ရန္ကုန္ၿမိဳ႕ကလူေတြ အႀကိဳက္စားေနၾကတဲ့ အကင္ေတြကို ဘာအသားေတြနဲ႔ လုပ္ထားတာလဲ ?

Unicode

ရန်ကုန်မြို့က လူတွေ နေ့စဉ် အကြိုက်စားနေကြတဲ့ အကင်တွေကို ဘာအသားတွေနဲ့ လုပ်ထားတာလဲ?

အမည်တပ်မရသော အသားစုံသံသရာ ကြည့်မြင်တိုင် ကမ်းနားဟု ဆိုလိုက်လျှင် ညဈေးနှင့် ငါးဈေးကို ပြေးမြင်မိ ကြပေလိမ့်မည်။ ထိုမျှသာမကပါ ကြွက်မုဆိုးတို့ စံရာလည်း ဖြစ်နေတတ်သေးသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ နေ့စားကြွက်မုဆိုးတစ်ဦး ဖြစ်သော အသက် ၃၀ အရွယ် ကိုသိန်းမျိုးခိုင်၏ စားကျက်သည် ကြည့်မြင်တိုင်ပင် ဖြစ်သည်။

ဇူလိုင်မိုးထုအကြား ညဉ့်နက်နက်တွင် ကြည့်မြင်တိုင် စံပြဈေးအတွင်းမှ စားကြွင်းစားကျန်၊ ကုန်ကြွင်းကုန်ကျန် များကို စားသုံးကာ ဝဖီးနေသော မြေကြွက်ကြီးများအား လိုက်လံ ရှာဖွေနေသူများ ခပ်ဖွဲဖွဲ ရှိနေကြသည်။

“ဒါတောင်မိုးတွင်းမို့လို့ ကြွက်ထိုးတဲ့လူ နည်းတာ။ နွေရာသီဆို ဒီထက်များတယ်” ဟု ကိုသိန်းမျိုးခိုင်က ဆိုသည်။ ညဉ့်နက်နက် အမှောင်ထုအကြား ကြွက်ဖမ်းထွက်သူများတွင်၎င်းကဲ့သို့ စည်ပင်သာယာ နေ့စား အလုပ်သမားများ ပါသကဲ့သို့ အခြား ကြွက်မုဆိုးများလည်း ပါဝင်သည်။

စည်ပင်သာယာက ခန့်အပ်ထားသော ကြွက်ဖမ်းသမားများမှာ ကြွက်ကောင်ရေ မည်မျှဖမ်းမိကြောင်း သက်သေအဖြစ် ဌာနသို့ ကြွက်အမြီးများသာ တင်ပြရရာ ကိုသိန်းမျိုးခိုင်အတွက် ကြွက်ခန္ဓာကိုယ်များကို ပြင်ပသို့ ရောင်းချငွေရှာနိုင်သည်။

သို့သော် သူဖမ်းသော အကောင်များမှာ မြေကြွက်များ တင်မကပါ။ ဖား၊ ငါးရှဉ့်၊ မြွေ စသည့် သတ္တဝါ ပေါင်းစုံမှ ရရာအသားများကိုလည်း ဖမ်းဆီး တတ်သေးကြောင်း

ကိုသိန်းမျိုးခိုင်က ဆိုသည်။ ထိုသို့သော အကောင်များတွင်လည်း ဈေးကွက်ရှိသည်။ အဝယ်ဒိုင်ရှိသည်။

ကြွက်ကား ယမကာနှင့် လိုက်ဖက် ညီလှစွာသော အမြည်းအဖြစ် သီးသန့်ဈေးကွက် ရှိသည်။ ဥပမာအားဖြင့် သင်္ဃန်းကျွန်း မြို့နယ် လေးထောင့်ကန်မှ ကြွက်ဒိုင်။

ထိုအခါ အခြားအမယ် စုံလှစွာသော အသားများ၊ အကောင်ပလောင် များကား အဘယ်သို့ မြန်းနေသနည်း။

ယင်း သတ္တဝါမျိုးစုံတို့အား ငွေကြေးအဖြစ် ပြောင်းလဲပေးမည့် နေရာအချို့ ရှိလေသည်။ အင်းစိန် ဘိုကုန်းရပ်ကွက်ရှိ လမ်းကြားငယ်တစ်ခုမှ ဖျော်ရည်လုပ်ငန်းဟု

ခေါင်းစဉ်တပ်ထားသော အဆောက်အအုံ တစ်ခုမှာ ယင်းသို့သော နေရာများအနက် ထင်ရှားသော ဌာနေတစ်ခုဖြစ်သည်။

ဖျော်ရည်လုပ်ငန်းဟု တပ်ထားသော ဆိုင်းဘုတ်အောက်တွင် ရှိသည့် ထိုအဆောက်အအုံမှာ လာသမျှ အသားမျိုးစုံကို ပိဿာချိန်ဖြင့် ဝယ်ယူလက်ခံရာ ဒိုင်တစ်ခုလည်း ဖြစ်သည်။

ဖျော်ရည်လုပ်ငန်းဟု ခေါင်းစဉ် တပ်ထားသော်လည်း တစ်ချိန်က ဖျော်ရည်အတု ပေါင်းစုံပြုလုပ်ရာ လုပ်ငန်းတစ်ခုဖြစ်ခဲ့ပြီး ယခုအခါ အသားစိမ်းဝယ်သည့်ဒိုင် တစ်ခု ဖြစ်နေသည်ဟု အဆိုပါရပ်ကွက်တွင် နှစ်ပေါင်း သုံးဆယ်ကြာ နေထိုင်ခဲ့သူ မီးရထားဝန်ထမ်းဟောင်း ဦးကျော်လွင်က ပြောပြသည်။

အကောင်မျိုးစုံ၊ အသားမျိုးစုံဆိုရာတွင် ကြွက် ၊ မြွေ ၊ ဖားတို့မှအစ ပုတ်သင်ညို၊ ကင်းလိပ်ချော၊ ကြောင်၊ ခွေး အပါအဝင် မည်သည့်အသားမဆို အကောင်အမျိုးအစား

အလိုက် ပိဿာချိန်ဖြင့် ဝယ်ယူကြောင်း ကိုသိန်းမျိုးခိုင်က ရှင်းပြသည်။

“ဖားကတော့ စားလို့ရတဲ့ဖားဆို တခြားရောင်းတာပေါ့။ စားမရတဲ့ ဖားခုံညင်းလို၊ ဖားပျံလိုတွေကျ သူ့ဆီပဲ သွင်းကြတာ။ ရေမြွေတို့ တခြား အကောင်ပလောင်တွေလည်း ဒီလိုပါပဲ” ဟု ၎င်းကဆိုသည်။

လမ်းဘေးတွင် အတိုအစ လိုက်ကောက်သည့် ကလေးငယ်များလည်း လမ်းဘေးတွင် တိရစ္ဆာန်အသေကောင်များ တွေ့လျှင် ကောက်လာကြပြီး အဆိုပါနေရာတွင်

လာရောက် ရောင်းချတတ်ကြသည်ဟု အဆိုပါ ရပ်ကွက်အတွင်းမှ သိရသည်။

အချို့ကလေးများ ဆိုလျင် လမ်းဘေးမှ ပုတ်သင်ညိုအသေများ၊ ကင်းလိပ်ချော အသေများ၊ ကြွက်သေများကို ပလတ်စတစ်ဖြင့် ထုပ်ယူလာသည်များ ကိုလည်း တွေ့ရလေ့ရှိကြောင်း ဦးကျော်လွင်က ဆိုသည်။

ကြွက်သီးသန့် မုဆိုးများကမူ ဈေးကောင်းရသော လေးထောင့်ကန် ကြွက်ဒိုင်တွင် သွားရောင်းတတ် ကြသော်လည်း အင်းစိန်ဘိုကုန်း ရပ်ကွက်မှ ဒိုင်မှာ အမယ်စုံ အသားများ သွင်းလိုသူတို့အတွက် ပိုက်ဆံရှာရာ ဖြစ်သည်။

“ကျွန်တော်တို့ကျတော့ နေတာက ရွှေပြည်သာဆိုတော့ လမ်းသင့်တဲ့ ဒီအင်းစိန်က အသားစုံဒိုင်မှာပဲ လာသွင်းလိုက်တာ၊ ဈေးတော့ နည်းတာပေါ့” ဟု ကိုသိန်းမျိုးခိုင်က ဆိုသည်။

ယင်းဒိုင်မှပေးသော ကြွက်ဈေးမှာ နည်းပါးသော်လည်း ကြွက်အပါအဝင်နှင့် သူ၏သားဖြစ်သူ ရှာလာသည့် အခြား တိရစ္ဆာန်မျိုးစုံကိုပါ သွင်းနိုင်သဖြင့် အဆင် ပြေကြောင်းလည်း သူကဆိုသည်။

အဆိုပါအသားဒိုင်တွင် ဒိုင်ချုပ်ဟု ထင်ရသော ငွေကိုင်သူတစ်ဦးနှင့်

လာပို့သော သတ္တဝါများကို အရေခွံဆုတ်ခြင်း၊ အမွေးနုတ် ခြင်း၊ အရိုးထုတ်ခြင်းနှင့် အသားတုံးအဖြစ် ခုတ်ပေးရသည့် အလုပ်သမားအမျိုးသား ခြောက်ဦးခန့်ရှိနေတတ်သည်။

“လာသွင်းသမျှ တိရစ္ဆာန်တွေကို အရေခွံဆုတ်ပြီး အသားတုံးလေးတွေ ဖြစ်အောင် ခုတ်ပေးရတယ်” ဟု သင်္ကြန်ရက်အတွင်း အလုပ်သမား ရှားပါးစဉ်က ထိုနေရာတွင်

ခေတ္တဝင်ရောက် လုပ်ကိုင်ခဲ့ဖူးသူ ဘိုကုန်းရပ်ကွက်နေ ကိုဇော်တူးက သူ့အတွေ့အကြုံကို ရှင်းပြသည်။

တစ်ခါတစ်ခါ မြင်းသားဟုဆိုသည့် အသားတုံးကြီးများ လာရောင်းသူများ ရှိသည်ကို တွေ့ရကြောင်း ၎င်းက ဖြည့်စွက်သည်။ အသားများကို မည်သည့်နေရာတွင်

မည်သို့ အသုံးပြုနေသည်ဟု ၎င်းတို့ ရေရေရာရာ မသိခဲ့ရ။

“ငါးခူမွေးမြူရေးအတွက် အစာလို့တော့ ပြောတယ်” ဟု ကိုဇော်တူးက ဆိုသည်။ သူတို့ ခုတ်ထစ်ပြီးသား အသားတုံးများကို ရေခဲပုံးများအတွင်း စနစ်တကျ

ထည့်ပြီးနောက် အအေးခန်းကားတစ်စီးက နှစ်ရက်တစ်ခါ လာသယ်ယူသွားတတ်ကြောင်း ရပ်ကွက်အတွင်းမှ သိရသည်။

ယင်းဒိုင်မှ တစ်ဆင့်ထုတ်လုပ်လိုက်သော ကြွက်၊ မြွေ ၊ ဖားတို့မှအစ ပုတ်သင်ညို၊ ကင်းလိပ်ချော၊ ကြောင်၊ ခွေး စသည့် ရရာ အသားတုံးအစုံများသည် မည်သည့်လုပ်ငန်း၊

မည်သည့်နေရာတွင် ကုန်ချောအဖြစ် အသွင်ပြောင်းကြသနည်း။

အင်းစိန်ဘိုကုန်းတွင် ဖွင့်လှစ်ထားသည့် အသားစုံဒိုင်နှင့် ဆက်နွှယ်နေသူမှာ တစ်ချိန်တစ်ခါက ဖျော်ရည်တု၊ အရက်တု လုပ်ငန်းဈေးကွက်တွင် ဘုရင်တစ်ဆူဖြစ်ခဲ့ပြီး

ယခုအခါ အသင့်စား ငါးအူချောင်းနှင့် ကိုရီးယားအကင်မျိုးစုံ လောကတွင် နေရာယူနေသူတစ်ဦး ဖြစ်ကြောင်း လသာမြို့နယ် အတွင်းရှိ အမည်မဖော်လိုသူ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ထုတ်ဖော်ပြောဆို သည်။

သူ့အဆိုအရ အသင့်စား အကင် လုပ်ငန်းများ ခေတ်စားလာပြီးနောက်ပိုင်း ယင်းလုပ်ငန်းရှင်မှာ တရုတ်နိုင်ငံမှ ကျွမ်းကျင်သူ အချို့ငှားရမ်းကာ ပြည်တွင်းတွင် ထုတ်လာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းရှင်သည် လသာမြို့နယ် အတွင်းရှိ အဆောက်အအုံတစ်ခုတွင် တရုတ်နိုင်ငံသား ကျွမ်းကျင်သူနှစ်ဦး၊ အမျိုးသမီး အလုပ်သမားငယ် ၁၀ ဦးကျော် တို့နှင့်အတူ

ဝက်အူချောင်း၊ ကြက်အူချောင်း၊ ငါးအူချောင်းနှင့် ကိုရီးယားအကင်ထိုး တံဆိပ်မျိုးစုံကို ထုတ်လုပ်နေသူ ဖြစ်ကြောင်းလည်း ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။

လသာမြို့နယ်ရှိ အဆိုပါလုပ်ငန်းတွင် လုပ်ကိုင်ခဲ့ဖူးသူ များအနက် အသက် ၂၁ နှစ် အရွယ် မဖြူလေးသည်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။

“ညီမတို့က ကားနဲ့ သယ်လာတဲ့ အသားတွေကို စက်နဲ့ ကြိတ်ပေးရတာ။ ကျန်တာကိုတော့ တရုတ်နှစ်ယောက်နဲ့ အစ်ကိုကြီးသုံးယောက်ပဲ ကိုင်တယ်။ ညီမတို့က အသားကြိတ်တဲ့အထိပဲ သိတယ်” ဟု မဖြူလေးက ပြန်လည်ပြောပြသည်။

လစာအတော်အသင့် ကောင်းသော်လည်း အလုံပိတ်ထားသော အဆောက်အအုံ အတွင်း အသားပေါင်းစုံ၏ ညှီနံ့များကြောင့် ရင်ကျပ်ရောဂါ ဖြစ်လာသည့်အတွက်

မဖြူလေးမှာ ယခုအခါ သိမ်ကြီးဈေးရှိ အထည်ဆိုင်တစ်ခုတွင် ပြောင်းလဲ လုပ်ကိုင်နေရသည်။

“အသားတုံးတွေက အင်းစိန်က သူဌေးရဲ့ ဆိုင်ခွဲကနေ သယ်လာတာလို့တော့ သိတယ်။ သူဌေးက သားသတ်ရုံတွေက ပိုတဲ့အသားတွေ လေလံဆွဲတာလို့ ပြောသံ ကြားတယ်။

ဒါပေမဲ့ အသားတုံးတွေက တော်တော်ကောင်းကောင်း တွေလည်း ပါတယ်” ဟု အသားတုံးများ လာရာလမ်းနှင့် ပတ်သက်ပြီး

မဖြူလေးက သိသမျှ ပြန်လည်မျှဝေသည်။ ဈေးကွက်အတွင်း ရောင်းချနေသည့် အသင့်ကင်စားနိုင်သော အသားတုံးများ တွင် ကြက်၊ ဝက်၊ ငါး စသည်ဖြင့် အမည် အမျိုးမျိုးရှိသည်။

အသားတုံးများအတွင်းတွင် ယင်းအမည်အတိုင်း အသားများ ပါပါ၏လော။ ကိုသိန်းမျိုးခိုင်တို့ ရန်ကုန်မြို့တော် အတွင်းရှိ မြောင်းများ၊ လမ်းဘေးများ၊ ဈေးများအတွင်းမှ ဖမ်းဆီးကာ စတင်လည် ပတ်လာသော အသားစုံစက်ဝန်းသည်

စားသုံးသူများ နေ့စဉ် စားသုံးနေသော အသားတုံး များတွင် အဆုံးသတ်နေသလော။ အသားတုံးစက်ဝန်း မည်သို့လည် ပတ်နေသည်ကို စေ့စေ့ငုငု မသိရှိဘဲ စားသုံးနေကြသူ အများအပြားရှိသည်။

အလုံမြို့နယ် ဆင်မင်းဈေးအနီးတွင် နေထိုင်သည့် အသက် ၃၂ နှစ်အရွယ် အိမ်ရှင်မ မသဉ္ဇာဦးက “ကိုယ်တိုင်လည်း မကြာခဏ ဝယ်စားဖြစ်တယ်။ အိမ်က ကလေးတွေကလည်း ကြိုက်တယ်” ဟု ဆိုလေသည်။

အသားတုံးအမည်တပ် အသင့်စား အသားတုံးများအတွင်းရှိ အသားများမှာ မည်သို့အသားဓာတ်၊ အာဟာရဓာတ်၊ ဘေးထွက်ဆိုးကျိုး၊ ကျင့်ဝတ်မဲ့စီးပွားရေး သမား၏ လက်စွမ်းပြမှုများ ပါဝင်နေသနည်း။

FDA ဟု အတိုကောက်ခေါ်သော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး အဖွဲ့အနေနှင့်မူ အစားအသောက်များ တင်သွင်းခွင့်၊ ထုတ်လုပ်ခွင့်

လာရောက် လျှောက်ထားမှုများကို ပါဝင်ပစ္စည်း သေချာစွာ စစ်ဆေးပြီးမှ ထောက်ခံလေ့ရှိကြောင်း
ယင်းဌာနမှ ဒေါက်တာထွန်းဇော်က ရှင်းပြသည်။

“လူထုအတွက် အန္တရာယ်ရှိတဲ့ အစားအသောက်တွေကို ခိုးထုတ်ပြီး ဈေးကွက်ထဲ ပြန့်နေတယ်ဆိုရင်လည်း သတင်းရတာနဲ့ စိစစ်ပြီး သိမ်းဆည်း အရေးယူလေ့ ရှိပါတယ်။

ဒါက စားသုံးသူဘေးအန္တရာယ် ကင်းရှင်းရေးအပိုင်းပါ” ဟု ၎င်းကဆိုသည်။ သို့သော် ‘ဘာမှန်းမသိသော’ အသားများ ပါဝင်နေသောကိစ္စမှာ FDA တွင် တာဝန်မရှိဘဲ

မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၏ လုပ်ပိုင်ခွင့်သာ ဖြစ်ကြောင်း ဒေါက်တာထွန်းဇော်က ရှင်းပြသည်။“လုပ်ပိုင်ခွင့် မရှိသေးတဲ့အတွက် ကျွန်တော်တို့မှာ

သားငါးအရောအနှော တွေကို စိစစ်ဖို့ လူ၊ ကျွမ်းကျင်မှု၊ နည်းပညာ၊ စက်ပစ္စည်းတွေ မရှိတာလည်း ပါပါတယ်” ဟု သူက ပြောဆိုသည်။

တစ်ချိန်က ပုလိပ်ရောဂါတည်း ဟူသော ကပ်ဆိုးကြီးဖြင့် ကမ္ဘာကို ကိုင်လှုပ်ခဲ့သည့် ကြွက်တို့၏ အသားများ၊ မြန်မာတို့ ရှောင်ကြဉ်လေ့ရှိသည့် ဖားခုံညှင်း၊ ဖားပျံများ၊ ကင်းလိပ်ချော၊ ပုတ်သင်ညို၊ မြွေတို့အပြင် အခြားအမည်မသိ အသားပေါင်းစုံတို့ကာ

ကိုသိန်းမျိုးခိုင်တို့လို ကြွက်မုဆိုးများ ထံမှ အဆိုပါ အသားစုံဒိုင်သို့ ရောက်ကြရသည်။ ဘိုကုန်းအသားစုံဒိုင်မှ ဝယ်ယူခုတ်ထွင် တုံးယူပြီးသော အသားတစ်များသည် မည်သည့်နေရာသို့ သွားကြသနည်း။

ငါးခူမွေးမြူရေး ဆိုသော နေရာသို့ အမှန်တကယ် ရောက်ရှိသည်လား။ မဖြူလေးတို့ ညှီနံ့တထောင်းထောင်းဖြင့် ကြိတ်ပေးရသော သားသတ်ရုံမှ လေလံ ဆွဲလာသည်

ဆိုသည့် အသားတုံးများကရော အမှန်တကယ်ပင် သားသတ်ရုံများမှ လာလေသည်လား။ အသားစုံ သံသရာစက်ဝန်း အတွက် မေးခွန်းများက ထပ်နေသည်။

“ကျွန်တော်သိထား တာကတော့ အင်းစိန်ဘိုကုန်းက အသားဒိုင်ရော၊ လသာမှာ အကင်ထိုးလုပ်တဲ့ အဲဒီလုပ်ငန်းပါ ပိုင်ရှင်ကတော့ တစ်ယောက်တည်းပါပဲ” ဟု လသာမြို့နယ်

အတွင်းရှိ အမည်မဖော် လိုသူ စီးပွားရေးလုပ်ငန်းရှင် ကတော့ အတိအကျ ဆိုလေသည်။

Crd

Zawgyi

ရန္ကုန္ၿမိဳ႕က လူေတြ ေန႔စဥ္ အႀကိဳက္စားေနၾကတဲ့ အကင္ေတြကို ဘာအသားေတြနဲ႔ လုပ္ထားတာလဲ?

အမည္တပ္မရေသာ အသားစုံသံသရာ ၾကည့္ျမင္တိုင္ ကမ္းနားဟု ဆိုလိုက္လွ်င္ ညေဈးႏွင့္ ငါးေဈးကို ေျပးျမင္မိ ၾကေပလိမ့္မည္။ ထိုမွ်သာမကပါ ႂကြက္မုဆိုးတို႔ စံရာလည္း ျဖစ္ေနတတ္ေသးသည္။

ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီမွ ေန႔စားႂကြက္မုဆိုးတစ္ဦး ျဖစ္ေသာ အသက္ ၃၀ အ႐ြယ္ ကိုသိန္းမ်ိဳးခိုင္၏ စားက်က္သည္ ၾကည့္ျမင္တိုင္ပင္ ျဖစ္သည္။

ဇူလိုင္မိုးထုအၾကား ညဥ့္နက္နက္တြင္ ၾကည့္ျမင္တိုင္ စံျပေဈးအတြင္းမွ စားႂကြင္းစားက်န္၊ ကုန္ႂကြင္းကုန္က်န္ မ်ားကို စားသုံးကာ ဝဖီးေနေသာ ေျမႂကြက္ႀကီးမ်ားအား လိုက္လံ ရွာေဖြေနသူမ်ား ခပ္ဖြဲဖြဲ ရွိေနၾကသည္။

“ဒါေတာင္မိုးတြင္းမို႔လို႔ ႂကြက္ထိုးတဲ့လူ နည္းတာ။ ေႏြရာသီဆို ဒီထက္မ်ားတယ္” ဟု ကိုသိန္းမ်ိဳးခိုင္က ဆိုသည္။ ညဥ့္နက္နက္ အေမွာင္ထုအၾကား ႂကြက္ဖမ္းထြက္သူမ်ားတြင္၎ကဲ့သို႔ စည္ပင္သာယာ ေန႔စား အလုပ္သမားမ်ား ပါသကဲ့သို႔ အျခား ႂကြက္မုဆိုးမ်ားလည္း ပါဝင္သည္။

စည္ပင္သာယာက ခန႔္အပ္ထားေသာ ႂကြက္ဖမ္းသမားမ်ားမွာ ႂကြက္ေကာင္ေရ မည္မွ်ဖမ္းမိေၾကာင္း သက္ေသအျဖစ္ ဌာနသို႔ ႂကြက္အၿမီးမ်ားသာ တင္ျပရရာ ကိုသိန္းမ်ိဳးခိုင္အတြက္ ႂကြက္ခႏၶာကိုယ္မ်ားကို ျပင္ပသို႔ ေရာင္းခ်ေငြရွာႏိုင္သည္။

သို႔ေသာ္ သူဖမ္းေသာ အေကာင္မ်ားမွာ ေျမႂကြက္မ်ား တင္မကပါ။ ဖား၊ ငါးရွဥ့္၊ ေႁမြ စသည့္ သတၱဝါ ေပါင္းစုံမွ ရရာအသားမ်ားကိုလည္း ဖမ္းဆီး တတ္ေသးေၾကာင္း

ကိုသိန္းမ်ိဳးခိုင္က ဆိုသည္။ ထိုသို႔ေသာ အေကာင္မ်ားတြင္လည္း ေဈးကြက္ရွိသည္။ အဝယ္ဒိုင္ရွိသည္။

ႂကြက္ကား ယမကာႏွင့္ လိုက္ဖက္ ညီလွစြာေသာ အျမည္းအျဖစ္ သီးသန႔္ေဈးကြက္ ရွိသည္။ ဥပမာအားျဖင့္ သဃၤန္းကြၽန္း ၿမိဳ႕နယ္ ေလးေထာင့္ကန္မွ ႂကြက္ဒိုင္။

ထိုအခါ အျခားအမယ္ စုံလွစြာေသာ အသားမ်ား၊ အေကာင္ပေလာင္ မ်ားကား အဘယ္သို႔ ျမန္းေနသနည္း။

ယင္း သတၱဝါမ်ိဳးစုံတို႔အား ေငြေၾကးအျဖစ္ ေျပာင္းလဲေပးမည့္ ေနရာအခ်ိဳ႕ ရွိေလသည္။ အင္းစိန္ ဘိုကုန္းရပ္ကြက္ရွိ လမ္းၾကားငယ္တစ္ခုမွ ေဖ်ာ္ရည္လုပ္ငန္းဟု

ေခါင္းစဥ္တပ္ထားေသာ အေဆာက္အအုံ တစ္ခုမွာ ယင္းသို႔ေသာ ေနရာမ်ားအနက္ ထင္ရွားေသာ ဌာေနတစ္ခုျဖစ္သည္။

ေဖ်ာ္ရည္လုပ္ငန္းဟု တပ္ထားေသာ ဆိုင္းဘုတ္ေအာက္တြင္ ရွိသည့္ ထိုအေဆာက္အအုံမွာ လာသမွ် အသားမ်ိဳးစုံကို ပိႆာခ်ိန္ျဖင့္ ဝယ္ယူလက္ခံရာ ဒိုင္တစ္ခုလည္း ျဖစ္သည္။

ေဖ်ာ္ရည္လုပ္ငန္းဟု ေခါင္းစဥ္ တပ္ထားေသာ္လည္း တစ္ခ်ိန္က ေဖ်ာ္ရည္အတု ေပါင္းစုံျပဳလုပ္ရာ လုပ္ငန္းတစ္ခုျဖစ္ခဲ့ၿပီး ယခုအခါ အသားစိမ္းဝယ္သည့္ဒိုင္ တစ္ခု ျဖစ္ေနသည္ဟု အဆိုပါရပ္ကြက္တြင္ ႏွစ္ေပါင္း သုံးဆယ္ၾကာ ေနထိုင္ခဲ့သူ မီးရထားဝန္ထမ္းေဟာင္း ဦးေက်ာ္လြင္က ေျပာျပသည္။

အေကာင္မ်ိဳးစုံ၊ အသားမ်ိဳးစုံဆိုရာတြင္ ႂကြက္ ၊ ေႁမြ ၊ ဖားတို႔မွအစ ပုတ္သင္ညိဳ၊ ကင္းလိပ္ေခ်ာ၊ ေၾကာင္၊ ေခြး အပါအဝင္ မည္သည့္အသားမဆို အေကာင္အမ်ိဳးအစား

အလိုက္ ပိႆာခ်ိန္ျဖင့္ ဝယ္ယူေၾကာင္း ကိုသိန္းမ်ိဳးခိုင္က ရွင္းျပသည္။

“ဖားကေတာ့ စားလို႔ရတဲ့ဖားဆို တျခားေရာင္းတာေပါ့။ စားမရတဲ့ ဖားခုံညင္းလို၊ ဖားပ်ံလိုေတြက် သူ႔ဆီပဲ သြင္းၾကတာ။ ေရေႁမြတို႔ တျခား အေကာင္ပေလာင္ေတြလည္း ဒီလိုပါပဲ” ဟု ၎ကဆိုသည္။

လမ္းေဘးတြင္ အတိုအစ လိုက္ေကာက္သည့္ ကေလးငယ္မ်ားလည္း လမ္းေဘးတြင္ တိရစာၦန္အေသေကာင္မ်ား ေတြ႕လွ်င္ ေကာက္လာၾကၿပီး အဆိုပါေနရာတြင္

လာေရာက္ ေရာင္းခ်တတ္ၾကသည္ဟု အဆိုပါ ရပ္ကြက္အတြင္းမွ သိရသည္။

အခ်ိဳ႕ကေလးမ်ား ဆိုလ်င္ လမ္းေဘးမွ ပုတ္သင္ညိဳအေသမ်ား၊ ကင္းလိပ္ေခ်ာ အေသမ်ား၊ ႂကြက္ေသမ်ားကို ပလတ္စတစ္ျဖင့္ ထုပ္ယူလာသည္မ်ား ကိုလည္း ေတြ႕ရေလ့ရွိေၾကာင္း ဦးေက်ာ္လြင္က ဆိုသည္။

ႂကြက္သီးသန႔္ မုဆိုးမ်ားကမူ ေဈးေကာင္းရေသာ ေလးေထာင့္ကန္ ႂကြက္ဒိုင္တြင္ သြားေရာင္းတတ္ ၾကေသာ္လည္း အင္းစိန္ဘိုကုန္း ရပ္ကြက္မွ ဒိုင္မွာ အမယ္စုံ အသားမ်ား သြင္းလိုသူတို႔အတြက္ ပိုက္ဆံရွာရာ ျဖစ္သည္။

“ကြၽန္ေတာ္တို႔က်ေတာ့ ေနတာက ေ႐ႊျပည္သာဆိုေတာ့ လမ္းသင့္တဲ့ ဒီအင္းစိန္က အသားစုံဒိုင္မွာပဲ လာသြင္းလိုက္တာ၊ ေဈးေတာ့ နည္းတာေပါ့” ဟု ကိုသိန္းမ်ိဳးခိုင္က ဆိုသည္။

ယင္းဒိုင္မွေပးေသာ ႂကြက္ေဈးမွာ နည္းပါးေသာ္လည္း ႂကြက္အပါအဝင္ႏွင့္ သူ၏သားျဖစ္သူ ရွာလာသည့္ အျခား တိရစာၦန္မ်ိဳးစုံကိုပါ သြင္းႏိုင္သျဖင့္ အဆင္ ေျပေၾကာင္းလည္း သူကဆိုသည္။

အဆိုပါအသားဒိုင္တြင္ ဒိုင္ခ်ဳပ္ဟု ထင္ရေသာ ေငြကိုင္သူတစ္ဦးႏွင့္

လာပို႔ေသာသတၱဝါမ်ားကိုအေရခြံဆုတ္ျခင္း၊ အေမြးႏုတ္ ျခင္း၊အ႐ိုးထုတ္ျခင္းႏွင့္ အသားတုံးအျဖစ္ ခုတ္ေပးရသည့္ အလုပ္သမားအမ်ိဳးသား ေျခာက္ဦးခန႔္ရွိေနတတ္သည္။

“လာသြင္းသမွ် တိရစာၦန္ေတြကိုအေရခြံဆုတ္ၿပီးအသားတုံးေလးေတြ ျဖစ္ေအာင္ ခုတ္ေပးရတယ္” ဟု သၾကၤန္ရက္အတြင္း အလုပ္သမား ရွားပါးစဥ္က ထိုေနရာတြင္

ေခတၱဝင္ေရာက္ လုပ္ကိုင္ခဲ့ဖူးသူ ဘိုကုန္းရပ္ကြက္ေနကိုေဇာ္တူးကသူ႔အေတြ႕အႀကဳံကို ရွင္းျပသည္။

တစ္ခါတစ္ခါ ျမင္းသားဟုဆိုသည့္ အသားတုံးႀကီးမ်ား လာေရာင္းသူမ်ား ရွိသည္ကို ေတြ႕ရေၾကာင္း ၎က ျဖည့္စြက္သည္။အသားမ်ားကိုမည္သည့္ေနရာတြင္

မည္သို႔ အသုံးျပဳေနသည္ဟု ၎တို႔ ေရေရရာရာ မသိခဲ့ရ။

“ငါးခူေမြးျမဴေရးအတြက္ အစာလို႔ေတာ့ ေျပာတယ္” ဟု ကိုေဇာ္တူးက ဆိုသည္။ သူတို႔ ခုတ္ထစ္ၿပီးသား အသားတုံးမ်ားကို ေရခဲပုံးမ်ားအတြင္းစနစ္တက်

ထည့္ၿပီးေနာက္ အေအးခန္းကားတစ္စီးကႏွစ္ရက္တစ္ခါ လာသယ္ယူသြားတတ္ေၾကာင္း ရပ္ကြက္အတြင္းမွ သိရသည္။

ယင္းဒိုင္မွ တစ္ဆင့္ထုတ္လုပ္လိုက္ေသာ ႂကြက္၊ ေႁမြ ၊ဖားတို႔မွအစပုတ္သင္ညိဳ၊ ကင္းလိပ္ေခ်ာ၊ ေၾကာင္၊ ေခြး စသည့္ ရရာအသားတုံးအစုံမ်ားသည္မည္သည့္လုပ္ငန္း၊

မည္သည့္ေနရာတြင္ကုန္ေခ်ာအျဖစ္ အသြင္ေျပာင္းၾကသနည္း။

အင္းစိန္ဘိုကုန္းတြင္ ဖြင့္လွစ္ထားသည့္ အသားစုံဒိုင္ႏွင့္ ဆက္ႏႊယ္ေနသူမွာ တစ္ခ်ိန္တစ္ခါက ေဖ်ာ္ရည္တု၊ အရက္တု လုပ္ငန္းေဈးကြက္တြင္ ဘုရင္တစ္ဆူျဖစ္ခဲ့ၿပီး

ယခုအခါ အသင့္စား ငါးအူေခ်ာင္းႏွင့္ ကိုရီးယားအကင္မ်ိဳးစုံ ေလာကတြင္ ေနရာယူေနသူတစ္ဦး ျဖစ္ေၾကာင္း လသာၿမိဳ႕နယ္ အတြင္းရွိ အမည္မေဖာ္လိုသူ စီးပြားေရး လုပ္ငန္းရွင္တစ္ဦးက ထုတ္ေဖာ္ေျပာဆို သည္။

သူ႔အဆိုအရ အသင့္စား အကင္ လုပ္ငန္းမ်ား ေခတ္စားလာၿပီးေနာက္ပိုင္း ယင္းလုပ္ငန္းရွင္မွာ တ႐ုတ္ႏိုင္ငံမွ ကြၽမ္းက်င္သူ အခ်ိဳ႕ငွားရမ္းကာ ျပည္တြင္းတြင္ ထုတ္လာျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါလုပ္ငန္းရွင္သည္ လသာၿမိဳ႕နယ္ အတြင္းရွိ အေဆာက္အအုံတစ္ခုတြင္ တ႐ုတ္ႏိုင္ငံသား ကြၽမ္းက်င္သူႏွစ္ဦး၊ အမ်ိဳးသမီး အလုပ္သမားငယ္ ၁၀ ဦးေက်ာ္ တို႔ႏွင့္အတူ

ဝက္အူေခ်ာင္း၊ ၾကက္အူေခ်ာင္း၊ ငါးအူေခ်ာင္းႏွင့္ ကိုရီးယားအကင္ထိုး တံဆိပ္မ်ိဳးစုံကို ထုတ္လုပ္ေနသူ ျဖစ္ေၾကာင္းလည္း ေဈးကြက္အတြင္းမွ စုံစမ္း သိရွိရသည္။

လသာၿမိဳ႕နယ္ရွိ အဆိုပါလုပ္ငန္းတြင္ လုပ္ကိုင္ခဲ့ဖူးသူ မ်ားအနက္ အသက္ ၂၁ ႏွစ္ အ႐ြယ္ မျဖဴေလးသည္လည္း တစ္ဦးအပါအဝင္ ျဖစ္သည္။

“ညီမတို႔က ကားနဲ႔ သယ္လာတဲ့ အသားေတြကို စက္နဲ႔ ႀကိတ္ေပးရတာ။ က်န္တာကိုေတာ့ တ႐ုတ္ႏွစ္ေယာက္နဲ႔ အစ္ကိုႀကီးသုံးေယာက္ပဲ ကိုင္တယ္။ ညီမတို႔က အသားႀကိတ္တဲ့အထိပဲ သိတယ္” ဟု မျဖဴေလးက ျပန္လည္ေျပာျပသည္။

လစာအေတာ္အသင့္ ေကာင္းေသာ္လည္း အလုံပိတ္ထားေသာ အေဆာက္အအုံ အတြင္း အသားေပါင္းစုံ၏ ညႇီနံ႔မ်ားေၾကာင့္ ရင္က်ပ္ေရာဂါ ျဖစ္လာသည့္အတြက္

မျဖဴေလးမွာ ယခုအခါ သိမ္ႀကီးေဈးရွိ အထည္ဆိုင္တစ္ခုတြင္ ေျပာင္းလဲ လုပ္ကိုင္ေနရသည္။

“အသားတုံးေတြက အင္းစိန္က သူေဌးရဲ႕ ဆိုင္ခြဲကေန သယ္လာတာလို႔ေတာ့ သိတယ္။ သူေဌးက သားသတ္႐ုံေတြက ပိုတဲ့အသားေတြ ေလလံဆြဲတာလို႔ ေျပာသံ ၾကားတယ္။

ဒါေပမဲ့ အသားတုံးေတြက ေတာ္ေတာ္ေကာင္းေကာင္း ေတြလည္း ပါတယ္” ဟု အသားတုံးမ်ား လာရာလမ္းႏွင့္ ပတ္သက္ၿပီး

မျဖဴေလးက သိသမွ် ျပန္လည္မွ်ေဝသည္။ ေဈးကြက္အတြင္း ေရာင္းခ်ေနသည့္ အသင့္ကင္စားႏိုင္ေသာ အသားတုံးမ်ား တြင္ ၾကက္၊ ဝက္၊ ငါး စသည္ျဖင့္ အမည္ အမ်ိဳးမ်ိဳးရွိသည္။

အသားတုံးမ်ားအတြင္းတြင္ ယင္းအမည္အတိုင္း အသားမ်ား ပါပါ၏ေလာ။ ကိုသိန္းမ်ိဳးခိုင္တို႔ ရန္ကုန္ၿမိဳ႕ေတာ္ အတြင္းရွိ ေျမာင္းမ်ား၊ လမ္းေဘးမ်ား၊ ေဈးမ်ားအတြင္းမွ ဖမ္းဆီးကာ စတင္လည္ ပတ္လာေသာ အသားစုံစက္ဝန္းသည္

စားသုံးသူမ်ား ေန႔စဥ္ စားသုံးေနေသာ အသားတုံး မ်ားတြင္ အဆုံးသတ္ေနသေလာ။ အသားတုံးစက္ဝန္း မည္သို႔လည္ ပတ္ေနသည္ကို ေစ့ေစ့ငုငု မသိရွိဘဲ စားသုံးေနၾကသူ အမ်ားအျပားရွိသည္။

အလုံၿမိဳ႕နယ္ ဆင္မင္းေဈးအနီးတြင္ ေနထိုင္သည့္ အသက္ ၃၂ ႏွစ္အ႐ြယ္ အိမ္ရွင္မ မသၪၨာဦးက “ကိုယ္တိုင္လည္း မၾကာခဏ ဝယ္စားျဖစ္တယ္။ အိမ္က ကေလးေတြကလည္း ႀကိဳက္တယ္” ဟု ဆိုေလသည္။

အသားတုံးအမည္တပ္ အသင့္စား အသားတုံးမ်ားအတြင္းရွိ အသားမ်ားမွာ မည္သို႔အသားဓာတ္၊ အာဟာရဓာတ္၊ ေဘးထြက္ဆိုးက်ိဳး၊ က်င့္ဝတ္မဲ့စီးပြားေရး သမား၏ လက္စြမ္းျပမႈမ်ား ပါဝင္ေနသနည္း။

FDA ဟု အတိုေကာက္ေခၚေသာအစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရး အဖြဲ႕အေနႏွင့္မူ အစားအေသာက္မ်ား တင္သြင္းခြင့္၊ ထုတ္လုပ္ခြင့္

လာေရာက္ ေလွ်ာက္ထားမႈမ်ားကိုပါဝင္ပစၥည္း ေသခ်ာစြာ စစ္ေဆးၿပီးမွ ေထာက္ခံေလ့ရွိေၾကာင္း
ယင္းဌာနမွ ေဒါက္တာထြန္းေဇာ္ကရွင္းျပသည္။

“လူထုအတြက္ အႏၲရာယ္ရွိတဲ့အစားအေသာက္ေတြကို ခိုးထုတ္ၿပီး ေဈးကြက္ထဲ ျပန႔္ေနတယ္ဆိုရင္လည္း သတင္းရတာနဲ႔ စိစစ္ၿပီး သိမ္းဆည္း အေရးယူေလ့ ရွိပါတယ္။

ဒါက စားသုံးသူေဘးအႏၲရာယ္ ကင္းရွင္းေရးအပိုင္းပါ” ဟု ၎ကဆိုသည္။ သို႔ေသာ္ ‘ဘာမွန္းမသိေသာ’ အသားမ်ား ပါဝင္ေနေသာကိစၥမွာ FDA တြင္ တာဝန္မရွိဘဲ

ေမြးျမဴေရးႏွင့္ ကုသေရး ဦးစီးဌာန၏ လုပ္ပိုင္ခြင့္သာ ျဖစ္ေၾကာင္း ေဒါက္တာထြန္းေဇာ္က ရွင္းျပသည္။“လုပ္ပိုင္ခြင့္ မရွိေသးတဲ့အတြက္ ကြၽန္ေတာ္တို႔မွာ

သားငါးအေရာအေႏွာ ေတြကို စိစစ္ဖို႔ လူ၊ ကြၽမ္းက်င္မႈ၊ နည္းပညာ၊ စက္ပစၥည္းေတြ မရွိတာလည္း ပါပါတယ္” ဟု သူက ေျပာဆိုသည္။

တစ္ခ်ိန္က ပုလိပ္ေရာဂါတည္း ဟူေသာ ကပ္ဆိုးႀကီးျဖင့္ ကမာၻကို ကိုင္လႈပ္ခဲ့သည့္ ႂကြက္တို႔၏ အသားမ်ား၊ ျမန္မာတို႔ ေရွာင္ၾကဥ္ေလ့ရွိသည့္ ဖားခုံညႇင္း၊ ဖားပ်ံမ်ား၊ ကင္းလိပ္ေခ်ာ၊ ပုတ္သင္ညိဳ၊ ေႁမြတို႔အျပင္ အျခားအမည္မသိ အသားေပါင္းစုံတို႔ကာ

ကိုသိန္းမ်ိဳးခိုင္တို႔လို ႂကြက္မုဆိုးမ်ား ထံမွ အဆိုပါ အသားစုံဒိုင္သို႔ ေရာက္ၾကရသည္။ ဘိုကုန္းအသားစုံဒိုင္မွ ဝယ္ယူခုတ္ထြင္ တုံးယူၿပီးေသာ အသားတစ္မ်ားသည္ မည္သည့္ေနရာသို႔ သြားၾကသနည္း။

ငါးခူေမြးျမဴေရး ဆိုေသာ ေနရာသို႔ အမွန္တကယ္ ေရာက္ရွိသည္လား။ မျဖဴေလးတို႔ ညႇီနံ႔တေထာင္းေထာင္းျဖင့္ ႀကိတ္ေပးရေသာ သားသတ္႐ုံမွ ေလလံ ဆြဲလာသည္

ဆိုသည့္ အသားတုံးမ်ားကေရာ အမွန္တကယ္ပင္ သားသတ္႐ုံမ်ားမွ လာေလသည္လား။ အသားစုံ သံသရာစက္ဝန္း အတြက္ ေမးခြန္းမ်ားက ထပ္ေနသည္။

“ကြၽန္ေတာ္သိထား တာကေတာ့ အင္းစိန္ဘိုကုန္းက အသားဒိုင္ေရာ၊ လသာမွာ အကင္ထိုးလုပ္တဲ့ အဲဒီလုပ္ငန္းပါ ပိုင္ရွင္ကေတာ့ တစ္ေယာက္တည္းပါပဲ” ဟု လသာၿမိဳ႕နယ္

အတြင္းရွိ အမည္မေဖာ္ လိုသူ စီးပြားေရးလုပ္ငန္းရွင္ ကေတာ့ အတိအက် ဆိုေလသည္။

Crd