အသက္ ၆၀ ေက်ာ္မွ ဘဝစၿပီးေအာင္ျမင္ခဲ့တဲ့ KFC သူေဌးနဲ႔ ျမန္မာျပည္က ပင္စင္စားတခ်ိဳ႕ရဲ႕ဘဝ

Unicode

“ဘဝအစ ၆၅ က” တစ်လောက ပဲခူးခေတ္တပြန်တယ်။ ကျောင်းတစ်ကျောင်းမှာ ဟောပြောခွင့်ရခဲ့တယ်။ ဟောပြောပွဲအပြီးမှာမိတ်ဆွေ တစ်ယောက်ကလာနှုတ်ဆက်တယ်။ သူလည်း ကိုယ်နဲ့ ဘဝတူကျောင်းဆရာ ခုတော့အငြိမ်းစားပေါ့။

“ခုဘာတွေလုပ်နေလဲ” ကျွန်တော်ကမေးလိုက်တာ။ သူက “ဘာလုပ်ရမှာလဲ အငြိမ်းစားဆိုတော့ အိမ်မှာမြေးထိန်းပြီး ပေးတာယူ ကျွေးတာစားဘဝပေါ့”

“ခင်ဗျား အသက်ဘယ်လောက်လဲ”

“၆၃”

“ကျွန်တော့်ထက်တောင် ငယ်သေးတယ်။ ဒါပေမဲ့ ကျွန်တော်ခုထိ တစ်ချက်မှမနားသေးဘူး ရုန်းကန်နေတုန်းပဲ” “ကျွန်တော်က ခင်ဗျားလို စာမှမရေးတတ်တာ”

“ကျွန်တော်လည်း ခင်ဗျားလို ပန်းပုမထုတတ်ပါဘူး။ ခင်ဗျား ပန်းပုလက်ရာလေးတွေ ကျွန်တော်မမေ့ဘူး ဘာဖြစ်လို့ ပန်းပုထုပြီး ကိုယ့်ဘာသာကို ရပ်တည်နိုင်အောင် မကြိုးစားတာလဲ”

“၆၀ ကျော်ပြီလေ လုပ်ချင်ကိုင်ချင်စိတ်တွေလည်း မရှိတော့ပါဘူး” ကျွန်တော်ဆက်ပြီး သူနဲ့မငြင်းတော့ပါဘူး။ ၆၀ ကျော်မှ ဘဝစခဲ့ရတဲ့သူတွေ အများကြီး။

ကျွန်တော်က အဲဒီ ၆၀ ကျော်မှ ဘဝစပြီး အောင်မြင်သွားတဲ့သူတွေထဲမှာ ကာနယ်ဆင်းဒါးကို သဘောအကျဆုံးပဲ။

ကာနယ်ဆင်းဒါးကို မြန်မာတွေသိလာကြပါပြီ။ ဒါပေမဲ့ ဆင်းဒါးအနေနဲ့ သိတာမဟုတ်ဘူး။ KFC အနေနဲ့သာသိကြတာ။ KFC ကြက်ကြော်ဆိုင်တွေက ခုဆိုရင် ကမ္ဘာမှာသာမက မြန်မာနိုင်ငံကိုလည်း ထိုးဖောက်နေပြီလေ။

ကာနယ်ဆင်းဒါးတစ်ယောက် အသက် ၆၅ နှစ်ရောက်တော့ လူကလည်းဆင်းရဲ ကားစုတ်လေးနဲ့နေရတယ်။ ပင်စင်လူမှုရေး ထောက်ပံ့ငွေ ၉၉ ဒေါ်လာနဲ့ပဲ ရပ်တည်ခဲ့ရတယ်။

ဆင်းဒါးက ကြက်ကြော်ကြိုက်တယ်။ သူငယ်ချင်းတွေကို သူ့လက်ရာ ကြော်ကျွေးရင်လည်း သဘောကျကြတယ်။

သူ့မှာကြက်ကြော်နည်းတစ်ခုရှိတယ်။ ဒီနည်းကိုသူက မြို့တကာလှည့်ပြီးရောင်းတယ်။ ကြက်သားတွေကြော်ပြီး လိုက်ကျွေး၊ ကြိုက်တယ်ပြောရင် အဲဒီနည်းရောင်းမယ် ဝယ်မလားပေါ့။

လူတွေက မြည်းကြည့်တယ်၊ ကြိုက်တယ်၊ ဒါပေမဲ့ နည်းစနစ်ကိုရောင်းမယ်လို့ ပြောလိုက်ရင် “နိုး” ဆိုပြီး ငြင်းကြတယ်။ ဆင်းဒါးကမှတ်ထားတယ်၊ သူ့ကိုငြင်းပယ်တဲ့ အကြိမ်ပေါင်း ၁၀၀၀ ကျော်ရှိပြီ။

သူကသူ့ရဲ့ ကြက်ကြော်နည်းအပေါ် ယုံကြည်တယ်။ တစ်နေ့မှာ ငါ့နည်းကို လူတွေလက်ခံလာရမယ်ဆိုတဲ့ မလျှော့သောဇွဲနဲ့ တစ်ဆိုင်ပြီးတစ်ဆိုင် လိုက်စပ်တယ်။

၁၀၀၉ ကြိမ်မြောက်မှာ ဆိုင်တစ်ဆိုင်က “ရက်စ်” ဆိုပြီး လက်ခံလိုက်တယ်။ အောင်မြင်မှုတစ်ခုရဖို့ ၁၀၀၈ ကြိမ်တိတိ အငြင်းခံရတာပါ။ အဲဒီနောက်ဆုံး ၁၀၀၉ ကြိမ်မြောက်ကျမှ

“ရက်စ်” ဆိုတာလေးက သူ့ဘဝကို အပြောင်းအလဲကြီးတစ်ခု ဖြစ်သွားစေခဲ့တာပါ။အသက် ၆၅ နှစ်မှ ကာနယ်ဆင်းဒါးဟာ ဘဝကိုစခဲ့ပါတယ်။ “

ကင်တပ်ကီကြက်ကြော်” Kentucky Fried Chicken (KFC) ဆိုတာ လွယ်လွယ်လေးပေါ်လာတာ မဟုတ်ပါဘူး။ အဘိုးကြီးတစ်ယောက်ရဲ့ ဇွဲနဲ့ ၁၀၀၉ ကြိမ်တိုင်တိုင် ကြိုးစားခဲ့ရတဲ့ ရလဒ်ဆိုတာ သိထားပါ။

ကျွန်တော်က မိတ်ဆွေကိုနှုတ်ဆက်ပြီး ကားပေါ်တက်လိုက်တယ်။ “ခင်ဗျား ပန်းပုရုပ်လေးတွေဆက်ထုပါလား” “မအားပါဘူး” “ဘာလုပ်နေရလို့လဲ” “မြေးထိန်းနေရလို့” ကျွန်တော်ဘာမှ မပြောတော့ပါဘူး။

လူတိုင်းက ကိုယ့်ဘဝကို ကိုယ်ရွေးချယ်ကြရတာပါ။ ဗမာတွေ အယူအဆက အသက်ကြီးလာရင် ဘုရားရိပ်၊ တရားရိပ်ခိုပြီး၊ သားသမီးကိုမှီ မြေးကိုချီဖို့ လူဖြစ်နေကြရတာဆိုတော့ ကျွန်တော်ပြောလည်း အလကားနေမှာ။

အသက် ၆၅ နှစ်ကျော်မှ ဘဝကိုစခဲ့တဲ့ ကာနယ်ဆင်းဒါးကတော့ ကျွန်တော့်အတွက် Role Model တစ်ယောက်ဖြစ်ပါတယ်။ ခုဆိုရင် ကျွန်တော်အသက် ၆၄ နှစ်ရှိပြီ။ ဆင်းဒါးလို မချမ်းသာချင်ပါဘူး။

ကျန်းကျန်းမာမာနဲ့ စာတွေပဲရေးချင်တာ။

Crd

Zawgyi

“ဘဝအစ ၆၅ က” တစ္ေလာက ပဲခူးေခတၱျပန္တယ္။ ေက်ာင္းတစ္ေက်ာင္းမွာ ေဟာေျပာခြင့္ရခဲ့တယ္။ ေဟာေျပာပြဲအၿပီးမွာမိတ္ေဆြ တစ္ေယာက္ကလာႏႈတ္ဆက္တယ္။ သူလည္း ကိုယ္နဲ႔ ဘဝတူေက်ာင္းဆရာ ခုေတာ့အၿငိမ္းစားေပါ့။

“ခုဘာေတြလုပ္ေနလဲ” ကြၽန္ေတာ္ကေမးလိုက္တာ။ သူက “ဘာလုပ္ရမွာလဲ အၿငိမ္းစားဆိုေတာ့ အိမ္မွာေျမးထိန္းၿပီး ေပးတာယူ ေကြၽးတာစားဘဝေပါ့”

“ခင္ဗ်ား အသက္ဘယ္ေလာက္လဲ”

“၆၃”

“ကြၽန္ေတာ့္ထက္ေတာင္ ငယ္ေသးတယ္။ ဒါေပမဲ့ ကြၽန္ေတာ္ခုထိ တစ္ခ်က္မွမနားေသးဘူး ႐ုန္းကန္ေနတုန္းပဲ” “ကြၽန္ေတာ္က ခင္ဗ်ားလို စာမွမေရးတတ္တာ”

“ကြၽန္ေတာ္လည္း ခင္ဗ်ားလို ပန္းပုမထုတတ္ပါဘူး။ ခင္ဗ်ား ပန္းပုလက္ရာေလးေတြ ကြၽန္ေတာ္မေမ့ဘူး ဘာျဖစ္လို႔ ပန္းပုထုၿပီး ကိုယ့္ဘာသာကို ရပ္တည္ႏိုင္ေအာင္ မႀကိဳးစားတာလဲ”

“၆၀ ေက်ာ္ၿပီေလ လုပ္ခ်င္ကိုင္ခ်င္စိတ္ေတြလည္း မရွိေတာ့ပါဘူး” ကြၽန္ေတာ္ဆက္ၿပီး သူနဲ႔မျငင္းေတာ့ပါဘူး။ ၆၀ ေက်ာ္မွ ဘဝစခဲ့ရတဲ့သူေတြ အမ်ားႀကီး။

ကြၽန္ေတာ္က အဲဒီ ၆၀ ေက်ာ္မွ ဘဝစၿပီး ေအာင္ျမင္သြားတဲ့သူေတြထဲမွာ ကာနယ္ဆင္းဒါးကို သေဘာအက်ဆုံးပဲ။

ကာနယ္ဆင္းဒါးကို ျမန္မာေတြသိလာၾကပါၿပီ။ ဒါေပမဲ့ ဆင္းဒါးအေနနဲ႔ သိတာမဟုတ္ဘူး။ KFC အေနနဲ႔သာသိၾကတာ။ KFC ၾကက္ေၾကာ္ဆိုင္ေတြက ခုဆိုရင္ ကမာၻမွာသာမက ျမန္မာႏိုင္ငံကိုလည္း ထိုးေဖာက္ေနၿပီေလ။

ကာနယ္ဆင္းဒါးတစ္ေယာက္ အသက္ ၆၅ ႏွစ္ေရာက္ေတာ့ လူကလည္းဆင္းရဲ ကားစုတ္ေလးနဲ႔ေနရတယ္။ ပင္စင္လူမႈေရး ေထာက္ပံ့ေငြ ၉၉ ေဒၚလာနဲ႔ပဲ ရပ္တည္ခဲ့ရတယ္။

ဆင္းဒါးက ၾကက္ေၾကာ္ႀကိဳက္တယ္။ သူငယ္ခ်င္းေတြကို သူ႔လက္ရာ ေၾကာ္ေကြၽးရင္လည္း သေဘာက်ၾကတယ္။

သူ႔မွာၾကက္ေၾကာ္နည္းတစ္ခုရွိတယ္။ ဒီနည္းကိုသူက ၿမိဳ႕တကာလွည့္ၿပီးေရာင္းတယ္။ ၾကက္သားေတြေၾကာ္ၿပီး လိုက္ေကြၽး၊ ႀကိဳက္တယ္ေျပာရင္ အဲဒီနည္းေရာင္းမယ္ ဝယ္မလားေပါ့။

လူေတြက ျမည္းၾကည့္တယ္၊ ႀကိဳက္တယ္၊ ဒါေပမဲ့ နည္းစနစ္ကိုေရာင္းမယ္လို႔ ေျပာလိုက္ရင္ “ႏိုး” ဆိုၿပီး ျငင္းၾကတယ္။ ဆင္းဒါးကမွတ္ထားတယ္၊ သူ႔ကိုျငင္းပယ္တဲ့ အႀကိမ္ေပါင္း ၁၀၀၀ ေက်ာ္ရွိၿပီ။

သူကသူ႔ရဲ႕ ၾကက္ေၾကာ္နည္းအေပၚ ယုံၾကည္တယ္။ တစ္ေန႔မွာ ငါ့နည္းကို လူေတြလက္ခံလာရမယ္ဆိုတဲ့ မေလွ်ာ့ေသာဇြဲနဲ႔ တစ္ဆိုင္ၿပီးတစ္ဆိုင္ လိုက္စပ္တယ္။

၁၀၀၉ ႀကိမ္ေျမာက္မွာ ဆိုင္တစ္ဆိုင္က “ရက္စ္” ဆိုၿပီး လက္ခံလိုက္တယ္။ ေအာင္ျမင္မႈတစ္ခုရဖို႔ ၁၀၀၈ ႀကိမ္တိတိ အျငင္းခံရတာပါ။ အဲဒီေနာက္ဆုံး ၁၀၀၉ ႀကိမ္ေျမာက္က်မွ

“ရက္စ္” ဆိုတာေလးက သူ႔ဘဝကို အေျပာင္းအလဲႀကီးတစ္ခု ျဖစ္သြားေစခဲ့တာပါ။အသက္ ၆၅ ႏွစ္မွ ကာနယ္ဆင္းဒါးဟာ ဘဝကိုစခဲ့ပါတယ္။ “

ကင္တပ္ကီၾကက္ေၾကာ္” Kentucky Fried Chicken (KFC) ဆိုတာ လြယ္လြယ္ေလးေပၚလာတာ မဟုတ္ပါဘူး။ အဘိုးႀကီးတစ္ေယာက္ရဲ႕ ဇြဲနဲ႔ ၁၀၀၉ ႀကိမ္တိုင္တိုင္ ႀကိဳးစားခဲ့ရတဲ့ ရလဒ္ဆိုတာ သိထားပါ။

ကြၽန္ေတာ္က မိတ္ေဆြကိုႏႈတ္ဆက္ၿပီး ကားေပၚတက္လိုက္တယ္။ “ခင္ဗ်ား ပန္းပု႐ုပ္ေလးေတြဆက္ထုပါလား” “မအားပါဘူး” “ဘာလုပ္ေနရလို႔လဲ” “ေျမးထိန္းေနရလို႔” ကြၽန္ေတာ္ဘာမွ မေျပာေတာ့ပါဘူး။

လူတိုင္းက ကိုယ့္ဘဝကို ကိုယ္ေ႐ြးခ်ယ္ၾကရတာပါ။ ဗမာေတြ အယူအဆက အသက္ႀကီးလာရင္ ဘုရားရိပ္၊ တရားရိပ္ခိုၿပီး၊ သားသမီးကိုမွီ ေျမးကိုခ်ီဖို႔ လူျဖစ္ေနၾကရတာဆိုေတာ့ ကြၽန္ေတာ္ေျပာလည္း အလကားေနမွာ။

အသက္ ၆၅ ႏွစ္ေက်ာ္မွ ဘဝကိုစခဲ့တဲ့ ကာနယ္ဆင္းဒါးကေတာ့ ကြၽန္ေတာ့္အတြက္ Role Model တစ္ေယာက္ျဖစ္ပါတယ္။ ခုဆိုရင္ ကြၽန္ေတာ္အသက္ ၆၄ ႏွစ္ရွိၿပီ။ ဆင္းဒါးလို မခ်မ္းသာခ်င္ပါဘူး။

က်န္းက်န္းမာမာနဲ႔ စာေတြပဲေရးခ်င္တာ။

Crd