Unicode
ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် ဦးရှင်ကြီးသည် ကိုးကွယ်ကြသောထင်ရှားသော နတ်တစ်ပါးဖြစ်သည်။ ရေလမ်းခရီးကိုစောင့်ရှောက်သည့် နတ်တစ်ပါး ဖြစ်သည်ဟု အများက ယုံကြည်ကြပါ သည်။
သူ၏ ရုပ်ထုကိုကျားသို့မဟုတ် မိကျောင်း တစ်ကောင်နှင့်တွဲဖက်ထုလုပ်လေ့ရှိပြီး တစ်ခါတရံတွင်စောင်းကိုင်ထားသည့် ပုံပြလေ့ ရှိသည်။သူသည် နဂိုမူလကပဲခူးဒေသရှိကစင်ရွာမှ စောင်းသမား ဖြစ်သည်။
ပါးစပ်ပြော ရာဇဝင်များတွင် သူနှင့် အပေါင်းအပါ သစ်ခုတ်သမားများ အစားအစာရှာဖွေရာတွင် မိန်းမလှကျွန်းသို့ ရောက်ရှိသွားကြသည်။ သူ၏စောင်းသံသည်
နတ်ညီအစ်မနှစ်ယောက်ကိုနှစ်သက်စေခဲ့သဖြင့် သူမတို့ကသူတို့၏ လှေကိုထွက်ခွာခွင့်မပြုခဲ့ပေ။နောက်ဆုံးသူ၏ အသက်ကို စတေးမှလှေအား ထွက်ခွာခွင့် ပြုခဲ့သည်။
သူသည် ကွယ်လွန်ပြီးနောက် နတ်ဖြစ်ခဲ့သည်။ ဦးရှင်ကြီးနတ်ပွဲအား ပုံမှန်အားဖြင့်မတ်လတွင်ကျင်းပလေ့ရှိသည်။ရေငန်ပိုင် ဦးရှင်ကြီးသမိုင်းနှင့်ပတ်သတ်ပြီး
မိန်းမလှကျွန်းသည် မြစ်ဝကျွန်းပေါ်ဒေသတွင် အထူး ထင်ရှားကျော်စောသောကျွန်းဖြစ်သည်။ မွန် စာပေအက္ခရာတွင်မိန်မ္လဟုရေးသား၍
အဓိပ္ပါယ်မှာ မြရာပင်များ ပေါက်သောကျွန်းဟုခေါ်သည်။ ထိုမိန်းမလှကျွန်းတောင်ဖက်တွင်လဲကျွန်းညိုကြီး ဟူသောကျွန်းလည်းရှိသေးသည်။ ကျွန်းညိုကြီးတွင်
ယခုအခါ လူနေအိမ်ခြေစည်ကားလျက် ကျွန်းညိုရွာဟုခေါ်ကြသည်။ သမိုင်းဖြစ်စဉ်တွင် ဘုရင်နှင့် သက္ကရာဇ်ကိုမသိရ။ရာမညတိုင်း မွန်လူမျိုးတို့ ကောင်းစားစဉ်အခါကပဲခူးနယ်
ကစင်ရွာ (အချို့က စည်တီးရွာ) သားမောင်ရှင်သည်အသက်အရွယ်ငယ်စဉ်အခါကဖခင်သူကြီး ကွယ်လွန်သွား၍ ဆင်းရဲနွမ်းပါးပြီး
သူ၏ထူးချွန်စွာ တတ်မြောက်သောစောင်းပညာဖြင့်ငွေကြေးရှာ ဖွေပြီး မိခင်မုဆိုးမဒေါ်ဖြူကို ကျွေးမွေးရရှာသည်။ မောင်ရှင်ကို
သာမဏေမပြုရသေးသောကြောင့် ဒေါ်ဖြူက သူ၏ခင်ပွန်းမကွယ်လွန်မီ ကောင်းစားခဲ့အခါကအစ်မဖြစ်သူဒေါ်သူကို ငွေသုံးပိဿာ ချေးငှားထားခဲ့ ဖူးသည်ကို
သတိရ၍ ယခုအခါ ဒေါ်သူမှာကြွယ်ဝချမ်းသာနေပြီ ဖြစ်သောကြောင့် သားကလေးရှင်ပြုရန်အတွက်သွားရောက်တောင်းဆိုခဲ့ရာဒေါ်သူက
အမျိုးမျိုးဆဲဆိုကြိမ်းမောင်း၍နှိပ်စက်လွှတ်လိုက်သည့်အတွက် ရှက်လည်းရှက်စိတ်လည်းနာ၍သားအမိနှစ်ယောက်သည် ဒလမြို့သို့ လာရောက်နေထိုင်ကြရာ မောင်ရှင်က ရှင်သာမဏေပြုရန် ငွေကြေးရအောင်
မျောခုတ်သမားလှေထိုးသားအဖြစ်နှင့်လိုက်သွား ရာ မိန်းမလှကျွန်းသို့ရောက်လေသည်။ ဇာတ်သဘင်များက ကပြရာတွင်မောင်ရှင်၏ အကိုဝမ်းကွဲတော်သူဒေါ်သူ၏သား ကိုဘိုးအောင်ကိုပါထည့်သွင်းကပြကြသည်မှာ
လွမ်းအောင်ဆွေးအောင် ဇာတ်ပို့ဆောင်သူအဖြစ်နှင့် ထည့်သွင်းကပြကြဟန်တူပါသည်။ မိန်းမလှကျွန်း၌ ကရင် မုဆိုးမကြီးသမီးလေးယောက်ကျားကိုက်၍ သေရပြီး အစိမ်းနတ်အဖြစ်စောင့်နေကြရသည်။
မောင်ရှင်တို့လှေမိန်းမလှကျွန်းသို့ရောက်ခဲ့ကြပြီး မျောများခုတ်၍ ယူကြစဉ်မောင်ရှင်သည် လှေကို စောင့်၍နေရစ်ခဲ့ရာအပျင်းပြေစောင်းတီးသော အခါ
မိန်းမလှကျွန်းကိုစောင့်နေသောနတ်သမီးများကသဘောကျ၍ မျောခုတ်ပြီးလှေထွက်ရန် ပြုလုပ်သောအခါလှေမထွက်နိုင်အောင် ဆွဲထားသည်နှင့်မဲချသောအခါမောင်ရှင်ကို
မဲသုံးကြိမ်ကျ၍လှေသူကြီးကမောင်ရှင်အား ရေထဲသို့ ပစ်ချရာရေထဲမရောက်ခင်ပျောက်သွားပြီး အရှင်လတ်လတ်နတ်ဖြစ်သွားသည်ဟု ဆိုသည်။
၎င်းကို ရေငန်ပိုင်ဦးရှင်ကြီးဟုခေါ်ကြသည့်အပြင် ကျွန်းညိုရှင်ဟုလည်း ခေါ်ကြသေးသည်။ရေငန်ပိုင် မြို့ရွာ ဒေသတို့တွင်အများအားဖြင့် ဦးရှင်ကြီးကို
အထူးယုံကြည်၍တင်မြှောက်ပသကိုးကွယ်ကြသည်။ ကျွန်းညိုရွာဒေသခံများက ရေငံပိုင်ဦးရှင်ကြီးသည် ယနေ့အချိန်အထိ ကျွန်းညိုကြီး ပေါ်တွင်နေထိုင်လျက်ရှိသည်ဟုယုံ ကြည်ကြသည်။
ဒေသခံများသည်အစွဲအလမ်း အလွန်ကြီးမားပြီးဤကျွန်းသည် အလွန်နတ်ကြီးသည့်နေရာဖြစ်သည်ဟု ယုံကြည်ကြသည်။ ကျွန်းအနီးတွင်
အပြောအဆိုမှအစအမှားမရှိစေရန်၊ အထူးသဖြင့်မိကျောင်းများကိုရန်မရှာရန်ဟု ဆိုကြသည်။
ဒီဒေသရှိ မိကျောင်းများအားလုံးသည် ရေငံပိုင် ဦးရှင်ကြီး၏ အစောင့်အရှောက်များ ဖြစ်သည်ဟုဆိုကြသည်။ တစ်စုံတစ်ရာ အမှားအယွင်းရှိခဲ့ပါက ဦးရှင်ကြီးမှမိကျောင်းဖြင့် တိုက်လိမ့်မည်ဟုလည်းယုံကြည်ကြသည်။
အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။
Crd
Zawgyi
ဧရာဝတီ ျမစ္ဝကြၽန္းေပၚေဒသတြင္ ဦးရွင္ႀကီးသည္ ကိုးကြယ္ၾကေသာထင္ရွားေသာ နတ္တစ္ပါးျဖစ္သည္။ ေရလမ္းခရီးကိုေစာင့္ေရွာက္သည့္ နတ္တစ္ပါး ျဖစ္သည္ဟု အမ်ားက ယုံၾကည္ၾကပါ သည္။
သူ၏ ႐ုပ္ထုကိုက်ားသို႔မဟုတ္ မိေက်ာင္း တစ္ေကာင္ႏွင့္တြဲဖက္ထုလုပ္ေလ့ရွိၿပီး တစ္ခါတရံတြင္ေစာင္းကိုင္ထားသည့္ ပုံျပေလ့ ရွိသည္။သူသည္ နဂိုမူလကပဲခူးေဒသရွိကစင္႐ြာမွ ေစာင္းသမား ျဖစ္သည္။
ပါးစပ္ေျပာ ရာဇဝင္မ်ားတြင္ သူႏွင့္ အေပါင္းအပါ သစ္ခုတ္သမားမ်ား အစားအစာရွာေဖြရာတြင္ မိန္းမလွကြၽန္းသို႔ ေရာက္ရွိသြားၾကသည္။ သူ၏ေစာင္းသံသည္
နတ္ညီအစ္မႏွစ္ေယာက္ကိုႏွစ္သက္ေစခဲ့သျဖင့္ သူမတို႔ကသူတို႔၏ ေလွကိုထြက္ခြာခြင့္မျပဳခဲ့ေပ။ေနာက္ဆုံးသူ၏ အသက္ကို စေတးမွေလွအား ထြက္ခြာခြင့္ ျပဳခဲ့သည္။
သူသည္ ကြယ္လြန္ၿပီးေနာက္ နတ္ျဖစ္ခဲ့သည္။ ဦးရွင္ႀကီးနတ္ပြဲအား ပုံမွန္အားျဖင့္မတ္လတြင္က်င္းပေလ့ရွိသည္။ေရငန္ပိုင္ ဦးရွင္ႀကီးသမိုင္းႏွင့္ပတ္သတ္ၿပီး
မိန္းမလွကြၽန္းသည္ ျမစ္ဝကြၽန္းေပၚေဒသတြင္ အထူး ထင္ရွားေက်ာ္ေစာေသာကြၽန္းျဖစ္သည္။ မြန္ စာေပအကၡရာတြင္မိန္မႅဟုေရးသား၍
အဓိပၸါယ္မွာ ျမရာပင္မ်ား ေပါက္ေသာကြၽန္းဟုေခၚသည္။ ထိုမိန္းမလွကြၽန္းေတာင္ဖက္တြင္လဲကြၽန္းညိဳႀကီး ဟူေသာကြၽန္းလည္းရွိေသးသည္။ ကြၽန္းညိဳႀကီးတြင္
ယခုအခါ လူေနအိမ္ေျခစည္ကားလ်က္ ကြၽန္းညိဳ႐ြာဟုေခၚၾကသည္။ သမိုင္းျဖစ္စဥ္တြင္ ဘုရင္ႏွင့္ သကၠရာဇ္ကိုမသိရ။ရာမညတိုင္း မြန္လူမ်ိဳးတို႔ ေကာင္းစားစဥ္အခါကပဲခူးနယ္
ကစင္႐ြာ (အခ်ိဳ႕က စည္တီး႐ြာ) သားေမာင္ရွင္သည္အသက္အ႐ြယ္ငယ္စဥ္အခါကဖခင္သူႀကီး ကြယ္လြန္သြား၍ ဆင္းရဲႏြမ္းပါးၿပီး
သူ၏ထူးခြၽန္စြာ တတ္ေျမာက္ေသာေစာင္းပညာျဖင့္ေငြေၾကးရွာ ေဖြၿပီး မိခင္မုဆိုးမေဒၚျဖဴကို ေကြၽးေမြးရရွာသည္။ ေမာင္ရွင္ကို
သာမေဏမျပဳရေသးေသာေၾကာင့္ ေဒၚျဖဴက သူ၏ခင္ပြန္းမကြယ္လြန္မီ ေကာင္းစားခဲ့အခါကအစ္မျဖစ္သူေဒၚသူကို ေငြသုံးပိႆာ ေခ်းငွားထားခဲ့ ဖူးသည္ကို
သတိရ၍ ယခုအခါ ေဒၚသူမွာႂကြယ္ဝခ်မ္းသာေနၿပီ ျဖစ္ေသာေၾကာင့္ သားကေလးရွင္ျပဳရန္အတြက္သြားေရာက္ေတာင္းဆိုခဲ့ရာေဒၚသူက
အမ်ိဳးမ်ိဳးဆဲဆိုႀကိမ္းေမာင္း၍ႏွိပ္စက္လႊတ္လိုက္သည့္အတြက္ ရွက္လည္းရွက္စိတ္လည္းနာ၍သားအမိႏွစ္ေယာက္သည္ ဒလၿမိဳ႕သို႔ လာေရာက္ေနထိုင္ၾကရာ ေမာင္ရွင္က ရွင္သာမေဏျပဳရန္ ေငြေၾကးရေအာင္
ေမ်ာခုတ္သမားေလွထိုးသားအျဖစ္ႏွင့္လိုက္သြား ရာ မိန္းမလွကြၽန္းသို႔ေရာက္ေလသည္။ ဇာတ္သဘင္မ်ားက ကျပရာတြင္ေမာင္ရွင္၏ အကိုဝမ္းကြဲေတာ္သူေဒၚသူ၏သား ကိုဘိုးေအာင္ကိုပါထည့္သြင္းကျပၾကသည္မွာ
လြမ္းေအာင္ေဆြးေအာင္ ဇာတ္ပို႔ေဆာင္သူအျဖစ္ႏွင့္ ထည့္သြင္းကျပၾကဟန္တူပါသည္။ မိန္းမလွကြၽန္း၌ ကရင္ မုဆိုးမႀကီးသမီးေလးေယာက္က်ားကိုက္၍ ေသရၿပီး အစိမ္းနတ္အျဖစ္ေစာင့္ေနၾကရသည္။
ေမာင္ရွင္တို႔ေလွမိန္းမလွကြၽန္းသို႔ေရာက္ခဲ့ၾကၿပီး ေမ်ာမ်ားခုတ္၍ ယူၾကစဥ္ေမာင္ရွင္သည္ ေလွကို ေစာင့္၍ေနရစ္ခဲ့ရာအပ်င္းေျပေစာင္းတီးေသာ အခါ
မိန္းမလွကြၽန္းကိုေစာင့္ေနေသာနတ္သမီးမ်ားကသေဘာက်၍ ေမ်ာခုတ္ၿပီးေလွထြက္ရန္ ျပဳလုပ္ေသာအခါေလွမထြက္ႏိုင္ေအာင္ ဆြဲထားသည္ႏွင့္မဲခ်ေသာအခါေမာင္ရွင္ကို
မဲသုံးႀကိမ္က်၍ေလွသူႀကီးကေမာင္ရွင္အား ေရထဲသို႔ ပစ္ခ်ရာေရထဲမေရာက္ခင္ေပ်ာက္သြားၿပီး အရွင္လတ္လတ္နတ္ျဖစ္သြားသည္ဟု ဆိုသည္။
၎ကို ေရငန္ပိုင္ဦးရွင္ႀကီးဟုေခၚၾကသည့္အျပင္ ကြၽန္းညိဳရွင္ဟုလည္း ေခၚၾကေသးသည္။ေရငန္ပိုင္ ၿမိဳ႕႐ြာ ေဒသတို႔တြင္အမ်ားအားျဖင့္ ဦးရွင္ႀကီးကို
အထူးယုံၾကည္၍တင္ေျမႇာက္ပသကိုးကြယ္ၾကသည္။ ကြၽန္းညိဳ႐ြာေဒသခံမ်ားက ေရငံပိုင္ဦးရွင္ႀကီးသည္ ယေန႔အခ်ိန္အထိ ကြၽန္းညိဳႀကီး ေပၚတြင္ေနထိုင္လ်က္ရွိသည္ဟုယုံ ၾကည္ၾကသည္။
ေဒသခံမ်ားသည္အစြဲအလမ္း အလြန္ႀကီးမားၿပီးဤကြၽန္းသည္ အလြန္နတ္ႀကီးသည့္ေနရာျဖစ္သည္ဟု ယုံၾကည္ၾကသည္။ ကြၽန္းအနီးတြင္
အေျပာအဆိုမွအစအမွားမရွိေစရန္၊ အထူးသျဖင့္မိေက်ာင္းမ်ားကိုရန္မရွာရန္ဟု ဆိုၾကသည္။
ဒီေဒသရွိ မိေက်ာင္းမ်ားအားလုံးသည္ ေရငံပိုင္ ဦးရွင္ႀကီး၏ အေစာင့္အေရွာက္မ်ား ျဖစ္သည္ဟုဆိုၾကသည္။ တစ္စုံတစ္ရာ အမွားအယြင္းရွိခဲ့ပါက ဦးရွင္ႀကီးမွမိေက်ာင္းျဖင့္ တိုက္လိမ့္မည္ဟုလည္းယုံၾကည္ၾကသည္။
အခ်ိန္ေပးၿပီးဖတ္ရႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္ရွိပါတယ္ေနာ္။
Crd