Unicode
သေဆုံးသွားသည့် ကလေးငယ် များကို သ စ်ပင် ကြီးများထဲတွင် ထည့်သွင်းမြှုပ်နှံ သောရွာလေးအကြောင်း
ကမ္ဘာ့ပေါ်မှာ နိုင်ငံ၊ လူမျိုး၊ ယဉ်ကျေးမှု တွေ ကွဲပြားခြားနား တဲ့အလျောက် ဓလေ့ထုံးစံတွေ ရှေးရိုးစွဲ အယူအဆ တွေကို ယနေ့ခေ တ်ထိ ကျင့်သုံးနေကြတဲ့ လူမျိုးစုတွေလည်း ရှိကြဆဲပါ။ အင်ဒိုနီးရှား ဘက်မှာဆိုရင် ပရိ
သတ်တို့အတွက်အထူးအဆန်းတွေ ဖြ စ်နေစေမယ့် ရွာဓလေ့တွေ အယူ အဆတွေကို များစွာ တွေ့မြင် နိုင်ပါတယ်။ သေပြီးသားလူတွေကို ပြန်ဖော် ပြီးတော့အဝတ် အစားတွေဝတ် သန့်ရှင်းရေး တွေလုပ်ပေး တတ်
တဲ့အင်ဒိုနီးရှားက ရွာလေး အကြောင်းကိုလည်းပရိတ်သတ်တို့ လည်းသိပြီးသား ဖြစ်မှာပါ။ ဒီတစ်ခု ကလည်း အဆိုပါ ရွာလေးရဲ့ နောက်ထပ်ထူးဆန်းတဲ့အယူအဆ ဓလေ့တစ်ခုဖြစ်တာကြောင့် ဗဟု သုတအဖြစ်
ပြန်လည် မျှဝေပေးလိုက်ပါတယ်။အင်ဒိုနီးရှားမှာထူးဆန်းတဲ့ရွာလေးတစ်ရွာ ရှိပါတ ယ်။ ရွကာလေးဟာ ရှေးဘုရင်တွေရဲလက် အောက်ခံမင်းညီမင်းသားတွေအုပ်ချုပ်တဲ့ရွာလေးတစ်ခုဖြစ်ပြီး Tana Toraja ဆိုတဲ့
အမည် ရှိပါတယ်။အဲ့ဒီရွာလေးမှာဆိုရင် ရှေးခေတ်အယူအဆတွေ မပျောက်သေးပါဘူး။သူတို့ဟာ ကလေးငယ် လေးတွေ သေတဲ့အခါကျရင်အဝတ်နဲ့ပတ်ပြီးတော့အလွ န်ကြီးမားတဲ့သစ်ပင်ကြီး တွေရဲ့အထဲမှာသ
စ်ပင်ကို အခေါင်းပေါက်ပြုလုပ်ပြီး မြှုပ်နှံကြပါသတဲ့။သူတို့ ဓလေ့ယုံကြည်မှုက တော့ ကလေးငယ်လေးတွေရဲ့ဝိညာဉ်တွေဟာသဘာဝသစ်ပင်တွေပေါ်မှာမှီခိုပြီးတော့ လေနဲ့အတူ အဝေးကိုလွတ်လပ်စွာ
ရောက်ရှိသွားဖို့အတွက်ရည်ရွယ်တယ်လို့ဆိုထားပါတယ်။တည်ရှိတဲ့ နေရာက တော့Makassar မြို့ရဲ့ မြောက်ပိုင်း၁၈၆မိုင် ကွာဆူလာဝါဆီ ရဲ့တောင်ဘက်မှာ ရွိတဲ့ တောအုပ်တွေထဲကသစ်ပင်ကြီးတွေမှာ ကလေး
ငယ်လေးတွေရဲ့ရုပ်အလောင်းတွေရှိပါတယ်။ ကြောက်စရာလည်းကောင်းအံ့ဩစရာလည်း ကောင်းတဲ့ဒီအင်ဒိုနီးရှားရွာလေးကတော့အထူးတကာအထူးဆန်းဆုံးတွေထဲတစ်ခုလို့ပြောရင်မှားမယ်မထင်ပါဘူး။
Crd
Zawgyi
Crd