သခြပ္ပင္ဟာ ေဆးအျဖစ္ စြယ္စုံအသုံးဝင္မွန္း အရင္က မသိခဲ့ဘူး

Unicode

သခွပ်ပင်ဟာ ဆေးအဖြစ် စွယ်စုံအသုံးဝင်မှန်း အရင်က မသိခဲ့ဘူးသခွပ်ပင် ဟာ ဆေးအဖြစ် စွယ်စုံအသုံးဝင်မှန်း အရင်က မသိခဲ့ပါဘူး၊ ဒီ ကျန်းမာရေး စာစုလေး ဖတ်လိုက်မှ တော်တော် အသုံးဝင်တာပဲ ဆိုတဲ့ အသိကို ရလိုက်ပါတယ်။

ဒါ့ကြောင့် မိတ်ဆွေများအတွက်လည်း ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

ဟင်းငုတ်ပင်(ခ)သခွပ်ပွင့်

တစ်နိုင်ငံလုံးပေါက်သည်။ နှစ်ရှည်ပင်ကြီး။ပင်စည်တွင် အခေါက် အပွေးမရွိ။ အရွက်အနည်းငယ်ဝိုင်း။အပွင့်အဖြူရောင်။ပဒိုင်းပွင့်နှင့်တူသည်။တန်ခူးမှဝါဆိုလအထိပွင့်သည်။အသီးမှာသေးသေးရှည်ရှည်။နှစ်ပေခန့်ရှိ။

ဆေးဘက်ဝင်ဝင်ပုံ

#အခေါက်

၁။ မြွေပွေး။မြွေဟောက်ကိုက်ခံရပါကအခေါက်ကိုအမြန်ဝါးစားလိုက်ပလျှင် အဆိပ်မရှိတော့ပါ။ငန်းတော်ကျား။ငန်း မြွေအပါအဝင်ပါ။(မြွေပွေးနှင်မြွေဟောက်သာအကိုက်ခံသူရှိ၍ဦးစားပေးဖေါ်ပြရခြင်းပါ)

၂။ အဆိပ်ရှိ သတ္တဝါလေးများကိုက်လျှင်လည်းအခေါက်ဝါးးစားပါ။၃။ မျက်စေ့နာပါကအခေါက်သွေးပြီးမျက်လုံးကွင်းလိမ်းပါ။မကျည်းခေါက်လိုအပွေးမရှိ။၄။ ကိုယ်လက်ကိုက်ခဲပါက အခေါက်ပြုတ်ရေ ချိုးပါ။

#အပွင့်

၁။ ရှေးကတည်းက ကလေးတွေကိုရောဂါကင်း။ကိုယ်တွင်းအဆိပ်ကင်းသည်ဆိုကာသုပ်ကျွေးသည်။၂။ အပွင့်ကိုရေနွေးဖျောရုံဖြင့်ကျက်သည်။အခြောက်ဆိုရင်ပြုတ်ရသည်။အခြောက် အရောင်မဲနေသည်မှလွဲ၍အရသာမပြောင်းပါ။

၃။ ဘီပိုး။စီပိုး ပျောက်သည်ဆိုကာတော်တော်များများအပွင့်သုပ်စားနေကြသည်။၄။ ဈေးတွင်ဟင်းရွက်တန်း၌ရောင်းချနေကြပါသည်။တို့စားစရာအဖြစ်လည်းသုံးသည်။

#အရွက်

၁။ အရွက်နုကိုဟင်းခါးချက်သောက်ကြသည်။၂။ ကလေးများရေကျောက်ပေါက်လျှင် အရွက်ပြုတ်တိုက်သည်။

၃။ တကိုယ်လုံးညောင်းညာကိုက်ခဲလျှင်၎င်း။ကလေးများကျန်းမာရေးအတွက်၎င်း။အရွက်ပြုတ်ရေ ဖြင့်ရေချိုးကြသည်။၄။

ဆိတ်ကို မြွေစိမ်းမြီးခြောက်ကိုက်လျှင် ခေါင်းတခုလုံးရောင်။မျက်လုံးပိတ်။ငါးရက်ခန့်ကြာမှကောင်းသော်လည်းအရွက်ကျွေးပါကတရက်နှင့်ပျောက်သည်။

အချုပ်အားဖြင့်

မြွေပွေး၊မြွေဟောက်ကိုက်ခံရသူများအခေါက်စားသွားသဖြင့်ဆေးရုံရောက်သည့်အခါအဆိပ်မရှိတော့။တဦးကလက်သန်းမြွေပွေးကိုက်ရာမြွေပါအစွယ်နှင့်ချိတ်ပါလာသည်။

သူကတော့ဆေးရုံမသွားတော့ဘဲအခေါက်စား။အရွက်နှင့်စည်းထား

ခဲ့ သည်။ သစ်ကြီးပိ။မြွေကြီးကိုက် ဆိုလျှင်အန္တရာယ်ကြီးလွန်းသည်။ခြေသလုံးအထက်ကြီးသည့်မြွေအရွယ်ဆိုလိုပါသည်။မြွေကြီးတော့အဆိပ်အလွန်များတော့ အမြန်ဆုံးအခေါက်ကျွေးရန်လိုပါမည်။ရှေးဦးသူနုာပြုနည်းမလုပ်ရ ဟု ဆို

လို ခြင်း မဟုတ်ပါ။ အိမ်၊လယ်ယာ အနီးရှိဟင်းငုတ်ပင်များအားခုတ်ခြင်းမပြုဘဲ။နေရာရှိလျှင်စိုက်ထားသင့်သည့်အပင်ဖြစ်ပါသည်။မိမိတွင်ရုက္ခဗေဒစာအုပ်များမရှိပါ။

လက်ရှိအသုံးပြုနေပုံများ။သက်ကြီးစကား ကြားများ။အတွေ့အကြုံ များ

အားဖေါ်ပြထားခြင်းဖြစ်ပါကြောင်း။

credit#သုတဇုန် ထွန်းလင်း

Zawgyi

သခြပ္ပင္ဟာ ေဆးအျဖစ္ စြယ္စုံအသုံးဝင္မွန္း အရင္က မသိခဲ့ဘူးသခြပ္ပင္ ဟာ ေဆးအျဖစ္ စြယ္စုံအသုံးဝင္မွန္း အရင္က မသိခဲ့ပါဘူး၊ ဒီ က်န္းမာေရး စာစုေလး ဖတ္လိုက္မွ ေတာ္ေတာ္ အသုံးဝင္တာပဲ ဆိုတဲ့ အသိကို ရလိုက္ပါတယ္။

ဒါ့ေၾကာင့္ မိတ္ေဆြမ်ားအတြက္လည္း ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ဟင္းငုတ္ပင္(ခ)သခြပ္ပြင့္

တစ္ႏိုင္ငံလုံးေပါက္သည္။ ႏွစ္ရွည္ပင္ႀကီး။ပင္စည္တြင္ အေခါက္ အေပြးမ႐ြိ။ အ႐ြက္အနည္းငယ္ဝိုင္း။အပြင့္အျဖဴေရာင္။ပဒိုင္းပြင့္ႏွင့္တူသည္။တန္ခူးမွဝါဆိုလအထိပြင့္သည္။အသီးမွာေသးေသးရွည္ရွည္။ႏွစ္ေပခန႔္ရွိ။

ေဆးဘက္ဝင္ဝင္ပုံ

#အေခါက္

၁။ ေႁမြေပြး။ေႁမြေဟာက္ကိုက္ခံရပါကအေခါက္ကိုအျမန္ဝါးစားလိုက္ပလွ်င္ အဆိပ္မရွိေတာ့ပါ။ငန္းေတာ္က်ား။ငန္း ေႁမြအပါအဝင္ပါ။(ေႁမြေပြးႏွင္ေႁမြေဟာက္သာအကိုက္ခံသူရွိ၍ဦးစားေပးေဖၚျပရျခင္းပါ)

၂။ အဆိပ္ရွိ သတၱဝါေလးမ်ားကိုက္လွ်င္လည္းအေခါက္ဝါးးစားပါ။၃။ မ်က္ေစ့နာပါကအေခါက္ေသြးၿပီးမ်က္လုံးကြင္းလိမ္းပါ။မက်ည္းေခါက္လိုအေပြးမရွိ။၄။ ကိုယ္လက္ကိုက္ခဲပါက အေခါက္ျပဳတ္ေရ ခ်ိဳးပါ။

#အပြင့္

၁။ ေရွးကတည္းက ကေလးေတြကိုေရာဂါကင္း။ကိုယ္တြင္းအဆိပ္ကင္းသည္ဆိုကာသုပ္ေကြၽးသည္။၂။ အပြင့္ကိုေရေႏြးေဖ်ာ႐ုံျဖင့္က်က္သည္။အေျခာက္ဆိုရင္ျပဳတ္ရသည္။အေျခာက္ အေရာင္မဲေနသည္မွလြဲ၍အရသာမေျပာင္းပါ။

၃။ ဘီပိုး။စီပိုး ေပ်ာက္သည္ဆိုကာေတာ္ေတာ္မ်ားမ်ားအပြင့္သုပ္စားေနၾကသည္။၄။ ေဈးတြင္ဟင္း႐ြက္တန္း၌ေရာင္းခ်ေနၾကပါသည္။တို႔စားစရာအျဖစ္လည္းသုံးသည္။

#အ႐ြက္

၁။ အ႐ြက္ႏုကိုဟင္းခါးခ်က္ေသာက္ၾကသည္။၂။ ကေလးမ်ားေရေက်ာက္ေပါက္လွ်င္ အ႐ြက္ျပဳတ္တိုက္သည္။

၃။ တကိုယ္လုံးေညာင္းညာကိုက္ခဲလွ်င္၎။ကေလးမ်ားက်န္းမာေရးအတြက္၎။အ႐ြက္ျပဳတ္ေရ ျဖင့္ေရခ်ိဳးၾကသည္။၄။

ဆိတ္ကို ေႁမြစိမ္းၿမီးေျခာက္ကိုက္လွ်င္ ေခါင္းတခုလုံးေရာင္။မ်က္လုံးပိတ္။ငါးရက္ခန႔္ၾကာမွေကာင္းေသာ္လည္းအ႐ြက္ေကြၽးပါကတရက္ႏွင့္ေပ်ာက္သည္။

အခ်ဳပ္အားျဖင့္

ေႁမြေပြး၊ေႁမြေဟာက္ကိုက္ခံရသူမ်ားအေခါက္စားသြားသျဖင့္ေဆး႐ုံေရာက္သည့္အခါအဆိပ္မရွိေတာ့။တဦးကလက္သန္းေႁမြေပြးကိုက္ရာေႁမြပါအစြယ္ႏွင့္ခ်ိတ္ပါလာသည္။

သူကေတာ့ေဆး႐ုံမသြားေတာ့ဘဲအေခါက္စား။အ႐ြက္ႏွင့္စည္းထား

ခဲ့ သည္။ သစ္ႀကီးပိ။ေႁမြႀကီးကိုက္ ဆိုလွ်င္အႏၲရာယ္ႀကီးလြန္းသည္။ေျခသလုံးအထက္ႀကီးသည့္ေႁမြအ႐ြယ္ဆိုလိုပါသည္။ေႁမြႀကီးေတာ့အဆိပ္အလြန္မ်ားေတာ့ အျမန္ဆုံးအေခါက္ေကြၽးရန္လိုပါမည္။ေရွးဦးသူႏုာျပဳနည္းမလုပ္ရဟုဆို

လို ျခင္း မဟုတ္ပါ။ အိမ္၊လယ္ယာ အနီးရွိဟင္းငုတ္ပင္မ်ားအားခုတ္ျခင္းမျပဳဘဲ။ေနရာရွိလွ်င္စိုက္ထားသင့္သည့္အပင္ျဖစ္ပါသည္။မိမိတြင္႐ုကၡေဗဒစာအုပ္မ်ားမရွိပါ။

လက္ရွိအသုံးျပဳေနပုံမ်ား။သက္ႀကီးစကား ၾကားမ်ား။အေတြ႕အႀကဳံ မ်ား

အားေဖၚျပထားျခင္းျဖစ္ပါေၾကာင္း။

credit#သုတဇုန္ ထြန္းလင္း