Unicode
“တစ်ရှူး ငှက်ပျော”
အပိုင်း၁
တစ်ရှူးငှက်ပျော်ဆိုတာသိပ်အထူးအဆန်းကြီးမဟုတ်ပါဘူး။အများထင်ကြသလိုဓါတ်ခွဲခန်း တွေထဲကထွက်လာတာလည်းမဟုတ်ပါဘူး။တစ်ရှူး ငှက်ပျော အကြောင်းဒီပိုစ့် မှာ သေချာဖတ်လိုက်ပြီး နားလည်သွားမယ်ဆိုဘယ်သူမဆိုတစ်ရှူးငှက်ပျော ထုတ်လုပ်နိုင်ပါလိမ့်မယ်။
သမားရိုးကျ ငှက်ပျော စိုက်နည်း မှာ ငှက်ပျော သားတက်ကို ဖဲ့ပြီး အဲ့ဒီ သားတက်ကို ပြန်စိုက် ကြတာ လူတိုင်းသိမှာပါ။သားတက် ကို ကတုံး ရိပ်ပြီး မှ အပင် တဝက်လောက်ကနေ ဓါး နဲ့ ပိုင်းဖြတ် ပြီး စိုက်ကြရပါတယ်။ သားတက် ခေါင်း မှာ ရှိတဲ့ အမြစ်မွှေးတွေတင်မက ခေါင်း
အခွံသားတွေ မျက်ကွင်းတွေ ပြောင်သွားအောင် ဓါး နဲ့ ခုတ်လှီး ပြီးမှ စိုက် ကြပါတယ်။ အခုလိုသမားရိုးကျ စိုက်နည်း နဲ့ တစ်ရှူး ငှက်ပျော စိုက်နည်း ကဒ ပျိုး ပင် ယူပုံမှာ ကွာခြားသွားတာပဲ ဖြစ်ပါတယ်။ ကျန်တာ စိုက်ပျိုး နည်းစနစ် ကတော့ အတူတူ ပဲဖြစ်ပါတယ်။တစ်ရှူး ငှက်ပျော ကို ဘယ်လို ပျိုးယူရမလည်း
ငှက်ပျော သားတက် ခေါင်း တခု မှာ အပင်ပေါက်နိုင်တဲ့ မျက်ကွင်း တွေ အနည်းဆုံး ၂ ခုကနေ ၁၅ ခု အခု ၂၀ အထိ အများကြီး ပါကြပါတယ်။အဲ့ဒီ ပါသလောက် မျက်ကွင်းတွေအားလုံး အပင် ပေါက်နိုင် အောင် လုပ်တဲ့ နည်းစနစ် ဟာ တစ်ရှူး ငှက်ပျော ပင် ပျိုးယူတဲ့ နည်း စနစ်ပါပဲ။
အညာဒေသမှာအားလူးစိုက်ကြတာသိကြမှာပေါ့။အားလူးလုံးတလုံးမှာ မျက်ကွင်း ၄ ကွင်း ပါရင် ၄စိပ် ၃ ကွင်းပါရင် ၃ စိပ် အားလူးလုံးကို စိပ်ပြီး မှ အဲ့ဒီ အစိပ်ကလေးတွေကို စိုက်ကြပါတယ်။တစ်ရှူးငှက်ပျောဆိုတာလည်း အဲ့ဒီလို စိပ်ပြီး ပျိုးထားတဲ့ အပင်ကို ခေါ်တာပဲ ဖြစ်ပါတယ်။
*ပျိုးခင်းဘယ်လိုပြင်မလည်း ??
ဓါတ်ခွဲခန်းတွေ မှာပျိုးတာမဟုတ်ပါဘူး။စိုက်ခင်း မြေမှာ ပဲ ပျိုးဘောင် လုပ်ပြီး ပျိုးကြရပါတယ်။ ပျိုးဘောင် အရွယ်အစားကတော့ ကိုယ်လုပ်မဲ့အတိုင်းအတာ တိုင်း ပေါ့။မြေဘောင်ကို မြေဆွ ရမယ် နွားချေး မြေဆွေးသဲမိမိ မြေ အမျိုး အစား အ ရ လိုအပ်သလို ပြုပြင်ထားပါ။မြေဆွေး မြေနှစ် ပေါပြီး မြေကောင်းတဲ့ ခြံတွေမှာဆို မြေဆွ ထားရုံ နဲ့ လုံလောက်ပါပြီး။
ငှက်ပျောခေါင်း ကို အမြစ်မွှားတွေ အားလုံး ဖြတ်ရှင်း လိုက်ပါ။ ပြီး ရင် မျက်ကွင်း တခု ကို အစိပ်တစိပ် ရအောင် ဓါး နဲ့ ခွဲစိပ် လိုက်ပါ။ ခေါင်းတခေါင်းကို စိုက်နိုင်တဲ့ အပင် မျက်ကွင်း ၅ စိပ်ကနေ ၁၀ စိပ်လောက် ရပါလိမ့်မယ်။
ရတဂါ လံ မှာ ဒုတ္ထာ ၂ ကျပ် သား ထုံး ၂ ကျပ် သား ထည့်ဖျော်ထားပါ။ ခုနက ငှက်ပျော မျက်ကွင်း အစိပ်ကလေး တွေ ကို အဲ့ဒီ ရေထဲ ၁ မိနစ်ခန့် စိမ် ထားပြီး ပြန်ဆည်ပါ။ပြီးရင် ခုနက ပြင် ထားတဲ့ ပျိုးဘောင်ထဲမှာ မျက်နှာ ပြင် အောက် ၂လက် မ လောက် မြုပ်တဲ့ အထိ ချ စိုက်လိုက်ပါ။ မျက်ကွင်းလေးကတော့ အပေါ် လှည့် နေပါစေပေါ့။ပြီးရင် မြေဖုံးပေးလိုက်ပါ။
မျက်ကွင်း တခု နဲ့ တခု အကွာအဝေးက လက် ၅ လုံး လောက် ခြား စိုက်ပါ။ပျိုးတဲ့ အဆင့်က ဒါလောက်ပါပဲ။ နေ့စဉ်ရေလောင်း ပေးရပါမယ်။ စိုက်ပြီးအရက် ၂၀ ကနေ ၁ လလောက် ရှိတဲ့အခါ ငှက်ပျော ညောင့်လေးတွေ ပေါက်လာပါမယ်။
အဲ့ဒီအခါ မှာ ငှက်ပျော ပင်ပေါက် လေးတွေကို ပျိုး အိပ်ထဲကို ပြောင်းပေးရပါမယ်။တပင်ကိုတအိပ်ပေါ့။ပြိုး အိပျထဲမှာ၁လခှဲကနေ၂လသားရှိလာပွီဆိုရငျစိုကျခငျး ကို ရှေ့ပွောငျးစိုကျ နိုငျတဲ့ ငှကျပြော ပငျ လေးတှေ ရလာပါပွီ။အဲ့ဒါကိုတဈရှူးငှကျပြော ခေါျကွတာပဲ ဖွဈပါတယ်။
ဆက်ရန်—-
စားနပ်ရိက္ခာဖူလုံမှု အတွက် အထောက်အပံ့တစုံတရာ ဖြစ်စေရာအလို့ငှာ ရေးသားပါသည်။
သန်းဇော် နတ်မောက်)
Zawgyi
“တစ်ရှူး ငှက်ပျော”
အပိုင်း၁
ဆက်ရန်—-
သန်းဇော် နတ်မောက်)