သဘာဝငံျပာရည္စစ္စစ္ ျပဳလုပ္နည္း(ဧရာဝတီတိုင္းမွာ လုပ္ေနၾကတဲ့ နည္းပါ)

Unicode

ဧရာဝတီသားရဲ့မိသားစုတစ်နှစ်စာနဲ့ လက်ဆောင်ပေးဖို့သဘာဝစစ်စစ် ရေချိုငံပြာရည်လေးတွေ ဒီနေ့ စလုပ်ပါပြီ။ လုပ်နည်းလေးပါ မျှဝေပါရစေ.. ရေချို ငံပြာရည်စစ်စစ် လုပ်နည်းလေးပါ..

ငံပြာရည်လုပ်ဖို့အတွက်ငါးခေါင်းငါးအသေးလေတွေ ငါးအကြီး ဆိုဒ်စုံ လုပ်လို့ရတယ်.. နေ့စဉ် ဝယ်ယူလာတဲ့ ငါး ပုစွန်တွေထဲကအနည်းငယ်စီတစ်နေ့နည်းနည်းနဲ့

ထည့်ပေးသွားမယ်ဆိုရင်လည်းသီးခြားငံပြာရည်လုပ်ဖို့ဝယ်နေစရာမလိုတော့ပဲ အဆင်ပြေပါတယ်..အရင်ဆုံး ထည့်မည့်အိုး (စဉ့်အိုး အကြီးက အကောင်းဆုံးပါ)ထဲကို

ဆားကငါးရဲ့သုံးပုံပုံ နှစ်ပုံ ထည့်ရပါမယ်အိုးကို နေရောင် ကောင်းကောင်း ရမည့်နေရာမှာ ထားပါ.. ရေမဝင်ပါစေနဲ့.. မိုးရာသီ ဆိုရင် အပေါ်က ရေမဝင်အောင် သေချာ အုပ်ထားပါ..

အိုးထဲမှာ၆လ လောက် နှပ်ထားရပါမည်..၆ လလောက်ကြာတဲ့ အခါ ထည့်ထားတဲ့ ငါးတွေက နူးအိသွားမှာပါ.. ဒါဆိုငံပြာရည် စပြီးလုပ်လို့ရပါပြီ..

အရင်ဆုံးဆားရေ ကျိုပါ.. ခွက်စိတ်ဝင်အိုးတစ်လုံးစာအတွက် ရေ (၈) ဂါလံ ကို ဆား ၂ ပိဿာခွဲနဲ့ကြိုပြီး လောင်းရမှာပါ..ကျိုထားတဲ့ဆားရေဖလားနဲ့ (၅) ခွက် နဲ့ နူးအိနေတဲ့ ငါးရယ်ဆားရယ် က (၃) ခွက်နဲ့ စပ်ပါ..

ပြီးရင် ငံပြာရည် တွေကျစေဖို့ စင်လေးဆောက်ပါ (၂) တောင်အမြင့်ရှိတဲ့တိုင် (၄) တိုင်ကို တစ်တောင့်ထွာခွါပြီး လေးထောင့်ကျကျ စိုက်ပါ.. ပြီးရင် ကြက်သွန်အိပ် အချိန်၂၀ ဝင် အိပ်ကို (အိပ် အခွံ) တိုင် (၄) တိုင်မှာ ခိုင်ခိုင် ချည်ပါ..

ချည်ထားတဲ့ အိပ်အခွံ ပေါ်ကို သူနဲ့ အရွယ်တူ ပိတ်ဖြူအစကို ထပ်ပြီးခင်းပေးပါ.. ခင်းထားတဲ့ ပိတ်စအပေါ်ကို စောစောကစပ်ထားတဲ့ ဟာကို လောင်းထည့်ထားပါ..

ပိတ်စနဲ့ အိပ်ခွံ အောက်မှာကျလာမည့် ငံပြာရေခံဖို့ ခွက်ကြီးကြီးထားပေးပါ.. ပြီးရင် အင်တုံထဲထည့် နေလှမ်းပါ.. နေရောင် ကောင်းကောင်းနဲ့ လေးရက်လောက် လှမ်းရင် ငံပြာရည် ရပြီပေါ့..

မလုပ်ဖြစ်ရင်တောင် ဗဟုသုတပေါ့..

Nay Linhtun (ဧရာဝတီသား)

Zawgyi

ဧရာဝတီသားရဲ႕မိသားစုတစ္ႏွစ္စာနဲ႔ လက္ေဆာင္ေပးဖို႔ သဘာဝစစ္စစ္ ေရခ်ိဳငံျပာရည္ေလးေတြ ဒီေန႔ စလုပ္ပါၿပီ။ လုပ္နည္းေလးပါ မွ်ေဝပါရေစ.. ေရခ်ိဳ ငံျပာရည္စစ္စစ္ လုပ္နည္းေလးပါ..

ငံျပာရည္လုပ္ဖို႔အတြက္ငါးေခါင္းငါးအေသးေလေတြ ငါးအႀကီး ဆိုဒ္စုံ လုပ္လို႔ရတယ္.. ေန႔စဥ္ ဝယ္ယူလာတဲ့ ငါး ပုစြန္ေတြထဲကအနည္းငယ္စီတစ္ေန႔နည္းနည္းနဲ႔

ထည့္ေပးသြားမယ္ဆိုရင္လည္းသီးျခားငံျပာရည္လုပ္ဖို႔ဝယ္ေနစရာမလိုေတာ့ပဲ အဆင္ေျပပါတယ္..အရင္ဆုံး ထည့္မည့္အိုး (စဥ့္အိုး အႀကီးက အေကာင္းဆုံးပါ)ထဲကို

ဆားကငါးရဲ႕သုံးပုံပုံ ႏွစ္ပုံ ထည့္ရပါမယ္အိုးကို ေနေရာင္ ေကာင္းေကာင္း ရမည့္ေနရာမွာ ထားပါ.. ေရမဝင္ပါေစနဲ႔.. မိုးရာသီ ဆိုရင္ အေပၚက ေရမဝင္ေအာင္ ေသခ်ာ အုပ္ထားပါ..

အိုးထဲမွာ၆လ ေလာက္ ႏွပ္ထားရပါမည္..၆ လေလာက္ၾကာတဲ့ အခါ ထည့္ထားတဲ့ ငါးေတြက ႏူးအိသြားမွာပါ.. ဒါဆိုငံျပာရည္ စၿပီးလုပ္လို႔ရပါၿပီ..

အရင္ဆုံးဆားေရ က်ိဳပါ.. ခြက္စိတ္ဝင္အိုးတစ္လုံးစာအတြက္ ေရ (၈) ဂါလံ ကို ဆား ၂ ပိႆာခြဲနဲ႔ႀကိဳၿပီး ေလာင္းရမွာပါ..က်ိဳထားတဲ့ဆားေရဖလားနဲ႔ (၅) ခြက္ နဲ႔ ႏူးအိေနတဲ့ ငါးရယ္ဆားရယ္ က (၃) ခြက္နဲ႔ စပ္ပါ..

ၿပီးရင္ ငံျပာရည္ ေတြက်ေစဖို႔ စင္ေလးေဆာက္ပါ (၂) ေတာင္အျမင့္ရွိတဲ့တိုင္ (၄) တိုင္ကို တစ္ေတာင့္ထြာခြါၿပီး ေလးေထာင့္က်က် စိုက္ပါ.. ၿပီးရင္ ၾကက္သြန္အိပ္ အခ်ိန္၂၀ ဝင္ အိပ္ကို (အိပ္ အခြံ) တိုင္ (၄) တိုင္မွာ ခိုင္ခိုင္ ခ်ည္ပါ..

ခ်ည္ထားတဲ့ အိပ္အခြံ ေပၚကို သူနဲ႔ အ႐ြယ္တူ ပိတ္ျဖဴအစကို ထပ္ၿပီးခင္းေပးပါ.. ခင္းထားတဲ့ ပိတ္စအေပၚကို ေစာေစာကစပ္ထားတဲ့ ဟာကို ေလာင္းထည့္ထားပါ..

ပိတ္စနဲ႔ အိပ္ခြံ ေအာက္မွာက်လာမည့္ ငံျပာေရခံဖို႔ ခြက္ႀကီးႀကီးထားေပးပါ.. ၿပီးရင္ အင္တုံထဲထည့္ ေနလွမ္းပါ.. ေနေရာင္ ေကာင္းေကာင္းနဲ႔ ေလးရက္ေလာက္ လွမ္းရင္ ငံျပာရည္ ရၿပီေပါ့..

မလုပ္ျဖစ္ရင္ေတာင္ ဗဟုသုတေပါ့..

Nay Linhtun (ဧရာဝတီသား)