ဘာေၾကာင့္အသားေတြလႈပ္ေနရလဲဆိုတာသိေစဖို႔အတြက္အသားလႈပ္နိမိတ္(၆၂)ခ်က္အေၾကာင္း…

လူတိုင်းကြုံဖူးနေကြဖြစ်တဲ့တခါတရံမှာ မျက်ခမ်းလှုပ်တာတို့ အသားလှုပ်တာတို့ဆိုတာတွေဟာ ဘာကြောင့်ဖြစ်တာလဲ၊ဘယ်နေရာမှာလှုပ်ရင် ဘယ်လိုနိမိတ်ပြနေတယ်ဆိုတာ သိစေနိုင်တဲ့အသားလှုပ်နိမိတ်ကျမ်းဖြစ်ပါတယ်။

(၁)လက်ယာအထက်မျက်ခုံးလှုပ်မူ လာဘ်ရအံ့။အဆွေခင်ပွန်းကောင်းနှင့်တွေ့ကြုံရအံ့။(၂)ငယ်ထိပ်လှုပ်မူ မင်းပူဇော်ခံရအံ့၊ချစ်ခင်သောမိတ်ဆွေများနှင့်တွေ့ရအံ့။(၃)လက်ယာဦးကင်းလှုပ်မူလာဘ်ရအံ့။

(၄)လက်ဝဲဦးကင်လှုပ်မူ သတင်းကောင်းကြားရအံ့၊အကြံအစည်အထမြောက်အံ့။(၅) လက်ဝဲအောင်မျက်ရေခံလှုပ်မူ ငိုရအံ့။ဆင်းရဲအံ့။(၆)လက်ဝဲအထက်မျက်ခုံးလှုပ်မူ အကြံအစည်အောင်အံ့။(၇)လက်ယာအောက်မျက်ရေခံလှုပ်မူသူတစ်ပါးတို့နှင့်ခိုက်ရန်ညအမျက်ဒေါသရှိအံ့။ချစ်သူနှင့်တွေ့ရအံ့။မယားရအံ့။

(၈)လက်ယာနားလှုပ်မူချမ်းသာအံ့၊သုခရအံ။(၉)လက်ယာဘက်နှာခေါင်းလှုပ်မူချစ်ခင်သူများပြီးမိတ်ဆွေကောင်းရအံ့။(၁၀)လက်ဝဲနားလှုပ်မူ သူတပါးနှင့်ခိုက်ရန်ဒေါသဖြစ်ပွားရအံ့။ဥစ္စာပစ္စည်းရအံ့။(၁၁)လက်ဝဲဘက်နှာခေါင်းလှုပ်မူချမ်းသာသုခကိုရအံ။

(၁၂)ဦးခေါင်းလှုပ်မူ ငယ်သူမှာကြင်ယာရအံ့။ကြီးသူမှာဥစ္စာရအံ့။(၁၃)လက်ဝဲအောက်နူတ်ခမ်းလှုပ်မူအဝေးမှသတင်းစကားကြားရအံ။(၁၄)လက်ယာအောက်နူတ်ခမ်းလှုပ်မူမကောင်းစကားဆိုရအံ့။ခိုက်ရန်ဖြစ်အံ့။(၁၅) လက်ယာအထက်နူတ်ခမ်းလှုပ်မူချစ်သောသူနှင့်စကားဆိုရအံ့။(၁၆) လက်ဝဲအထက်နူတ်ခမ်းလှုပ်မူသူတစ်ပါးနှင့်ခိုက်ရန်ဖြစ်ရအံ့။

(၁၇)မေးလှုပ်မူစကားကြောင့်အမှုဖြစ်ရအံ့။ဆင်ခြင်ပါလေ။ (၁၈)လက်ဝဲသားမြတ်လှုပ်မူကောင်းသောဥစ္စာရအံ့။ (၁၉)လက်ယာလက်လှုပ်မူအင်းပူဇော်ခံရအံ။ (၂၀)လက်ဝဲလက်လှုပ်မူဥစ္စာလာဘ်ရအံ့။အသားလှုပ်ကျမ်း ပြီး၏။

(၂၁)လည်ပင်းလှုပ်မှု အဝတ်တန်ဆာဆင်ယင်ရအံ့။ရွှေငွေရအံ့။ထင်ရှားအံ့။တစ်ပါးသူပူဇော်ခြင်းကိုခံရအံ့။ (၂၂)လက်ယာပုခုံးလှုပ်မူမယားကောင်းရအံ့။ဆင် မြင်းရအံ့။မိန်းမနှင့်ခိုက်ရန်ဖြစ်အံ့လည်းဟူ၏။ (၂၃)လက်ဝဲပခုံးလှုပွမူဥစ္စာလာဘ်ရအံ့။သူတစ်ပါးနှင့်ရန်ဖြစ်အံ့။

(၂၄)လက်ယာဘက်ဆီးစလှုပ်မူကျော်ဇောအံ့။ (၂၅)လက်ဝဲဘက်ဆီးစလှုပ်မူလူလိမ်နှင့်တွေ့၍ပျက်စီးအံ့။ဥပဒ်ဖြစ်အံ့။(၂၆)ကျောလှုပ်မူ အဝတ်,အစားရအံ့။(၂၇)လက်ယာလက်ရုံးလှုပ်မူခင်ပွန်းရအံ့။အမြိန်,အရသာစားရအံ။ချစ်သောသူဥစ္စာပေးလာအံ့။

(၂၈)လက်ဝဲလက်ရုံံးလှုပ်မူသူတပါးဥစ္စာပေးလာအံ့။ချစ်သူဥစ္စာရအံ့။(၂၉)လက်ယာလက်ဖဝါးလှုပ်မူအမြိန်အရသာစားရအံ့။(၃၀)လက်ဝဲလက်ဖဝါးလှုပ်မူမကောင်း။ဦးခေါင်းဆေးပါ။(၃၁)လက်ယာရင်ဖက်လှုပ်မူကောင်းအံ့။စိတ်ချမ်းသာအံ့။

(၃၂)လက်ဝဲရင်ဘက်လှုပ်မှုစိတ်နှလုံးတွေဝေအံ့။(၃၃)ချက်လှုပ်မူဥစ္စာရအံ့။ကောင်းသောခင်ပွန်းရအံ့။(၃၄)လက်ယာဝမ်းပြင်လှုပ်မူအမြိန်အရသာကောင်းစားရအံ့။(၃၅)လက်ဝဲဝမ်းပြင်လှုပ်မူလာဘ်ရအံ့။(၃၆)နှလုံးသားလှုပ်မူခင်ပွန်းကောင်းရအံ့။ဥစ္စာရအံ့။

(၃၇)လက်ယာပါးပြင်လှုပ်မူအမြိန်အရသာစားရအံ့။(၃၈)လက်ဝဲပါးပြင်လှုပ်မူသူနှင်ပြောဟောရအံ့။(၃၉)လက်ယာနှဖူးလှုပ်မူအခြွေအရံများအံ့။(၄၀)လက်ဝဲနဖူးလှုပ်မူ သူနှင့်အမြတ်ဒေါသဖြစ်ပွားအံ့။(၄၁)ဣန္ဒြေလှုပ်မူမယားကောင့းရအံ့။သူတပါးနှင့်စကားဆိုရအံ့။(၄၂)အင်္ဂါဇာတ်လှုပ်မူဥစ္စာပျောက်အံ့။

(၄၃)လက်ယာဘက်လည်ကုတ်လှုပ်မူရွှေငွေဥစ္စာတိုးအံ့။(၄၄)လက်ဝဲဘက်လည်ကုတ်လှုပ်မူဥစ္စာပျောက်အံ့။(၄၅)လက်ယာနှာခေါင်းလှုပ်မူသူဥစ္စာပေးလာအံ့။(၄၆)လက်ဝဲနှာခေါင်းလှုပ်မူအစိုးရသူတိုပူဇော်ခြင်းကိုခံရအံ့။(၄၇)လက်ယာတင်သားလှုပ်မူသူတပါးတို့ရန်ပြုလာအံ့။ဆင်မြင်းစီးရအံ့။

(၄၈)လက်ဝဲတင်သားလှုပ်မူချမ်းသာစွာနေရအံ့။မိန်းမကြောင့်ဥပါဒ်ဖြစ်အံ့ဟုလည်းဆို၏။(၄၉)ခါးလှုပ်မူဥစ္စာပျောက်အံ့။(၅၀)လက်ယာပေါင်လှုပ်မူအကျိုးကျေးထူးပေးအံ့။(၅၁)လက်ဝဲပေါင်လှုပ်မူချစ်သောသူနှင့်စကားဆိုရအံ့။(၅၂)လက်ယာပဆစ်လှုပ်မူကောင်းသောလာဘ်ရအံ့။(၅၃)လက်ဝဲပဆစ်လှုပ်မူခိုက်ရန်ဖြစ်အံ့။ရှောင်လေ။

(၅၄)လက်ယာခြေသလုံးလုံးလှုပ်မူကောင်း၏။မြတ်သောလာဘ်ရ၏။(၅၅)လက်ဝဲခြေသလုံးလှုပ်မူမိန်းမနှင့်မျက်လိုကြအံ့။မိန်းမဥပါဒ်ပြုအံ့။(၅၆)လက်ယာမြင်းခေါင်းလှုပ်မူကောင်း၏(၅၇)လက်ဝဲမြင်းခေါင်းလှုပ်မူကျွန်ရအံ့။သူဖျက်လာအံ့။

(၅၈)လက်ယာခြေဖသားလှုပ်မူကောင်း၏။အဆွေခင်ပွန်းဆီသို့သွားရအံ့။ခရီးမရှိသောအရပ်သို့သွားရအံ့။(၅၉)လက်ဝဲခြေဖဝါးလှုပ်မူကြီးသောသူတို့အတွက်စိုးရိမ်ကြောင့်ကြရအံ့။

(၆၀)လက်ယာခြေလှုပ်မူဝဘီဝတ်ရန်ပြုလာအံ့။(၆၁)လက်ဝဲခြေလှုပ်မူမယားနှင့်မျက်လိုအံ့။(၆၂)လက်ယာသားမြတ်လှုပ်မူအိမ်တွင်ရှိသောဥစ္စာပျောက်အံ့။

လူတို့၏က်ုယ်ကာယကြီးငယ်လှုပ်ခြင်းသည်သွေးလေဥပဒ်ကြောင့်လည်းလှုပ်သည်။ဖြစ်လိုပျက်လိုသောနိမိတ်ကြောင့်လည်းလှုပ်၏။ထိုလှုပ်ခြင်း၂ပါးတို့တွင်သွေးလေဥပဒ်ကြောင့်လှုပ်ခြ

င်းကိုပယ်၍ဖြစ်လိုပျက်လိုသောနိမိတ်ကိုနှလုံးပိုက်လျှင်ယှဉ်သင့် ကြဉ်သင့်သည့်အတိုင်း ယှဉ် ကြဉ်ခြင်းပြုပါကမုချလောက၌ဖြစ်သောအကျိုးကျေးဇူးခံစားရလိမ့်မည်ဟုပညာရှိတို့ဆိုကြကုန်၏။အစစအရာရာသတိထားဆင်ခြင်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။(လောကီပညာညွန့်ပေါင်းချုပ်ကျမ်း)

Zawgyi

လူတိုင္းႀကဳံဖူးေနၾကျဖစ္တဲ့တခါတရံမွာ မ်က္ခမ္းလႈပ္တာတို႔ အသားလႈပ္တာတို႔ဆိုတာေတြဟာ ဘာေၾကာင့္ျဖစ္တာလဲ၊ဘယ္ေနရာမွာလႈပ္ရင္ ဘယ္လိုနိမိတ္ျပေနတယ္ဆိုတာ သိေစႏိုင္တဲ့အသားလႈပ္နိမိတ္က်မ္းျဖစ္ပါတယ္။

(၁)လက္ယာအထက္မ်က္ခုံးလႈပ္မူ လာဘ္ရအံ့။အေဆြခင္ပြန္းေကာင္းႏွင့္ေတြ႕ႀကဳံရအံ့။(၂)ငယ္ထိပ္လႈပ္မူ မင္းပူေဇာ္ခံရအံ့၊ခ်စ္ခင္ေသာမိတ္ေဆြမ်ားႏွင့္ေတြ႕ရအံ့။(၃)လက္ယာဦးကင္းလႈပ္မူလာဘ္ရအံ့။

(၄)လက္ဝဲဦးကင္လႈပ္မူ သတင္းေကာင္းၾကားရအံ့၊အႀကံအစည္အထေျမာက္အံ့။(၅) လက္ဝဲေအာင္မ်က္ေရခံလႈပ္မူ ငိုရအံ့။ဆင္းရဲအံ့။(၆)လက္ဝဲအထက္မ်က္ခုံးလႈပ္မူ အႀကံအစည္ေအာင္အံ့။(၇)လက္ယာေအာက္မ်က္ေရခံလႈပ္မူသူတစ္ပါးတို႔ႏွင့္ခိုက္ရန္ညအမ်က္ေဒါသရွိအံ့။ခ်စ္သူႏွင့္ေတြ႕ရအံ့။မယားရအံ့။

(၈)လက္ယာနားလႈပ္မူခ်မ္းသာအံ့၊သုခရအံ။(၉)လက္ယာဘက္ႏွာေခါင္းလႈပ္မူခ်စ္ခင္သူမ်ားၿပီးမိတ္ေဆြေကာင္းရအံ့။(၁၀)လက္ဝဲနားလႈပ္မူ သူတပါးႏွင့္ခိုက္ရန္ေဒါသျဖစ္ပြားရအံ့။ဥစၥာပစၥည္းရအံ့။(၁၁)လက္ဝဲဘက္ႏွာေခါင္းလႈပ္မူခ်မ္းသာသုခကိုရအံ။

(၁၂)ဦးေခါင္းလႈပ္မူ ငယ္သူမွာၾကင္ယာရအံ့။ႀကီးသူမွာဥစၥာရအံ့။(၁၃)လက္ဝဲေအာက္ႏူတ္ခမ္းလႈပ္မူအေဝးမွသတင္းစကားၾကားရအံ။(၁၄)လက္ယာေအာက္ႏူတ္ခမ္းလႈပ္မူမေကာင္းစကားဆိုရအံ့။ခိုက္ရန္ျဖစ္အံ့။(၁၅) လက္ယာအထက္ႏူတ္ခမ္းလႈပ္မူခ်စ္ေသာသူႏွင့္စကားဆိုရအံ့။(၁၆) လက္ဝဲအထက္ႏူတ္ခမ္းလႈပ္မူသူတစ္ပါးႏွင့္ခိုက္ရန္ျဖစ္ရအံ့။

(၁၇)ေမးလႈပ္မူစကားေၾကာင့္အမႈျဖစ္ရအံ့။ဆင္ျခင္ပါေလ။ (၁၈)လက္ဝဲသားျမတ္လႈပ္မူေကာင္းေသာဥစၥာရအံ့။ (၁၉)လက္ယာလက္လႈပ္မူအင္းပူေဇာ္ခံရအံ။ (၂၀)လက္ဝဲလက္လႈပ္မူဥစၥာလာဘ္ရအံ့။အသားလႈပ္က်မ္း ၿပီး၏။

(၂၁)လည္ပင္းလႈပ္မႈ အဝတ္တန္ဆာဆင္ယင္ရအံ့။ေ႐ႊေငြရအံ့။ထင္ရွားအံ့။တစ္ပါးသူပူေဇာ္ျခင္းကိုခံရအံ့။ (၂၂)လက္ယာပုခုံးလႈပ္မူမယားေကာင္းရအံ့။ဆင္ ျမင္းရအံ့။မိန္းမႏွင့္ခိုက္ရန္ျဖစ္အံ့လည္းဟူ၏။ (၂၃)လက္ဝဲပခုံးလႈပြမူဥစၥာလာဘ္ရအံ့။သူတစ္ပါးႏွင့္ရန္ျဖစ္အံ့။

(၂၄)လက္ယာဘက္ဆီးစလႈပ္မူေက်ာ္ေဇာအံ့။ (၂၅)လက္ဝဲဘက္ဆီးစလႈပ္မူလူလိမ္ႏွင့္ေတြ႕၍ပ်က္စီးအံ့။ဥပဒ္ျဖစ္အံ့။(၂၆)ေက်ာလႈပ္မူ အဝတ္,အစားရအံ့။(၂၇)လက္ယာလက္႐ုံးလႈပ္မူခင္ပြန္းရအံ့။အၿမိန္,အရသာစားရအံ။ခ်စ္ေသာသူဥစၥာေပးလာအံ့။

(၂၈)လက္ဝဲလက္႐ုံံးလႈပ္မူသူတပါးဥစၥာေပးလာအံ့။ခ်စ္သူဥစၥာရအံ့။(၂၉)လက္ယာလက္ဖဝါးလႈပ္မူအၿမိန္အရသာစားရအံ့။(၃၀)လက္ဝဲလက္ဖဝါးလႈပ္မူမေကာင္း။ဦးေခါင္းေဆးပါ။(၃၁)လက္ယာရင္ဖက္လႈပ္မူေကာင္းအံ့။စိတ္ခ်မ္းသာအံ့။

(၃၂)လက္ဝဲရင္ဘက္လႈပ္မႈစိတ္ႏွလုံးေတြေဝအံ့။(၃၃)ခ်က္လႈပ္မူဥစၥာရအံ့။ေကာင္းေသာခင္ပြန္းရအံ့။(၃၄)လက္ယာဝမ္းျပင္လႈပ္မူအၿမိန္အရသာေကာင္းစားရအံ့။(၃၅)လက္ဝဲဝမ္းျပင္လႈပ္မူလာဘ္ရအံ့။(၃၆)ႏွလုံးသားလႈပ္မူခင္ပြန္းေကာင္းရအံ့။ဥစၥာရအံ့။

(၃၇)လက္ယာပါးျပင္လႈပ္မူအၿမိန္အရသာစားရအံ့။(၃၈)လက္ဝဲပါးျပင္လႈပ္မူသူႏွင္ေျပာေဟာရအံ့။(၃၉)လက္ယာႏွဖူးလႈပ္မူအေႁခြအရံမ်ားအံ့။(၄၀)လက္ဝဲနဖူးလႈပ္မူ သူႏွင့္အျမတ္ေဒါသျဖစ္ပြားအံ့။(၄၁)ဣေျႏၵလႈပ္မူမယားေကာင့းရအံ့။သူတပါးႏွင့္စကားဆိုရအံ့။(၄၂)အဂၤါဇာတ္လႈပ္မူဥစၥာေပ်ာက္အံ့။

(၄၃)လက္ယာဘက္လည္ကုတ္လႈပ္မူေ႐ႊေငြဥစၥာတိုးအံ့။(၄၄)လက္ဝဲဘက္လည္ကုတ္လႈပ္မူဥစၥာေပ်ာက္အံ့။(၄၅)လက္ယာႏွာေခါင္းလႈပ္မူသူဥစၥာေပးလာအံ့။(၄၆)လက္ဝဲႏွာေခါင္းလႈပ္မူအစိုးရသူတိုပူေဇာ္ျခင္းကိုခံရအံ့။(၄၇)လက္ယာတင္သားလႈပ္မူသူတပါးတို႔ရန္ျပဳလာအံ့။ဆင္ျမင္းစီးရအံ့။

(၄၈)လက္ဝဲတင္သားလႈပ္မူခ်မ္းသာစြာေနရအံ့။မိန္းမေၾကာင့္ဥပါဒ္ျဖစ္အံ့ဟုလည္းဆို၏။(၄၉)ခါးလႈပ္မူဥစၥာေပ်ာက္အံ့။(၅၀)လက္ယာေပါင္လႈပ္မူအက်ိဳးေက်းထူးေပးအံ့။(၅၁)လက္ဝဲေပါင္လႈပ္မူခ်စ္ေသာသူႏွင့္စကားဆိုရအံ့။(၅၂)လက္ယာပဆစ္လႈပ္မူေကာင္းေသာလာဘ္ရအံ့။(၅၃)လက္ဝဲပဆစ္လႈပ္မူခိုက္ရန္ျဖစ္အံ့။ေရွာင္ေလ။

(၅၄)လက္ယာေျခသလုံးလုံးလႈပ္မူေကာင္း၏။ျမတ္ေသာလာဘ္ရ၏။(၅၅)လက္ဝဲေျခသလုံးလႈပ္မူမိန္းမႏွင့္မ်က္လိုၾကအံ့။မိန္းမဥပါဒ္ျပဳအံ့။(၅၆)လက္ယာျမင္းေခါင္းလႈပ္မူေကာင္း၏(၅၇)လက္ဝဲျမင္းေခါင္းလႈပ္မူကြၽန္ရအံ့။သူဖ်က္လာအံ့။

(၅၈)လက္ယာေျခဖသားလႈပ္မူေကာင္း၏။အေဆြခင္ပြန္းဆီသို႔သြားရအံ့။ခရီးမရွိေသာအရပ္သို႔သြားရအံ့။(၅၉)လက္ဝဲေျခဖဝါးလႈပ္မူႀကီးေသာသူတို႔အတြက္စိုးရိမ္ေၾကာင့္ၾကရအံ့။

(၆၀)လက္ယာေျခလႈပ္မူဝဘီဝတ္ရန္ျပဳလာအံ့။(၆၁)လက္ဝဲေျခလႈပ္မူမယားႏွင့္မ်က္လိုအံ့။(၆၂)လက္ယာသားျမတ္လႈပ္မူအိမ္တြင္ရွိေသာဥစၥာေပ်ာက္အံ့။

လူတို႔၏က္ုယ္ကာယႀကီးငယ္လႈပ္ျခင္းသည္ေသြးေလဥပဒ္ေၾကာင့္လည္းလႈပ္သည္။ျဖစ္လိုပ်က္လိုေသာနိမိတ္ေၾကာင့္လည္းလႈပ္၏။ထိုလႈပ္ျခင္း၂ပါးတို႔တြင္ေသြးေလဥပဒ္ေၾကာင့္လႈပ္ျခ

င္းကိုပယ္၍ျဖစ္လိုပ်က္လိုေသာနိမိတ္ကိုႏွလုံးပိုက္လွ်င္ယွဥ္သင့္ ၾကဥ္သင့္သည့္အတိုင္း ယွဥ္ ၾကဥ္ျခင္းျပဳပါကမုခ်ေလာက၌ျဖစ္ေသာအက်ိဳးေက်းဇူးခံစားရလိမ့္မည္ဟုပညာရွိတို႔ဆိုၾကကုန္၏။အစစအရာရာသတိထားဆင္ျခင္ႏိုင္ၾကပါေစ။အားလုံးကိုေက်းဇူးတင္ပါတယ္။(ေလာကီပညာၫြန႔္ေပါင္းခ်ဳပ္က်မ္း)