်တဲ့စည်းမျဉ်းများကို ပြုပြင်ပြောင်းလဲပြီးတဲ့နောက်မှသာ ၎င်း hoverbike ရဲ့ အလားအလာရှိတဲ့ အပလီကေးရှင်းများကို မကြာမီတိုးချဲ့သွားဖို့

ကုမ္ပဏီကမျှော်လင့်ထားပါတယ်။အလားတူနည်းပညာများဟာကမ္ဘာ့ရဲ့အခြားနေရာများ၌လည်း ဖွံ့ဖြိုးတိုးတက်ခဲ့ဖူးပါတယ်။

NextShark က ယခင်ဖော်ပြခဲ့တဲ့အတိုင်းဖိလစ်ပိုင်နိုင်ငံမှ အပျော်တမ်းအင်ဂျင်နီယာတစ်ဦးက2018ခုနှစ်မှာ ၎င်းရဲ့ကိုယ်ပိုင်ပျံသန်းနိုင်တဲ့ကားကို

၎င်းရဲ့အိမ်နောက်ဖေးမှာဆောက်လုပ်ခဲ့ဖူးသလိုတရုတ်ဒရုန်းထုတ်လုပ်သူတစ်ဦးကလည်းလွန်ခဲ့တဲ့2017ခုနှစ်မှာ မောင်းသူမဲ့ပျံသန်းနိုင်တဲ့တက္ကစီများကိုတီထွင်ဖန်တီးခဲ့ဖူးပါတယ်။

JRose (KB Chimmy One)

Reference : nextshark

Vedio

Zawgyi


















JRose (KB Chimmy One)

Reference : nextshark