Unicode
တပေါင်း တန်ခူး အီးကုတ်တူး အီးကုတ် နဲ့ ဆူးပုပ်
“တပေါင်း တန်ခူး အီးကုတ်တူး၊ ရတဲ့အီးကုတ် ရောဆူးပုပ်၊ စားရသူဝယ် လျှာချာလည်” သူတို့နှစ်တွဲကတော့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အတွဲဆိုင်းပါ။
ကြက်သွန်ဖြူနိုင်နိုင် ငြုတ်သီးခပ် စပ်စပ်နဲ့ ရောသမွှေချက်လိုက်ရင် ဝက်သားကြက်သား ဟင်းတွေထက်သာလွန်တဲ့ ဟင်းမျိုးပါ။ ဒီဟင်းမျိုးကတော့ ရှမ်းပြည်နယ်၊ ကယားပြည်နယ်လောက်မှာ ပဲရနိုင်ပါတယ်။ အခြားဒေသတွေမှာ သိကြမယ်မထင်ပါဘူး။
ခြောက်သွေ့တဲ့ရာသီတွေမှာ ရရှိတတ်ပါတယ်။ အခုလို တပေါင်း တန်ခူး ကဆုန် နယုန်လတွေမှာ အထူးသဖြင့် ရရှိတတ်ပါတယ်။
ငယ်စဉ်ခါ ရွာမှာရှိတုန်းကတော့ တူးဖူးပါတယ်။ မရဖူးပါဘူး။ သူများတူးတာကိုပဲ ရဖူးပါတယ်။ နှောက်ချေးမရဲ့ ခြေရာနောက်ကိုလိုက်ပြီး သူ့ခြေရာအဆုံးမှာ ဒီလိုဥလုံးလေးတွေရှိပါတယ်။ တစ်တွင်းထဲမှာ အနည်းဆုံးဥခြောက်လုံးမှ ဥလုံး ၂၀ လောက်ရှိတတ်ပါတယ်။
ဥလုံးတစ်လုံးမှာ အကောင်တစ်ကောင်ပဲပါတယ်။ ဆူးပုပ်ရွက်နုထွက်လာတဲ့အချိန်မှာ ဥလုံးထဲကအကောင်တွေလည်း ခုလိုအဝါရောင်သန်းလာ ချိန်ဖြစ်ပါတယ်။
ကိုယ်တိုင်ကိုယ်ကျတူးပြီး သုတေသနပြုထားတဲ့သူတစ်ယောက်ကတော့ အခုလိုပြောပြပေးပါတယ်။ အဲတာ နွား ကျွဲ တွေရဲ့ချီးပါရင် အဲဒီချီးရဲ့အောက်မှ
ာ မြေကြီးထဲမှာပေါ့ ချီးထဲတော့ မဟုတ်ဘူး။ မြေကြီးကိုတူးလိုက်ရင် အဲ့လိုမြေကြီးနဲ့ နွားချီးအလုံးထဲမှာ နေနေကြတာ၊ အရေခွံတွေက အဆင့်ဆင့်ပြောင်းလဲပြီး နောက်ဆုံးမှာ အနုဆုံးတောင်ပံတွေပေါ့၊ မမာသေးဘူး တစ်ကောင်လုံးက နို့တွေပဲ နို့ထက်တောင်ကောင်းတယ်၊ တစ်နှစ်မှ တစ်ခါပေါ်တာပါ၊ အရမ်းစားလို့ကောင်းပါတယ်။
အဲတာရှမ်းလို အီးကုတ် အီးခုတ် လို့ခေါ်ကြပါတယ်။ မြန်မာလိုဆိုရင်တော့ နွားနှောက်ချီးပိုးကောင်လို့ ခေါ်ကြတယ်။
ကြာလာရင် သူများတွေ မတူးမိရင် အနက်ရောင်အကောင်ပုံစံပြောင်းသွားပြီးတော့ ပျံဝဲကြတယ်။ ညမှောင်ရီပျိုးချိန်မှာပေါ့၊ ပြီးတော့ အထီးနဲ့အမ မိတ်လိုက်တယ်။ မနက်ကျတော့ အထီးနဲ့အမ ကွဲကွာကြပြီး အမက နွားချီး ကျွဲချီးရှိတဲ့နားမှာ မြေကြီးကိုတူးပြီး ဝင်သွားတယ်။ ပြီးတော့ ဥကိုဥချလိုက်တယ်။
သည်လိုနဲ့ တဖြည်းဖြည်းကြီးလာရင်းနဲ့ သည်လိုအလုံးထဲမှာ နေနေကြတာပဲ။ မသိမှာစိုးလို့ပါ အဲဒီပိုးအကြောင်းအစုံ ရှင်းပြလိုက်ပါတယ်။ (စကားဝါမြေ)
သူရှင်းပြတာ ဟုတ်နေတာပဲ..။ ရှမ်းပြည် ကယားပြည်ရောက်တဲ့အခါကျရင် မြည်းဖူးသည်ရှိအောင် စူးစမ်းပြီး မေးကြည့် မြည်းကြည့်ကြပါလေ..။
Crd
Zawgyi
တေပါင္း တန္ခူး အီးကုတ္တူး အီးကုတ္ နဲ႔ ဆူးပုပ္
“တေပါင္း တန္ခူး အီးကုတ္တူး၊ ရတဲ့အီးကုတ္ ေရာဆူးပုပ္၊ စားရသူဝယ္ လွ်ာခ်ာလည္” သူတို႔ႏွစ္တြဲကေတာ့ ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ အတြဲဆိုင္းပါ။
ၾကက္သြန္ျဖဴႏိုင္ႏိုင္ ျငဳတ္သီးခပ္ စပ္စပ္နဲ႔ ေရာသေမႊခ်က္လိုက္ရင္ ဝက္သားၾကက္သား ဟင္းေတြထက္သာလြန္တဲ့ ဟင္းမ်ိဳးပါ။ ဒီဟင္းမ်ိဳးကေတာ့ ရွမ္းျပည္နယ္၊ ကယားျပည္နယ္ေလာက္မွာ ပဲရႏိုင္ပါတယ္။ အျခားေဒသေတြမွာ သိၾကမယ္မထင္ပါဘူး။
ေျခာက္ေသြ႕တဲ့ရာသီေတြမွာ ရရွိတတ္ပါတယ္။ အခုလို တေပါင္း တန္ခူး ကဆုန္ နယုန္လေတြမွာ အထူးသျဖင့္ ရရွိတတ္ပါတယ္။
ငယ္စဥ္ခါ ႐ြာမွာရွိတုန္းကေတာ့ တူးဖူးပါတယ္။ မရဖူးပါဘူး။ သူမ်ားတူးတာကိုပဲ ရဖူးပါတယ္။ ေႏွာက္ေခ်းမရဲ႕ ေျခရာေနာက္ကိုလိုက္ၿပီး သူ႔ေျခရာအဆုံးမွာ ဒီလိုဥလုံးေလးေတြရွိပါတယ္။ တစ္တြင္းထဲမွာ အနည္းဆုံးဥေျခာက္လုံးမွ ဥလုံး ၂၀ ေလာက္ရွိတတ္ပါတယ္။
ဥလုံးတစ္လုံးမွာ အေကာင္တစ္ေကာင္ပဲပါတယ္။ ဆူးပုပ္႐ြက္ႏုထြက္လာတဲ့အခ်ိန္မွာ ဥလုံးထဲကအေကာင္ေတြလည္း ခုလိုအဝါေရာင္သန္းလာ ခ်ိန္ျဖစ္ပါတယ္။
ကိုယ္တိုင္ကိုယ္က်တူးၿပီး သုေတသနျပဳထားတဲ့သူတစ္ေယာက္ကေတာ့ အခုလိုေျပာျပေပးပါတယ္။ အဲတာ ႏြား ကြၽဲ ေတြရဲ႕ခ်ီးပါရင္ အဲဒီခ်ီးရဲ႕ေအာက္မွ
ာ ေျမႀကီးထဲမွာေပါ့ ခ်ီးထဲေတာ့ မဟုတ္ဘူး။ ေျမႀကီးကိုတူးလိုက္ရင္ အဲ့လိုေျမႀကီးနဲ႔ ႏြားခ်ီးအလုံးထဲမွာ ေနေနၾကတာ၊ အေရခြံေတြက အဆင့္ဆင့္ေျပာင္းလဲၿပီး ေနာက္ဆုံးမွာ အႏုဆုံးေတာင္ပံေတြေပါ့၊ မမာေသးဘူး တစ္ေကာင္လုံးက ႏို႔ေတြပဲ ႏို႔ထက္ေတာင္ေကာင္းတယ္၊ တစ္ႏွစ္မွ တစ္ခါေပၚတာပါ၊ အရမ္းစားလို႔ေကာင္းပါတယ္။
အဲတာရွမ္းလို အီးကုတ္ အီးခုတ္ လို႔ေခၚၾကပါတယ္။ ျမန္မာလိုဆိုရင္ေတာ့ ႏြားေႏွာက္ခ်ီးပိုးေကာင္လို႔ ေခၚၾကတယ္။
ၾကာလာရင္ သူမ်ားေတြ မတူးမိရင္ အနက္ေရာင္အေကာင္ပုံစံေျပာင္းသြားၿပီးေတာ့ ပ်ံဝဲၾကတယ္။ ညေမွာင္ရီပ်ိဳးခ်ိန္မွာေပါ့၊ ၿပီးေတာ့ အထီးနဲ႔အမ မိတ္လိုက္တယ္။ မနက္က်ေတာ့ အထီးနဲ႔အမ ကြဲကြာၾကၿပီး အမက ႏြားခ်ီး ကြၽဲခ်ီးရွိတဲ့နားမွာ ေျမႀကီးကိုတူးၿပီး ဝင္သြားတယ္။ ၿပီးေတာ့ ဥကိုဥခ်လိုက္တယ္။
သည္လိုနဲ႔ တျဖည္းျဖည္းႀကီးလာရင္းနဲ႔ သည္လိုအလုံးထဲမွာ ေနေနၾကတာပဲ။ မသိမွာစိုးလို႔ပါ အဲဒီပိုးအေၾကာင္းအစုံ ရွင္းျပလိုက္ပါတယ္။ (စကားဝါေျမ)
သူရွင္းျပတာ ဟုတ္ေနတာပဲ..။ ရွမ္းျပည္ ကယားျပည္ေရာက္တဲ့အခါက်ရင္ ျမည္းဖူးသည္ရွိေအာင္ စူးစမ္းၿပီး ေမးၾကည့္ ျမည္းၾကည့္ၾကပါေလ..။
Crd