ပူတာအိုမွ ထူးဆန္းေသာနဂါးႀကီးမ်ား

Unicode

နဂါးတွေက အဲဒီမှာပဲ ရှိတာလား၊ ဒီပြင်နေရာမှာရော မရှိဘူးလားလို့ မေးကောင်းမေးနိုင်ကြမလားပဲ။ တကယ်သက်ရှိနဂါးတွေဟုတ်ရဲ့လား စတဲ့မေးခွန်းတွေမေးချင်ကြလိမ့်မယ်ထင်ပါတယ်။

တကယ်တော့သက်ရှိနဂါးတွေမဟုတ်ကြပါဘူး။ ဒါပေမဲ့နဂါးကြီးတွေနဲ့ပတ်သက်တဲ့ ဒေသခံတိုင်းရင်းသားတွေရဲ့ အစဉ်အဆက်ယုံကြည်မှုက ထူးဆန်းအံ့ဩစရာကောင်းလွန်းပါတယ်။

ပထမဆုံးပြောပြချင်တဲ့နဂါးကြီးကတော့ ပူတောင်းရွာမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းကသက်ရှိနဂါးရုပ်တုပါပဲ။ ရုပ်တုဆိုပေမယ့် အနုပညာလက်ရာမြောက်လွန်းနေပြီး

သက်ဝင်လှုပ်ရှားမှုရှိတယ်လို့ ဒေသခံတွေကယုံကြည်ကြပါတယ်။ဒီနဂါးရုပ်တုဟာလည်းအသက်ရှိနေပါတယ်။ ဒေသခံတွေယုံကြည်ပြီး လက်ဆင့်ကမ်းပြောကြတာကတော့

နဂါးကြီးဟာရုပ်တုဘဝကနေအသက်ဝင်ပြီးညညတွေရောက်တဲ့အခါ ရေထဲဆင်းပြီးဆော့ကစားပါတယ်။ နဂါးရုပ်ကနေတကယ့်နဂါးအဖြစ်နဲ့ ရေထဲ ဆင်းသွားတာပါတဲ့။

ဒီအဖြစ်ကိုမျက်မြင်တွေ့တဲ့သူတွေကလည်းတွေ့ကြပါတယ်။ လူပြောသူပြောများလာတဲ့အခါမှာတော့ အချို့တွေကအန္တရာယ်ပြုမှာကိုစိုးရိမ်ပြီး နဂါးရုပ်တုကိုသုံးပိုင်းဖြစ်အောင် ဖြတ်တောက်ပစ်လိုက်ကြပါတယ်။

နဂါးရုပ်တုကိုသုံးပိုင်းဖြတ်လိုက်ရင် သူ့အလိုလိုအသက်မဲ့သွားပြီး တကယ့်နဂါးအသွင်ပြောင်းလဲတော့မှာမဟုတ်ဘူးလို့ အထင်ရှိပြီးသုံးပိုင်းဖြတ်လိုက်ကြတာပါ။

ဒီလိုသုံးပိုင်းဖြတ်ပြီး ဖျက်လိုဖျက်ဆီးလုပ်လိုက်ပေမယ့် လူအချို့ရဲ့စိုးရိမ်မှုတွေဟာ အေးငြိမ်းသွားခြင်းမရှိပါဘူး။

သုံးပိုင်းဖြတ်ထားတဲ့နဂါးရုပ်ဟာ သူ့အလိုလိုပြန်ဆက်သွားပြီး ညညတွေမှာအရင်အတိုင်းပဲရေထဲဆင်းပြီး ဆော့ကစားပြန်ပါတယ်။ ဒါကြောင့်မို့ပိုစိုးရိမ်ပြီး

အမြီးပိုင်းနဲ့ ခေါင်းပိုင်းပဲချန်ထားပြီး နဂါးရဲ့ခန္ဓာကိုယ်အလယ်ပိုင်းကိုမီးရှို့ဖျက်ဆီးလိုက်ကြပါတော့တယ်။

ဒီအခါမှာတော့နဂါးကြီးကကြမ်းလာပါတော့တယ်။ ညညဆိုကျောင်းဆောင်တစ်ခုလုံး တုန်ခါအောင်လူးလိမ့်စေပါသတဲ့။ တစ်ရက်မှာတော့နဂါးကြီးက အိပ်မက်ပေးပါတယ်။

သူ့ရဲ့ကိုယ်ထည်ပိုင်းကို ပြန်ဆက်ပေးပြီးကောင်းမွန်စွာပြန်ထားပေးဖို့ နဂါးကြီးကမေတ္တာရပ်ခံပါတယ်။ နောက်ဆုံးမှာတော့နဂါးရုပ်တုနဲ့ ရေကန်တစ်ကန်ကို ဆောက်လုပ်ကြရပါတော့တယ်။

ပုံတွေမှာမြင်ရတဲ့အတိုင်း ပူတောင်ရွာမှာအသက်ဝင်လွန်းလှတဲ့ နဂါးကြီးရဲ့ဦးခေါင်းပိုင်းနဲ့ အမြီးပိုင်းရှိနေပါသေးတယ်။ နောက်နဂါးကြီးကတော့ ပူတာအိုမချမ်းဘောမှ

ာ ကျောက်ဖြစ်ရုပ်ြွကင်းအဖြစ်သဘာဝအတိုင်းရှိနေတဲ့ ထူးဆန်းလွန်းတဲ့ကျောက်နဂါးကြီးအကြောင်းပဲဖြစ်ပါတယ်။

ဒေသခံတွေရဲ့ဒဏ္ဍာရီဆန်ဆန် ပြောစကားတွေအရတော့ ကျိန်စာသင့်ပြီး ကျောက်ဖြစ်သွားပါသတဲ့။ ကျောက်နဂါးကြီး အဖြစ်နဲ့ ဒေသခံတွေကို စောင့်ရှောက်မှုတွေ ပေးပါတယ်။

ကျောက်နဂါးကြီးရဲ့ အမြီးကတော့ မလိခမြစ်အတွင်း ထိ ရှည်လျားစွာ ရှိနေတယ်လို့ဆိုကြပါတယ်။ ကျောက်နဂါးကြီးဟာ မလိခမြစ်နံဘေးမှာ ရှိနေပါ တယ်။

ကျောက်နဂါး စေတီလည်း တည်ထားပါ တယ်။ ဒီကျောက်နဂါးကြီးဟာ ကောင်းမှုလုံစေတီ တော်မြတ်ကြီးရဲ့ အစောင့်အရှောက် နဂါးကြီးလည်း ဖြစ်ပါတယ်။

နဂါးကြီးရဲ့ စောင့်ရှောက်ပေးမှု တာဝန်ဟာ နှစ် ၂၀ဝ၀ အထိ ဖြစ်ပြီး နဂါးပြည်သို့ ပြန် ခွင့်ရမှာပါ။ ဒီလို နဂါးပြည်ပြန်ခါနီးမှာ လူသားစားချင်တဲ့ ရမ္မက်ဆန္ဒကြောင့်ပဲ နတ်မင်းကြီးတွေထံ ခွင့်တောင်းခဲ့ပါတယ်။

ငါးပါးသီလ မလုံခြုံသူကိုသာ စားခွင့်ပြုလိုက်တဲ့အခါမှာတော့အစာရှာဖွေထွက်ပါတော့တယ်။ မလိခမြစ်ရိုးတစ်လျှောက်မှာ ငါးဖမ်းနေတဲ့ တံငါသည် လင်မယားကိုတွေ့ပြီး ဖမ်းဆီးစားသောက်ဖို့ ကြိုးစားပါတယ်။

တံငါသည် ယောကျာ်းကတော့ လွတ်မြောက်ခဲ့ပြီး ဇနီးသည်ကတော့ ဖမ်းဆီး စား သောက်ခြင်းခံရပါတယ်။ နဂါးကြီး ကံဆိုးသွားတာက တံငါသည် အမျိုးသမီးမှာ ကိုယ်ဝန်ကြီးလွယ်ထား ပါတယ်။

သန္ဓေသားကိုယ်ဝန်ဟာ ငါးပါးသီလ လုံပါတယ်။ ဒါကြောင့်ပဲ စည်းမစောင့်တဲ့ နဂါးကြီးကို အပြစ်ပေးဖို့ နတ်မင်းများက ဖမ်းဆီးပါတယ်။ နဂါးကြီးက အလွယ်တကူ

အဖမ်းမခံဘဲ မလိခမြစ်ရိုးတ လျှောက်မှာ စုန်ဆန်ထွက်ပြေးပါတယ်။နောက်ဆုံးမှာတော့ သိကြားမင်းကိုယ်တိုင် ဝရဇိန်လက်နက်နဲ့ ပစ်ဖမ်းခဲ့ပြီး

ကျောက်အဖြစ် ကြွင်းကျန်ရစ်ခဲ့တာ ဖြစ်ကြောင်း ပါးစပ်ရာဇဝင်အဖြစ် တွင်ကျန်ရစ်ပါတော့တယ်။ကျောက်နဂါးနဲ့ ပတ်သက်တဲ့ ပါးစပ်ရာဇဝင် နောက်တစ်ခုလည်း ရှိပါသေးတယ်။

နဂါးဖိုနဲ့ နဂါးမတို့ဟာ ဒီနယ်တဝိုက်မှာ ကျင်လည် ကျက်စားပါတယ်။ နဂါးဖိုကြီးဟာ သိကြားမင်းတားမြစ် ထားတာကို မစောင့်စည်းနိုင်ဘဲ ကျွဲကျောင်းသားလေးကို ဖမ်းဆီးပြီး စားသောက်လိုက်ပါတယ်။

သိကြားမင်းရဲ့ ဒေါသကျိန်စာကြောင့်ပဲ နဂါးဖိုကြီးဟာ ကျောက်ရုပ်ဖြစ်သွားခဲ့ပါတယ်။ နဂါးမဟာ သူ့လင်ယောကျာ်း ပြန်လည်နိုးထလာစေဖို့ဆေးမြစ်တွေ ရှာကြံယူလာပြီး နဂါးဖိုကြီးရဲ့ ခံတွင်းထဲထည့် ကာ ဆေးကုသပေးပါတယ်။

နဂါးဖိုကြီးရဲ့ အမြီးပိုင်းဟာ ပြန်လည် အသက်ဝင်လာတယ်လို့ ဆိုပါတယ်။ ခေါင်းပိုင်းကတော့ ကျောက်ဖြစ်ပြီး မြေကြီးထဲ စိုက်ဝင်နေပါတယ်။

အခုချိန်ထိအောင် နဂါးမကြီးက သူ့ ယောကျာ်းဖြစ်သူ နဂါးဖိုကြီး ပြန်လည် အသက်ရှင်လာဖို့ ဆေးမြစ်တွေရှာပြီး လာရောက်ခွံ့ကျွေးနေဆဲပဲလို့ယုံကြည်နေကြပါတယ်။

ဒီအကြောင်းအရာတွေကတော့ ကျောက်နဂါးကြီးနဲ့ပတ်သက်တဲ့အဖြစ်အပျက်တွေပဲဖြစ်ပါတယ်။

ပူတာအိုရောက်ခဲ့မယ်ဆိုရင် မြစ်ဆုံအလှကို ခံစားပြီး ပူတောင်းရွာက အသက်ဝင်လှတဲ့ အင်္ဂါမစုံတဲ့ နဂါးရုပ်ရယ်၊ ပြီးတော့ မလိခမြစ်နံဘေးမှာ သဘာဝအတိုင်း ကျောက်သားအဖြစ် ရှိနေပြီ

ထူးဆန်းလွန်းတဲ့ ကျောက်နဂါးကြီးကိုခရီးသွားဧည့်သည်တိုင်းထူးဆန်းအံ့ဩစွာမဖြစ်မနေသွားရောက်ကြည့်ရှုလေ့ရှိကြပါတယ်။

Credit နေလရောင်

Zawgyi

နဂါးေတြက အဲဒီမွာပဲ ရွိတာလား၊ ဒီျပင္ေနရာမွာေရာ မရွိဘူးလားလို႔ ေမးေကာင္းေမးႏိုင္ၾကမလားပဲ။ တကယ္သက္ရွိနဂါးေတြဟုတ္ရဲ႕လား စတဲ့ေမးခြန္းေတြေမးခ်င္ၾကလိမ့္မယ္ထင္ပါတယ္။

တကယ္ေတာ့သက္ရွိနဂါးေတြမဟုတ္ၾကပါဘူး။ ဒါေပမဲ့နဂါးႀကီးေတြနဲ႔ပတ္သက္တဲ့ ေဒသခံတိုင္းရင္းသားေတြရဲ႕ အစဥ္အဆက္ယုံၾကည္မႈက ထူးဆန္းအံ့ဩစရာေကာင္းလြန္းပါတယ္။

ပထမဆုံးေျပာျပခ်င္တဲ့နဂါးႀကီးကေတာ့ ပူေတာင္း႐ြာမွာရွိတဲ့ ဘုန္းေတာ္ႀကီးေက်ာင္းကသက္ရွိနဂါး႐ုပ္တုပါပဲ။ ႐ုပ္တုဆိုေပမယ့္ အႏုပညာလက္ရာေျမာက္လြန္းေနၿပီး

သက္ဝင္လႈပ္ရွားမႈရွိတယ္လို႔ ေဒသခံေတြကယုံၾကည္ၾကပါတယ္။ဒီနဂါး႐ုပ္တုဟာလည္းအသက္ရွိေနပါတယ္။ ေဒသခံေတြယုံၾကည္ၿပီး လက္ဆင့္ကမ္းေျပာၾကတာကေတာ့

နဂါးႀကီးဟာ႐ုပ္တုဘဝကေနအသက္ဝင္ၿပီးညညေတြေရာက္တဲ့အခါ ေရထဲဆင္းၿပီးေဆာ့ကစားပါတယ္။ နဂါး႐ုပ္ကေနတကယ့္နဂါးအျဖစ္နဲ႔ ေရထဲ ဆင္းသြားတာပါတဲ့။

ဒီအျဖစ္ကိုမ်က္ျမင္ေတြ႕တဲ့သူေတြကလည္းေတြ႕ၾကပါတယ္။ လူေျပာသူေျပာမ်ားလာတဲ့အခါမွာေတာ့ အခ်ိဳ႕ေတြကအႏၲရာယ္ျပဳမွာကိုစိုးရိမ္ၿပီး နဂါး႐ုပ္တုကိုသုံးပိုင္းျဖစ္ေအာင္ ျဖတ္ေတာက္ပစ္လိုက္ၾကပါတယ္။

နဂါး႐ုပ္တုကိုသုံးပိုင္းျဖတ္လိုက္ရင္ သူ႔အလိုလိုအသက္မဲ့သြားၿပီး တကယ့္နဂါးအသြင္ေျပာင္းလဲေတာ့မွာမဟုတ္ဘူးလို႔ အထင္ရွိၿပီးသုံးပိုင္းျဖတ္လိုက္ၾကတာပါ။

ဒီလိုသုံးပိုင္းျဖတ္ၿပီး ဖ်က္လိုဖ်က္ဆီးလုပ္လိုက္ေပမယ့္ လူအခ်ိဳ႕ရဲ႕စိုးရိမ္မႈေတြဟာ ေအးၿငိမ္းသြားျခင္းမရွိပါဘူး။

သုံးပိုင္းျဖတ္ထားတဲ့နဂါး႐ုပ္ဟာ သူ႔အလိုလိုျပန္ဆက္သြားၿပီး ညညေတြမွာအရင္အတိုင္းပဲေရထဲဆင္းၿပီး ေဆာ့ကစားျပန္ပါတယ္။ ဒါေၾကာင့္မို႔ပိုစိုးရိမ္ၿပီး

အၿမီးပိုင္းနဲ႔ ေခါင္းပိုင္းပဲခ်န္ထားၿပီး နဂါးရဲ႕ခႏၶာကိုယ္အလယ္ပိုင္းကိုမီးရႈိ႕ဖ်က္ဆီးလိုက္ၾကပါေတာ့တယ္။

ဒီအခါမွာေတာ့နဂါးႀကီးကၾကမ္းလာပါေတာ့တယ္။ ညညဆိုေက်ာင္းေဆာင္တစ္ခုလုံး တုန္ခါေအာင္လူးလိမ့္ေစပါသတဲ့။ တစ္ရက္မွာေတာ့နဂါးႀကီးက အိပ္မက္ေပးပါတယ္။

သူ႔ရဲ႕ကိုယ္ထည္ပိုင္းကို ျပန္ဆက္ေပးၿပီးေကာင္းမြန္စြာျပန္ထားေပးဖို႔ နဂါးႀကီးကေမတၱာရပ္ခံပါတယ္။ ေနာက္ဆုံးမွာေတာ့နဂါး႐ုပ္တုနဲ႔ ေရကန္တစ္ကန္ကို ေဆာက္လုပ္ၾကရပါေတာ့တယ္။

ပုံေတြမွာျမင္ရတဲ့အတိုင္း ပူေတာင္႐ြာမွာအသက္ဝင္လြန္းလွတဲ့ နဂါးႀကီးရဲ႕ဦးေခါင္းပိုင္းနဲ႔ အၿမီးပိုင္းရွိေနပါေသးတယ္။ ေနာက္နဂါးႀကီးကေတာ့ ပူတာအိုမခ်မ္းေဘာမွ

ာ ေက်ာက္ျဖစ္႐ုပ္ျြကင္းအျဖစ္သဘာဝအတိုင္းရွိေနတဲ့ ထူးဆန္းလြန္းတဲ့ေက်ာက္နဂါးႀကီးအေၾကာင္းပဲျဖစ္ပါတယ္။

ေဒသခံေတြရဲ႕ဒ႑ာရီဆန္ဆန္ ေျပာစကားေတြအရေတာ့ က်ိန္စာသင့္ၿပီး ေက်ာက္ျဖစ္သြားပါသတဲ့။ ေက်ာက္နဂါးႀကီး အျဖစ္နဲ႔ ေဒသခံေတြကို ေစာင့္ေရွာက္မႈေတြ ေပးပါတယ္။

ေက်ာက္နဂါးႀကီးရဲ႕ အၿမီးကေတာ့ မလိချမစ္အတြင္း ထိ ရွည္လ်ားစြာ ရွိေနတယ္လို႔ဆိုၾကပါတယ္။ ေက်ာက္နဂါးႀကီးဟာ မလိချမစ္နံေဘးမွာ ရွိေနပါ တယ္။

ေက်ာက္နဂါး ေစတီလည္း တည္ထားပါ တယ္။ ဒီေက်ာက္နဂါးႀကီးဟာ ေကာင္းမႈလုံေစတီ ေတာ္ျမတ္ႀကီးရဲ႕ အေစာင့္အေရွာက္ နဂါးႀကီးလည္း ျဖစ္ပါတယ္။

နဂါးႀကီးရဲ႕ ေစာင့္ေရွာက္ေပးမႈ တာဝန္ဟာ ႏွစ္ ၂၀ဝ၀ အထိ ျဖစ္ၿပီး နဂါးျပည္သို႔ ျပန္ ခြင့္ရမွာပါ။ ဒီလို နဂါးျပည္ျပန္ခါနီးမွာ လူသားစားခ်င္တဲ့ ရမၼက္ဆႏၵေၾကာင့္ပဲ နတ္မင္းႀကီးေတြထံ ခြင့္ေတာင္းခဲ့ပါတယ္။

ငါးပါးသီလ မလုံၿခဳံသူကိုသာ စားခြင့္ျပဳလိုက္တဲ့အခါမွာေတာ့အစာရွာေဖြထြက္ပါေတာ့တယ္။ မလိချမစ္႐ိုးတစ္ေလွ်ာက္မွာ ငါးဖမ္းေနတဲ့ တံငါသည္ လင္မယားကိုေတြ႕ၿပီး ဖမ္းဆီးစားေသာက္ဖို႔ ႀကိဳးစားပါတယ္။

တံငါသည္ ေယာက်ာ္းကေတာ့ လြတ္ေျမာက္ခဲ့ၿပီး ဇနီးသည္ကေတာ့ ဖမ္းဆီး စား ေသာက္ျခင္းခံရပါတယ္။ နဂါးႀကီး ကံဆိုးသြားတာက တံငါသည္ အမ်ိဳးသမီးမွာ ကိုယ္ဝန္ႀကီးလြယ္ထား ပါတယ္။

သေႏၶသားကိုယ္ဝန္ဟာ ငါးပါးသီလ လုံပါတယ္။ ဒါေၾကာင့္ပဲ စည္းမေစာင့္တဲ့ နဂါးႀကီးကို အျပစ္ေပးဖို႔ နတ္မင္းမ်ားက ဖမ္းဆီးပါတယ္။ နဂါးႀကီးက အလြယ္တကူ

အဖမ္းမခံဘဲ မလိချမစ္႐ိုးတ ေလွ်ာက္မွာ စုန္ဆန္ထြက္ေျပးပါတယ္။ေနာက္ဆုံးမွာေတာ့ သိၾကားမင္းကိုယ္တိုင္ ဝရဇိန္လက္နက္နဲ႔ ပစ္ဖမ္းခဲ့ၿပီး

ေက်ာက္အျဖစ္ ႂကြင္းက်န္ရစ္ခဲ့တာ ျဖစ္ေၾကာင္း ပါးစပ္ရာဇဝင္အျဖစ္ တြင္က်န္ရစ္ပါေတာ့တယ္။ေက်ာက္နဂါးနဲ႔ ပတ္သက္တဲ့ ပါးစပ္ရာဇဝင္ ေနာက္တစ္ခုလည္း ရွိပါေသးတယ္။

နဂါးဖိုနဲ႔ နဂါးမတို႔ဟာ ဒီနယ္တဝိုက္မွာ က်င္လည္ က်က္စားပါတယ္။ နဂါးဖိုႀကီးဟာ သိၾကားမင္းတားျမစ္ ထားတာကို မေစာင့္စည္းႏိုင္ဘဲ ကြၽဲေက်ာင္းသားေလးကို ဖမ္းဆီးၿပီး စားေသာက္လိုက္ပါတယ္။

သိၾကားမင္းရဲ႕ ေဒါသက်ိန္စာေၾကာင့္ပဲ နဂါးဖိုႀကီးဟာ ေက်ာက္႐ုပ္ျဖစ္သြားခဲ့ပါတယ္။ နဂါးမဟာ သူ႔လင္ေယာက်ာ္း ျပန္လည္ႏိုးထလာေစဖို႔ေဆးျမစ္ေတြ ရွာႀကံယူလာၿပီး နဂါးဖိုႀကီးရဲ႕ ခံတြင္းထဲထည့္ ကာ ေဆးကုသေပးပါတယ္။

နဂါးဖိုႀကီးရဲ႕ အၿမီးပိုင္းဟာ ျပန္လည္ အသက္ဝင္လာတယ္လို႔ ဆိုပါတယ္။ ေခါင္းပိုင္းကေတာ့ ေက်ာက္ျဖစ္ၿပီး ေျမႀကီးထဲ စိုက္ဝင္ေနပါတယ္။

အခုခ်ိန္ထိေအာင္ နဂါးမႀကီးက သူ႔ ေယာက်ာ္းျဖစ္သူ နဂါးဖိုႀကီး ျပန္လည္ အသက္ရွင္လာဖို႔ ေဆးျမစ္ေတြရွာၿပီး လာေရာက္ခြံ႕ေကြၽးေနဆဲပဲလို႔ယုံၾကည္ေနၾကပါတယ္။

ဒီအေၾကာင္းအရာေတြကေတာ့ ေက်ာက္နဂါးႀကီးနဲ႔ပတ္သက္တဲ့အျဖစ္အပ်က္ေတြပဲျဖစ္ပါတယ္။

ပူတာအိုေရာက္ခဲ့မယ္ဆိုရင္ ျမစ္ဆုံအလွကို ခံစားၿပီး ပူေတာင္း႐ြာက အသက္ဝင္လွတဲ့ အဂၤါမစုံတဲ့ နဂါး႐ုပ္ရယ္၊ ၿပီးေတာ့ မလိချမစ္နံေဘးမွာ သဘာဝအတိုင္း ေက်ာက္သားအျဖစ္ ရွိေနၿပီ

ထူးဆန္းလြန္းတဲ့ ေက်ာက္နဂါးႀကီးကိုခရီးသြားဧည့္သည္တိုင္းထူးဆန္းအံ့ဩစြာမျဖစ္မေနသြားေရာက္ၾကည့္ရႈေလ့ရွိၾကပါတယ္။

Credit ေနလေရာင္