မ်ိဳးတုန္းေပ်ာက္ကြယ္ခဲ့ၿပီျဖစ္တဲ့ ကမာၻေပၚကထူးဆန္းတဲ့ သတၱဝါမ်ား

Unicode

ကျွန်တော်တို့ကြားခဲ့ဘူးတဲ့ဒဏ္ဍာရီပုံပြင်တွေမှာ အမှန်တရားအချို့တည်ရှိနေတာကိုတွေ့ရပါတယ်။

ဒီဆောင်းပါး၌ သင်အမှန်တရားကိုတွေ့ရှိရပါလိမ့်မည်ဖြစ်ပါတယ်။

နဂါးများ ၊ လူရိုင်းများနှင့် တိုက် ၁၀ထပ်နီးပါးမြင့်သော ရေနက်က သားရဲကောင်များကဲ့သို့ဖြစ်ပါတယ်။

(၁)Hobbits

ယခုအခါမှာအသုံးများ‌ ခေါ်ဆိုနေတဲ့ hobbitsဆိုတဲ့စကားလုံးကို J.R.Rမှ တီထွင်ရေးသားခဲ့ပါတယ်။ ဂူထဲမှာနေတတ်ကြတဲ့ထို ‌သေးငယ်တဲ့hobbitလူမျိုးများဟာ

တကယ့်ဘဝ၌ ရှိခဲ့‌သော သက်သေများလည်းရှိတာကို‌ တွေ့ရပါတယ်။

၂၀၀၃ခုနစ် အင်ဒိုနီးရှားနိုင်ငံ ဖလိုရတ်၌ရှေးဟောင်းပစ္စည်းများရှာဖွေတူးဖော်နေစဉ်၃ပေ ၂လက်မခန့်ရှိတဲ့ လူသားအရိုးစုများကို သုတေသနပညာရှင်များကရှာဖွေတွေ့ရှိခဲ့ပါတယ်။

တွေ့ရှိခဲ့သော ခေါင်းအရိုးဟာ လူတစ်ယောက်၏ ဦးခေါင်းထက်ပျှမ်းမျ ၃ဆခန့် သေးငယ်နေပါတယ်။ နောက်ပိုင်းတွင် သေးငယ်သော လူအရိုးစု ၉ခုကို

သိပ္ပံပညာရှင်များကဆက်လက်တွေ့ရှိခဲ့ပြီး သူတို့ရဲ့သက်တမ်းဟာ နှစ်ပေါင်း တစ်သောင်းနှစ်ထောင်လောက်ကဖြစ်မယ်လို့ခန့်မှန်းထားကြပါတယ်။

သိပ္ပံပညာရှင်များက ဒီလူမျိူးများဟာ မတူညီကွဲပြားတဲ့မျိူးစိတ်တခုက ဖြစ်တယ်လို့ နိဂုံးချူပ်ပြောကြခဲ့ပါတယ်။ သူတို့ကို ‘Flores Man'(သို့) homo floresiens ဟုခေါ်ကြသော်လည်း အများစုက‌ တောဘhobbitsလို့ ဘဲသိကြပါတယ်။

(၂)Tasmanian tiger

Tasmanian tigerသည် ကျားလည်းမဟုတ် ဝံပုလွေလည်းမဟုတ်ပါ သူတို့ဟာ Tasmanianနတ်ဆိုးများနှင့်ဆက်စပ်‌ နေတဲ့ အကောင်များဖြစ်ကြပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ခန့်က Tasmanianမှလွဲ၍ တခြား တိရစ္ဆာန်များဟာ နေရာတိုင်းတွင်ပျောက်ကွယ်သွားခဲ့ပါတယ်။

ပြီး‌ နောက်နောက်ဆုံးကျားမျိူးစိတ်ဟာ ၁၉၃၅တွင် သေဆုံးပျောက်ကွယ်ခဲ့ပြီး သိပ္ပံပညာရှင်များရဲ့ခန့်မှန်းချက်များအရ ထိုသတ္တဝါများဟာ

ဆက်လက်ရှငိသန်နေတယ်လို့လည်းသိပ္ပံပညာရှင်များကသံသယရှိခဲ့ပါတယ်။Tasmanian tigerများဟာ ၃၄လက်မနှင့် ၅၁လက်မလောက်ရှည်ပြီး

အလေးချိန်မှာ ပေါင် ၃၃-၆၆လောက်ရှိပါတယ်။Tasmanian tigerများတွင်‌ ရှေ့ခြေထောက်နား၌အိတ်ပေါက်များပါရှိပြီး အတွင်း၌ သားပေါက်ကောင် ၄ကောင်လောက်ကို ထည့်ထားပြီးသွားလာနိုင်ကြပါတယ်။

(၃)နဂါး

နဂါးဟာ ဒဏ္ဍရီဇာတ်လမ်းပုံပြင်ထဲတွင် နာမည်ကြီး လူသိများသော သတ္တဝါဖြစ်ပါတယ်။ပုံပြင်ထဲတွင် မီးနဂါးများဟာ စစ်သည်သူရဲကောင်းများကို

အနိုင်ယူရင်ဆိုင်တိုက်ခိုက်နိုင် ပြီး မင်းသမီးလေးကို ကယ်တင်နိုင်ခဲ့တဲ့ပုံပြင်သာဓက‌ တွေရှိပါတယ်။တကယ့်လက်တွေ့ဘဝတွင် လည်းနဂါးလို့ခေါ်နိုင်တဲ့

တကယ့်တိရစ္ဆာန်များလည်းရှိကြပါတယ်။ဥပမာ အနေနဲ့ Megalaniaလို့ခေါ်တဲ့ပုတ်သင်ညိုအကြီးကြီးဟာ သိပ္ပံပညာရှင်‌ တွေရဲ့ရှာဖွေတွေ့ရှိမှုများထဲတွင် အကြီးဆုံးပုတ်သင်ညိုတစ်ကောင်ဖြစ်ပါတယ်။

သူဟာ အမြင့်၃၀ပေ နှင့် အလေးချိန်ပေါင် ၄၅၀၀ခန့်ကြီးထွားနိုင်ပြီး သူ့ရဲ့တံထွေးဟာလည်း အဆိပ်ကဲ့သို့တံထွေးများ ထွေးနိုင်ကြပါတယ် ။

Megalaniasများဟာ လွန်ခဲ့တဲ့ ခေတ်တခေတ်တွင် လူသားများနှင့်အတူရှင်သန်နေထိုင်ခဲ့ကြပါတယ်။သူတို့ရဲ့အရိုးများဟာ နဂါးနှင့်တူညီသောကြောင့်

ယခုတွင် နဂါးများအတွက် ဒဏ္ဍာရီတစ်ပုဒ်လို‌ပေါ်‌ပေါက်‌စေခဲ့ပါတယ်။ စကားမစပ် ယနေ့တွင်ရှိသောနဂါးများကို Komodo နဂါးလို့ခေါ်ကြပြီး အင်ဒိုနီးရှားတွင်နေထိုင်ကာ ၁၀ပေခန့်ရှည်လျားပါတယ်။

(၄)Kraken

Krakenများဟာ အလွန်ကြီးမားတဲ့ပြည်ကြီးငါးနဲ့တူတဲ့သတ္တဝါကြီးဖြစ်ကာယနေ့ထိတိုင် ရှိနေကြပါတယ် ။ ထို့အပြင် သိပ္ပံပညာရှင်များနဲ့ သ‌င်္ဘောသားများဟာ ဒီအချက်ကို အကြိမ်ကြိမ် အတည်ပြု ခဲ့ကြပါတယ်။

၂၀၁၅ခုနစ်တွင် ၁၀ပေအရှည်ရှိတဲ့ပြည်ကြီးငါးကြီးကို ဂျပန်နိုင်ငံတွင်တွေ့ခဲ့ပြီး ဓာတ်ပုံရိုက်ယူနိုင်ခဲ့ကြပါတယ်။နောက်ပိုင်းတွင် သိပ္ပံပညာရှင်များက

ဒီပြည်ကြီးငါးဟာ ပေ၈၀အထိရှည်ပြီးကြီးထွားနိုင်သော ပြည်ကြီးငါးပေါက်စ များသာဖြစ်ကြောင်းပြောပြခဲ့ပါတယ် ။

ထိုကဲ့သို့ကြီးမားသော သတ္တဝါများဟာ ရွှတ်လှေနှင့် သဘော်များကို သမုဒ္ဒရာ အောက်ခြေထိ လွယ်ကူစွာ ဆွဲချနိုင်တဲ့သတ္တဝါကြီးတွေလည်းဖြစ်ကြပါတယ်။

(၅)Imoogi ,ကိုးရီးယားနဂါး

ကိုရီးယားဒဏ္ဍာရီများ၌ ဧရာမ မြွေပုံစံနဂါးများရှိတယ်လို့ ဆိုကြပါတယ်။ ဒဏ္ဍာရီတွင် သူတို့ဟာ ဂူများ နှင့် ရေကန် သို့ ရေလှောင်ကန်များတွင်နေထိုင်ကြပြီး

ကောင်းကင်ထဲသို့ပျံတတ်သော နဂါးအဖြစ်သို့မပြောင်းလဲမှီ နှစ်ပေါင်း၁၀၀၀မတိုင်ခင်အထိအသက်ရှင်နေထိုင်ကြပါတယ်။

တောင်အမေရိကတွင် imoogi တည်ရှိခဲ့မှု သက်သေများတွေ့ရှိခဲ့ပေမဲ့ သိပ္ပံပညာရှင်များက မြွေအကြီးများသာ တကယ်တည်ရှိခဲ့ကြောင်း ပြောကြပါတယ်။

Titanoboa မြွေများဟာ အလျား ၄၅ပေရှိပြီး ပေါင်2200အလေးချိန် ရှိပါတယ်။ သူဟာကြီးမားသောကြောင့် နဂါးကဲ့သို့ ထင်ရအောင်ရူပ်ထွေးသွား‌ စေတာဖြစ်ပါတယ်။

Titanoboaများဟာ လွန်ခဲ့သော နှစ်ပေါင်းများစွာက မျိူးသုဉ်းပျောက်ကွယ်သွားခဲ့ပြီး သူတို့ဟာ နဂါးများဖြစ်ကာ ကောင်းကင်သို့ ပျံသွားကြသည်ဟုဒေသခံတွေက ယုံကြည်နေကြပါတယ်။

Crd

Zawgyi

ကြၽန္ေတာ္တို႔ၾကားခဲ့ဘူးတဲ့ဒ႑ာရီပုံျပင္ေတြမွာ အမွန္တရားအခ်ိဳ႕တည္ရွိေနတာကိုေတြ႕ရပါတယ္။

ဒီေဆာင္းပါး၌ သင္အမွန္တရားကိုေတြ႕ရွိရပါလိမ့္မည္ျဖစ္ပါတယ္။

နဂါးမ်ား ၊ လူ႐ိုင္းမ်ားႏွင့္ တိုက္ ၁၀ထပ္နီးပါးျမင့္ေသာ ေရနက္က သားရဲေကာင္မ်ားကဲ့သို႔ျဖစ္ပါတယ္။

(၁)Hobbits

ယခုအခါမွာအသုံးမ်ား‌ ေခၚဆိုေနတဲ့ hobbitsဆိုတဲ့စကားလုံးကို J.R.Rမွ တီထြင္ေရးသားခဲ့ပါတယ္။ ဂူထဲမွာေနတတ္ၾကတဲ့ထို ‌ေသးငယ္တဲ့hobbitလူမ်ိဳးမ်ားဟာ

တကယ့္ဘ၀၌ ရွိခဲ့‌ေသာ သက္ေသမ်ားလည္းရွိတာကို‌ ေတြ႕ရပါတယ္။

၂၀၀၃ခုနစ္ အင္ဒိုနီးရွားႏိုင္ငံ ဖလိုရတ္၌ေရွးေဟာင္းပစၥည္းမ်ားရွာေဖြတူးေဖာ္ေနစဥ္၃ေပ ၂လက္မခန႔္ရွိတဲ့ လူသားအ႐ိုးစုမ်ားကို သုေတသနပညာရွင္မ်ားကရွာေဖြေတြ႕ရွိခဲ့ပါတယ္။

ေတြ႕ရွိခဲ့ေသာ ေခါင္းအ႐ိုးဟာ လူတစ္ေယာက္၏ ဦးေခါင္းထက္ပွ်မ္းမ် ၃ဆခန႔္ ေသးငယ္ေနပါတယ္။ ေနာက္ပိုင္းတြင္ ေသးငယ္ေသာ လူအ႐ိုးစု ၉ခုကို

သိပၸံပညာရွင္မ်ားကဆက္လက္ေတြ႕ရွိခဲ့ၿပီး သူတို႔ရဲ႕သက္တမ္းဟာ ႏွစ္ေပါင္း တစ္ေသာင္းႏွစ္ေထာင္ေလာက္ကျဖစ္မယ္လို႔ခန႔္မွန္းထားၾကပါတယ္။

သိပၸံပညာရွင္မ်ားက ဒီလူမ်ိဴးမ်ားဟာ မတူညီကြဲျပားတဲ့မ်ိဴးစိတ္တခုက ျဖစ္တယ္လို႔ နိဂုံးခ်ဴပ္ေျပာၾကခဲ့ပါတယ္။ သူတို႔ကို ‘Flores Man'(သို႔) homo floresiens ဟုေခၚၾကေသာ္လည္း အမ်ားစုက‌ ေတာဘhobbitsလို႔ ဘဲသိၾကပါတယ္။

(၂)Tasmanian tiger

Tasmanian tigerသည္ က်ားလည္းမဟုတ္ ဝံပုေလြလည္းမဟုတ္ပါ သူတို႔ဟာ Tasmanianနတ္ဆိုးမ်ားႏွင့္ဆက္စပ္‌ ေနတဲ့ အေကာင္မ်ားျဖစ္ၾကပါတယ္။

လြန္ခဲ့တဲ့ႏွစ္ေပါင္း ၂၀၀၀ခန႔္က Tasmanianမွလြဲ၍ တျခား တိရစာၦန္မ်ားဟာ ေနရာတိုင္းတြင္ေပ်ာက္ကြယ္သြားခဲ့ပါတယ္။

ၿပီး‌ ေနာက္ေနာက္ဆုံးက်ားမ်ိဴးစိတ္ဟာ ၁၉၃၅တြင္ ေသဆုံးေပ်ာက္ကြယ္ခဲ့ၿပီး သိပၸံပညာရွင္မ်ားရဲ႕ခန႔္မွန္းခ်က္မ်ားအရ ထိုသတၱဝါမ်ားဟာ

ဆက္လက္ရွငိသန္ေနတယ္လို႔လည္းသိပၸံပညာရွင္မ်ားကသံသယရွိခဲ့ပါတယ္။Tasmanian tigerမ်ားဟာ ၃၄လက္မႏွင့္ ၅၁လက္မေလာက္ရွည္ၿပီး

အေလးခ်ိန္မွာ ေပါင္ ၃၃-၆၆ေလာက္ရွိပါတယ္။Tasmanian tigerမ်ားတြင္‌ ေရွ႕ေျခေထာက္နား၌အိတ္ေပါက္မ်ားပါရွိၿပီး အတြင္း၌ သားေပါက္ေကာင္ ၄ေကာင္ေလာက္ကို ထည့္ထားၿပီးသြားလာႏိုင္ၾကပါတယ္။

(၃)နဂါး

နဂါးဟာ ဒ႑ရီဇာတ္လမ္းပုံျပင္ထဲတြင္ နာမည္ႀကီး လူသိမ်ားေသာ သတၱဝါျဖစ္ပါတယ္။ပုံျပင္ထဲတြင္ မီးနဂါးမ်ားဟာ စစ္သည္သူရဲေကာင္းမ်ားကို

အႏိုင္ယူရင္ဆိုင္တိုက္ခိုက္ႏိုင္ ၿပီး မင္းသမီးေလးကို ကယ္တင္ႏိုင္ခဲ့တဲ့ပုံျပင္သာဓက‌ ေတြရွိပါတယ္။တကယ့္လက္ေတြ႕ဘ၀တြင္ လည္းနဂါးလို႔ေခၚႏိုင္တဲ့

တကယ့္တိရစာၦန္မ်ားလည္းရွိၾကပါတယ္။ဥပမာ အေနနဲ႔ Megalaniaလို႔ေခၚတဲ့ပုတ္သင္ညိဳအႀကီးႀကီးဟာ သိပၸံပညာရွင္‌ ေတြရဲ႕ရွာေဖြေတြ႕ရွိမႈမ်ားထဲတြင္ အႀကီးဆုံးပုတ္သင္ညိဳတစ္ေကာင္ျဖစ္ပါတယ္။

သူဟာ အျမင့္၃၀ေပ ႏွင့္ အေလးခ်ိန္ေပါင္ ၄၅၀၀ခန႔္ႀကီးထြားႏိုင္ၿပီး သူ႔ရဲ႕တံေထြးဟာလည္း အဆိပ္ကဲ့သို႔တံေထြးမ်ား ေထြးႏိုင္ၾကပါတယ္ ။

Megalaniasမ်ားဟာ လြန္ခဲ့တဲ့ ေခတ္တေခတ္တြင္ လူသားမ်ားႏွင့္အတူရွင္သန္ေနထိုင္ခဲ့ၾကပါတယ္။သူတို႔ရဲ႕အ႐ိုးမ်ားဟာ နဂါးႏွင့္တူညီေသာေၾကာင့္

ယခုတြင္ နဂါးမ်ားအတြက္ ဒ႑ာရီတစ္ပုဒ္လို‌ေပၚ‌ေပါက္‌ေစခဲ့ပါတယ္။ စကားမစပ္ ယေန႔တြင္ရွိေသာနဂါးမ်ားကို Komodo နဂါးလို႔ေခၚၾကၿပီး အင္ဒိုနီးရွားတြင္ေနထိုင္ကာ ၁၀ေပခန႔္ရွည္လ်ားပါတယ္။

(၄)Kraken

Krakenမ်ားဟာ အလြန္ႀကီးမားတဲ့ျပည္ႀကီးငါးနဲ႔တူတဲ့သတၱဝါႀကီးျဖစ္ကာယေန႔ထိတိုင္ ရွိေနၾကပါတယ္ ။ ထို႔အျပင္ သိပၸံပညာရွင္မ်ားနဲ႔ သ‌ေဘၤာသားမ်ားဟာ ဒီအခ်က္ကို အႀကိမ္ႀကိမ္ အတည္ျပဳ ခဲ့ၾကပါတယ္။

၂၀၁၅ခုနစ္တြင္ ၁၀ေပအရွည္ရွိတဲ့ျပည္ႀကီးငါးႀကီးကို ဂ်ပန္ႏိုင္ငံတြင္ေတြ႕ခဲ့ၿပီး ဓာတ္ပုံ႐ိုက္ယူႏိုင္ခဲ့ၾကပါတယ္။ေနာက္ပိုင္းတြင္ သိပၸံပညာရွင္မ်ားက

ဒီျပည္ႀကီးငါးဟာ ေပ၈၀အထိရွည္ၿပီးႀကီးထြားႏိုင္ေသာ ျပည္ႀကီးငါးေပါက္စ မ်ားသာျဖစ္ေၾကာင္းေျပာျပခဲ့ပါတယ္ ။

ထိုကဲ့သို႔ႀကီးမားေသာ သတၱဝါမ်ားဟာ ႐ႊတ္ေလွႏွင့္ သေဘာ္မ်ားကို သမုဒၵရာ ေအာက္ေျခထိ လြယ္ကူစြာ ဆြဲခ်ႏိုင္တဲ့သတၱဝါႀကီးေတြလည္းျဖစ္ၾကပါတယ္။

(၅)Imoogi ,ကိုးရီးယားနဂါး

ကိုရီးယားဒ႑ာရီမ်ား၌ ဧရာမ ေႁမြပုံစံနဂါးမ်ားရွိတယ္လို႔ ဆိုၾကပါတယ္။ ဒ႑ာရီတြင္ သူတို႔ဟာ ဂူမ်ား ႏွင့္ ေရကန္ သို႔ ေရေလွာင္ကန္မ်ားတြင္ေနထိုင္ၾကၿပီး

ေကာင္းကင္ထဲသို႔ပ်ံတတ္ေသာ နဂါးအျဖစ္သို႔မေျပာင္းလဲမွီ ႏွစ္ေပါင္း၁၀၀၀မတိုင္ခင္အထိအသက္ရွင္ေနထိုင္ၾကပါတယ္။

ေတာင္အေမရိကတြင္ imoogi တည္ရွိခဲ့မႈ သက္ေသမ်ားေတြ႕ရွိခဲ့ေပမဲ့ သိပၸံပညာရွင္မ်ားက ေႁမြအႀကီးမ်ားသာ တကယ္တည္ရွိခဲ့ေၾကာင္း ေျပာၾကပါတယ္။

Titanoboa ေႁမြမ်ားဟာ အလ်ား ၄၅ေပရွိၿပီး ေပါင္2200အေလးခ်ိန္ ရွိပါတယ္။ သူဟာႀကီးမားေသာေၾကာင့္ နဂါးကဲ့သို႔ ထင္ရေအာင္႐ူပ္ေထြးသြား‌ ေစတာျဖစ္ပါတယ္။

Titanoboaမ်ားဟာ လြန္ခဲ့ေသာ ႏွစ္ေပါင္းမ်ားစြာက မ်ိဴးသုဥ္းေပ်ာက္ကြယ္သြားခဲ့ၿပီး သူတို႔ဟာ နဂါးမ်ားျဖစ္ကာ ေကာင္းကင္သို႔ ပ်ံသြားၾကသည္ဟုေဒသခံေတြက ယုံၾကည္ေနၾကပါတယ္။

Crd