ချို့တဲ့ တဲ့ မိသားစုရဲ့ တာဝန်ထမ်းရင်း အသက် ၉ နှစ်နဲ့ ကြက်ကြော်ဆိုင်ပိုင်ရှင် ဖြစ်လာတဲ့ ကောင်မလေး
Unicode
ကလေးအများစုဟာ သူတို့ဖြတ်သန်းရတဲ့ ဘဝအခြေအနေပေါ်မူတည်ပြီးတော့ အသက် ၉ နှစ်ဆိုတဲ့ အရွယ်ဟာ ကလေးတော်တော်များများအတွက် ကျောင်းသွားမယ်၊ ကစားမယ်၊ အိပ်မယ်၊ စားမယ္ဆိုတာပဲသိသေးတဲ့အရွယ်မျိုးပါ။
သို့ပေမယ့် ထိုင်းနိုင်ငံက Beel ဆိုတဲ့ကောင်မလေးကတော့ ငယ်ငယ်လေးကတည်းက ချို့တဲ့တဲ့မိသားစုတာဝန်တွေကို ထမ်းရင်းနဲ့
အသက် ၉ နှစ် အရွယ်လေးမှာပဲ ကြက်ကြော်ဆိုင်တစ်ဆိုင်ရဲ့ ပိုင်ရှင်တစ်ယောက်ဖြစ်နေပါပြီနော်။Beelကတော့ အခုဆိုရင်အင်တာနက်စာမျက်နှာတွေမှာလည်
း နာမည်ကြီးနေပြီးတော့ လူအများရဲ့ ချီးကျူးမှုကို ခံယူနေရတာပါ။ အကြောင်းကတော့ သူမဟာချစ်စရာကောင်းရုံတင်မကဘဲ
အသက် ၉ နှစ်အရွယ်လေးနဲ့ ကြက်ကြော်ဆိုင်တစ်ဆိုင်ကို တွဲဖက်ပိုင်ဆိုင်ထားပြီ ဖြစ်တာကြောင့်ပါဘဲနော်။
သူမကမိသားစုရဲ့အခက်အခဲတွေကို ဝန်ပေါ့အောင်ကူညီပေးချင်သူဖြစ်ပါတယ်တဲ့။ အသက် ၃ နှစ်အရွယ်လောက်ကတည်းကနေပြီးတော့ Beel တစ်ယောက် အိမ်မှာနေရင်း
အဖွားလုပ်သူကို အိမ်အလုပ်လေးတွေနိုင်သလောက် လုပ်ကိုင်ပေးခဲ့ရတာပါ။ Beel ရဲ့ မိဘတွေဟာ မကြာခင်ကကွာရှင်းခဲ့ကြတာဖြစ်ပြီး Beel ကေတာ့ သူမရဲ့မောင်လေးနှစ်ယောက်နဲ့အတူ အဖွားအိမ်မှာနေထိုင်တာပါ။
သူမရဲ့အဖွားဖြစ်သူဟာ ကြက်ကြော်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားပြီးတော့ အမြဲတမ်းအလုပ်ရှုပ်နေသူပါ။ Beelက အဘွားဖြစ်သူကို ကြက်ကြော်ကူကြော်ပေးရင်း
သူမဟာကြက်ကြော်ကြော်ရာမှာ ကျွမ်းကျင်ပိုင်နိုင်သူဖြစ်ကြောင်း သိရှိလာတာပါ။
Beel တစ်ယောက် ကြက်ကြော်ကြော်ရာမှာအံ့သြလောက်အောင် ကျွမ်းကျင်ပိုင်နိုင်တာကြောင့် အဘွားဖြစ်သူကသူမတစ်ယောက်တည်းကို လွှတ်ပေးထားလို့ရတဲ့အထိပါပဲတဲ့။ သူမဟာ အသက် ၉ နှစ်သာရှိသေးပေမယ့်
အကြော်ကြော်တဲ့ကိစ္စကအစ တစ်ဆိုင်လုံးကိုစီမံခန့်ခွဲနေပြီးတော့ တကယ့်ကိုဆိုင်ပိုင်ရှင်တစ်ယောက်အတိုင်းပါပဲနော်။Beel လေးဟာ
ဆိုင်ကိုစီမံခန့်ခွဲရသလို သူမရဲ့မောင်ငယ်နှစ်ယောက်ကိုလည်း ကြည့်ရှုစောင့်ရှောက်ရပါသေးတယ်နော်။
သူမရဲ့အဘိုးအဘွားတွေအလုပ်ရှုပ်နေချိန်မှာ သူမဟာမောင်လေးတွေကိုထိန်းဖို့ တာဝန်ယူရပါသေးတယ်။သူမတို့ဆိုင်ကို လာနေကျဖောက်သည်တစ်ယောက်က
Beel ရဲ့ စွမ်းဆောင်ရည်နဲ့ တာဝန်ယူနိုင်စွမ်းတွေကိုတွေ့မြင်သွားပြီးတဲ့နောက် သူမရဲ့ဇာတ်ကြောင်းနဲ့စွမ်းဆောင်ရည်တွေကို အခုလိုအွန်လိုင်းပေါ်တင်ခဲ့တာပါ။
အင်တာနက်စာမျက်နှာမှာ Beel တစ်ယောက်နာမည်ကြီးလာခဲ့ပြီး အဲဒီနောက်ပိုင်းမှာဆိုင်ကိုလည်း ဝယ်သူတွေပိုများလာပါတယ်တဲ့။ Beel နဲ့ သူမရဲ့မိသားစုကလေးအတွက်တော့ ဝမ်းမြောက်စရာသတင်းကောင်းပါဘဲနော်။
Crd
Zawgyi
Crd