နေ့စဉ်ခေါက်ဆွဲပြုတ်နဲ့ အသီးအရွက်တွေကိုသာ စားခဲ့ပြီး အထည်ရောင်းကာ ၄နှစ်အတွင်း တိုက်အိမ်ကြီးတစ်လုံးနှင့် ဇိမ်ခံကားတွေကိုပါ ဝယ်ယူနိုင်ခဲ့သော ဇနီးမောင်နှံ
Unicode
လောကကြီးရှိ လူတစ်ဦးစီတိုင်းမှာ မပြည့်စုံခြင်း အခက်အခဲတွေဆိုတာ ရှိတတ်ကြပေမယ့် စိတ်အားထက်သန်စွာ ကြိုးစားအားထုတ်မှုရှိပါက တစ်နေ့ အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိနိုင်မည်ဖြစ်သည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ ဇနီးမောင်နှံနှစ်ဦးသည် နှစ်ဖက်မိဘလုံးက ဆင်းရဲတာကြောင့် သူတို့လက်ထပ်စဉ်က မင်္ဂလာပင်မဆောင်ခဲ့ရပဲ လူအများကြား မျက်နှာငယ်စေခဲ့သည်။
သို့သော်လည်း သူတို့ဇနီးမောင်နှံသည် တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကာ အတူကြိုးစားပြီး ကောင်းမွန်သောဘဝကို ရောက်ရှိရန်အတွက် နေ့တိုင်း ခေါက်ဆွဲပြုတ်၊ အသီးအရွက်ဟင်းတို့ဖြင့် ချွေတာစားသောက်ခဲ့သည်။
ထို့အပြင် သူတို့ဇနီးမောင်နှံသည် အချိန်ပိုင်းအလုပ်ဝင်လုပ်ပြီး ကိုယ်ပိုင်စီးပွားရေးအနေဖြင့် အဝတ်အထည်များကို မနက်၈နာရီကနေ ညနေ၅နာရီထိ ရောင်းချကာ အသက်မွေးဝမ်းကျောင်း ပြုခဲ့သည်။
သူတို့ဇနီးမောင်နှံဧ။်ကြိုးစားအားထုတ်မှုသည် ၄အနှစ်အတွင်း ဇိမ်ခံတိုက်အိမ်ကြီးတစ်လုံးနှင့် ဇိမ်ခံကားကို ပိုင်ဆိုင်နိုင်စေခဲ့ပြီး သူတို့ဘဝလေးမှာ
စိတ်ချမ်းသာစရာနှင့် ပြည့်စုံနေပြီဖြစ်ရာ ပတ်ဝန်းကျင်ရှိလူများမှ အမြင်ပြောင်းပြီး ချီးမွမ်းကာ အားကျနေကြသည်။
Hlaing (Love Feeling)
Zawgyi
Hlaing (Love Feeling)