
Unicode

ထူးခြားစွာဖြင့် ဒေသတွင်းရှိ အိမ်များမှ ဖိနပ်အရံပေါင်း ၁၀၀ကျော်ကို ၂နှစ်အတွင်း ခိုးယူနေခဲ့သော အမျိုးသားကို ဖမ်းမိသောအခါ

လောကကြီးရှိ အချို့သော သူများသည် မိမိကြိုက်နှစ်သက်သော အရာများအပေါ် စွဲလန်းမှုက အစွန်းရောက်လွန်းပြီး ဒုက္ခရောက်ကြရသည်။

သို့ဖြစ်၍ ထိုင်းနိုင်ငံ အလယ်ပိုင်း နွန်ထဘူရီတွင် နေထိုင်သော Theerapat Klaiyaအမည်ရှိသောအသက်၂၄နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဖိနပ်များအပေါ်

အလွန်စွဲလမ်းခဲ့ရာ ဒေသတွင်းရှိ၁၂၆ ယောက်ဧ။်ဖိနပ်များကို၂နှစ်ဆက်တိုက်ခိုးယူပြီးအိမ်တွင်စုဆောင်းထားခဲ့သည်။

ဒေသတွင်းရှိလူများမှာလည်းတစ်နေ့တစ်နေ့ ဖိနပ်ပျောက်နေရသည့်ကိစ္စနှင့်ပက်သက်ပြီးသည်းမခံနိုင်တော့ပဲ အာဏာပိုင်ရဲတပ်ဖွဲ့အားကူညီရန် အကြောင်းကြားခဲ့သည်။

ရဲတပ်ဖွဲ့မှလည်း ဒေသတွင်းရှိ CCTV မှတ်တမ်းများမှတစ်ဆင့်သံသယရှိသူအိမ်သို့သွားရောက်စစ်ဆေးကြည့်ရာ အမှန်တကယ်

အိမ်ထဲတွင် သေချာစုဆောင်းထားသောဖိနပ်အရံပေါင်း၁၀၀ကျော်အားအံ့အားသင့်စွာ တွေ့ရှိခဲ့သည်။

ထို့နောက်အမျိုးသားအားအဘယ်ကြောင့် ခိုးယူခဲ့လဲမေးမြန်းခဲ့ရာသူသည်ဖိနပ်ချစ်သူတစ်ယောက်ဖြစ်ပြီး အများကြီးလိုချင်ခဲ့၍ဆိုပြီးဝန်ခံခဲ့ရာထိုလူသည်

ယခင်နေခဲ့ဖူးသော ဒေသတွင်လည်းဖိနပ်ခိုးယူမှုနှင့်အဖမ်းခံရဖူးကြောင်းသိရသည်။

Zawgyi








