Unicode
(၁) ခေါက်ဆွဲကြော်
ဘဲဥကို ကြော်ပြီး ကတ်ကြေးဖြင့်ညှပ်ထားပါ။ ကြက်သားကိုအတုံးသေးသေးလေးတုံးထားပါ။ခေါက်ဆွဲကို ပဲငံပြာရည် ခရုဆီ ဆား ကြက်သားမှုန့် သကြား ထည့်ပြီးနယ်ပါ။
ဆီဆူဆူထဲ ကြက်သားအတုံးသေးများထည့်ကြော်ပါ။ရေအနည်းငယ်ထည့်ပြီး အသားကျက် ရေခမ်းကြော်ပါ။ကြက်သားကျက်လောက်ပြီဆိုမှ ဂေါ်ဖီ နဲ့ မုန်လာဥထည့်ကြော်ပါ။ အသီးရွက်အိပြီဆိုမှ ခေါက်ဆွဲထည့်ကြော်ပါ။
ခေါက်ဆွဲကြော်နေစဉ်အောက်ခြေမတူးစေရန် ရေအနည်းငယ်ထည့်ထည့်ပြီး ကြော်ပေးပါ။ မီးမပြင်းရပါ။တစ်ပွဲစာပြင်ပြီး အပေါ်မှတစ်ပွဲစာဘဲဥကြော်ညှပ်ထည့်ပါ။ တရုတ်နံနံအုပ်ပါ။
ခေါက်ဆွဲ ၅ပိသာ ၊ ဂေါ်ဖီ ၂ထုပ်မုန်လာဥ ၁ပိသာခွဲ ၊ တရုတ်နံနံ ၄၀၀ဖိုးပဲငံပြာရည်ဗူးသေး ၂ဗူး ၊ သကြား ၂၅သား
ဆား ထမင်းစားဇွန်း ၂၀ ၊ ခရုဆီဗူးသေး ၂ဗူးကြက်သား ၅၀ သား ၊ ဆီ ၃လီတာကြက်သားမှုန့်အထုပ်သေး ၁ထုပ်ခွဲ ၊ ဘဲဥ ၅၀လုံး
အချဉ်အတွက်ကတော့ ကြက်သွန်နီအလုံး၂၀ ၊ ဂေါ်ဖီ၁ထုပ်ဝက် ၊ ငရုတ်သီး၅၀ သား ပါးပါးလှီးထည့်ပြီး သံပုရာရည်ဗူးသေး ၂ ဗူးထည့်နယ်ပါ။
(၂) ကြာဇံကြော်
ဘဲဥကို ကြော်ပြီး ကတ်ကြေးဖြင့်ညှပ်ထားပါ။ ကြက်သားကိုအတုံးသေးသေးလေးတုံးထားပါ။ကြာဇံကိုနာရီဝက်ရေကြိုစိမ်ထားပါ။ ကြာဇံသားပွလာပြီဆိုဇကာနဲ့ဆယ်ပြီးရေစစ်ထားပါ။
ရေကုန်သလောက်ရှိပြီဆို ပဲငံပြာရည် ခရုဆီ ဆား သကြား ငရုတ်ကောင်းထည့်ပြီးနယ်ပါ။ဆီဆူဆူထဲ ကြက်သားအတုံးသေးများထည့်ကြော်ပါ။ ရေအနည်းငယ်ထည့်ပြီး အသားကျက် ရေခမ်းကြော်ပါ ။
ကြက်သားကျက်လောက်ပြီဆိုမှ ဂေါ်ဖီ နဲ့ မုန်လာဥထည့်ကြော်ပါ။အသီးရွက်အိပြီဆိုမှ ကြာဇံထည့်ကြော်ပါ။ တရုတ်နံနံအုပ်ပါ။
ကြော်နေစဉ် အောက်ခြေမတူးစေရန် ရေအနည်းငယ် ထည့်ထည့်ပြီး ကြော်ပေးပါ။ မီးမပြင်းရပါ။တစ်ပွဲစာပြင်ပြီး အပေါ်မှတစ်ပွဲစာဘဲဥကြော်ညှပ်ထည့်ပါ။
ကြာဇံအစိတ်သားထုပ် ၂၀ထုပ် ၊ ဂေါ်ဖီ ၂ထုပ်မုန်လာဥ ၁ပိသာခွဲ ၊ တရုတ်နံနံ ၄၀၀ဖိုးပဲငံပြာရည်ဗူးသေး ၂ဗူး ၊ သကြား ၂၅သားား ထမင်းစားဇွန်း ၂၀ ၊ အချိုမှုန့် အထုပ်သေး ၂ထုပ်
ခရုဆီဗူးသေး ၂ဗူး ၊ ကြက်သား ၅၀ သားဆီ ၃လီတာ ၊ ငရုတ်ကောင်း ဗူးသေး၁ဗူး ၊ ဘဲဥ ၅၀လုံး
အချဉ်အတွက်ကတော့ ကြက်သွန်နီအလုံး၂၀ ၊ ဂေါ်ဖီ၁ထုပ်ဝက် ၊ ငရုတ်သီး၅၀ သား ပါးပါးလှီးထည့်ပြီး သံပုရာရည်ဗူးသေး ၂ဗူးထည့်နယ်ပါ။
အချိုမှုန့်မသုံးချင်ရင် ကြက်သားမှုန့်အစားထိုးသုံးပါ။အရသာအပေါ့အငန်အတွက်လိုသလိုထပ်မံပြုပြင်နိုင်ပါသည်။ အကြမ်းဖျင်းတွက်ထားသလောက်ချရေးပြလိုက်ပါတယ်။
Credit post Thin Phyu Soe , Credit photo Original owner
Zawgyi
(၁) ေခါက္ဆြဲေၾကာ္
ဘဲဥကို ေၾကာ္ၿပီး ကတ္ေၾကးျဖင့္ညႇပ္ထားပါ။ ၾကက္သားကိုအတုံးေသးေသးေလးတုံးထားပါ။ေခါက္ဆြဲကို ပဲငံျပာရည္ ခ႐ုဆီ ဆား ၾကက္သားမႈန႔္ သၾကား ထည့္ၿပီးနယ္ပါ။
ဆီဆူဆူထဲ ၾကက္သားအတုံးေသးမ်ားထည့္ေၾကာ္ပါ။ေရအနည္းငယ္ထည့္ၿပီး အသားက်က္ ေရခမ္းေၾကာ္ပါ။ၾကက္သားက်က္ေလာက္ၿပီဆိုမွ ေဂၚဖီ နဲ႔ မုန္လာဥထည့္ေၾကာ္ပါ။ အသီး႐ြက္အိၿပီဆိုမွ ေခါက္ဆြဲထည့္ေၾကာ္ပါ။
ေခါက္ဆြဲေၾကာ္ေနစဥ္ေအာက္ေျခမတူးေစရန္ ေရအနည္းငယ္ထည့္ထည့္ၿပီး ေၾကာ္ေပးပါ။ မီးမျပင္းရပါ။တစ္ပြဲစာျပင္ၿပီး အေပၚမွတစ္ပြဲစာဘဲဥေၾကာ္ညႇပ္ထည့္ပါ။ တ႐ုတ္နံနံအုပ္ပါ။
ေခါက္ဆြဲ ၅ပိသာ ၊ ေဂၚဖီ ၂ထုပ္မုန္လာဥ ၁ပိသာခြဲ ၊ တ႐ုတ္နံနံ ၄၀၀ဖိုးပဲငံျပာရည္ဗူးေသး ၂ဗူး ၊ သၾကား ၂၅သား
ဆား ထမင္းစားဇြန္း ၂၀ ၊ ခ႐ုဆီဗူးေသး ၂ဗူးၾကက္သား ၅၀ သား ၊ ဆီ ၃လီတာၾကက္သားမႈန႔္အထုပ္ေသး ၁ထုပ္ခြဲ ၊ ဘဲဥ ၅၀လုံး
အခ်ဥ္အတြက္ကေတာ့ ၾကက္သြန္နီအလုံး၂၀ ၊ ေဂၚဖီ၁ထုပ္ဝက္ ၊ င႐ုတ္သီး၅၀ သား ပါးပါးလွီးထည့္ၿပီး သံပုရာရည္ဗူးေသး ၂ ဗူးထည့္နယ္ပါ။
(၂) ၾကာဇံေၾကာ္
ဘဲဥကို ေၾကာ္ၿပီး ကတ္ေၾကးျဖင့္ညႇပ္ထားပါ။ ၾကက္သားကိုအတုံးေသးေသးေလးတုံးထားပါ။ၾကာဇံကိုနာရီဝက္ေရႀကိဳစိမ္ထားပါ။ ၾကာဇံသားပြလာၿပီဆိုဇကာနဲ႔ဆယ္ၿပီးေရစစ္ထားပါ။
ေရကုန္သေလာက္ရွိၿပီဆို ပဲငံျပာရည္ ခ႐ုဆီ ဆား သၾကား င႐ုတ္ေကာင္းထည့္ၿပီးနယ္ပါ။ဆီဆူဆူထဲ ၾကက္သားအတုံးေသးမ်ားထည့္ေၾကာ္ပါ။ ေရအနည္းငယ္ထည့္ၿပီး အသားက်က္ ေရခမ္းေၾကာ္ပါ ။
ၾကက္သားက်က္ေလာက္ၿပီဆိုမွ ေဂၚဖီ နဲ႔ မုန္လာဥထည့္ေၾကာ္ပါ။အသီး႐ြက္အိၿပီဆိုမွ ၾကာဇံထည့္ေၾကာ္ပါ။ တ႐ုတ္နံနံအုပ္ပါ။
ေၾကာ္ေနစဥ္ ေအာက္ေျခမတူးေစရန္ ေရအနည္းငယ္ ထည့္ထည့္ၿပီး ေၾကာ္ေပးပါ။ မီးမျပင္းရပါ။တစ္ပြဲစာျပင္ၿပီး အေပၚမွတစ္ပြဲစာဘဲဥေၾကာ္ညႇပ္ထည့္ပါ။
ၾကာဇံအစိတ္သားထုပ္ ၂၀ထုပ္ ၊ ေဂၚဖီ ၂ထုပ္မုန္လာဥ ၁ပိသာခြဲ ၊ တ႐ုတ္နံနံ ၄၀၀ဖိုးပဲငံျပာရည္ဗူးေသး ၂ဗူး ၊ သၾကား ၂၅သားား ထမင္းစားဇြန္း ၂၀ ၊ အခ်ိဳမႈန႔္ အထုပ္ေသး ၂ထုပ္
ခ႐ုဆီဗူးေသး ၂ဗူး ၊ ၾကက္သား ၅၀ သားဆီ ၃လီတာ ၊ င႐ုတ္ေကာင္း ဗူးေသး၁ဗူး ၊ ဘဲဥ ၅၀လုံး
အခ်ဥ္အတြက္ကေတာ့ ၾကက္သြန္နီအလုံး၂၀ ၊ ေဂၚဖီ၁ထုပ္ဝက္ ၊ င႐ုတ္သီး၅၀ သား ပါးပါးလွီးထည့္ၿပီး သံပုရာရည္ဗူးေသး ၂ဗူးထည့္နယ္ပါ။
အခ်ိဳမႈန႔္မသုံးခ်င္ရင္ ၾကက္သားမႈန႔္အစားထိုးသုံးပါ။အရသာအေပါ့အငန္အတြက္လိုသလိုထပ္မံျပဳျပင္ႏိုင္ပါသည္။ အၾကမ္းဖ်င္းတြက္ထားသေလာက္ခ်ေရးျပလိုက္ပါတယ္။
Credit post Thin Phyu Soe , Credit photo Original owner