သေဘၤာႀကီးတစီးလုံးကို ေဖ်ာက္ခဲ့တဲ့ကမာၻေက်ာ္လွ်ိဳ႕ဝွက္စမ္းသပ္မႈတခုအေၾကာင္း (ျဖစ္ရပ္မွန္)

Unicode

သင်္ဘောကြီးတစီးလုံးကို ဖျောက်ခဲ့တဲ့ကမ္ဘာကျော်လျှို့ဝှက်စမ်းသပ်မှုတခုအကြောင်း (ဖြစ်ရပ်မှန်)

အမေရိကန် ပြည်ထောင်စုတပ်မတော်တွင်အသုံးပြုရန်ရည်ရွယ်၍ထုတ်လုပ်နေသောကိုယ်ပျောက်ဝတ်စုံသည် အောင်မြင်လုနီးပါး ရှိနေပြီဟုသိရသည်။

တစတစတိုးတက်လာသောသိပ္ပံနည်းပညာများသည်ယုံကြည့်ရန်ခက်ခဲလာသည်။

ရေဒီယို၊တီဗီ၊ ဂြိုဟ်တု၊ မောင်းသူမဲ့လေယာဉ်၊ကွန်ပျူတာအစရှိသည့် ခေတ်ပေါ်ကိရိယာများသည် အံ့ဖွယ်များပင် ဖြစ်သည်။ယင်းကိရိယာများ

မပေါ်ခင်ယင်းကိရိယာများ၏အလုပ်လုပ်ပုံကို ပြောပြလျှင် မည်သူမျှ ယုံမည် မဟုတ်ပေ။ကမ္ဘာတခြမ်း တနေရာမှ ဖြစ်ပျက်နေသည်တို့ကို ရုပ်ရော အသံရော

တပြိုင်နက် ကြားနိုင် မြင်နိုင်ရခြင်းသည် ရှေးယခင် ခေတ်ကဆိုလျှင် သဘာဝလွန်စွမ်းအင်များကို ပိုင်ဆိုင်မှသာလျှင် ဖြစ်နိုင်မည်ဟု ယူဆကြလိမ့်မည်။

ယခု အမေရိကန်ုတို့ စမ်းသပ်နေသော ကိုယ်ပျောက်ကားနှင့် ကိုယ်ပျောက်ဝတ်စုံတို့မှာ ဆန်းသည်ဟု ထင်ရသော်လည်း မဆန်းပါ။ လွန်ခဲ့သည့်

နှစ်ပေါင်း ၆၀ ခန့်ကပင် သင်္ဘောကြီးတစီးလုံးကို ပျောက်အောင် ဖြောက်နိုင်ခဲ့သည်မှာလည်း အမှန်ပင် ဖြစ်သည်။

၁၉၄၃ – ကမ္ဘာကျော်စမ်းသပ်မှု၏ အစ ဖီလာဒဲဖီးယားစမ်းသပ်မှု

ထူးဆန်းသော ပညာရှင်ကြီး တက်စလာသည် ၁၉၄၃ ခုနှစ်တွင် စမ်းသပ်မှု တခုကို ပြုလုပ်ခဲ့သည်။ ထိုစမ်းသပ်မှုကို အစက လျှို့ဝှက်ပြုလုပ်ခဲ့သော်လည်း စမ်းသပ်မှုတွင် ကိုယ်တိုင်ပါဝင်ခဲ့သူများမှ ပေါက်ကြားက

ကမ္ဘာကျော်ခဲ့သော စမ်းသပ်မှု တခု ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် Philadephia Experiment အမည်နှင့်ပင် ရုပ်ရှင်ကား တကား ထွက်ရှိခဲ့သည်။

စမ်းသပ်မှု စပြီ

မူလအစ ၁၉၃၆ ခုနှစ်ပိုင်းကတည်းက ဤစမ်းသပ်မှုကို တိရစ္ဆာန်များဖြင့် စမ်းသပ်နေခဲ့သည်။ ၁၉၄၃ ခုနှစ် သြဂုတ်လ (၁၂) ရက်နေ့တွင်ကား

ကမ္ဘာကျော် ဖီလာဒဲဖီးယားစမ်းသပ်မှုကို သင်္ဘောသား အစုံအလင်ဖြင့် USS Eldrige သင်္ဘောပေါ်တွင် စမ်းသပ်ခဲ့သည်။ သင်္ဘောသားများကို အသိမပေးဘဲ ရုတ်တရက် စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။း

စမ်းသပ်မှုစတင် လိုက်သည် နှင့် တပြိုင်နက် သင်္ဘောပေါ်တွင် တပ်ဆင်ထားသော ဂျင်နရေတာများ မီးလောင်ကျွမ်းသွားကာ ယင်းနှင့် ဆက်နွယ် နေသော ခလုပ်များ အားလုံး ပျက်စီးသွားခဲ့သည်။

သို့သော် သင်္ဘောကြီးမှာ မြင်ကွင်းမှ ဖြည်းဖြည်းခြင်း ပျောက်ကွယ် သွားတော့သည်။ သင်္ဘောကြီးနှင့် သင်္ဘောပေါ်ရှိ အရာရှိ ရေတပ်ဖွဲ့ဝင်တို့သည် (၄) နာရီကြာမျှ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

အချို့သော ဖော်ပြချက်တို့တွင် အပြာရောင် အလင်းတန်းကြီးမာျး လျှပ်တပြက်ပေါ်လာပြီး ပျောက်ကွယ်သွားခဲ့သည်ဟု ဆိုသည်။ သင်္ဘောကြီး ပျောက်ကွယ်သွားသည်နှင့် တပြိုင်နက်

သင်္ဘောကြီးသည် (၃၇၅) မိုင် အကွာအဝေးတွင် တည်ရှိသော ဗာဂျီးနီးယားပြည်နယ်ရှိ နော်ဖော့ (Norfolk) ရေတပ် အခြေစိုက် စခန်းတွင် သွားပေါ်နေသည်။ (၄) နာရီ ကြသော အခါ ဖီလာဒဲဖီးယား စခန်း၌ ပြန်ပေါ်လာသည်။

သင်္ဘောပတ်ပတ်လည်တွင်အစိမ်းရောင်မြူခိုးများရစ်ဝဲလျက်ရှိနေပြီး သင်္ဘောပေါ်တွင် ပါသွားသော သင်္ဘောသား အချို့လဲ ပျောက်ဆုံးနေခဲ့သည်။အချို့မှာ သင်္ဘောနံရံတွင်သံမဏိလွှာများနှင့်တွယ်ဆက်နစ်ဝင်နေခဲ့သည်။

အချို့မှာမီးလောင်ကျွမ်းလျက်ရှိကာအသက်ရှင်ကျန်သော သင်္ဘောသားတို့မှာလဲမှတ်ဉာဏ်များ ပျောက်ဆုံးနေကာ မိမိနာမည်ပင်မမှတ်မိတော့ချေ။

ဤစမ်းသပ်မှုအား ဖုံးကွယ်ရန် အမေရိကန်မှ ကြိုးစားခဲ့သော်လည်း နောက်ပိုင်းတွင် အတွင်းအရာရှိများမှ ပေါက်ကြား လာခဲ့သည်။ ထိုသင်္ဘောသည်

အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်ကာ အမှန်တကယ်ပင် ပျောက်ဆုံးသွားခဲ့ပြီး အခြားနေရာသို့ ရောက်ရှိနေခဲ့ပါသလား။

လူများမှာလဲ အဘယ်ကြောင့် မှတ်ဉာဏ် ပျောက်ဆုံးခြင်း အပါအဝင် အခြားဆိုးဝါးသည့် အဖြစ်အပျက် များစွာ အဘယ့်ကြောင့် ဖြစ်ခဲ့ရပါသနည်း။

Tesla သည် လူလော…..ဂြိုဟ်သားလော

တစထက် တစ နာမည်ကြီးလာသော ထိုသတင်းကို အမေရိကန်အစိုးရက မည်သို့မျှ ဖုံးကွယ်၍ မရတော့။ အမေရိကန်သည် မန်ဟက်တန်စီမံကိန်း ခေါ် အနုမြူဗုံးစီမံကိန်းအား တိုးတိုးတိတ်တိတ် စမ်းသပ်ခဲ့ကာ

ဟီရိုရှီးမားနှင့် နာဂါစကီမြို့များပေါ် အမှန်တကယ် ကြဲချလိုက်မှ သာလျှင် တကမ္ဘာလုံးမှ အံ့အားသင့်ခဲ့ရသည်။

ယခုကိစ္စနှင့် ပတ်သက်၍လည်း ယုံကြည်နိုင်လောက်သော ထူးဆန်းသည့် သဲလွန်စများ တစ တစ ပေါ်လာတော့သည်။ ၁၉၅၅ ခုနှစ်တွင် ဖြစ်သည်။

မောရစ်ကေ ဂျက်ဆမ်ဆိုသော အပျော်တမ်း နက္ခတ် ပညာရှင်တဦးထံ စာတစောင် ရောက်လာသည်။

စာထဲတွင် ရေးသားသူသည် ထိုစမ်းသပ်မှု၏ မျက်မြင်သက်သေတဦး ဖြစ်ကြောင်း၊ ယင်းဖြစ်ရပ်ကို အနီးနားတွင် ရှိသော SS Andrew Furuseth သင်္ဘောပေါ်မှ အစအဆုံး မြင်တွေ့လိုက်ရကြောင်း ရေးသားထားသည်။

ဂျက်ဆင်က ထိုစမ်းသပ်မှု အား အသေးစိတ် သိလိုကြောင်း စာပြန်ပို့လိုက်သည်။ ပြန်စာမှာ လအတော်ကြာမှ ပြန်ရောက်လာခဲ့သည်။

သူပြန်ပြော သည်မှာ သူ့အနေနှင့် ဂျက်ဆပ်မေးသည်ကို တိုက်ရိုက် ပြန်မပြောနိုင်ကြောင်း မရေမရာ ပြန်လည်ဖြေထားခဲ့သည်။

စာထဲတွင် သူသည် ယခုကမ္ဘာပေါ်တွင် မဟုတ်ဘဲ အခြားဂြိုဟ်တခု၌ နေထိုင်နေပြီ ဖြစ်ကြောင်းလဲ ရေးသားထားသည်။

ဂျက်ဆပ်သည် အလွန်စိတ်အနှောင့်အယှက် ဖြစ်ကာ ယင်းမှာ သူ့အား အနှောင်အယှက်အနေနှင့် ဆက်သွယ်လာသူ တသီးသက်သက်ပင် ဖြစ်သည်ဟု ယူဆကာ အဆက်အသွယ် မလုပ်တော့ပေ။

ဂြိုဟ်သားများလော

ဂျက်ဆပ်သည် ယခင်က ပန်းကန်ပြားပျံများ အလုပ်လုပ်ပုံ အကြောင်း စာတမ်းပြုစုကာ The Case For UFOs အမည်နှင့် စာအုပ်တအုပ် ထုတ်ဝေခဲ့ဖူးသည်။ ၁၉၅၇ ခုနှစ်နွေရာသီတွင် ဖြစ်သည်။

ဂျက်ဆပ်အတွက် အံ့အားသင့်ဖွယ်များ ထပ်ဖြစ် လာသည်။ ဂျက်ဆပ်၏ အလုပ်ဌာနသို့ ပါဆယ်တခု ရောက်လာသည်။ အထုပ်ထဲတွင် သူ၏ ပန်းကန်ပြားပျံ အကြောင်း

စာအုပ်ပါကာ ယင်းစာအုပ် စာမျက်နှာတိုင်းတွင် ရှိသော ဖော်ပြချက်များအား အလွန် အဆင့်အတန်းမြင့်လှသော ဝေဖန်ထောက်ပြ ချက်များကို လက်ရေးမူဖြင့် ပြန်လည် ရေးသားထားသည်။

ရေးသားထားသည့် ပုံစံမှာလည်း လူ ၃ယောက် အမြန်အလှန် စကားပြောနေသည့် ပုံံစံရေးသားထားသည်။ လူတယောက် လက်ရေးမှာလည်း Tesla ၏ လက်ရေးနှင့်

အလွန်အင်မတန်ပင် ဆင်တူဖြစ်နေသည်ကို နောက်ပိုင်းတွင် တွေ့ရသည်။

ဤကမ္ဘာတွင် မဟုတ်ဘဲ အခြားကမ္ဘာတွင် ရှိနေသည့် ပုံစံဖြင့် လက်ရေးမူ ၃ ခုဖြစ်နေသည်။

၎င်းတို့၏ မှတ်ချက်များမှာ အလွန် အဆင့်အတန်းမြင့်လှပြီး ဖီလာဒဲဖီးယား အဖြစ်အပျက်နှင့် ပတ်သက်သော ဝေဖန်မှတ်ချက်ချမှုတို့မှာလည်း ထိုစဉ်က ပေါ်ပေါက်နေသော နည်းပညာများထက် မြင့်မားနေကြောင်း သိသာသည်။

ဂျက်လေယာဉ် concept ကိုသွယ်ဝိုက် ချပြသွားသည်ကိုလဲ နောက်ပိုင်းမှ သိရသည်။ နောက်ဆုံး ၁၉၅၉ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင်ကား ဂျက်ဆပ်သည် ထူးဆန်းစွာပင် အကြောင်း မသိရဘဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတော့သည်။

ဤစီမံကိန်းကို အမေရိကန် အစိုးရက တာဝန်ခံထားသည်။ မအောင်မြင်ပါ။ သင်္ဘောလည်း ပျောက် မသွားပါဟု ဖြေရှင်းထားသည်။ သို့သော် ဂျက်ဆပ်ထံသို့ ရောက်ရှိလာသော စာများနှင့် ပတ်သက်၍ နှုတ်ပိတ်နေခဲ့ရသည်။

ဘာမှ မပြောနိုင်၊ လက်ရေးမူ ၃ ခုတွင် တခုမှာ တက်စလာ၏ လက်ရေးနှင့် တူနေရသည်မှာလည် အလွန်ထူးဆန်းသော အချက်ဖြစ်သည်။ တက်စ်လာမှာ ၁၉၄၃ ခုနှစ်တွင် သေဆုံးပြီး ဖြစ်သည်။

မှတ်ဉာဏ်များ ပျောက်ကွယ် သွားသော သင်္ဘောသားတို့ှမှာလည်း အမှန်တကယင် ဖြစ်သည်။ ဤစီမံကိန်းသည် မည်သို့သော စီမံကိန်း ဖြစ်သနည်း

ကိုယ်ပျောက်ရန် အချက်

အမေရိကန် စစ်ဖက်ရေးရာများတွင် တာဝန် ထမ်းဆောင်နေသော ဒေါက်တာ ဖရန်ကလင်နိုင်က Unified Field Theory ကို တင်ပြထားသည်။ သီအိုရီကို အကြမ်းအားဖြင့် ပြောသော်

ကမ္ဘာ့ဆွဲအား စက်ကွင်းနှင့် လျှပ်စစ် သံလိုက်စက်ကွင်းတို့ တခုနှင့် တခု အံဝင်ခွင်ကျ ပေါင်းစည်းနိုင်အောင် လုပ်နိုင်တဲ့ ကိရိယာကိုသာ ထုတ်နိုင်ခဲ့လျှင်

အရာဝတ္ထုတခုကို ခြုံလွှမ်းထားသော အလင်းများကို ယိုင်သွားစေပြီး ယင်းအရာဝတ္ထုသည် မြင်ကွင်းမှ ပျောက်ကွယ်သွားမည် ဖြစ်သည်။

Crd

Zawgyi

သေဘၤာႀကီးတစီးလုံးကို ေဖ်ာက္ခဲ့တဲ့ကမာၻေက်ာ္လွ်ိဳ႕ဝွက္စမ္းသပ္မႈတခုအေၾကာင္း (ျဖစ္ရပ္မွန္)

အေမရိကန္ ျပည္ေထာင္စုတပ္မေတာ္တြင္အသုံးျပဳရန္ရည္႐ြယ္၍ထုတ္လုပ္ေနေသာကိုယ္ေပ်ာက္ဝတ္စုံသည္ ေအာင္ျမင္လုနီးပါး ရွိေနၿပီဟုသိရသည္။

တစတစတိုးတက္လာေသာသိပၸံနည္းပညာမ်ားသည္ယုံၾကည့္ရန္ခက္ခဲလာသည္။

ေရဒီယို၊တီဗီ၊ ၿဂိဳဟ္တု၊ ေမာင္းသူမဲ့ေလယာဥ္၊ကြန္ပ်ဴတာအစရွိသည့္ ေခတ္ေပၚကိရိယာမ်ားသည္ အံ့ဖြယ္မ်ားပင္ ျဖစ္သည္။ယင္းကိရိယာမ်ား

မေပၚခင္ယင္းကိရိယာမ်ား၏အလုပ္လုပ္ပုံကို ေျပာျပလွ်င္ မည္သူမွ် ယုံမည္ မဟုတ္ေပ။ကမာၻတျခမ္း တေနရာမွ ျဖစ္ပ်က္ေနသည္တို႔ကို ႐ုပ္ေရာ အသံေရာ

တၿပိဳင္နက္ ၾကားႏိုင္ ျမင္ႏိုင္ရျခင္းသည္ ေရွးယခင္ ေခတ္ကဆိုလွ်င္ သဘာဝလြန္စြမ္းအင္မ်ားကို ပိုင္ဆိုင္မွသာလွ်င္ ျဖစ္ႏိုင္မည္ဟု ယူဆၾကလိမ့္မည္။

ယခု အေမရိကႏ္ုတို႔ စမ္းသပ္ေနေသာ ကိုယ္ေပ်ာက္ကားႏွင့္ ကိုယ္ေပ်ာက္ဝတ္စုံတို႔မွာ ဆန္းသည္ဟု ထင္ရေသာ္လည္း မဆန္းပါ။ လြန္ခဲ့သည့္

ႏွစ္ေပါင္း ၆၀ ခန႔္ကပင္ သေဘၤာႀကီးတစီးလုံးကို ေပ်ာက္ေအာင္ ေျဖာက္ႏိုင္ခဲ့သည္မွာလည္း အမွန္ပင္ ျဖစ္သည္။

၁၉၄၃ – ကမာၻေက်ာ္စမ္းသပ္မႈ၏ အစ ဖီလာဒဲဖီးယားစမ္းသပ္မႈ

ထူးဆန္းေသာ ပညာရွင္ႀကီး တက္စလာသည္ ၁၉၄၃ ခုႏွစ္တြင္ စမ္းသပ္မႈ တခုကို ျပဳလုပ္ခဲ့သည္။ ထိုစမ္းသပ္မႈကို အစက လွ်ိဳ႕ဝွက္ျပဳလုပ္ခဲ့ေသာ္လည္း စမ္းသပ္မႈတြင္ ကိုယ္တိုင္ပါဝင္ခဲ့သူမ်ားမွ ေပါက္ၾကားက

ကမာၻေက်ာ္ခဲ့ေသာ စမ္းသပ္မႈ တခု ျဖစ္ခဲ့သည္။ ေနာက္ပိုင္းတြင္ Philadephia Experiment အမည္ႏွင့္ပင္ ႐ုပ္ရွင္ကား တကား ထြက္ရွိခဲ့သည္။
စမ္းသပ္မႈ စၿပီ

မူလအစ ၁၉၃၆ ခုႏွစ္ပိုင္းကတည္းက ဤစမ္းသပ္မႈကို တိရစာၦန္မ်ားျဖင့္ စမ္းသပ္ေနခဲ့သည္။ ၁၉၄၃ ခုႏွစ္ ၾသဂုတ္လ (၁၂) ရက္ေန႔တြင္ကား

ကမာၻေက်ာ္ ဖီလာဒဲဖီးယားစမ္းသပ္မႈကို သေဘၤာသား အစုံအလင္ျဖင့္ USS Eldrige သေဘၤာေပၚတြင္ စမ္းသပ္ခဲ့သည္။ သေဘၤာသားမ်ားကို အသိမေပးဘဲ ႐ုတ္တရက္ စမ္းသပ္ခဲ့ျခင္း ျဖစ္သည္။း

စမ္းသပ္မႈစတင္ လိုက္သည္ ႏွင့္ တၿပိဳင္နက္ သေဘၤာေပၚတြင္ တပ္ဆင္ထားေသာ ဂ်င္နေရတာမ်ား မီးေလာင္ကြၽမ္းသြားကာ ယင္းႏွင့္ ဆက္ႏြယ္ ေနေသာ ခလုပ္မ်ား အားလုံး ပ်က္စီးသြားခဲ့သည္။

သို႔ေသာ္ သေဘၤာႀကီးမွာ ျမင္ကြင္းမွ ျဖည္းျဖည္းျခင္း ေပ်ာက္ကြယ္ သြားေတာ့သည္။ သေဘၤာႀကီးႏွင့္ သေဘၤာေပၚရွိ အရာရွိ ေရတပ္ဖြဲ႕ဝင္တို႔သည္ (၄) နာရီၾကာမွ် ျမင္ကြင္းမွ ေပ်ာက္ကြယ္သြားေတာ့သည္။

အခ်ိဳ႕ေသာ ေဖာ္ျပခ်က္တို႔တြင္ အျပာေရာင္ အလင္းတန္းႀကီးမာ်း လွ်ပ္တျပက္ေပၚလာၿပီး ေပ်ာက္ကြယ္သြားခဲ့သည္ဟု ဆိုသည္။ သေဘၤာႀကီး ေပ်ာက္ကြယ္သြားသည္ႏွင့္ တၿပိဳင္နက္

သေဘၤာႀကီးသည္ (၃၇၅) မိုင္ အကြာအေဝးတြင္ တည္ရွိေသာ ဗာဂ်ီးနီးယားျပည္နယ္ရွိ ေနာ္ေဖာ့ (Norfolk) ေရတပ္ အေျခစိုက္ စခန္းတြင္ သြားေပၚေနသည္။ (၄) နာရီ ၾကေသာ အခါ ဖီလာဒဲဖီးယား စခန္း၌ ျပန္ေပၚလာသည္။

သေဘၤာပတ္ပတ္လည္တြင္အစိမ္းေရာင္ျမဴခိုးမ်ားရစ္ဝဲလ်က္ရွိေနၿပီး သေဘၤာေပၚတြင္ ပါသြားေသာ သေဘၤာသား အခ်ိဳ႕လဲ ေပ်ာက္ဆုံးေနခဲ့သည္။အခ်ိဳ႕မွာ သေဘၤာနံရံတြင္သံမဏိလႊာမ်ားႏွင့္တြယ္ဆက္နစ္ဝင္ေနခဲ့သည္။

အခ်ိဳ႕မွာမီးေလာင္ကြၽမ္းလ်က္ရွိကာအသက္ရွင္က်န္ေသာ သေဘၤာသားတို႔မွာလဲမွတ္ဉာဏ္မ်ား ေပ်ာက္ဆုံးေနကာ မိမိနာမည္ပင္မမွတ္မိေတာ့ေခ်။

ဤစမ္းသပ္မႈအား ဖုံးကြယ္ရန္ အေမရိကန္မွ ႀကိဳးစားခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ အတြင္းအရာရွိမ်ားမွ ေပါက္ၾကား လာခဲ့သည္။ ထိုသေဘၤာသည္

အခ်ိန္ႏွင့္ ဟင္းလင္းျပင္ကို ျဖတ္ကာ အမွန္တကယ္ပင္ ေပ်ာက္ဆုံးသြားခဲ့ၿပီး အျခားေနရာသို႔ ေရာက္ရွိေနခဲ့ပါသလား။

လူမ်ားမွာလဲ အဘယ္ေၾကာင့္ မွတ္ဉာဏ္ ေပ်ာက္ဆုံးျခင္း အပါအဝင္ အျခားဆိုးဝါးသည့္ အျဖစ္အပ်က္ မ်ားစြာ အဘယ့္ေၾကာင့္ ျဖစ္ခဲ့ရပါသနည္း။

Tesla သည္ လူေလာ…..ၿဂိဳဟ္သားေလာ

တစထက္ တစ နာမည္ႀကီးလာေသာ ထိုသတင္းကို အေမရိကန္အစိုးရက မည္သို႔မွ် ဖုံးကြယ္၍ မရေတာ့။ အေမရိကန္သည္ မန္ဟက္တန္စီမံကိန္း ေခၚ အႏုျမဴဗုံးစီမံကိန္းအား တိုးတိုးတိတ္တိတ္ စမ္းသပ္ခဲ့ကာ

ဟီ႐ိုရွီးမားႏွင့္ နာဂါစကီၿမိဳ႕မ်ားေပၚ အမွန္တကယ္ ႀကဲခ်လိုက္မွ သာလွ်င္ တကမာၻလုံးမွ အံ့အားသင့္ခဲ့ရသည္။

ယခုကိစၥႏွင့္ ပတ္သက္၍လည္း ယုံၾကည္ႏိုင္ေလာက္ေသာ ထူးဆန္းသည့္ သဲလြန္စမ်ား တစ တစ ေပၚလာေတာ့သည္။ ၁၉၅၅ ခုႏွစ္တြင္ ျဖစ္သည္။

ေမာရစ္ေက ဂ်က္ဆမ္ဆိုေသာ အေပ်ာ္တမ္း နကၡတ္ ပညာရွင္တဦးထံ စာတေစာင္ ေရာက္လာသည္။

စာထဲတြင္ ေရးသားသူသည္ ထိုစမ္းသပ္မႈ၏ မ်က္ျမင္သက္ေသတဦး ျဖစ္ေၾကာင္း၊ ယင္းျဖစ္ရပ္ကို အနီးနားတြင္ ရွိေသာ SS Andrew Furuseth သေဘၤာေပၚမွ အစအဆုံး ျမင္ေတြ႕လိုက္ရေၾကာင္း ေရးသားထားသည္။

ဂ်က္ဆင္က ထိုစမ္းသပ္မႈ အား အေသးစိတ္ သိလိုေၾကာင္း စာျပန္ပို႔လိုက္သည္။ ျပန္စာမွာ လအေတာ္ၾကာမွ ျပန္ေရာက္လာခဲ့သည္။

သူျပန္ေျပာ သည္မွာ သူ႔အေနႏွင့္ ဂ်က္ဆပ္ေမးသည္ကို တိုက္႐ိုက္ ျပန္မေျပာႏိုင္ေၾကာင္း မေရမရာ ျပန္လည္ေျဖထားခဲ့သည္။

စာထဲတြင္ သူသည္ ယခုကမာၻေပၚတြင္ မဟုတ္ဘဲ အျခားၿဂိဳဟ္တခု၌ ေနထိုင္ေနၿပီ ျဖစ္ေၾကာင္းလဲ ေရးသားထားသည္။

ဂ်က္ဆပ္သည္ အလြန္စိတ္အေႏွာင့္အယွက္ ျဖစ္ကာ ယင္းမွာ သူ႔အား အေႏွာင္အယွက္အေနႏွင့္ ဆက္သြယ္လာသူ တသီးသက္သက္ပင္ ျဖစ္သည္ဟု ယူဆကာ အဆက္အသြယ္ မလုပ္ေတာ့ေပ။

ၿဂိဳဟ္သားမ်ားေလာ

ဂ်က္ဆပ္သည္ ယခင္က ပန္းကန္ျပားပ်ံမ်ား အလုပ္လုပ္ပုံ အေၾကာင္း စာတမ္းျပဳစုကာ The Case For UFOs အမည္ႏွင့္ စာအုပ္တအုပ္ ထုတ္ေဝခဲ့ဖူးသည္။ ၁၉၅၇ ခုႏွစ္ေႏြရာသီတြင္ ျဖစ္သည္။

ဂ်က္ဆပ္အတြက္ အံ့အားသင့္ဖြယ္မ်ား ထပ္ျဖစ္ လာသည္။ ဂ်က္ဆပ္၏ အလုပ္ဌာနသို႔ ပါဆယ္တခု ေရာက္လာသည္။ အထုပ္ထဲတြင္ သူ၏ ပန္းကန္ျပားပ်ံ အေၾကာင္း

စာအုပ္ပါကာ ယင္းစာအုပ္ စာမ်က္ႏွာတိုင္းတြင္ ရွိေသာ ေဖာ္ျပခ်က္မ်ားအား အလြန္ အဆင့္အတန္းျမင့္လွေသာ ေဝဖန္ေထာက္ျပ ခ်က္မ်ားကို လက္ေရးမူျဖင့္ ျပန္လည္ ေရးသားထားသည္။

ေရးသားထားသည့္ ပုံစံမွာလည္း လူ ၃ေယာက္ အျမန္အလွန္ စကားေျပာေနသည့္ ပံုံစံေရးသားထားသည္။ လူတေယာက္ လက္ေရးမွာလည္း Tesla ၏ လက္ေရးႏွင့္

အလြန္အင္မတန္ပင္ ဆင္တူျဖစ္ေနသည္ကို ေနာက္ပိုင္းတြင္ ေတြ႕ရသည္။

ဤကမာၻတြင္ မဟုတ္ဘဲ အျခားကမာၻတြင္ ရွိေနသည့္ ပုံစံျဖင့္ လက္ေရးမူ ၃ ခုျဖစ္ေနသည္။

၎တို႔၏ မွတ္ခ်က္မ်ားမွာ အလြန္ အဆင့္အတန္းျမင့္လွၿပီး ဖီလာဒဲဖီးယား အျဖစ္အပ်က္ႏွင့္ ပတ္သက္ေသာ ေဝဖန္မွတ္ခ်က္ခ်မႈတို႔မွာလည္း ထိုစဥ္က ေပၚေပါက္ေနေသာ နည္းပညာမ်ားထက္ ျမင့္မားေနေၾကာင္း သိသာသည္။

ဂ်က္ေလယာဥ္ concept ကိုသြယ္ဝိုက္ ခ်ျပသြားသည္ကိုလဲ ေနာက္ပိုင္းမွ သိရသည္။ ေနာက္ဆုံး ၁၉၅၉ ခုႏွစ္ ဧၿပီလ ၂၀ ရက္ေန႔တြင္ကား ဂ်က္ဆပ္သည္ ထူးဆန္းစြာပင္ အေၾကာင္း မသိရဘဲ ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္သြားေတာ့သည္။

ဤစီမံကိန္းကို အေမရိကန္ အစိုးရက တာဝန္ခံထားသည္။ မေအာင္ျမင္ပါ။ သေဘၤာလည္း ေပ်ာက္ မသြားပါဟု ေျဖရွင္းထားသည္။ သို႔ေသာ္ ဂ်က္ဆပ္ထံသို႔ ေရာက္ရွိလာေသာ စာမ်ားႏွင့္ ပတ္သက္၍ ႏႈတ္ပိတ္ေနခဲ့ရသည္။

ဘာမွ မေျပာႏိုင္၊ လက္ေရးမူ ၃ ခုတြင္ တခုမွာ တက္စလာ၏ လက္ေရးႏွင့္ တူေနရသည္မွာလည္ အလြန္ထူးဆန္းေသာ အခ်က္ျဖစ္သည္။ တက္စ္လာမွာ ၁၉၄၃ ခုႏွစ္တြင္ ေသဆုံးၿပီး ျဖစ္သည္။

မွတ္ဉာဏ္မ်ား ေပ်ာက္ကြယ္ သြားေသာ သေဘၤာသားတို႔ွမွာလည္း အမွန္တကယင္ ျဖစ္သည္။ ဤစီမံကိန္းသည္ မည္သို႔ေသာ စီမံကိန္း ျဖစ္သနည္း

ကိုယ္ေပ်ာက္ရန္ အခ်က္

အေမရိကန္ စစ္ဖက္ေရးရာမ်ားတြင္ တာဝန္ ထမ္းေဆာင္ေနေသာ ေဒါက္တာ ဖရန္ကလင္ႏိုင္က Unified Field Theory ကို တင္ျပထားသည္။ သီအိုရီကို အၾကမ္းအားျဖင့္ ေျပာေသာ္

ကမာၻ႔ဆြဲအား စက္ကြင္းႏွင့္ လွ်ပ္စစ္ သံလိုက္စက္ကြင္းတို႔ တခုႏွင့္ တခု အံဝင္ခြင္က် ေပါင္းစည္းႏိုင္ေအာင္ လုပ္ႏိုင္တဲ့ ကိရိယာကိုသာ ထုတ္ႏိုင္ခဲ့လွ်င္

အရာဝတၳဳတခုကို ၿခဳံလႊမ္းထားေသာ အလင္းမ်ားကို ယိုင္သြားေစၿပီး ယင္းအရာဝတၳဳသည္ ျမင္ကြင္းမွ ေပ်ာက္ကြယ္သြားမည္ ျဖစ္သည္။

Crd