“လေးတန်းကျောင်းသားအရွယ်ကတည်းက တိတ်တခိုးချစ်ခဲ့ရသော အပျိုကြီးကို ရအောင်လက်ထပ်ယူခဲ့သောကောင်လေး”

Unicode

လေးတန်းကျောင်းသားအရွယ်ကတည်းက တိတ်တခိုး ချစ်ခဲ့ရသော မိမိထက်အသက်ကြီးသော အပျိုကြီးကို အသက်၁၉နှစ်အရွယ်မှာ ရအောင်လက်ထပ်ယူခဲ့သော ကောင်လေး

အချစ်စစ်မှာ ဂုဏ်ငွေ ပကာသန၊ အသက်အရွယ်တွေနှင့် မသက်ဆိုင်ကြောင်း သက်သေပြခဲ့ကြသော ချစ်သူစုံတွဲအတော်များများကို ကိုယ့်အနီးနား ပတ်ဝန်းကျင်ကနေ မြင်တွေ့ဖူးကြလိမ့်မည်။

သို့ဖြစ်၍ ထိုင်းနိုင်ငံ ကျေးလက်ဒေသတွင် နေထိုင်သော အသက်၁၉နှစ်အရွယ် ကောင်လေးတစ်ဦးသည် အိမ်နီးနားချင်းဖြစ်သည့်။

မိမိထက်အသက်ကြီးသော အပျိုကြီးကို လေးတန်းကျောင်းသားဘဝကတည်းက တိတ်တခိုး ချစ်ကြိုက်ခဲ့သည်။

ကောင်လေးသည် အသက်၁၉နှစ်အရွယ် ရောက်သည့်အခါ သူ့ရဲ့Crushဖြစ်သော အဒေါ်ကြီးရဲ့အိမ်မှာ တောက်တိုမယ်ရအလုပ်တွေ လုပ်ကိုင်ကူခဲ့ပြီး နောက်ဆုံး သူအရမ်းချစ်မိနေကြောင်း ဝန်ခံခဲ့သည်။

ထိုအဒေါ်ကြီးသည်လည်း အသက်သာငယ်ပေမယ့် သူမအပေါ် တကယ်ချစ်ပေးသော ကောင်လေးကို လက်ခံခဲ့ပြီ။

၃လအကြာမှာ နှစ်ဖက်မိဘအား ဖွင့်ပြောကာ ကန့်ကွက်ခြင်းမရှိခဲ့၍ ဘတ်ငွေ ၁၅၀၀၀လေးနဲ့ မင်္ဂလာဆောင်ခဲ့လိုက်ကြပါသည်။

Rain (For Ialinks)

Zawgyi








Rain (For Ialinks)