Unicode
ဒီတစ်ခါတော့ လောကီဗဟုသုတ အကြောင်းလေးပြောပြပါမယ်
မိမိမှာရှိခဲ့ရင်လည်း ဘာလုပ်ရမှာလည်း ဆိုတာ သိရအောင်လို့ပါ။
ဘုရားမဟုတ် ညာတင်ကုတ် ကိုင်ကြည့်လက်တစ်ဆုပ် ပညာခန်း တစ်ခန်းမြုပ်
လူပ်ကြည့်တကုတ်ကုတ် သိသူဖော်စား မသိသူကျော်သွား.. တဲ့
ဒီအကြောင်းပြောရရင် ရာဇဝင်များတယ် တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလိုဘဲ အယူဆများပါတယ်။
တစ်ချို့ကလည်း ဆေးညာတင်ကုတ်ဆိုပြီး ရှိပြန်ပါတယ်။ အမျိုးမျိုးပေါ့။
ညာတင်ကုတ် ဆိုတာ ရှေးလောကီ ပညာရှင်တွေက စီမံခဲ့တာပါ။ ဘုရားမဟုတ်ပါ။
ဂမ္ဘီရ ပစ္စည်းတစ်ခုသာဖြစ်ပါသည်။အဓိက ကတော့ အဂ္ဂိရတ်သမားတွေတွက်လို့ပြောပါတယ်။ အတုတွေလည်းပေါပ ။မြန်မာနိုင်ငံမှာတော့ ဈေးကြှီးပေးဝယ်ကြပါတယ်။
သူ့ရဲ့အစွမ်းက အစစ်ဆိုရင် လိုတရတယ်လို့တောင်ပြောပါတယ်။
တစ်ချို့ကလည်း ဘာပြီးညာပြီးလို့ ပြောကြပါတယ်။ မြန်မာပြည်မှာ တစ်ချို့က ၁၃ခု တစ်ချို့က ၁၂ခု တစ်ချို့ကလည်း ၃ခု ၅ခု ၂ခုဘဲရှိတယ်လို့ပြောကြပါတယ်
စာရေးသူလည်းအသေချာမသိပါ။ သိသလောက်ပြောရရင် (စာတွေ့ပါ)ညာတင်ကုတ်မှာ ပြဒါးရည် အလိုက် အဖြူ အနီကွဲပါတယ်။
၄.၆စင်တီမီတာရှိတယ်လို့လည်းပြောကြပါတယ်။ထုပ်တန်းပေါတင် ဆွမ်းကပ်ပါက မျက်နှာတစ်ဖက်လွဲသွားပါတယ်တဲ့။
ပြဒါးရည် ပြဒါးရှင်နှင့်ပြုလုပ်ထားတဲ့တွက် အစွမ်းထက်ပါတယ်။
အထဲမှာ ပြဒါးလုံးရှိပါတယ်။ဖယောင်းတိုင်မီးကပ်ဆွဲပါက ၃ပေကျော်ထိလိုက်ပါတယ်တဲ့။
ရွှေထည့်ရင်ဖြူကာ ငွေထည့်ကနီသောရပ်ထုများလည်းရှိပါတယ်။
ပြဒါးခဲသောရုပ်ထုသည် ပလ္လင် အောက်၌ပြဒါး၅ကျပ်သား တင်ခဲနိုင်သော သပိတ်ခြမ်းပါသည်ဟု ပြောကြပါသည်။ ရုပ်ထု၌မခဲ့ပါ။
မှိုကိုးချက်ပါသည်ဟုပြောကြပါသည်။ အင်းကွက်ပါခြင်းပလ္လင်အောက်၌ လက်ဗွေရာပါရှိခြင်း ကျော်ဘက်၌ စ.ဓ.ဗ.ဝအင်းပါသည်ဟုပြောကြပါသည်။ယခုပု့တစ်ချို့မှာက ရင်ဘက်၌သာတွေ့ရပါသည်။မမြင်ဘူး၍မသိပါ။
ထူခြားမူက လုံထဲထည့်ကျိုပြီး အခြားလုံဆေါင်တစ်ခုထဲသို့ လောင်းထည့်ပါက ပုံစံတူအတိုင်းပြန်ရပါသည်။ ၃ ခါလုပ်က ၃ခုရသည့်သဘောပါ။
စက်နိူးထားသော ကားဒက်ဘုရ်ပေါ် တင်ပါက ကားစက်သေပါသည်။ ကားစက်ပြန်နိူးမရပါ။
ပြဒါး ၅၀ သား ထည့်ထားသော စတီးကျိုင့်ထဲ့ ထည့်ပါ က မလဲဘဲ ဘေးဘယ်ညာသို့ ပြောင်းထိုင်ခြင်း ထိုင်နေသောခါ မင်းကိုယ် ရောင်းခွင့်မရှိပါက ထူးခြားမူ့ပြပါဟု ပြောပါက ပြဒါးထဲသို့ ဝင်သွားပါလိမ့်မည်။
သိမ်ဝင်အပ်နဲ့ ထိုးပါက အပ်ခေါင်းပေါ်မှာဝဲခြင်း ဖြစ်ပါလိမ့်မည်။ ထိုးစိုက်မရပါ။ ပြဒါးအဖြူသေထက် အနီသေက ပိုစွမ်းပါသည်။ သို့သော် အဖြူကို တွေ့ရခဲပါသည်။ ပြဒါးအဖြူသေကို ညာတင်ကုတ် အဖြူဟုခေါ်ပါသည်။
သာမာန်လူသုံးစွဲပါက မိမိလိုအပ်သောသူကို အရုပ်ကိုင်ပြီး ပါးစပ်ကပြောပါက နောက်နေ့ ရောက်လာ၏။ လိုရာ ဖြည့်ဆည်း ပေး၏။သာမာန်လူများအဖို့ကား သီလသမာဓိ ကိုယ်မှာ ရှိရ၏။
အစစ်သည် မှိုကိုးချက် လေးကွက်အင်း လက်ဗွေရာများရှိသည်။ အရည်လောင်းသော်လည်း အေးပါက ဤအတိုင်း ပြန်ဖြစ်သည်။
၎င်းပစ္စည်းသည် သိဒွိဝင်ပစ္စည်းဖြစ်၍ ဘုရားတည်ကျောင်းဆောက် သာသနာပြုလုပ်ငန်းများ၌များစွာ အသုံးဝင်သည်။ သာမာန်လူအဖို့ကား
ပီယ ဓန ပီယသျို မျှသာ အသုံးဝင်လိမ့်မည်။ လောကီလမ်းဘက်သာ အားပေးသည်ဟုသိရသည်။
အစစ်ဖြစ်ပါက ဝိသမ လောဘသားများ ရောင်းဝယ်ပါက မိသားစုအား ခိုက်၏။ အန္တရာယ် များ၏။သတိထားပါ။ လက်ထဲကိုင်ထားပြီး လောဘနှင့်လိုက်မရောင်းရပါ။
ပြဒါးကပ်တယ် မီးဆွဲတယ် အသားပြရင် မျက်နှာလွဲတယ် အပ်ဝဲတယ် အင်းကွက်ပါတယ်။ ဝယ်သူလာရင် အိပ်မက်ပေးတယ်။ ဝယ်သူလာရင် အစွမ်းမပြဘူး။ မီးနှင့်ပခုံးပေါ် ဝိုက်ဆွဲပါက ကြား၌ သက်တန့် ရောင်ထွက်သည်။
မှတ်ချက် ။ ဖတ်ဖူးသမျှကိုသာ မျှဝေခြင်းဖြစ်ပါသည်။ ဘာမှမသိပါ။ ဗဟုသုတ အလိုငှါတင်ပြခြင်းဖြစ်ပါသည်။ (Hla Than Aung)
Zawgyi
ဒီတစ္ခါေတာ့ ေလာကီဗဟုသုတ အေၾကာင္းေလးေျပာျပပါမယ္
မိမိမွာရွိခဲ့ရင္လည္း ဘာလုပ္ရမွာလည္း ဆိုတာ သိရေအာင္လို႔ပါ။
ဘုရားမဟုတ္ ညာတင္ကုတ္ ကိုင္ၾကည့္လက္တစ္ဆုပ္ ပညာခန္း တစ္ခန္းျမဳပ္
လူပ္ၾကည့္တကုတ္ကုတ္ သိသူေဖာ္စား မသိသူေက်ာ္သြား.. တဲ့
ဒီအေၾကာင္းေျပာရရင္ ရာဇဝင္မ်ားတယ္ တစ္ေက်ာင္းတစ္ဂါထာ တစ္႐ြာတစ္ပုဒ္ဆန္း ဆိုသလိုဘဲ အယူဆမ်ားပါတယ္။
တစ္ခ်ိဳ႕ကလည္း ေဆးညာတင္ကုတ္ဆိုၿပီး ရွိျပန္ပါတယ္။ အမ်ိဳးမ်ိဳးေပါ့။
ညာတင္ကုတ္ ဆိုတာ ေရွးေလာကီ ပညာရွင္ေတြက စီမံခဲ့တာပါ။ ဘုရားမဟုတ္ပါ။
ဂမၻီရ ပစၥည္းတစ္ခုသာျဖစ္ပါသည္။အဓိက ကေတာ့ အဂၢိရတ္သမားေတြတြက္လို႔ေျပာပါတယ္။ အတုေတြလည္းေပါပ ။ျမန္မာႏိုင္ငံမွာေတာ့ ေဈးၾကႇီးေပးဝယ္ၾကပါတယ္။
သူ႔ရဲ႕အစြမ္းက အစစ္ဆိုရင္ လိုတရတယ္လို႔ေတာင္ေျပာပါတယ္။
တစ္ခ်ိဳ႕ကလည္း ဘာၿပီးညာၿပီးလို႔ ေျပာၾကပါတယ္။ ျမန္မာျပည္မွာ တစ္ခ်ိဳ႕က ၁၃ခု တစ္ခ်ိဳ႕က ၁၂ခု တစ္ခ်ိဳ႕ကလည္း ၃ခု ၅ခု ၂ခုဘဲရွိတယ္လို႔ေျပာၾကပါတယ္
စာေရးသူလည္းအေသခ်ာမသိပါ။ သိသေလာက္ေျပာရရင္ (စာေတြ႕ပါ)ညာတင္ကုတ္မွာ ျပဒါးရည္ အလိုက္ အျဖဴ အနီကြဲပါတယ္။
၄.၆စင္တီမီတာရွိတယ္လို႔လည္းေျပာၾကပါတယ္။ထုပ္တန္းေပါတင္ ဆြမ္းကပ္ပါက မ်က္ႏွာတစ္ဖက္လြဲသြားပါတယ္တဲ့။
ျပဒါးရည္ ျပဒါးရွင္ႏွင့္ျပဳလုပ္ထားတဲ့တြက္ အစြမ္းထက္ပါတယ္။
အထဲမွာ ျပဒါးလုံးရွိပါတယ္။ဖေယာင္းတိုင္မီးကပ္ဆြဲပါက ၃ေပေက်ာ္ထိလိုက္ပါတယ္တဲ့။
ေ႐ႊထည့္ရင္ျဖဴကာ ေငြထည့္ကနီေသာရပ္ထုမ်ားလည္းရွိပါတယ္။
ျပဒါးခဲေသာ႐ုပ္ထုသည္ ပလႅင္ ေအာက္၌ျပဒါး၅က်ပ္သား တင္ခဲႏိုင္ေသာ သပိတ္ျခမ္းပါသည္ဟု ေျပာၾကပါသည္။ ႐ုပ္ထု၌မခဲ့ပါ။
မႈိကိုးခ်က္ပါသည္ဟုေျပာၾကပါသည္။ အင္းကြက္ပါျခင္းပလႅင္ေအာက္၌ လက္ေဗြရာပါရွိျခင္း ေက်ာ္ဘက္၌ စ.ဓ.ဗ.ဝအင္းပါသည္ဟုေျပာၾကပါသည္။ယခုပု႔တစ္ခ်ိဳ႕မွာက ရင္ဘက္၌သာေတြ႕ရပါသည္။မျမင္ဘူး၍မသိပါ။
ထူျခားမူက လုံထဲထည့္က်ိဳၿပီး အျခားလုံေဆါင္တစ္ခုထဲသို႔ ေလာင္းထည့္ပါက ပုံစံတူအတိုင္းျပန္ရပါသည္။ ၃ ခါလုပ္က ၃ခုရသည့္သေဘာပါ။
စက္ႏိူးထားေသာ ကားဒက္ဘုရ္ေပၚ တင္ပါက ကားစက္ေသပါသည္။ ကားစက္ျပန္ႏိူးမရပါ။
ျပဒါး ၅၀ သား ထည့္ထားေသာ စတီးက်ိဳင့္ထဲ့ ထည့္ပါ က မလဲဘဲ ေဘးဘယ္ညာသို႔ ေျပာင္းထိုင္ျခင္း ထိုင္ေနေသာခါ မင္းကိုယ္ ေရာင္းခြင့္မရွိပါက ထူးျခားမူ႔ျပပါဟု ေျပာပါက ျပဒါးထဲသို႔ ဝင္သြားပါလိမ့္မည္။
သိမ္ဝင္အပ္နဲ႔ ထိုးပါက အပ္ေခါင္းေပၚမွာဝဲျခင္း ျဖစ္ပါလိမ့္မည္။ ထိုးစိုက္မရပါ။ ျပဒါးအျဖဴေသထက္ အနီေသက ပိုစြမ္းပါသည္။ သို႔ေသာ္ အျဖဴကို ေတြ႕ရခဲပါသည္။ ျပဒါးအျဖဴေသကို ညာတင္ကုတ္ အျဖဴဟုေခၚပါသည္။
သာမာန္လူသုံးစြဲပါက မိမိလိုအပ္ေသာသူကို အ႐ုပ္ကိုင္ၿပီး ပါးစပ္ကေျပာပါက ေနာက္ေန႔ ေရာက္လာ၏။ လိုရာ ျဖည့္ဆည္း ေပး၏။သာမာန္လူမ်ားအဖို႔ကား သီလသမာဓိ ကိုယ္မွာ ရွိရ၏။
အစစ္သည္ မႈိကိုးခ်က္ ေလးကြက္အင္း လက္ေဗြရာမ်ားရွိသည္။ အရည္ေလာင္းေသာ္လည္း ေအးပါက ဤအတိုင္း ျပန္ျဖစ္သည္။
၎ပစၥည္းသည္ သိဒြိဝင္ပစၥည္းျဖစ္၍ ဘုရားတည္ေက်ာင္းေဆာက္ သာသနာျပဳလုပ္ငန္းမ်ား၌မ်ားစြာ အသုံးဝင္သည္။ သာမာန္လူအဖို႔ကား
ပီယ ဓန ပီယသ်ိဳ မွ်သာ အသုံးဝင္လိမ့္မည္။ ေလာကီလမ္းဘက္သာ အားေပးသည္ဟုသိရသည္။
အစစ္ျဖစ္ပါက ဝိသမ ေလာဘသားမ်ား ေရာင္းဝယ္ပါက မိသားစုအား ခိုက္၏။ အႏၲရာယ္ မ်ား၏။သတိထားပါ။ လက္ထဲကိုင္ထားၿပီး ေလာဘႏွင့္လိုက္မေရာင္းရပါ။
ျပဒါးကပ္တယ္ မီးဆြဲတယ္ အသားျပရင္ မ်က္ႏွာလြဲတယ္ အပ္ဝဲတယ္ အင္းကြက္ပါတယ္။ ဝယ္သူလာရင္ အိပ္မက္ေပးတယ္။ ဝယ္သူလာရင္ အစြမ္းမျပဘူး။ မီးႏွင့္ပခုံးေပၚ ဝိုက္ဆြဲပါက ၾကား၌ သက္တန႔္ ေရာင္ထြက္သည္။
မွတ္ခ်က္ ။ ဖတ္ဖူးသမွ်ကိုသာ မွ်ေဝျခင္းျဖစ္ပါသည္။ ဘာမွမသိပါ။ ဗဟုသုတ အလိုငွါတင္ျပျခင္းျဖစ္ပါသည္။ (Hla Than Aung)