
Unicode

စုန်းမအစစ်တွေကိုယ်တိုင်ရောင်းချတဲ့ အောက်လမ်းအတတ်ပညာဆိုင်ရာ ပစ္စည်းတွေစုံတဲ့နေရာ ( စုန်းမများဈေး )

စုန်းကဝေစတဲ့ အောက်လမ်းပညာတွေကို ယုံကြည်သူတွေဟာ မြန်မာ၊ထိုင်း၊အင်ဒိုနီးရှားစတဲ့ အရှေ့တောင်အာရှနိုင်ငံတွေတင်မကဘဲ ကမ္ဘာအရပ်ရပ်မှာလည်း ရှိကြပါတယ်။

ဒီလိုယုံကြည်ကြသူတွေအတွက် စုန်းအတတ်ပညာ ပစ္စည်းအစုံအလင်ကိုရနိုင်တဲ့ နေရာလေးတစ်ခုလည်း ကမ္ဘာ့တစ်နေရာမှာရှိနေပါတယ်။

အဲ့ဒါကတော့ ဘိုလီးဗီးယားနိုင်ငံက စုန်းမများဈေးပဲဖြစ်ပါတယ်။

စုန်းမများဈေးဟာ ဘိုလီးဗီးယားနိုင်ငံမြို့တော် လာပက်ဇ်တောင်တန်းပေါ်က ဆာရိုကွန်ဘရီ ရပ်ကွက်မှာဖွင့်လှစ်ထားတယ်လို့သိရပါတယ်။

သာမန်လူတွေအတွက် အံ့သြမသတီစရာပစ္စည်းတွေကို အစွဲအလမ်းကြီးတဲ့

ဘိုလီးဗီးယားလူမျိုးတွေရဲ့ စုန်းမများဈေးမှာ အစုံအလင်တွေ့နိုင်ပြီး အမှတ်တရလက်ဆောင် ပစ္စည်းအနေနဲ့ဝယ်ယူဖို့ ကမ္ဘာလှည့်ခရီးသည် တော်တော်များများလည်း လာရောက်ကြတယ်လို့သိရပါတယ်။

အချစ်ရေး အိမ်ထောင်ရေး စီးပွားရေးအဆင်မပြေသူများအတွက်လည်း အဆောင်မျိုးစုံကို ဝယ်ယူရရှိနိုင်ပြီး

ကာမအားတိုးဆေး ပီယဆေးနဲ့မြွေခြောက် ကုလားအုတ်ခြောက် ကုလားအုတ်သန္ဓေသား စတာတွေလည်း ရရှိနိုင်ပါတယ်။

ဒီဈေးရဲ့ထူးခြားချက်ကတော့ ရောင်းချသူတွေက ဒေသခံစုန်းတွေဖြစ်တာကြောင့်

ကိုယ်လိုအပ်တဲ့ အစီအရင်တွေ ဝိဉာဉ်ပိုင်းဆိုင်ရာလမ်းညွှန်မှုတွေကိုလည်း တောင်းဆိုနိုင်တယ်လို့ သိရပါတယ်။

Credit ; ထူးခြားဆန်းပြားဖြစ်ရပ်မှန်မျာ

( Writer – LLA )

Crd

Zawgyi













( Writer – LLA )

Crd