အသက် 40 အရွယ်မှာ့သူငယ်တန်း စတက်နေတဲ့ ဖိလစ်ပိုင်အမျိုးသား

Unicode

ဖိလစ်ပိုင်နိုင်ငံ၊တဂ်ဘီလာရန်မြို့မှာအသက် 68 နှစ်အဖိုးအိုတစ်ယောက် အထက်တန်းကျောင်းပြန်တက်ဖို့ စာရင်းပေးသွင်းခဲ့တဲ့သတင်းဟာ

လူမှုကွန်ယက်အသီးသီးပေါ်မှာတော့ အတော်လေးကို ရေပန်းစား လူကြိုက်များခဲ့ပါတယ်။

အခု rachfeed မှာ ဖော်ပြထားတဲ့ သတင်းမှာတော့ ဖိလစ်ပိုင်နိုင်ငံသား၊ အသက် 40 အရွယ် Jay Calivoso အမည်ရ အမျိုးသားက ပညာရေးရဲ့အစ သူငယ်တန်းကို စတင်တက်နေပြီလို့ ဆိုပါတယ်။

Jay ဟာ Amarosa Elementary School မှာ တက်ရောက်နေပြီး၊ သူရဲ့ နာမည်ကိုတော့ ရေးတတ်နေပါပြီတဲ့။

အဲဒီကျောင်းဟာ Laoag မြို့မှာ တည်ရှိပါတယ်။ ဒေသခံသတင်းစာတစ်စောင်ရဲ့ အဆိုအရ Jay ဟာ ငယ်ငယ်ကတည်းက ကျောင်းမနေခဲ့ရဘူးလို့ ဆိုပါတယ်။

အကြောင်းကတော့ သူဟာ မွေးကတည်းက ကျန်းမာရေး ချူချာလို့ တစ်ခြားကလေးတွေနဲ့ တန်းတူ ကျောင်းမတက်နိုင်ခဲ့ပါဘူး။ တကယ်တော့ သူဟာ ပိုလီယိုနဲ့ မွေးဖွားလာခဲ့သူပါ။

အခုအခါမှာတော့ Jay ဟာ သေစာရှင်စာလောက် ဖတ်တတ်ဖို့အတွက် ကျောင်းစတင် တတ်တော့မှာပါ။ သူက ” ဒီအရွယ်ကြီးကျမှ ကျောင်းတက်ဖို့ဆိုတာ အစကတော့ စိတ်ထဲ မလုံမလဲပါဘဲ ..

စာမေးပွဲတွေကလည်း ခဏခဏ စစ်တယ်လို့ ကြားရတယ်လေ … ဒါပေမယ့် အခုတော့ ပညာရေးဆိုတာ ကိုယ်ပိုင်ဥစ္စာလို့ သိလိုက်ပါတယ် … ဒီတော့ ဘာမှ မကြောက်တော့ပါဘူး “လို့ ပြောခဲ့ပါတယ်။

Crd

Zawgyi









Crd