ဓာတ်ပုံဆရာရဲ့လျှပ်တစ်ပျက်ရိုက်ချက်ကြောင့်ထင်မှတ်မထားပဲကမ္ဘာကျော်သွားခဲ့တဲ့ ကောင်မလေး ၂ ယောက်

Unicode

အင်တာနက် လူမှုကွန်ယက်ပေါ်က ရေပန်းအစားဆုံး ကောင်မလေး နှစ်ယောက်ကတော့ ဖိလစ်ပိုင် Badjao မျိုးနွယ်စု ကောင်မလေး နှစ်ယောက်ပါ။

ပထမတစ်ယောက်ကတော့ Rita Gabiola ဖြစ်ပြီးတော့ သူမက အသက် 13 နှစ်သာ ရှိပါသေးတာပါ။

ဓာတ်ပုံဆရာ Topher Quinto Burgos ရဲ့ လျှပ်တစ်ပျက်ရိုက်ချက်ကြောင့် ကမ္ဘာသိသွားစေခဲ့တာပါ။

Rita ကတော့သူမရဲ့ ဓာတ်ပုံတွေ အင်တာနက်မှာ ပျံ့နှံ့နေတာကိုတော့ နောက်ပိုင်းမှာ သိခဲ့ရတာပါ။

Topher က တော့သူရဲ့ ဓာတ်ပုံကို Badjao Girlလို့ အမည်ပေးခဲ့တာပါ။ဒီကျေးဇူးကြောင့်ပဲ Rita ဟာ စကောလားရှစ်တစ်ယောက် ဖြစ်ခဲ့ပြီး

အခုဆိုရင်တော့ မဂ္ဂဇင်းမျက်နှာဖုံးတွေမှာတောင် မော်ဒယ်တစ်ယောက် ဖြစ်နေပါပြီတဲ့။

ဒါဟာ ဆင်းရဲလှတဲ့ သူမရဲ့ မိသားစုအတွက်တော့ ထိရောက်တဲ့ လမ်းစတစ်ခု ဖြစ်ဖို့သေချာပါတယ်နော်။

စီးပွားရေးလုပ်ငန်းတွေညာလည်း သူတို့တစ်တွေရဲ့ ကုန်အမှတ်တံဆိပ်တွေအတွက်ကို မော်ဒယ်အဖြစ် ကမ်းလှမ်းခံရမှုတွေကလည်း ရာနဲ့ချီ ရှိလာခဲ့တာပါ။

နောက်ထပ် ဖိလစ်ပီနိုမလေးတစ်ယောက်ကတော့ အခုမှ လူမမယ်အရွယ်ကလေးသာ ရှိပါသေးတာပါ။

သူရဲ့ နာမည်ကိုတော့ သတင်းစာတွေမှာ ဖော်ပြမထားပေမယ့်လည်း ‘Badjao girl of Guihulngan’လို့ ပြောလိုက်တာနဲ့ တစ်ကမ္ဘာလုံးက အဲဒီကလေးမလေးကို သိတယ်လို့ ညွှန်းဆိုထားပါတယ်တဲ့။

ကလေးမလေးက ပြူးကျယ်ဝိုင်းစက်တဲ့ မျက်လုံးအစုံ၊ ပိရိသေသပ်တဲ့ နှုတ်ခမ်း၊ ဖြောင့်စင်းနေတဲ့ နှာတံ၊ ထင်းနေတဲ့ မျက်ခုံးမွေးတွေဟာ သူရဲ့

အပြစ်ကင်းမှုနဲ့ ပေါင်းစပ်ပြီးတော့ ကြည့်မြင်ရသူကို ချစ်ခင်သနားစိတ် ဖြစ်စေပါတယ်တဲ့။

Crd

Zawgyi













Crd