Unicode
တပေါင်းလပြည့်ရောက်တာနဲ့ အမေရေယာဉ်ပွဲတော်စပြီ တပေါင်းလပြည့်ကနေ လပြည့်ကျော် (၈) ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိတယ်။
ဘာသာရေးယုံကြည်မူပဲပြောပြော၊ နတ်ကိုယုံကြည်ကြသူတွေရဲ့ပွဲတော်ပဲပြောပြော အမေရေယာဉ်ပွဲတော်ကတော့ နှစ်စဉ်နှစ်တိုင်း စည်ကားလျှက်ရှိတယ်။
အညာနယ်တခုလုံး အမေရေယာဉ်ပွဲတော်ကို အမေကြီးပွဲတော်ဟုလည်း ခေါ်ဝေါ်ကြတယ်။တပေါင်းလရောက်တာနဲ့ သီးနှံတွေရိတ်သိမ်းပြီး ပွဲတော်မှာ ဝယ်ဖို့ခြမ်းဖို့ ကြိုတင်ငွေစုထားကြတယ်။
လပြည့်ရောက်တာနဲ့ နွားတွေကိုအနားပေးပြီး ပွဲတော်အတွက် ပေါင်းမိုးလှည်းတွေအဖြစ်အလှဆင်ကြတယ်။
ပွဲတော်က လပြည့်နေ့စဖွင့်တယ်ဆိုပေမယ့် ကျနော်တို့ရွာတွေကတော့ (၆)ရက်၊ (၇)ရက်၊ (၈)ရက်မှပဲ မနက်စောစောထပြီး တရွာလုံးလှည်းတွေ
အစီအတန်းလိုက် ညာသံပေးပြီး နန်းတက်ထွက်သွားကြတယ်။ယင်းမာပင်မြို့အနောက်ဘက် (၁၅)မိုင်ခန့် ဇီးတောရွာရဲ့အရှေ့ဘက်မှာ အမေရေယာဉ်နတ်နန်းတည်ရှိတယ်။
တနယ်လုံးတင်မက နယ်နီး၊ နယ်ဝေးနဲ့တခြားမြို့တွေကပါ အမေရေယာဉ်ကိုလာရောက်ပူဆော်ကြတယ်ကားစတင်း၊ ဆိုင်ကယ်စတင်း၊ စက်ဘီးစတင်းနဲ့ လှည်းဝိုင်းထိုးဖို့နေရာတွေကို စနစ်တကျချပေးနိုင်တဲ့ ပွဲကော်မတီကိုလည်း မချီးကျူးပဲမနေနိုင်ပေ။
ကျနော်ကိုးတန်းဖြေပြီးတစ်ခေါက်နဲ့ဆယ်တန်းဖြေပြီးတစ်ခေါက် နှစ်ခေါက်ပဲရောက်ဖူးတယ်ဆယ်တန်းဖြေပြီးတဲ့နောက်ဆုံးရက်က တပေါင်းလပြည့်ကျော် (၇)ရက်နေ့မို့ တရက်မှီသေးဆိုပြီး ဇီးတောတောင်ရွာက ဘော်ဒါအတူနေ
သူငယ်ချင်းမျိုးညွန့်အောင်အိမ်ကို သူငယ်ချင်းတွေနဲ့လိုက်သွားဖြစ်တယ်။သူငယ်ချင်းအိမ်ရောက်တော့ ခဏနား ရေမိုးချိုးပြီး ပွဲတော်ကိုသွားကြတယ်။ပွဲတော်မသွားခင် လူကွဲရင်ရှာရလွယ်အောင် ဟိုရောက်ရင်ဆုံမှတ်ထားရပါတယ်။
ဧက ၁၀၀ ခန့် ကျယ်ဝန်းတဲ့ ပွဲတော်ကြီးမို့ ပျောက်ရှင်မရှာနဲ့တော့ မတွေ့တော့ဘူး။(အဲ့တုန်းက ခုလိုလူတိုင်းတယ်လီဖုန်းမကိုင်နိုင်ကြသေးဘူးဗသင်္ကြန်နားနီးတော့ ပွဲဈေးတန်းတိုးရင်း သင်္ကြန်သီချင်းသံတွေကြားရတော့ အညာရဲ့နွေနေ့လည်ခင်းကိုတောင်မေ့နေခဲ့တယ်။
ပွဲဈေးတန်းဟာ ကလေးကစားစရာ အိုးပုတ်၊ ဂျိုးရုပ်ကနေ အိမ်ထောင်ပစ္စည်း၊ တောင်သူလယ်ယာခွင်သုံးပစ္စည်းတွေထိ အမျိုးအမည်စုံလင်လှတယ်။ဘုရားပေးတဲ့ နွားဆေးတွေရမယ်ကြိုက်တာယူ ၅၀၀ နည်းသလား ဒီဘက်က ၁၀၀၀ ဖိုး ၃ ထည်
သရက်ကန် နွားချည်ကြိုးတွေရမယ်ဆင်နှစ်ကောင်ယှဉ်ပြိုင်ဆွဲ ဖင်ထိုင်လဲမဲ့ အပ်ချည်ကြိုးတွေရမယ်ဆော်ကြည်ချင်ရင် ဆီကြော်မုန့်ကိုစားပါရွာသစ်ခမောက်တွေရမယ်နော် စတဲ့ ဈေးသည်တွေရဲ့ တမျိုးနဲ့တမျိုးမရိုးရအောင်
ဈေးရောင်းတဲ့အသံတွေဟာလည်း ပွဲတော်ရဲ့ချစ်စရာ အမှတ်တရတွေပါပဲ။ညနေစောင်းတော့ စားသောက်ဆိုင်မှာ အမောပြေနားရင်း စားသောက်ပြီးတာနဲ့ အမေရေယာဉ်နတ်နန်းက နတ်ဒိုးသံတွေဆီ ခြေဉီးလှည့်လိုက်တယ်။
အမေရေယာဉ် ဖြစ်ပေါ်လာပုံတချိန်မှာ အမေရေယာဉ်ဖြစ်လာမဲ့ ရှင်ထူးမှာ မောင်နှမငါးယောက်ရှိတယ်။ အကိုအကြီးဆုံး ကဒူးကနန်းဒေသမှ တောင်ဦးမြို့စားပဗ္ဗဘရာဇာ နဲ့
ရှင်ဦး ရှင်ကျူ း ရှင်ဗြူ း ရှင်ထူးဆိုပြီး မောင်နှမငါးယောက်မှာ ရှင်ထူးက အငယ်ဆုံး စိတ်အထက်ဆုံးပေါ့။တနေ့ ပုဂံပြည့်ရှင် မဏိစည်သူရဲ့ မြောက်နန်းစံ မိဖုရားကြီး နာဂသိန် စုန်းတောက်စားနေချိန် ရှင်ထူးတို့ ညီအမတွေနဲ့ တိုးပါလေရော။
ဒီအခါ နာဂသိန်မိဖုရားက မိုက်မိုက်ရိုင်းရိုင်း ငေါက်ငန်း ပြောဆိုတော့ စိတ်ဆတ်တဲ့ ရှင်ထူးက နာဂသိန်ကို စက်ကြိုးဖြတ်ချလိုက်ပါရော။ပညာချင်းမယှဉ်နိုင်တဲ့ နာဂသိန်မိဖုရားလဲ ရှင်ထူးတို့ညီအမအပေါ် အညိုးထားသတဲ့။
တနေ့ မဏိစည်သူမင်းကြီးကို နာဂသိန်မိဖုရားက“မှန်လှပါ အရှင်မင်းကြီး ကဒူးကနန်းနယ်က တောင်ဦး နယ်စားမောင်နှမများက အရှင်မင်းကြီးကို ပုန်ကန်ခြားနားတယ်လို့ အိမ်မက်တော် မက်ပါတယ်ဘုရား။
မောင်နှမငါးယောက်လုံးကို သုတ်သင်သင့်ကြောင်းပါ “လို့ လျှောက်တင်တော့ မင်းကြီးလဲ တောင်ဦးနယ်စား မောင်နှမငါးယောက် ဒေသထွက်ကုန် လက်ဆောင်ပဏ္ဍာများ ခေါင်းပေါ်ရွက်လို့ ရှေ့တော်မှောက် အရောက်ဝင်စေလို့ မိန့်တော်မူသတဲ့။
မောင်နှမတတွေလဲ ဒေသထွက်ကုန်တွေ ခေါင်းပေါ်ရွက်လို့ ပုဂံမြို့အဝင် ပုဂံမြို့ဝန်က ပစ္စည်းတွေ စစ်ဆေးရင်း ရှင်ထူးခေါင်းပေါ် ရွက်လာတဲ့
အိုးကိ“ဟဲ့ ကောင်မလေး နင့်ခေါင်းပေါ်ရွက်လာတာ ဘာတွေလဲ”လို့ မေးတဲ့အခါ ခေါင်းပေါ်မှာ ဆီအိုးကြီး မနိုင်မနင်း ရွက်လာရလို့ ပင်ပန်းပြီး စိတ်တိုနေတဲ့ ရှင်ထူးဟာ
“မြွေတွေဟဲ့ မြွေတွေ” လို့ ရွဲ့အော်လိုက်သတဲ့။ပုဂံမြို့ဝန်လဲ အိုးတွေကို လှပ်ကြည့်တဲ့အခါ တကယ်မြွေတွေ ထွက်လာပြီး ကိုက်လို့ ပုဂံမြို့ဝန် သေပါလေရော။ပုဂံမြိုဝန်ကို သတ်မှုနဲ့ ညီမငယ်ရှင်ထူးကို
အကိုတော် တောင်ဦးနယ်စား ပဗ္ဗဘရာဇာကိုယ်တိုင် သတ်စေလို့ အမိန့်တော် ချမှတ်လိုက်တယ်။ အကိုတော်က ကိုယ့်ညီမကို ကိုယ်တိုင် မသတ်နိုင်ပါဘူးလို့ ငြင်းဆန်တော့ မောင်နှမ နှစ်ယောက်လုံး ဆင်နင်းသတ်စေလို့
မဏိစည်သူမင်းက အမိန့်ချပြန်သတဲ့။ ဒီအခါ ဒေါသူပုန်ထနေတဲ့ ရှင်ထူးဟာ ဆင်ကို အစွယ်ဖြတ် သတ်လိုက်သတဲ့။ ဒါနဲ့ ကျားနဲ့ သတ်လို့ အမိန့်တော် ချပြန်တော့ ကျား နဲ့တကွ အစောင့်တွေပါ သတ်ပြီး ရှင်ထူးဟာ ထွက်ပြေးပါလေရော။
မဏိစည်သူမင်းလဲ ကျန်တဲ့ အမတော်တွေ ဖမ်းထားပြီး အကိုတော် တောင်ဦးနယ်စားကိုယ်တိုင် ရှင်ထူးကို အမိဖမ်းပြီး နန်းတော်ခေါ်လာ။
မခေါ်လာနိုင်ရင် ရှင်ဦး ရှင်ဗြူး ရှင်ကျူ း ညီအမသုံးဖော် မီးရှိူ့သတ်စေလို့ အမိန့်တော်ချမှတ်လိုက်သတဲ့။
ဒီလိုနဲ့ အကိုတော် တောင်ဦးနယ်စား နှမတော်ရှင်ထူးကို ရှာလိုက်တာ ပုံတောင်ပုံညာဖက်မှာမှ တွေ့သတဲ့။ တွေ့တဲ့အခါ နှမတော်ကို အဖြစ်စုံ လင်းလိုက်တော့ ရှင်ထူးဟာ ဒေါသူပုန်ထပြီး ” ပုဂံပြည်ကြီး မီးတိုက်မဟဲ့” ဆိုပြီး သွားပါလေရော။
ဗန္ဓုကဗ္ဗလာ မြကျောက်ဖျာ တင်းတာကြောင့် သကြားမင်းဟာ လူပြည်ကို ကြည့်လိုက်တော့“အလို တချိန်မှာ ဗုဒ္ဓသာသနာ
ထွန်းကားမဲ့ ပုဂံပြည်ကို မီးရှိူ့ဖို့ ရှင်ထူး သွားနေပါလား ။အချိန်မှီ တား မှ တားမှ ” ဆိုပြီး သကြားမင်းက ရှင်ထူးကို နောင်တချိန် ပုဂံပြည်ဟာ
ဗုဒ္ဓသာသနာ ထွန်းကားရာအရပ်ဖြစ်မှာမို့ ပုဂံပြည်ကို မဖျက်ဆီးဖို့ တားမြစ်ရင်း ရှင်ထူးရဲ့ ပညာကို အလှူ ခံတော်မူတယ်။ သကြားမင်းအမိန့်ကို မလွန်ဆန်နိုင်လို့ ပုဂံပြည်ကို မဖျက်ဆီးပေမဲ့ သူ့ပညာကို မလှူလိုတာကြောင့် ရှင်ထူးဟာ သူ့ပညာတွေကို မြွေထဲကို ထည့်လိုက်သတဲ့။
သကြားမင်းက မြွေကို သံလျှက်နဲ့ပိုင်းလိုက်တာ သုံးပိုင်းဖြစ်သွားပါလေရော။ ဒီအခါ ရှင်ထူးဟာ ဒေါသအမျက်ချောင်းချောင်းထွက်ပြီး မြေကြီးကို
ဖနောင့်နဲ့ပေါက်လို့ မြွေသုံးပိုင်းကို လွှင့်ပြစ်လိုက်ရာ မြွေခေါင်းပိုင်းက ယင်းမာပင်မြို့ ဖြစ်မဲ့အရပ်ကို ရောက်သွားလို့ ယင်းမာပင်ဖက်က မြွေတွေဟာ ရေမြွေတောင် အဆိပ်ပြင်းသတဲ့။
မြွေအမြီးပိုင်းကတော့ မုံရွာ အနောက်ဖက်အရပ်ရောက်လို့ အဲ့ဒီက မြွေတွေကတော့ အဆိပ်မရှိဘူး။ မြွေ ဝမ်းဗိုက်ပိုင်း ရောက်သွားတဲ့ ယောနယ်
ဆောနယ်ဖက်ပိုင်းက လူတွေကတော့ မသင်ရပဲ အလိုလိုတတ်တဲ့ ဝမ်းတွင်းပါ ပညာသည်တွေ ဖြစ်သွားခဲ့ပါတယ်။ရှင်ထူး ဖနောင့်နဲ့ ပေါက်တဲ့ နေရာကလဲ ရေတွေအလိုလို ထွက်လာသတဲ့။
ဒါနဲ့ သကြားမင်းက ရှင်ထူးကို လူစင်စစ်ကနေ ဝိဇ္ဇမယသိဒ္ဓိရှင်အဖြစ် ပြောင်းပေးလိုက်ရာ ရှင်ထူးက သူ့အသက်ကို အသက်စေ့လုပ်ပြီး နတ်ဝိဇ္ဇာဘဝကို အရှင်ထွက် ကူးပြောင်းသွားသတဲ့။
တနေ့သ၌ မဏိစည်သူမင်း ဖောင်စင်္ကြာနဲ့ တိုင်ခန်းလှည့်လည်ရာ တနေရာမှာ ဖောင်ဟာ ရှေ့ဆက်သွားမရတော့ဘူးတဲ့။ ဒါနဲ့မဏိစည်သူမင်းက
ကြိမ်စင်္ကြာနဲ့ ရိုက်လိုက်ရာ အခြားနတ်တွေဟာ ဖောင်တော်ရှေ့မှာ လက်အုပ်ချီ ဒူးတုပ်ပေါ်ပေမဲ့ ရှင်ထူးကတော့ ဖောင်တော်ရှေ့မှာ ထမိန်စွန်တောင်စွဲလို့ မတ်တပ်ရပ်လျှက် ပေါ်သတဲ့။
အကြောင်းစုံကို သိတော်မူသောအခါ မဏိစည်သူမင်းကြီးက မောင်းတုံ ဇီးတောနယ်ကို အပိုင်စားပေးတော်မူတယ်။ရှင်ထူး ဖနောင့်နဲ့ ပေါက်လို့ ရေထွက်တာကို
အကြောင်းပြုပြီး ရှင်ထူးကို အမေရေယာဉ်ဆိုတဲ့ဘွဲ့ ပေးတော်မူတယ်။ထိုအချိန်မှ စ၍ အမေရေယဉ်ကို သိကြားမင်းက သူတော်စင် သူတော်ကောင်းများကို စောင့်ရှောက်ရန် တာဝန်ပေးအပ်ခံရလေသည်။
ယုတ္တိတန်သည် မတန်သည် ယုံကြည်သည် မယုံကြည်သည် ထား။ ကျနော်တို့ငယ်ငယ်က ကြားခဲ့ဘူးသည့် အမေရေယာဉ်နှင့် ပတ်သက်သော
အိပ်ယာဝင်ပုံပြင်လေး ဖြစ်သည်။ ယခု အင်တာနက်ခေတ် facebookတွင်တွေ့သော ၃၇မင်းနှင့် သိုက်နန်းယုံကြည်ကြသူများထဲမှ
ဖတ်ရသည်နှင့် ငယ်ငယ်က ကြားဘူးသည့် အိပ်ယာဝင်ပုံပြင်လေးကို ရော၍ ကိုယ့်နယ်အကြောင်းကို ရသ သုတသဘော စာစီမိခြင်း ဖြစ်လေသည်။
အမေကြီးပွဲနှင့် ပတ်သက်သည့် ထူးခြားချက်လေးတွေလဲ ရှိသေးသည်။ အခြားနတ်ပွဲတွေ မှန်သမျှ ဝက်သားမစားရ မသယ်ရ ဆိုပေမင့် အမေကြီးပွဲတော်မှာတော့ ဝက်သားကို နတ်ပွဲကျင်းပရာမှာပင် ပေါ်သည်။
နောက်တခု ထူးခြားချက်က ရွာအသီးသီးမှ ပွဲတော်လာ လှည်းများ အမေကြီးပွဲတော်ဝန်း ရောက်သည်နှင့် နွားများကို ချွတ်၍ လှည်းဦးမှ ထန်းပိုးကို ကိုင်ကာ
“
”အမေ့သားတွေ သမီးတွေ ရောက်ပါပြီ အမေ စောင့်ရှောက်တော်မူပါ””ဆိုပြီး ထန်းပိုးကို လွှတ်ချလျှင် လှည်းပေါ်ပါသော ထမင်းအိုး ဟင်းအိုးများ မဖိတ်မစင်ဟု ကြားဘူးလေသည်။
နောက်ထူးခြားချက်တခုကတော့ အမေရေယာဉ်သည် လူတပိုင်း နတ်တပိုင်း စုန်းတပိုင်းဆိုတော့ လူအများ လာရောက်ပူဇော်ကြသလို စုန်းများလဲ လာရောက်ပူဇော်ကြသည်ဟု ရှေးလူကြီးတွေစကား ကြားဘူးလေသည်။
ည သန်းခေါင်အချိန်များတွင် နန်း၏ အနောက်ဖက်ဆီမှ စုန်းမီးများ နိမ့်ချီမြင့်ချီနှင့် အမေ့ဆီကို လာ၍ အရိုအသေပေးကြသည်ကို မြင်ရသည်ဟု ဆိုရိုးရှိလေသည်။
တညလုံးပွဲဈေးတန်းခြေတိုအောင်လည်ပြီး မကြည့်ဖူးတဲ့ရုပ်ရှင်ရုံစီ ခြေလှမ်းတွေကရွေ့သွားတယ်။ကလေး ၃၀၀ လူကြီး ၅၀၀ ဆိုပြီ
း ပိတ်စကိုဝါးလုံးနဲ့ထောင် ပရိုဂျက်တာနဲ့မီးထိုးပြ လူရုပ်အကြီးကြီးတွေထွက်လာတဲ့ ထန်းလက်တွေနဲ့ကာထားတဲ့ရုံဟာ ကျနော်တို့အညာရုပ်ရှင်ပဲ။
ရုပ်ရှင်ရုံကအပြန် အိပ်ချင်ပြီမို့ မနက်အာရုံတက်ချိန်မှာပဲ သူငယ်ချင်းအိမ်ပြန်အိပ်ကြတယ်။
မနက် ၈ ခွဲလောက်အိပ်ရာနိုးတော့ မနက်စာစားသောက်ပြီး သူငယ်ချင်းကဆိုင်ကယ်နဲ့လိုက်ပို့တော့ လမ်းမှာရွာကလှည်းကြုံနဲ့တွေ့လို့ လှည်းကြုံနဲ့ပြန်ခဲ့လိုက်တယ်။
လမ်းတလျှောက်လုံး ပေါင်းမိုးလှည်းတွေအပြည့် အညာနွေဖုန်တထောင်းထောင်းနဲ့ လမ်းဘေးဝဲယာက တမာ၊ ထနှောင်း၊ လက်ပံစတဲ့
သဘာဝပေါက်ပင်တွေက ရွက်ဟောင်းတွေကြွေပြီး ရွက်သစ်တွေဝေချိန်မို့ ဘာကိုလွမ်းလို့လွမ်းသွားမှန်းမသိဘူး။
အမေကြီးပွဲတော်ရောက်တိုင်း ဘေးအိမ်ကလှည်းနဲ့ပါသွားပြီး ပွဲခင်းထဲမျက်စိလည် လှည်းမှားပြီး ပြန်ပါမလာတဲ့ အိမ်ကကျားဗိုလ်ကို ခုထိသတိရနေတုန်းပဲ။(အဲ့တုန်းကကလေးဆိုတော့ အငိုကိုမတိတ်တော့ဘူး)
အရာအားလုံးအေးချမ်းသွားတဲ့တနေ့အညာဒေသတပေါင်းလရဲ့ အမေကြီးပွဲတော်ကို နောက်တခေါက်မရောက်ရောက်အောင်သွားဖို့ ဆုံးဖြတ်ထားတယ်။
အညာကိုချစ်တဲ့အညာသားကြီးမို့အညာကပွဲတော်ကိုလွမ်းနေပြီ။
ခက်လူ
မှီငြမ်းဆရာဝင်းသန့်ကို
အမေရေယာဉ်ဖြစ်ပေါ်လာပုံရေးဖွဲ့ထားမူကို လေးစားစွာCredit ပေးပါတယ်ခင်ဗျ
Crd
Zawgyi
တေပါင္းလျပည့္ေရာက္တာနဲ႔ အေမေရယာဥ္ပြဲေတာ္စၿပီ တေပါင္းလျပည့္ကေန လျပည့္ေက်ာ္ (၈) ရက္ေန႔ထိ စည္ကားသိုက္ၿမိဳက္စြာ က်င္းပေလ့ရွိတယ္။
ဘာသာေရးယုံၾကည္မူပဲေျပာေျပာ၊ နတ္ကိုယုံၾကည္ၾကသူေတြရဲ႕ပြဲေတာ္ပဲေျပာေျပာ အေမေရယာဥ္ပြဲေတာ္ကေတာ့ ႏွစ္စဥ္ႏွစ္တိုင္း စည္ကားလွ်က္ရွိတယ္။
အညာနယ္တခုလုံး အေမေရယာဥ္ပြဲေတာ္ကို အေမႀကီးပြဲေတာ္ဟုလည္း ေခၚေဝၚၾကတယ္။တေပါင္းလေရာက္တာနဲ႔ သီးႏွံေတြရိတ္သိမ္းၿပီး ပြဲေတာ္မွာ ဝယ္ဖို႔ျခမ္းဖို႔ ႀကိဳတင္ေငြစုထားၾကတယ္။
လျပည့္ေရာက္တာနဲ႔ ႏြားေတြကိုအနားေပးၿပီး ပြဲေတာ္အတြက္ ေပါင္းမိုးလွည္းေတြအျဖစ္အလွဆင္ၾကတယ္။
ပြဲေတာ္က လျပည့္ေန႔စဖြင့္တယ္ဆိုေပမယ့္ က်ေနာ္တို႔႐ြာေတြကေတာ့ (၆)ရက္၊ (၇)ရက္၊ (၈)ရက္မွပဲ မနက္ေစာေစာထၿပီး တ႐ြာလုံးလွည္းေတြ
အစီအတန္းလိုက္ ညာသံေပးၿပီး နန္းတက္ထြက္သြားၾကတယ္။ယင္းမာပင္ၿမိဳ႕အေနာက္ဘက္ (၁၅)မိုင္ခန႔္ ဇီးေတာ႐ြာရဲ႕အေရွ႕ဘက္မွာ အေမေရယာဥ္နတ္နန္းတည္ရွိတယ္။
တနယ္လုံးတင္မက နယ္နီး၊ နယ္ေဝးနဲ႔တျခားၿမိဳ႕ေတြကပါ အေမေရယာဥ္ကိုလာေရာက္ပူေဆာ္ၾကတယ္ကားစတင္း၊ ဆိုင္ကယ္စတင္း၊ စက္ဘီးစတင္းနဲ႔ လွည္းဝိုင္းထိုးဖို႔ေနရာေတြကို စနစ္တက်ခ်ေပးႏိုင္တဲ့ ပြဲေကာ္မတီကိုလည္း မခ်ီးက်ဴးပဲမေနႏိုင္ေပ။
က်ေနာ္ကိုးတန္းေျဖၿပီးတစ္ေခါက္နဲ႔ဆယ္တန္းေျဖၿပီးတစ္ေခါက္ ႏွစ္ေခါက္ပဲေရာက္ဖူးတယ္ဆယ္တန္းေျဖၿပီးတဲ့ေနာက္ဆုံးရက္က တေပါင္းလျပည့္ေက်ာ္ (၇)ရက္ေန႔မို႔ တရက္မွီေသးဆိုၿပီး ဇီးေတာေတာင္႐ြာက ေဘာ္ဒါအတူေန
သူငယ္ခ်င္းမ်ိဳးၫြန႔္ေအာင္အိမ္ကို သူငယ္ခ်င္းေတြနဲ႔လိုက္သြားျဖစ္တယ္။သူငယ္ခ်င္းအိမ္ေရာက္ေတာ့ ခဏနား ေရမိုးခ်ိဳးၿပီး ပြဲေတာ္ကိုသြားၾကတယ္။ပြဲေတာ္မသြားခင္ လူကြဲရင္ရွာရလြယ္ေအာင္ ဟိုေရာက္ရင္ဆုံမွတ္ထားရပါတယ္။
ဧက ၁၀၀ ခန႔္ က်ယ္ဝန္းတဲ့ ပြဲေတာ္ႀကီးမို႔ ေပ်ာက္ရွင္မရွာနဲ႔ေတာ့ မေတြ႕ေတာ့ဘူး။(အဲ့တုန္းက ခုလိုလူတိုင္းတယ္လီဖုန္းမကိုင္ႏိုင္ၾကေသးဘူးဗသၾကၤန္နားနီးေတာ့ ပြဲေဈးတန္းတိုးရင္း သၾကၤန္သီခ်င္းသံေတြၾကားရေတာ့ အညာရဲ႕ေႏြေန႔လည္ခင္းကိုေတာင္ေမ့ေနခဲ့တယ္။
ပြဲေဈးတန္းဟာ ကေလးကစားစရာ အိုးပုတ္၊ ဂ်ိဳး႐ုပ္ကေန အိမ္ေထာင္ပစၥည္း၊ ေတာင္သူလယ္ယာခြင္သုံးပစၥည္းေတြထိ အမ်ိဳးအမည္စုံလင္လွတယ္။ဘုရားေပးတဲ့ ႏြားေဆးေတြရမယ္ႀကိဳက္တာယူ ၅၀၀ နည္းသလား ဒီဘက္က ၁၀၀၀ ဖိုး ၃ ထည္
သရက္ကန္ ႏြားခ်ည္ႀကိဳးေတြရမယ္ဆင္ႏွစ္ေကာင္ယွဥ္ၿပိဳင္ဆြဲ ဖင္ထိုင္လဲမဲ့ အပ္ခ်ည္ႀကိဳးေတြရမယ္ေဆာ္ၾကည္ခ်င္ရင္ ဆီေၾကာ္မုန႔္ကိုစားပါ႐ြာသစ္ခေမာက္ေတြရမယ္ေနာ္ စတဲ့ ေဈးသည္ေတြရဲ႕ တမ်ိဳးနဲ႔တမ်ိဳးမ႐ိုးရေအာင္
ေဈးေရာင္းတဲ့အသံေတြဟာလည္း ပြဲေတာ္ရဲ႕ခ်စ္စရာ အမွတ္တရေတြပါပဲ။ညေနေစာင္းေတာ့ စားေသာက္ဆိုင္မွာ အေမာေျပနားရင္း စားေသာက္ၿပီးတာနဲ႔ အေမေရယာဥ္နတ္နန္းက နတ္ဒိုးသံေတြဆီ ေျခဉီးလွည့္လိုက္တယ္။
အေမေရယာဥ္ ျဖစ္ေပၚလာပုံတခ်ိန္မွာ အေမေရယာဥ္ျဖစ္လာမဲ့ ရွင္ထူးမွာ ေမာင္ႏွမငါးေယာက္ရွိတယ္။ အကိုအႀကီးဆုံး ကဒူးကနန္းေဒသမွ ေတာင္ဦးၿမိဳ႕စားပဗၺဘရာဇာ နဲ႔
ရွင္ဦး ရွင္က်ဴ း ရွင္ျဗဴ း ရွင္ထူးဆိုၿပီး ေမာင္ႏွမငါးေယာက္မွာ ရွင္ထူးက အငယ္ဆုံး စိတ္အထက္ဆုံးေပါ့။တေန႔ ပုဂံျပည့္ရွင္ မဏိစည္သူရဲ႕ ေျမာက္နန္းစံ မိဖုရားႀကီး နာဂသိန္ စုန္းေတာက္စားေနခ်ိန္ ရွင္ထူးတို႔ ညီအမေတြနဲ႔ တိုးပါေလေရာ။
ဒီအခါ နာဂသိန္မိဖုရားက မိုက္မိုက္႐ိုင္း႐ိုင္း ေငါက္ငန္း ေျပာဆိုေတာ့ စိတ္ဆတ္တဲ့ ရွင္ထူးက နာဂသိန္ကို စက္ႀကိဳးျဖတ္ခ်လိုက္ပါေရာ။ပညာခ်င္းမယွဥ္ႏိုင္တဲ့ နာဂသိန္မိဖုရားလဲ ရွင္ထူးတို႔ညီအမအေပၚ အညိဳးထားသတဲ့။
တေန႔ မဏိစည္သူမင္းႀကီးကို နာဂသိန္မိဖုရားက“မွန္လွပါ အရွင္မင္းႀကီး ကဒူးကနန္းနယ္က ေတာင္ဦး နယ္စားေမာင္ႏွမမ်ားက အရွင္မင္းႀကီးကို ပုန္ကန္ျခားနားတယ္လို႔ အိမ္မက္ေတာ္ မက္ပါတယ္ဘုရား။
ေမာင္ႏွမငါးေယာက္လုံးကို သုတ္သင္သင့္ေၾကာင္းပါ “လို႔ ေလွ်ာက္တင္ေတာ့ မင္းႀကီးလဲ ေတာင္ဦးနယ္စား ေမာင္ႏွမငါးေယာက္ ေဒသထြက္ကုန္ လက္ေဆာင္ပ႑ာမ်ား ေခါင္းေပၚ႐ြက္လို႔ ေရွ႕ေတာ္ေမွာက္ အေရာက္ဝင္ေစလို႔ မိန႔္ေတာ္မူသတဲ့။
ေမာင္ႏွမတေတြလဲ ေဒသထြက္ကုန္ေတြ ေခါင္းေပၚ႐ြက္လို႔ ပုဂံၿမိဳ႕အဝင္ ပုဂံၿမိဳ႕ဝန္က ပစၥည္းေတြ စစ္ေဆးရင္း ရွင္ထူးေခါင္းေပၚ ႐ြက္လာတဲ့
အိုးကိ“ဟဲ့ ေကာင္မေလး နင့္ေခါင္းေပၚ႐ြက္လာတာ ဘာေတြလဲ”လို႔ ေမးတဲ့အခါ ေခါင္းေပၚမွာ ဆီအိုးႀကီး မႏိုင္မနင္း ႐ြက္လာရလို႔ ပင္ပန္းၿပီး စိတ္တိုေနတဲ့ ရွင္ထူးဟာ
“ေႁမြေတြဟဲ့ ေႁမြေတြ” လို႔ ႐ြဲ႕ေအာ္လိုက္သတဲ့။ပုဂံၿမိဳ႕ဝန္လဲ အိုးေတြကို လွပ္ၾကည့္တဲ့အခါ တကယ္ေႁမြေတြ ထြက္လာၿပီး ကိုက္လို႔ ပုဂံၿမိဳ႕ဝန္ ေသပါေလေရာ။ပုဂံၿမိဳဝန္ကို သတ္မႈနဲ႔ ညီမငယ္ရွင္ထူးကို
အကိုေတာ္ ေတာင္ဦးနယ္စား ပဗၺဘရာဇာကိုယ္တိုင္ သတ္ေစလို႔ အမိန႔္ေတာ္ ခ်မွတ္လိုက္တယ္။ အကိုေတာ္က ကိုယ့္ညီမကို ကိုယ္တိုင္ မသတ္ႏိုင္ပါဘူးလို႔ ျငင္းဆန္ေတာ့ ေမာင္ႏွမ ႏွစ္ေယာက္လုံး ဆင္နင္းသတ္ေစလို႔
မဏိစည္သူမင္းက အမိန႔္ခ်ျပန္သတဲ့။ ဒီအခါ ေဒါသူပုန္ထေနတဲ့ ရွင္ထူးဟာ ဆင္ကို အစြယ္ျဖတ္ သတ္လိုက္သတဲ့။ ဒါနဲ႔ က်ားနဲ႔ သတ္လို႔ အမိန႔္ေတာ္ ခ်ျပန္ေတာ့ က်ား နဲ႔တကြ အေစာင့္ေတြပါ သတ္ၿပီး ရွင္ထူးဟာ ထြက္ေျပးပါေလေရာ။
မဏိစည္သူမင္းလဲ က်န္တဲ့ အမေတာ္ေတြ ဖမ္းထားၿပီး အကိုေတာ္ ေတာင္ဦးနယ္စားကိုယ္တိုင္ ရွင္ထူးကို အမိဖမ္းၿပီး နန္းေတာ္ေခၚလာ ။
မေခၚလာႏိုင္ရင္ ရွင္ဦး ရွင္ျဗဴး ရွင္က်ဴ း ညီအမသုံးေဖာ္ မီးရွိူ႔သတ္ေစလို႔ အမိန႔္ေတာ္ခ်မွတ္လိုက္သတဲ့။
ဒီလိုနဲ႔ အကိုေတာ္ ေတာင္ဦးနယ္စား ႏွမေတာ္ရွင္ထူးကို ရွာလိုက္တာ ပုံေတာင္ပုံညာဖက္မွာမွ ေတြ႕သတဲ့။ ေတြ႕တဲ့အခါ ႏွမေတာ္ကို အျဖစ္စုံ လင္းလိုက္ေတာ့ ရွင္ထူးဟာ ေဒါသူပုန္ထၿပီး ” ပုဂံျပည္ႀကီး မီးတိုက္မဟဲ့” ဆိုၿပီး သြားပါေလေရာ။
ဗႏၶဳကဗၺလာ ျမေက်ာက္ဖ်ာ တင္းတာေၾကာင့္ သၾကားမင္းဟာ လူျပည္ကို ၾကည့္လိုက္ေတာ့“အလို တခ်ိန္မွာ ဗုဒၶသာသနာ
ထြန္းကားမဲ့ ပုဂံျပည္ကို မီးရွိူ႔ဖို႔ ရွင္ထူး သြားေနပါလား ။အခ်ိန္မွီ တား မွ တားမွ ” ဆိုၿပီး သၾကားမင္းက ရွင္ထူးကို ေနာင္တခ်ိန္ ပုဂံျပည္ဟာ
ဗုဒၶသာသနာ ထြန္းကားရာအရပ္ျဖစ္မွာမို႔ ပုဂံျပည္ကို မဖ်က္ဆီးဖို႔ တားျမစ္ရင္း ရွင္ထူးရဲ႕ ပညာကို အလႉ ခံေတာ္မူတယ္။ သၾကားမင္းအမိန႔္ကို မလြန္ဆန္ႏိုင္လို႔ ပုဂံျပည္ကို မဖ်က္ဆီးေပမဲ့ သူ႔ပညာကို မလႉလိုတာေၾကာင့္ ရွင္ထူးဟာ သူ႔ပညာေတြကို ေႁမြထဲကို ထည့္လိုက္သတဲ့။
သၾကားမင္းက ေႁမြကို သံလွ်က္နဲ႔ပိုင္းလိုက္တာ သုံးပိုင္းျဖစ္သြားပါေလေရာ။ ဒီအခါ ရွင္ထူးဟာ ေဒါသအမ်က္ေခ်ာင္းေခ်ာင္းထြက္ၿပီး ေျမႀကီးကို
ဖေနာင့္နဲ႔ေပါက္လို႔ ေႁမြသုံးပိုင္းကို လႊင့္ျပစ္လိုက္ရာ ေႁမြေခါင္းပိုင္းက ယင္းမာပင္ၿမိဳ႕ ျဖစ္မဲ့အရပ္ကို ေရာက္သြားလို႔ ယင္းမာပင္ဖက္က ေႁမြေတြဟာ ေရေႁမြေတာင္ အဆိပ္ျပင္းသတဲ့။
ေႁမြအၿမီးပိုင္းကေတာ့ မုံ႐ြာ အေနာက္ဖက္အရပ္ေရာက္လို႔ အဲ့ဒီက ေႁမြေတြကေတာ့ အဆိပ္မရွိဘူး။ ေႁမြ ဝမ္းဗိုက္ပိုင္း ေရာက္သြားတဲ့ ေယာနယ္
ေဆာနယ္ဖက္ပိုင္းက လူေတြကေတာ့ မသင္ရပဲ အလိုလိုတတ္တဲ့ ဝမ္းတြင္းပါ ပညာသည္ေတြ ျဖစ္သြားခဲ့ပါတယ္။ရွင္ထူး ဖေနာင့္နဲ႔ ေပါက္တဲ့ ေနရာကလဲ ေရေတြအလိုလို ထြက္လာသတဲ့။
ဒါနဲ႔ သၾကားမင္းက ရွင္ထူးကို လူစင္စစ္ကေန ဝိဇၨမယသိဒၶိရွင္အျဖစ္ ေျပာင္းေပးလိုက္ရာ ရွင္ထူးက သူ႔အသက္ကို အသက္ေစ့လုပ္ၿပီး နတ္ဝိဇၨာဘဝကို အရွင္ထြက္ ကူးေျပာင္းသြားသတဲ့။
တေန႔သ၌ မဏိစည္သူမင္း ေဖာင္စၾကၤာနဲ႔ တိုင္ခန္းလွည့္လည္ရာ တေနရာမွာ ေဖာင္ဟာ ေရွ႕ဆက္သြားမရေတာ့ဘူးတဲ့။ ဒါနဲ႔မဏိစည္သူမင္းက
ႀကိမ္စၾကၤာနဲ႔ ႐ိုက္လိုက္ရာ အျခားနတ္ေတြဟာ ေဖာင္ေတာ္ေရွ႕မွာ လက္အုပ္ခ်ီ ဒူးတုပ္ေပၚေပမဲ့ ရွင္ထူးကေတာ့ ေဖာင္ေတာ္ေရွ႕မွာ ထမိန္စြန္ေတာင္စြဲလို႔ မတ္တပ္ရပ္လွ်က္ ေပၚသတဲ့။
အေၾကာင္းစုံကို သိေတာ္မူေသာအခါ မဏိစည္သူမင္းႀကီးက ေမာင္းတုံ ဇီးေတာနယ္ကို အပိုင္စားေပးေတာ္မူတယ္။ရွင္ထူး ဖေနာင့္နဲ႔ ေပါက္လို႔ ေရထြက္တာကို
အေၾကာင္းျပဳၿပီး ရွင္ထူးကို အေမေရယာဥ္ဆိုတဲ့ဘြဲ႕ ေပးေတာ္မူတယ္။ထိုအခ်ိန္မွ စ၍ အေမေရယဥ္ကို သိၾကားမင္းက သူေတာ္စင္ သူေတာ္ေကာင္းမ်ားကို ေစာင့္ေရွာက္ရန္ တာဝန္ေပးအပ္ခံရေလသည္။
ယုတၱိတန္သည္ မတန္သည္ ယုံၾကည္သည္ မယုံၾကည္သည္ ထား။ က်ေနာ္တို႔ငယ္ငယ္က ၾကားခဲ့ဘူးသည့္ အေမေရယာဥ္ႏွင့္ ပတ္သက္ေသာ
အိပ္ယာဝင္ပုံျပင္ေလး ျဖစ္သည္။ ယခု အင္တာနက္ေခတ္ facebookတြင္ေတြ႕ေသာ ၃၇မင္းႏွင့္ သိုက္နန္းယုံၾကည္ၾကသူမ်ားထဲမွ
ဖတ္ရသည္ႏွင့္ ငယ္ငယ္က ၾကားဘူးသည့္ အိပ္ယာဝင္ပုံျပင္ေလးကို ေရာ၍ ကိုယ့္နယ္အေၾကာင္းကို ရသ သုတသေဘာ စာစီမိျခင္း ျဖစ္ေလသည္။
အေမႀကီးပြဲႏွင့္ ပတ္သက္သည့္ ထူးျခားခ်က္ေလးေတြလဲ ရွိေသးသည္။ အျခားနတ္ပြဲေတြ မွန္သမွ် ဝက္သားမစားရ မသယ္ရ ဆိုေပမင့္ အေမႀကီးပြဲေတာ္မွာေတာ့ ဝက္သားကို နတ္ပြဲက်င္းပရာမွာပင္ ေပၚသည္။
ေနာက္တခု ထူးျခားခ်က္က ႐ြာအသီးသီးမွ ပြဲေတာ္လာ လွည္းမ်ား အေမႀကီးပြဲေတာ္ဝန္း ေရာက္သည္ႏွင့္ ႏြားမ်ားကို ခြၽတ္၍ လွည္းဦးမွ ထန္းပိုးကို ကိုင္ကာ
“
”အေမ့သားေတြ သမီးေတြ ေရာက္ပါၿပီ အေမ ေစာင့္ေရွာက္ေတာ္မူပါ””ဆိုၿပီး ထန္းပိုးကို လႊတ္ခ်လွ်င္ လွည္းေပၚပါေသာ ထမင္းအိုး ဟင္းအိုးမ်ား မဖိတ္မစင္ဟု ၾကားဘူးေလသည္။
ေနာက္ထူးျခားခ်က္တခုကေတာ့ အေမေရယာဥ္သည္ လူတပိုင္း နတ္တပိုင္း စုန္းတပိုင္းဆိုေတာ့ လူအမ်ား လာေရာက္ပူေဇာ္ၾကသလို စုန္းမ်ားလဲ လာေရာက္ပူေဇာ္ၾကသည္ဟု ေရွးလူႀကီးေတြစကား ၾကားဘူးေလသည္။
ည သန္းေခါင္အခ်ိန္မ်ားတြင္ နန္း၏ အေနာက္ဖက္ဆီမွ စုန္းမီးမ်ား နိမ့္ခ်ီျမင့္ခ်ီႏွင့္ အေမ့ဆီကို လာ၍ အ႐ိုအေသေပးၾကသည္ကို ျမင္ရသည္ဟု ဆို႐ိုးရွိေလသည္။
တညလုံးပြဲေဈးတန္းေျခတိုေအာင္လည္ၿပီး မၾကည့္ဖူးတဲ့႐ုပ္ရွင္႐ုံစီ ေျခလွမ္းေတြကေ႐ြ႕သြားတယ္။ကေလး ၃၀၀ လူႀကီး ၅၀၀ ဆိုၿပီ
း ပိတ္စကိုဝါးလုံးနဲ႔ေထာင္ ပ႐ိုဂ်က္တာနဲ႔မီးထိုးျပ လူ႐ုပ္အႀကီးႀကီးေတြထြက္လာတဲ့ ထန္းလက္ေတြနဲ႔ကာထားတဲ့႐ုံဟာ က်ေနာ္တို႔အညာ႐ုပ္ရွင္ပဲ။
႐ုပ္ရွင္႐ုံကအျပန္ အိပ္ခ်င္ၿပီမို႔ မနက္အာ႐ုံတက္ခ်ိန္မွာပဲ သူငယ္ခ်င္းအိမ္ျပန္အိပ္ၾကတယ္။
မနက္ ၈ ခြဲေလာက္အိပ္ရာႏိုးေတာ့ မနက္စာစားေသာက္ၿပီး သူငယ္ခ်င္းကဆိုင္ကယ္နဲ႔လိုက္ပို႔ေတာ့ လမ္းမွာ႐ြာကလွည္းႀကဳံနဲ႔ေတြ႕လို႔ လွည္းႀကဳံနဲ႔ျပန္ခဲ့လိုက္တယ္။
လမ္းတေလွ်ာက္လုံး ေပါင္းမိုးလွည္းေတြအျပည့္ အညာေႏြဖုန္တေထာင္းေထာင္းနဲ႔ လမ္းေဘးဝဲယာက တမာ၊ ထေႏွာင္း၊ လက္ပံစတဲ့
သဘာဝေပါက္ပင္ေတြက ႐ြက္ေဟာင္းေတြေႂကြၿပီး ႐ြက္သစ္ေတြေဝခ်ိန္မို႔ ဘာကိုလြမ္းလို႔လြမ္းသြားမွန္းမသိဘူး။
အေမႀကီးပြဲေတာ္ေရာက္တိုင္း ေဘးအိမ္ကလွည္းနဲ႔ပါသြားၿပီး ပြဲခင္းထဲမ်က္စိလည္ လွည္းမွားၿပီး ျပန္ပါမလာတဲ့ အိမ္ကက်ားဗိုလ္ကို ခုထိသတိရေနတုန္းပဲ။(အဲ့တုန္းကကေလးဆိုေတာ့ အငိုကိုမတိတ္ေတာ့ဘူး)
အရာအားလုံးေအးခ်မ္းသြားတဲ့တေန႔အညာေဒသတေပါင္းလရဲ႕ အေမႀကီးပြဲေတာ္ကို ေနာက္တေခါက္မေရာက္ေရာက္ေအာင္သြားဖို႔ ဆုံးျဖတ္ထားတယ္။
အညာကိုခ်စ္တဲ့အညာသားႀကီးမို႔အညာကပြဲေတာ္ကိုလြမ္းေနၿပီ။
ခက္လူ
မွီျငမ္းဆရာဝင္းသန႔္ကို
အေမေရယာဥ္ျဖစ္ေပၚလာပုံေရးဖြဲ႕ထားမူကို ေလးစားစြာCredit ေပးပါတယ္ခင္ဗ်
Crd