Battery အိုးေတြေပၚမွာေရးထားတဲ့ သိထားသင့္ေသာ ကိန္းဂဏန္းမ်ားအေၾကာင္း

အခုနောက်ပိုင်းထွက်တဲ့ Battery အိုးတွေပေါ်မှာ CCA ဆိုတဲ့ စာလေးပါလာတာမိတ်ဆွေတို့သတိထားမိကြလားမသိ။ အဲဒီ CCA ဆိုတာဘာလဲ တချို့လည်းလာမေးကြပါတယ်။

CCA ဆိုတာဘာလဲ ?

CCA ဆိုတာ Cool Cranking Ampere ဆိုတဲ့အဓိပ္ပါယ်ပါ။ -18°C (or) 0°F ဆိုတဲ့ အရမ်းအေးခဲနေတဲ့ ရာသီဥတုမှာ ကားကိုစက်စ စနှိုးလိုက်တဲ့အချိန် ဒီ ဘထ္တရီအိုးက Ampere အပြည့်အ၀အချိန်ဘယ်လောက်ကြာကြာတောင့်ခံနိုင်သလဲဆိုတာကို ရည်ရွယ်ပြီးရေးသားထားတဲ့သင်္ကေတဖြစ်ပါတယ်။

နည်းနည်းထပ်ရှင်းပြပါ့မယ်။ကျနော်တို့ လက်ရှိအသုံးပြုနေတဲ့ကားတွေရဲ့ Engine ဟာာ Internal Combustion Engine ဆိုတဲ့အတွင်းပိုင်း မီးလောင်ပေါက်ကွဲပြီးမှ စွမ်းအင်ရတဲ့ အင်ဂျင်ဖြစ်ပြီး အင်ဂျင်ဟာ အပူစွမ်းအင်သုံးအင်ဂျင်တွေပါ။ ဒါကြောင့် ရာသီဥတု အရမ်းအေးတဲ့အချိန်မှာ အင်ဂျင်ဟာ နှိုးရခက်ခဲပါတယ်။

နောက်တချက်က အင်ဂျင်စက် စစနှိုးလိုက်တဲ့အချိန်မှာအင်ဂျင်စတင်လည်ပတ်ဖို့ Starter Motor ကနေ လှည့်ပေးရတာမို့ ဘထ္တရီကနေ Load (Current) တအားဆွဲပါတယ်။နောက်ကားစက်နှိုးဖို့သော့ဖွင့်လိုက်တာနဲ့ကားမှာပါတဲ့ Accessories တွေ ကလည်း စတင်အလုပ်လုပ်ပါတယ်။

နောက် Alternator (Dynamo) ကလည်း Charging ထုတ်ပေးဖို့ အတွက် အတွင်းမှာရှိတဲ့ Rotary ကလည်း Electromagnetic (လျှပ်စစ်သံလိုက်) စတင်ဖြစ်တဲ့အတွက် ဘထ္တရီ ကနေပဲပါဝါကိုစတင်ယူပါတယ်။ဒီလိုဖြစ်တဲ့အတွက် ဘထ္တရီအိုးသက်တမ်းကြာလို့ အားကျလာရင်ကားစက်စနှိုးတာနဲ့ စတင်ဆွဲတဲ့ Current (amps)

ဒဏ်ကိုတောင့်မခံနိုင်တော့ဘဲအီလာတာ၊ မနိုးချင် နိုးချင်နဲ့နိုးတာ၊ လုံး၀နှိုးမရတာတွေဖြစ်လာတာပါ။ဒီ CCA ဆိုတဲ့ Cool Cranking Ampere ဆိုတာက -18°C (or) 0°F ဆိုတဲ့ အရမ်းအေးနေတဲ့ ရာသီဥတုမှာကားစက်စစနှိုးလိုက်တဲ့အချိန် ကားပစ္စည်းအမျိုးမျိုးကနေဆွဲယူလိုက်မယ့် အမြင့်ဆုံး Current (Amps)

ကို 30 Seconds အထိ တောင့်ခံပြီးထိန်းထားပေးပြီးဘထ္တရီရဲ့ ဗို့အား(Voltage) 12V ကနေ 7.2 Volts အောက်မကျ သွားအောင် တည်တည်ငြိမ်ငြိမ်ထိန်းထား နိုင်စွမ်းကိုဆိုလိုတာပါ။ရိုးရိုးလေးပြောရရင်တော့ CCA တန်ဖိုး (Amps)မြင့်လေလေပိုကောင်းလေဆိုတဲ့သဘောပါပဲ။

အောက်ကပုံတွေမှာကြည့်လိုက်ရင်လည်း 320A(CCA)၊ 370A(CCA)၊ 490A(CCA)ဆိုပြီး ဘထ္တရီအိုးရဲ့ဆိုက်အရွယ်အစားပေါ်လိုက်ပြီး CCA တန်ဖိုးအနည်းအများကွာခြားသွားတာပါ။ဥပမာအားဖြင့် 320A(CCA) ဘထ္တရီအသစ်တလုံးက -18°C (or) 0°F အချိန်မှာ 320 Amperes အပြည့်ဆွဲလိုက်မယ်ဆိုရင်

စက္ကန့် ၃၀ ကြာအောင်တောင့်ခံထားပေးနိုင်တယ်လို့ဆိုလိုတာပါ။ဒါကြောင့် CCA တန်ဖိုးများလေလေ Current ဆွဲအားများများပိုဆွဲခံနိုင်လေပါပဲ။တချို့ကားတွေမှာတော့ Cold Cranking Ampere ကို CCA အစား EN လို့လည်းရေးတတ်ကြပါတယ်။ အဓိပ္ပါယ်ကတော့ European Normal (or) European Norm လို့ဆိုလိုတာဖြစ်ပြီး European Car တွေအတွက်Standard တခုအဖြစ်သတ်မှတ်ထားတာပါ။ CCA နဲ့ ဆိုလိုရင်းအဓိပ္ပါယ်တူတူပဲဖြစ်ပါတယ်။

MCA (or) CA ဆိုတာဘာလဲ ?

MCA (Marine Cranking Amperes) or CA (Cranking Amps) ဆိုတာကတော့ CCA လိုပါပဲ။ကားစက်စတင် နှိုးလိုက်တဲ့အချိန်မှာ Load (Current) ဆွဲအားကိုဘယ်လောက်တောင့်ခံနိုင်လဲဆိုတာကို ရည်ညွှန်းတာပါ။ CCA နဲ့ဘာကွာသလဲဆိုရင်တော့ အပူချိန်ကွာခြားပါတယ ။

CCA ကို -18°C (or) 0°F မှာတိုင်းတာပြီး၊MCA တို့ CA တို့ကို 0°C မှာတိုင်းတာလို့ပါပဲ။MCA (or) CA တန်ဖိုးဆိုတာကတော့ 0°C မှာ Load အမြင့်ဆုံးဆွဲယူလိုက်တဲ့အခြေနေကို ဘထ္တရီအိုးကနေ 7.2 Volts အောက်မကျအောင်ထိန်းထားပေးရင်း အချိန် 30 Seconds အထိတောင့်ခံထားနိုင်တယ်လို့ဆိုလိုပါတယ်။

ပတ်ဝန်းကျင်က အပူချိန်တန်ဖိုးတွေကလည်း ဘထ္တရီအိုးရဲ့ Chemical Reaction တွေကိုပြောင်းလဲစေပြီး CCA တန်ဖိုးတွေကို 2 ဆ လောက်ထိ တိုးတာလျော့တာစတဲ့သက်ရောက်မှုတွေရှိပါတယ်။ဒါကြောင့် 730 CCA ရှိတဲ့ ဘထ္တရီကို MCA တန်ဖိုးနဲ့ကြည့်မယ်ဆို 950 MCA တန်ဖိုးလောက်ရှိတာတွေ့ရမှာဖြစ်ပါတယ်။

HCA ဆိုတာဘာလဲ ?
ဘထ္တရီအိုးတွေမှာပါတတ်တဲ့ HCA ဆိုတာကတော့ (Hot Cranking Amperes) ကိုဆိုလိုတာဖြစ်ပြီး အပူချိန် 26.7°C မှာ အမြင့်ဆုံးထုတ်ပေးနိုင်တဲ့ Current (Amps) ကို 7.2 Volts အထိ ထိန်းညှိရင်း 30 Seconds ထိကြာအောင် တောင့်ခံပေးထားတာကိုဆိုလိုတာပါပဲ။

PHCA ဆိုတာဘာလဲ ?

PHCA ဆိုတာကတော့ (Pulse Hot Cranking Amperes) ကိုဆိုလိုတာဖြစ်ပြီး Motor Racing လို့ခေါ်တဲ့ ပြိုင်ကားတွေမှာ အသုံးပြုတဲ့ အမျိုးအစားကိုဆိုလိုတာပါ။ -18°C အခြေနေမှာရှိတဲ့ ဘထ္တရီအိုးရဲ့ အမြင့်ဆုံး Current ဆွဲအားကို 5 Seconds အတွင်းထိန်းထားနိုင်ခြင်းကို ဆိုလိုတာပါ။ ပေါ့ပါးပြီး အရွယ်အစားသေးတဲ့ ဘထ္တရီအိုးအမျိးအစားတွေဖြစ်ပြီး

စက္ကန့်ပိုင်းအနည်းငယ်လေးအတွင်းကားအင်ဂျင်စက်နှိုးမှုကို အမြင့်ဆုံးထောက်ပံ့ပေးဖို့အသုံးပြုကြတာဖြစ်ပါတယ်။ကားအင်ဂျင်အမျိုးအစား၊ဓာတ်ဆီ၊ ဒီဇယ်ဆီ အစရှိတဲ့လောင်စာသုံးစွဲမှု အမျိုးအစား၊ အင်ဂျင်အကြီးအသေးတွေပေါ်မူတည်ပြီး စက်စနှိုးချိန်မှာ Load ဆွဲယူသုံးစွဲမှုအနည်းအများကွာခြားမှာပါ ။

ဘထ္တရီအိုးတွေဟာ သုံးစွဲတာ သက်တမ်းကြာလာတာနဲ့အမျှသူ့မှာပါဝင်တဲ့ CCA တန်ဖိုးတွေကကျဆင်းသွားပါတယ်။ တဖြည်းဖြည်းဆိုးရွားလာပြီးစက်နှိုးတဲ့အချိန် အီလာတာကစလို့ နောက်ဆုံးစက်လုံး၀ နှိုးမရတဲ့အထိ ဖြစ်လာနိုင်ပါတယ်။

လိုဆိုအသစ်လဲလှယ်ပေးဖို့လိုအပ်နေပါပြီ။ဒါကြောင့်ဘထ္တရီအသစ်လဲလှယ်သည့် အခါတိုင်းကားထုတ်လုပ်တဲ့ကုမ္ပဏီက သတ်မှတ်ပေးလိုက်တဲ့ တန်ဖိုးနဲ့တူညီတဲ့တန်ဖိုးရှိတဲ့ဘထ္တရီများကိုလဲလှယ်ပေးခြင်းဖြင့် ဘထ္ထရီအိုးသက်တမ်းကို ရာနှုန်းပြည့်အပြည့်အ၀ သုံးစွဲနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။

Mechanical Engineer

ZAwgyi

အခုေနာက္ပိုင္းထြက္တဲ့ Battery အိုးေတြေပၚမွာ CCA ဆိုတဲ့ စာေလးပါလာတာမိတ္ေဆြတို႔သတိထားမိၾကလားမသိ။ အဲဒီ CCA ဆိုတာဘာလဲ တခ်ိဳ႕လည္းလာေမးၾကပါတယ္။

CCA ဆိုတာဘာလဲ ?

CCA ဆိုတာ Cool Cranking Ampere ဆိုတဲ့အဓိပၸါယ္ပါ။ -18°C (or) 0°F ဆိုတဲ့ အရမ္းေအးခဲေနတဲ့ ရာသီဥတုမွာ ကားကိုစက္စ စႏႈိးလိုက္တဲ့အခ်ိန္ ဒီ ဘထၱရီအိုးက Ampere အျပည့္အ၀အခ်ိန္ဘယ္ေလာက္ၾကာၾကာေတာင့္ခံႏိုင္သလဲဆိုတာကို ရည္႐ြယ္ၿပီးေရးသားထားတဲ့သေကၤတျဖစ္ပါတယ္။

နည္းနည္းထပ္ရွင္းျပပါ့မယ္။က်ေနာ္တို႔ လက္ရွိအသုံးျပဳေနတဲ့ကားေတြရဲ႕ Engine ဟာာ Internal Combustion Engine ဆိုတဲ့အတြင္းပိုင္း မီးေလာင္ေပါက္ကြဲၿပီးမွ စြမ္းအင္ရတဲ့ အင္ဂ်င္ျဖစ္ၿပီး အင္ဂ်င္ဟာ အပူစြမ္းအင္သုံးအင္ဂ်င္ေတြပါ။ ဒါေၾကာင့္ ရာသီဥတု အရမ္းေအးတဲ့အခ်ိန္မွာ အင္ဂ်င္ဟာ ႏႈိးရခက္ခဲပါတယ္။

ေနာက္တခ်က္က အင္ဂ်င္စက္ စစႏႈိးလိုက္တဲ့အခ်ိန္မွာအင္ဂ်င္စတင္လည္ပတ္ဖို႔ Starter Motor ကေန လွည့္ေပးရတာမို႔ ဘထၱရီကေန Load (Current) တအားဆြဲပါတယ္။ေနာက္ကားစက္ႏႈိးဖို႔ေသာ့ဖြင့္လိုက္တာနဲ႔ကားမွာပါတဲ့ Accessories ေတြ ကလည္း စတင္အလုပ္လုပ္ပါတယ္။

ေနာက္ Alternator (Dynamo) ကလည္း Charging ထုတ္ေပးဖို႔ အတြက္ အတြင္းမွာရွိတဲ့ Rotary ကလည္း Electromagnetic (လွ်ပ္စစ္သံလိုက္) စတင္ျဖစ္တဲ့အတြက္ ဘထၱရီ ကေနပဲပါဝါကိုစတင္ယူပါတယ္။ဒီလိုျဖစ္တဲ့အတြက္ ဘထၱရီအိုးသက္တမ္းၾကာလို႔ အားက်လာရင္ကားစက္စႏႈိးတာနဲ႔ စတင္ဆြဲတဲ့ Current (amps)

ဒဏ္ကိုေတာင့္မခံႏိုင္ေတာ့ဘဲအီလာတာ၊ မႏိုးခ်င္ ႏိုးခ်င္နဲ႔ႏိုးတာ၊ လုံး၀ႏႈိးမရတာေတြျဖစ္လာတာပါ။ဒီ CCA ဆိုတဲ့ Cool Cranking Ampere ဆိုတာက -18°C (or) 0°F ဆိုတဲ့ အရမ္းေအးေနတဲ့ ရာသီဥတုမွာကားစက္စစႏႈိးလိုက္တဲ့အခ်ိန္ ကားပစၥည္းအမ်ိဳးမ်ိဳးကေနဆြဲယူလိုက္မယ့္ အျမင့္ဆုံး Current (Amps)

ကို 30 Seconds အထိ ေတာင့္ခံၿပီးထိန္းထားေပးၿပီးဘထၱရီရဲ႕ ဗို႔အား(Voltage) 12V ကေန 7.2 Volts ေအာက္မက် သြားေအာင္ တည္တည္ၿငိမ္ၿငိမ္ထိန္းထား ႏိုင္စြမ္းကိုဆိုလိုတာပါ။႐ိုး႐ိုးေလးေျပာရရင္ေတာ့ CCA တန္ဖိုး (Amps)ျမင့္ေလေလပိုေကာင္းေလဆိုတဲ့သေဘာပါပဲ။

ေအာက္ကပုံေတြမွာၾကည့္လိုက္ရင္လည္း 320A(CCA)၊ 370A(CCA)၊ 490A(CCA)ဆိုၿပီး ဘထၱရီအိုးရဲ႕ဆိုက္အ႐ြယ္အစားေပၚလိုက္ၿပီး CCA တန္ဖိုးအနည္းအမ်ားကြာျခားသြားတာပါ။ဥပမာအားျဖင့္ 320A(CCA) ဘထၱရီအသစ္တလုံးက -18°C (or) 0°F အခ်ိန္မွာ 320 Amperes အျပည့္ဆြဲလိုက္မယ္ဆိုရင္

စကၠန႔္ ၃၀ ၾကာေအာင္ေတာင့္ခံထားေပးႏိုင္တယ္လို႔ဆိုလိုတာပါ။ဒါေၾကာင့္ CCA တန္ဖိုးမ်ားေလေလ Current ဆြဲအားမ်ားမ်ားပိုဆြဲခံႏိုင္ေလပါပဲ။တခ်ိဳ႕ကားေတြမွာေတာ့ Cold Cranking Ampere ကို CCA အစား EN လို႔လည္းေရးတတ္ၾကပါတယ္။ အဓိပၸါယ္ကေတာ့ European Normal (or) European Norm လို႔ဆိုလိုတာျဖစ္ၿပီး European Car ေတြအတြက္Standard တခုအျဖစ္သတ္မွတ္ထားတာပါ။ CCA နဲ႔ ဆိုလိုရင္းအဓိပၸါယ္တူတူပဲျဖစ္ပါတယ္။

MCA (or) CA ဆိုတာဘာလဲ ?

MCA (Marine Cranking Amperes) or CA (Cranking Amps) ဆိုတာကေတာ့ CCA လိုပါပဲ။ကားစက္စတင္ ႏႈိးလိုက္တဲ့အခ်ိန္မွာ Load (Current) ဆြဲအားကိုဘယ္ေလာက္ေတာင့္ခံႏိုင္လဲဆိုတာကို ရည္ၫႊန္းတာပါ။ CCA နဲ႔ဘာကြာသလဲဆိုရင္ေတာ့ အပူခ်ိန္ကြာျခားပါတယ ။

CCA ကို -18°C (or) 0°F မွာတိုင္းတာၿပီး၊MCA တို႔ CA တို႔ကို 0°C မွာတိုင္းတာလို႔ပါပဲ။MCA (or) CA တန္ဖိုးဆိုတာကေတာ့ 0°C မွာ Load အျမင့္ဆုံးဆြဲယူလိုက္တဲ့အေျခေနကို ဘထၱရီအိုးကေန 7.2 Volts ေအာက္မက်ေအာင္ထိန္းထားေပးရင္း အခ်ိန္ 30 Seconds အထိေတာင့္ခံထားႏိုင္တယ္လို႔ဆိုလိုပါတယ္။

ပတ္ဝန္းက်င္က အပူခ်ိန္တန္ဖိုးေတြကလည္း ဘထၱရီအိုးရဲ႕ Chemical Reaction ေတြကိုေျပာင္းလဲေစၿပီး CCA တန္ဖိုးေတြကို 2 ဆ ေလာက္ထိ တိုးတာေလ်ာ့တာစတဲ့သက္ေရာက္မႈေတြရွိပါတယ္။ဒါေၾကာင့္ 730 CCA ရွိတဲ့ ဘထၱရီကို MCA တန္ဖိုးနဲ႔ၾကည့္မယ္ဆို 950 MCA တန္ဖိုးေလာက္ရွိတာေတြ႕ရမွာျဖစ္ပါတယ္။

HCA ဆိုတာဘာလဲ ?
ဘထၱရီအိုးေတြမွာပါတတ္တဲ့ HCA ဆိုတာကေတာ့ (Hot Cranking Amperes) ကိုဆိုလိုတာျဖစ္ၿပီး အပူခ်ိန္ 26.7°C မွာ အျမင့္ဆုံးထုတ္ေပးႏိုင္တဲ့ Current (Amps) ကို 7.2 Volts အထိ ထိန္းညႇိရင္း 30 Seconds ထိၾကာေအာင္ ေတာင့္ခံေပးထားတာကိုဆိုလိုတာပါပဲ။

PHCA ဆိုတာဘာလဲ ?

PHCA ဆိုတာကေတာ့ (Pulse Hot Cranking Amperes) ကိုဆိုလိုတာျဖစ္ၿပီး Motor Racing လို႔ေခၚတဲ့ ၿပိဳင္ကားေတြမွာ အသုံးျပဳတဲ့ အမ်ိဳးအစားကိုဆိုလိုတာပါ။ -18°C အေျခေနမွာရွိတဲ့ ဘထၱရီအိုးရဲ႕ အျမင့္ဆုံး Current ဆြဲအားကို 5 Seconds အတြင္းထိန္းထားႏိုင္ျခင္းကို ဆိုလိုတာပါ။ ေပါ့ပါးၿပီး အ႐ြယ္အစားေသးတဲ့ ဘထၱရီအိုးအမ်ိးအစားေတြျဖစ္ၿပီး

စကၠန႔္ပိုင္းအနည္းငယ္ေလးအတြင္းကားအင္ဂ်င္စက္ႏႈိးမႈကို အျမင့္ဆုံးေထာက္ပံ့ေပးဖို႔အသုံးျပဳၾကတာျဖစ္ပါတယ္။ကားအင္ဂ်င္အမ်ိဳးအစား၊ဓာတ္ဆီ၊ ဒီဇယ္ဆီ အစရွိတဲ့ေလာင္စာသုံးစြဲမႈ အမ်ိဳးအစား၊ အင္ဂ်င္အႀကီးအေသးေတြေပၚမူတည္ၿပီး စက္စႏႈိးခ်ိန္မွာ Load ဆြဲယူသုံးစြဲမႈအနည္းအမ်ားကြာျခားမွာပါ ။

ဘထၱရီအိုးေတြဟာ သုံးစြဲတာ သက္တမ္းၾကာလာတာနဲ႔အမွ်သူ႔မွာပါဝင္တဲ့ CCA တန္ဖိုးေတြကက်ဆင္းသြားပါတယ္။ တျဖည္းျဖည္းဆိုး႐ြားလာၿပီးစက္ႏႈိးတဲ့အခ်ိန္ အီလာတာကစလို႔ ေနာက္ဆုံးစက္လုံး၀ ႏႈိးမရတဲ့အထိ ျဖစ္လာႏိုင္ပါတယ္။

လိုဆိုအသစ္လဲလွယ္ေပးဖို႔လိုအပ္ေနပါၿပီ။ဒါေၾကာင့္ဘထၱရီအသစ္လဲလွယ္သည့္ အခါတိုင္းကားထုတ္လုပ္တဲ့ကုမၸဏီက သတ္မွတ္ေပးလိုက္တဲ့ တန္ဖိုးနဲ႔တူညီတဲ့တန္ဖိုးရွိတဲ့ဘထၱရီမ်ားကိုလဲလွယ္ေပးျခင္းျဖင့္ ဘထၳရီအိုးသက္တမ္းကို ရာႏႈန္းျပည့္အျပည့္အ၀ သုံးစြဲႏိုင္မွာျဖစ္ပါတယ္ခင္ဗ်ာ။

Mechanical Engineer