“ေဆးေျခာက္နဲ႔ လုပ္ထားတဲ့ ေရခဲမုန႔္ေတြကို တရားဝင္ေရာင္းခ်ေနၿပီျဖစ္တဲ့ ထိုင္းႏိုင္ငံ”

Unicode

ထိုင်းနိုင်ငံမှာ ဆေးခြောက်နဲ့ လုပ်ထားတဲ့ ရေခဲမုန့်တွေကိုထုတ်လုပ်ရောင်းချနေပြီဖြစ်ပြီး စားသုံးသူတွေဆီကနေ ကောင်းမွန်တဲ့ တုန့်ပြန်မှုရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီရေခဲမုန့်အရောင်းပြခန်းကို လာရောက်လည်ပတ်ခဲ့တဲ့ တရားရေးဝန်ကြီး Somsak Thepsutin ကိုယ်တိုင်က ဆေးခြောက်ရေခဲမုန့်ဟာ

သာမန်ရေခဲမုန့်ထက် အရသာပိုကောင်းပြီး ကြိုက်နှစ်သက်တယ်လို့ မှတ်ချက်ပေးပြောကြားခဲ့ပါတယ်။ဆေးရွက်ကြီးနဲ့ ဆေးခြောက်တို့ကို တရားမဝင်ဆေးဝါးစာရင်းကနေ ဖယ်ရှားပြီးတဲ့နောက် ဆေးခြောက်နဲ့ Kratom အရွက်တို့နဲ့ လုပ်ထားတဲ့

ရေခဲမုန့်တွေဟာ ဈေးကွက်ထဲတရားဝင် ဝင်လာတဲ့ အစားအသောက် ထုတ်ကုန်အသစ် ဖြစ်လာခဲ့ပါတယ်Phathalung ပြည်နယ် Muang

ခရိုင် Khru Wat Farm အဖွဲ့အစည်းကနေ ပါဝင်ပစ္စည်း ဆေးခြောက်နဲ့ Kratom အရွက်တို့နဲ့ လုပ်ထားတဲ့ ရေခဲမုန့်တွေကို ဖန်တီးထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။

Songkhla ပြည်နယ် Prince Of Songkla University မှာ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ Kratom အရောင်းပြပွဲမှာ ပြည်တွင်းလုပ်ငန်းက ဆေးခြောက် ရေခဲမုန့်နဲ့ Kratom တစ်ခွက်လျှင် ဘတ် ၄၀ နဲ့ ကတော့တစ်ခုလျှင် ဘတ် ၂၀ နဲ့ ရောင်းချခဲ့တယ်လို့ သိရပါတယ်။

ရေခဲမုန့်တွေရောင်းချခဲ့တာနဲ့ပတ်သက်ပြီးရေခဲမုန့်တွေကိုတော့ စားသုံးသူတွေဆီက မျှော်လင့်ထားတာထက်ကို ပိုပြီးကောင်းမွန်တဲ့ တုန့်ပြန်မှုတွေရခဲ့ကြောင်း လုပ်ငန်းပိုင်ရှင် Patthawan Pleng-arun က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဆေးခြောက်နဲ့ပြုလုပ်ထားတဲ့ အခြားစားသောက်ကုန်ပစ္စည်းတွေလည်း ထပ်မံထွက်ပေါ်လာဦးမှာလို့ သုံးသပ်ရပါတယ်။

#AKonThi #ဆေးခြောက်ရေခဲမုန့် #Songkhla

#PrinceOfSongklaUniversity

Zawgyi

ထိုင္းႏိုင္ငံမွာ ေဆးေျခာက္နဲ႔ လုပ္ထားတဲ့ ေရခဲမုန႔္ေတြကိုထုတ္လုပ္ေရာင္းခ်ေနၿပီျဖစ္ၿပီး စားသုံးသူေတြဆီကေန ေကာင္းမြန္တဲ့ တုန႔္ျပန္မႈရရွိခဲ့တယ္လို႔ ဆိုပါတယ္။

အဲဒီေရခဲမုန႔္အေရာင္းျပခန္းကို လာေရာက္လည္ပတ္ခဲ့တဲ့ တရားေရးဝန္ႀကီး Somsak Thepsutin ကိုယ္တိုင္က ေဆးေျခာက္ေရခဲမုန႔္ဟာ

သာမန္ေရခဲမုန႔္ထက္ အရသာပိုေကာင္းၿပီး ႀကိဳက္ႏွစ္သက္တယ္လို႔ မွတ္ခ်က္ေပးေျပာၾကားခဲ့ပါတယ္။ေဆး႐ြက္ႀကီးနဲ႔ ေဆးေျခာက္တို႔ကို တရားမဝင္ေဆးဝါးစာရင္းကေန ဖယ္ရွားၿပီးတဲ့ေနာက္ ေဆးေျခာက္နဲ႔ Kratom အ႐ြက္တို႔နဲ႔ လုပ္ထားတဲ့

ေရခဲမုန႔္ေတြဟာ ေဈးကြက္ထဲတရားဝင္ ဝင္လာတဲ့ အစားအေသာက္ ထုတ္ကုန္အသစ္ ျဖစ္လာခဲ့ပါတယ္Phathalung ျပည္နယ္ Muang

ခ႐ိုင္ Khru Wat Farm အဖြဲ႕အစည္းကေန ပါဝင္ပစၥည္း ေဆးေျခာက္နဲ႔ Kratom အ႐ြက္တို႔နဲ႔ လုပ္ထားတဲ့ ေရခဲမုန႔္ေတြကို ဖန္တီးထုတ္လုပ္ခဲ့တယ္လို႔ သိရပါတယ္။

Songkhla ျပည္နယ္ Prince Of Songkla University မွာ မၾကာေသးမီက ျပဳလုပ္ခဲ့တဲ့ Kratom အေရာင္းျပပြဲမွာ ျပည္တြင္းလုပ္ငန္းက ေဆးေျခာက္ ေရခဲမုန႔္နဲ႔ Kratom တစ္ခြက္လွ်င္ ဘတ္ ၄၀ နဲ႔ ကေတာ့တစ္ခုလွ်င္ ဘတ္ ၂၀ နဲ႔ ေရာင္းခ်ခဲ့တယ္လို႔ သိရပါတယ္။

ေရခဲမုန႔္ေတြေရာင္းခ်ခဲ့တာနဲ႔ပတ္သက္ၿပီးေရခဲမုန႔္ေတြကိုေတာ့ စားသုံးသူေတြဆီက ေမွ်ာ္လင့္ထားတာထက္ကို ပိုၿပီးေကာင္းမြန္တဲ့ တုန႔္ျပန္မႈေတြရခဲ့ေၾကာင္း လုပ္ငန္းပိုင္ရွင္ Patthawan Pleng-arun က ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ေဆးေျခာက္နဲ႔ျပဳလုပ္ထားတဲ့ အျခားစားေသာက္ကုန္ပစၥည္းေတြလည္း ထပ္မံထြက္ေပၚလာဦးမွာလို႔ သုံးသပ္ရပါတယ္။

#AKonThi #ေဆးေျခာက္ေရခဲမုန္႔ #Songkhla

#PrinceOfSongklaUniversity