Unicode
အကြော် ကြော်ရင် ခဏလေးနဲ့ ပျော့သွားတယ် ဆိုတဲ့ အိမ်ရှင်မတို့ အတွက် အချဉ်ဖျော်နည်း နဲ့
အကြော် ကြော်နည်းလျို့ဝှက်ချက်လေးကို ဝေမျှပေးလိုက်ပါတယ်နော် …။
ဘူးသီးကြော်၊ ကြက်သွန်ကြော်၊ ရွှေဖရုံသီးကြော်၊ မြင်းခွာရွက်ကြော်၊ ပြောင်းဖူးကြော်၊
အခုက ရွှေလိပ်ပြာ၁ထုပ်ခွဲ/ကောက်ညှင်း ၁ဇွန်း/ရွှေကြည် ၁ ဇွန်း/
ပဲအစိမ်းမှုန့် ၂ဇွန်း/နနွင်း အနည်းငယ်/ကြက်သားမှုန့် အနည်းငယ်/ ကြက်ဥအကာ ၁ ဇွန်းကို ရေနဲ့ မပျစ်မကျဲ ဖျော်တာပါ။
စမ်းပြီး လုပ်ကြည့်တာ တော်တော် ကြာတဲ့အထိ မပျော့သွားပါဘူး။
ဇွန်းက စတီးချိုင့် အသေးမှာ ထည့်လို့ရတဲ့ ကလေးထမင်းစား ဇွန်း အသေးပါ။
အချဉ်ကတော့…
မန်းကျည်သီးကိုရေစိမ် အနှစ်တိုက် / ကြက်သွန်ဖြူ ၆ မွှာ၊ ငရုတ်သီးစိမ်း ၂ တောင့်/ ငံပြာရည် ၁ ဇွန်း/ သကြား ၁ ဇွန်း
ရွက်လှေတံဆိပ် ငရုတ်ဆီ ၁ဇွန်း/origano tamarind sauce ၂ ဇွန်း၊ ပဲအကျက်မှုန့် ၁ ဇွန်း ရောမွှေပြီး နံနံပင် ၄ပင် နုတ်နုတ်စင်းထည့်ပါ။
(ရွှေလိပ်ပြာနဲ့ မကြော်ချင်ရင် ဆန် ၂ ဆ ၊ ကောက်ညှင်း ၁ ဆ၊ ရွှေကြည် ၁ဆ၊ ပဲမှုန့် ၁ဆ နဲ့ ဖျော်ပါ။)
ချက်ကြည့်ကြစို့…Credit all photo
Zawgyi
အချဉ်ကတော့…