ထူးျခားတဲ့နာမည္ေက်ာ္ဗီယက္နမ္ ၾကက္ဥ ေကာ္ဖီအေၾကာင္း

Unicode

ဗီယက်နမ်ကိုရောက်ရင်ထူးခြားတဲ့ ကော်ဖီတမျိုး ရှိတယ်ဆိုတာကိုသိကြမယ်လို့ထင်ပါတယ်။အဲဒါကတော့ ကြက်ဥ ကော်ဖီပဲ ဖြစ်ပါတယ်။

ဗီယက်နမ်ကြက်ဥ ကော်ဖီဟာ ကော်ဖီ၊ sweetener၊ အမြှပ်ထအောင် ခေါက်ထားသည့် ကြက်ဥ နှင့် အခြား ပါဝင်ပစ္စည်းများ ကြွယ်ဝစွာ ပါဝင်ပါတယ်။

အပေါ်တွင် ဖော်ပြထားသည့်အတိုင်း သင်ဟာ အဆိုပါ ကော်ဖီကို သောက်သုံးပါက အချိုရည်ယမကာ သောက်သုံးသကဲ့သို့ ခံစားရမှာ ဖြစ်ပါတယ်။

တကယ်တော့ ဒီကော်ဖီဟာ ပစ္စည်းရှားပါးမှုကြောင့် ပေါ်လောက်လာတဲ့တီထွင်မှုကနေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

ပထမအင်ဒိုချိုင်းနား စစ်ပွဲအတွင်းတွင် ဗီယက်နမ်နိုင်ငံမှာ နွားနို့ အလွယ်တကူရရှိနိုင်ဖို့အခက်အခဲ များစွာ ရှိခဲ့ပါတယ်။

အဲဒါကြောင့် ၁၉၄၆ ခုနှစ်မှာတော့ ဟနွိုင်းမြို့ရှိ Sofitel Legend Metropoleဟိုတယ်မှအဖျော်ဆရာတယောက်မှ ကော်ဖီအား နို့အစား ခလောက်ထားတဲ့ ကြက်ဥနှင့် ရောစပ်စေခဲ့ပါတယ်။

အဆိုပါ အဖျော်ဆရာ၏ အမည်မှာ Nguyen Van Giang ဖြစ်ပြီး၎င်းဟာအဆိုပါကြက်ဥနှင့် ရောစပ်သည့် ကော်ဖီကိုcà phê trứng” သို့မဟုတ် “ကြက်ဥကော်ဖီ” လို့ ခေါ်တွင် စေခဲ့ပါတယ်။

Atlas Obscura ဝက်ဘ်ဆိုက်ဒ်၏ အဆိုအရ ကော်ဖီဟာ အဖျော်ဆရာကို ဟိုတယ်မှ ထွက်ပြီး Café Giang လို့အမည်ရတဲ့ကိုယ်ပိုင် ကော်ဖီဆိုင်ထူထောင်နိုင်တဲ့အထိ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

ကော်ဖီလုပ်နည်းဟာ တဖြည်းဖြည်း ပိုမိုကောင်းမွန်လာပြီး ကြက်ဥ၏ အရသာကို ပိုပြီးနူးညံ့စေသည့် နည်းပါ ပါဝင်လာကာ နောက်ပိုင်း မွှေစက်များ ပေါ်လာသောအခါ ကြက်ဥကို မွှေနှောက်ရာတွင် ပိုမို လွယ်ကူလာပါတယ်။

၁၉၈၀ ခုနှစ်များတွင် ဒီ ဗီယက်နမ် ပြည်တွင်းဖြစ် ကော်ဖီဟာ ယခင်ကထက် ပိုမို ရေပန်းစားလာပြီး ကမ္ဘာအနှံ့ ကော်ဖီဆိုင်များအထိ ပျံ့နှံ့ လာခဲ့ပါတယ်။

ယနေ့မှာတော့ ကြက်ဥကော်ဖီနှင့် စတင်ခဲ့တဲ့ Café Giang ကော်ဖီဆိုင်ကို Van Giang ၏ သား Tri Hoaမှ ဦးစီးလျှက် ရှိပါတယ်။

သူဟာ ဖခင် တီထွင်ခဲ့သည့် ကြက်ဥကော်ဖီ နည်းကို အသုံးပြုနေကြသည့် ကော်ဖီဖျော်သူများ အပေါ် သဘောထားအား

“ကျွန်တော်ဟာ အတုယူမှုတွေ အတွက် လမ်းဖွင့်ပေးထားပါတယ်။ ဒါဟာ စီးပွားရေးရဲ့ အစိတ်အပိုင်းတခုပါ” လို့ VICE မီဒီယာနှင့် အင်တာဗျူးတွင် ပြောပြခဲ့ပါတယ်။

“လူများစွာဟာ တူညီတဲ့ ထုတ်ကုန်ကို ပိုင်ဆိုင်နိုင်ပြီး အဲဒါကို ၎င်းတို့၏ ကိုယ်ပိုင် နည်းလမ်းနဲ့ တိုးတက်နိုင်အောင် လုပ်နိုင်ပါတယ်”

“ကျွန်တော့်အတွက်ကတော့ ကျွန်တော်တို့ ပထမဆုံး ဖန်တီးခဲ့တဲ့ ကော်ဖီရဲ့ လျှို့ဝှက် ပါဝင်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ယုံကြည်မှု အပြည့်အဝ ရှိပါတယ်” လို့ ပြောခဲ့ပါသေးတယ်။

Café Giang ရဲ့ ဝက်ဘ်ဆိုက်ဒ်မှာတော့ အခြား ပါဝင်ပစ္စည်းတွေအနေဖြင့် ကြက်ဥအနှစ်၊ ဗီယက်နမ် ကော်ဖီမှုန့်၊ နို့ဆီ၊ ထောပတ်နှင့် ချိစ် ဒိန်ခဲတောင် ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

သင်လည်း အိမ်မှာ ဗီယက်နမ် ကော်ဖီ တခွက် စမ်းသပ် ဖန်တီးနိုင်ဖို့ အထက်ပါ ပါဝင် ပစ္စည်းတွေနဲ့ စမ်းသပ် ကြည့်လို့ ရပါတယ်နော်။

Credit

Zawgyi

ဗီယက္နမ္ကိုေရာက္ရင္ ထူးျခားတဲ့ ေကာ္ဖီတမ်ိဳး ရွိတယ္ဆိုတာကို သိၾကမယ္လို႔ ထင္ပါတယ္။ အဲဒါကေတာ့ ၾကက္ဥ ေကာ္ဖီပဲ ျဖစ္ပါတယ္။

ဗီယက္နမ္ၾကက္ဥ ေကာ္ဖီဟာ ေကာ္ဖီ၊ sweetener၊ အျမႇပ္ထေအာင္ ေခါက္ထားသည့္ ၾကက္ဥ ႏွင့္ အျခား ပါဝင္ပစၥည္းမ်ား ႂကြယ္ဝစြာ ပါဝင္ပါတယ္။

အေပၚတြင္ ေဖာ္ျပထားသည့္အတိုင္း သင္ဟာ အဆိုပါ ေကာ္ဖီကို ေသာက္သုံးပါက အခ်ိဳရည္ယမကာ ေသာက္သုံးသကဲ့သို႔ ခံစားရမွာ ျဖစ္ပါတယ္။

တကယ္ေတာ့ ဒီေကာ္ဖီဟာ ပစၥည္းရွားပါးမႈေၾကာင့္ ေပၚေလာက္လာတဲ့ တီထြင္မႈကေန ျဖစ္ေပၚလာတာ ျဖစ္ပါတယ္။

ပထမ အင္ဒိုခ်ိဳင္းနား စစ္ပြဲအတြင္းတြင္ ဗီယက္နမ္ႏိုင္ငံမွာ ႏြားႏို႔ အလြယ္တကူ ရရွိႏိုင္ဖို႔ အခက္အခဲ မ်ားစြာ ရွိခဲ့ပါတယ္။

အဲဒါေၾကာင့္ ၁၉၄၆ ခုႏွစ္မွာေတာ့ ဟႏြိဳင္းၿမိဳ႕ရွိ Sofitel Legend Metropole ဟိုတယ္မွ အေဖ်ာ္ဆရာတေယာက္မွ ေကာ္ဖီအား ႏို႔အစား ခေလာက္ထားတဲ့ ၾကက္ဥႏွင့္ ေရာစပ္ေစခဲ့ပါတယ္။

အဆိုပါ အေဖ်ာ္ဆရာ၏ အမည္မွာ Nguyen Van Giang ျဖစ္ၿပီး ၎ဟာ အဆိုပါ ၾကက္ဥႏွင့္ ေရာစပ္သည့္ ေကာ္ဖီကို “cà phê trứng” သို႔မဟုတ္ “ၾကက္ဥေကာ္ဖီ” လို႔ ေခၚတြင္ ေစခဲ့ပါတယ္။

Atlas Obscura ဝက္ဘ္ဆိုက္ဒ္၏ အဆိုအရ ေကာ္ဖီဟာ အေဖ်ာ္ဆရာကို ဟိုတယ္မွ ထြက္ၿပီး Café Giang လို႔အမည္ရတဲ့ ကိုယ္ပိုင္ ေကာ္ဖီဆိုင္ ထူေထာင္ႏိုင္တဲ့အထိ ေအာင္ျမင္ခဲ့တယ္လို႔ သိရပါတယ္။

ေကာ္ဖီလုပ္နည္းဟာ တျဖည္းျဖည္း ပိုမိုေကာင္းမြန္လာၿပီး ၾကက္ဥ၏ အရသာကို ပိုၿပီးႏူးညံ့ေစသည့္ နည္းပါ ပါဝင္လာကာ ေနာက္ပိုင္း ေမႊစက္မ်ား ေပၚလာေသာအခါ ၾကက္ဥကို ေမႊေႏွာက္ရာတြင္ ပိုမို လြယ္ကူလာပါတယ္။

၁၉၈၀ ခုႏွစ္မ်ားတြင္ ဒီ ဗီယက္နမ္ ျပည္တြင္းျဖစ္ ေကာ္ဖီဟာ ယခင္ကထက္ ပိုမို ေရပန္းစားလာၿပီး ကမာၻအႏွံ႔ ေကာ္ဖီဆိုင္မ်ားအထိ ပ်ံ႕ႏွံ႔ လာခဲ့ပါတယ္။

ယေန႔မွာေတာ့ ၾကက္ဥေကာ္ဖီႏွင့္ စတင္ခဲ့တဲ့ Café Giang ေကာ္ဖီဆိုင္ကို Van Giang ၏ သား Tri Hoaမွ ဦးစီးလွ်က္ ရွိပါတယ္။

သူဟာ ဖခင္ တီထြင္ခဲ့သည့္ ၾကက္ဥေကာ္ဖီ နည္းကို အသုံးျပဳေနၾကသည့္ ေကာ္ဖီေဖ်ာ္သူမ်ား အေပၚ သေဘာထားအား

“ကြၽန္ေတာ္ဟာ အတုယူမႈေတြ အတြက္ လမ္းဖြင့္ေပးထားပါတယ္။ ဒါဟာ စီးပြားေရးရဲ႕ အစိတ္အပိုင္းတခုပါ” လို႔ VICE မီဒီယာႏွင့္ အင္တာဗ်ဴးတြင္ ေျပာျပခဲ့ပါတယ္။

“လူမ်ားစြာဟာ တူညီတဲ့ ထုတ္ကုန္ကို ပိုင္ဆိုင္ႏိုင္ၿပီး အဲဒါကို ၎တို႔၏ ကိုယ္ပိုင္ နည္းလမ္းနဲ႔ တိုးတက္ႏိုင္ေအာင္ လုပ္ႏိုင္ပါတယ္”

“ကြၽန္ေတာ့္အတြက္ကေတာ့ ကြၽန္ေတာ္တို႔ ပထမဆုံး ဖန္တီးခဲ့တဲ့ ေကာ္ဖီရဲ႕ လွ်ိဳ႕ဝွက္ ပါဝင္ပစၥည္းေတြနဲ႔ ပတ္သက္ၿပီး ယုံၾကည္မႈ အျပည့္အဝ ရွိပါတယ္” လို႔ ေျပာခဲ့ပါေသးတယ္။

Café Giang ရဲ႕ ဝက္ဘ္ဆိုက္ဒ္မွာေတာ့ အျခား ပါဝင္ပစၥည္းေတြအေနျဖင့္ ၾကက္ဥအႏွစ္၊ ဗီယက္နမ္ ေကာ္ဖီမႈန႔္၊ ႏို႔ဆီ၊ ေထာပတ္ႏွင့္ ခ်ိစ္ ဒိန္ခဲေတာင္ ပါဝင္တယ္လို႔ ေဖာ္ျပထားပါတယ္။

သင္လည္း အိမ္မွာ ဗီယက္နမ္ ေကာ္ဖီ တခြက္ စမ္းသပ္ ဖန္တီးႏိုင္ဖို႔ အထက္ပါ ပါဝင္ ပစၥည္းေတြနဲ႔ စမ္းသပ္ ၾကည့္လို႔ ရပါတယ္ေနာ္။

Credit