ရန္ကုန္က အမ်ိဳးသမီးမ်ား ဒီလူကိုေတြ႕ရင္ ခပ္ေဝးေဝးက ေရွာင္သြားၾကပါ (က်မ ကိုယ္ေတြ႕ ျဖစ္ရပ္ပါ)

ကျမ နေ့ခင်းကြောင်တောင် လူမြင်ကွင်းမှာ ယောကျ်ားတစ်ယောက်ရဲ့ ရိုက်နှက်တိုက်ခိုက်ခြင်းကို ခံရပါတယ်။ အင်းစိန်လမ်းမပေါ်က သံလမ်းမှတ်တိုင်၊ မူကြိုကျောင်းရှေ့က လမ်းသွယ်မှာ ဖြစ်ခဲ့ပါတယ်။

ကျမ ကားလမ်းကူးပြီးလို့ တဖက်ကို ရောက်ရောက်ချင်း အနားက အမည်မသိယောကျ်ားတစ်ယောက်က ကားလမ်းပေါ် အရှိန်နဲ့တွန်းပစ်လှဲချပါတယ်။ အရှိန်နဲ့လဲသွားပြီး ဒဏ်ရာရချိန်မှာ လက်ထဲက ထီးကို ဆွဲလုတယ်။

ထီးရွက်နေရာကို ရိုက်ချိုးလိုက်ပြီး အဲ့ထီးချွန်နဲ့ ကျမကို ဒေါသတကြီး စရိုက်ပါတော့တယ်။ ကျမ အသားကုန်အော်ဟစ်တော့ ပိုရိုက်ဖို့ပြင်ပါတယ်။ တချို့က ဝင်မကူဘဲ ထိုင်ကြည့်နေပါတယ်။

အနားက ကွမ်းယာသည်အန်တီကြီးက အော်ဟစ်အကူညီတောင်းပေးပါတယ်။ ကျမက မရပ်ဘဲ အာခေါင်ခြစ်မတက် ဆက်တိုက်အော်တော့ အနားက ဆိုက္ကားဆရာဦးလေးကြီးတစ်ယောက်ပြေးလာပြီး တားလိုက်မှ အဲ့လူက မသွားချင်သွားချင်နဲ့ ထွက်သွားပါတယ်။ တရားခံက အေးဆေး ထွက်သွားတာပါ။

ဝင်မဆွဲတဲ့သူတွေပြောချက်အရ သူ့ပါးစပ်ကနေ ကျမကို “သိတယ် သိတယ်” လို့ ပြောလို့ အသိတွေမှတ်ပြီး ဝင်မကူတာလို့ပြောပါတယ်။ အသိဖြစ်ဖြစ် သူစိမ်းဖြစ်ဖြစ် လင်မယားဖြစ်ဖြစ် အကြမ်းဖက်ခံနေရရင် ဝင်ကူသင့်ကြောင်း၊ ဒီလူသာ ဓားပါရင် ပထမ ၂ ချက်နဲ့တင် အသက်ပါ နေပြီဖြစ်ကြောင်းတော့ ပြောခဲ့မိပါတယ်။

ကွမ်းယာဆိုင်အဒေါ်ကြီးတော့ ဒီလိုကိစ္စမျိုး အနားက ဈေးမှာတခါဖြစ်ဖူးတယ်လို့ ပြောပါတယ်။ မိန်းကလေးတွေကိုပဲရွေးပြီး တိုက်ခိုက်ပုံရပါတယ်။ ကျမ ပုံရိုက်ချိန် မရခဲ့ပေမယ့် အကိုတစ်ယောက်က ပေးပို့လာပေးလို့ ပုံပါထည့်သွင်းဖော်ပြလိုက်ပါတယ်။

ထီးမဟုတ်ဘဲ ဓားသာပါရင် တကယ်ထိုးမဲ့ကောင်ပါ။ အရပ်က ခြောက်ပေကျော်၊ လူက ပိန်ကပ်ပြီး အသားညိုပါတယ်။ မေးရိုးတွေ ငေါထွက်ပါတယ်။ ဆံပင်အကောက် ပုံထဲကလိုပါ။ အသက်က ၂၅-၃၀ဝန်းကျင်ပါ။ အအံ့ဩဆုံးကတော့ သူအေးဆေးထွက်သွားနိုင်တာပါပဲ။

ဝင်တားပေးတဲ့ ဆိုက္ကားဆရာဦးလေးကြီးတွေသာ မရှိရင် သူက ရပ်မှာတောင် မဟုတ်ပါဘူး။

Aye Mon Kyaw

Zawgyi

က်မ ေန႔ခင္းေၾကာင္ေတာင္ လူျမင္ကြင္းမွာ ေယာက်္ားတစ္ေယာက္ရဲ့ ရိုက္ႏွက္တိုက္ခိုက္ျခင္းကို ခံရပါတယ္။ အင္းစိန္လမ္းမေပၚက သံလမ္းမွတ္တိုင္၊ မူႀကိဳေက်ာင္းေရွ႕က လမ္းသြယ္မွာ ျဖစ္ခဲ့ပါတယ္။

က်မ ကားလမ္းကူးၿပီးလို႔ တဖက္ကို ေရာက္ေရာက္ခ်င္း အနားက အမည္မသိေယာက်္ားတစ္ေယာက္က ကားလမ္းေပၚ အရွိန္နဲ႔တြန္းပစ္လွဲခ်ပါတယ္။ အရွိန္နဲ႔လဲသြားၿပီး ဒဏ္ရာရခ်ိန္မွာ လက္ထဲက ထီးကို ဆြဲလုတယ္။

ထီးရြက္ေနရာကို ရိုက္ခ်ိဳးလိုက္ၿပီး အဲ့ထီးခၽြန္နဲ႔ က်မကို ေဒါသတႀကီး စရိုက္ပါေတာ့တယ္။ က်မ အသားကုန္ေအာ္ဟစ္ေတာ့ ပိုရိုက္ဖို႔ျပင္ပါတယ္။ တခ်ိဳ႕က ဝင္မကူဘဲ ထိုင္ၾကည့္ေနပါတယ္။

အနားက ကြမ္းယာသည္အန္တီႀကီးက ေအာ္ဟစ္အကူညီေတာင္းေပးပါတယ္။ က်မက မရပ္ဘဲ အာေခါင္ျခစ္မတက္ ဆက္တိုက္ေအာ္ေတာ့ အနားက ဆိုကၠားဆရာဦးေလးႀကီးတစ္ေယာက္ေျပးလာၿပီး တားလိုက္မွ အဲ့လူက မသြားခ်င္သြားခ်င္နဲ႔ ထြက္သြားပါတယ္။ တရားခံက ေအးေဆး ထြက္သြားတာပါ။

ဝင္မဆြဲတဲ့သူေတြေျပာခ်က္အရ သူ႔ပါးစပ္ကေန က်မကို “သိတယ္ သိတယ္” လို႔ ေျပာလို႔ အသိေတြမွတ္ၿပီး ဝင္မကူတာလို႔ေျပာပါတယ္။ အသိျဖစ္ျဖစ္ သူစိမ္းျဖစ္ျဖစ္ လင္မယားျဖစ္ျဖစ္ အၾကမ္းဖက္ခံေနရရင္ ဝင္ကူသင့္ေၾကာင္း၊ ဒီလူသာ ဓားပါရင္ ပထမ ၂ ခ်က္နဲ႔တင္ အသက္ပါ ေနၿပီျဖစ္ေၾကာင္းေတာ့ ေျပာခဲ့မိပါတယ္။

ကြမ္းယာဆိုင္အေဒၚႀကီးေတာ့ ဒီလိုကိစၥမ်ိဳး အနားက ေစ်းမွာတခါျဖစ္ဖူးတယ္လို႔ ေျပာပါတယ္။ မိန္းကေလးေတြကိုပဲေရြးၿပီး တိုက္ခိုက္ပုံရပါတယ္။ က်မ ပုံရိုက္ခ်ိန္ မရခဲ့ေပမယ့္ အကိုတစ္ေယာက္က ေပးပို႔လာေပးလို႔ ပုံပါထည့္သြင္းေဖာ္ျပလိုက္ပါတယ္။

ထီးမဟုတ္ဘဲ ဓားသာပါရင္ တကယ္ထိုးမဲ့ေကာင္ပါ။ အရပ္က ေျခာက္ေပေက်ာ္၊ လူက ပိန္ကပ္ၿပီး အသားညိဳပါတယ္။ ေမးရိုးေတြ ေငါထြက္ပါတယ္။ ဆံပင္အေကာက္ ပုံထဲကလိုပါ။ အသက္က ၂၅-၃၀ဝန္းက်င္ပါ။ အအံ့ဩဆုံးကေတာ့ သူေအးေဆးထြက္သြားနိုင္တာပါပဲ။

ဝင္တားေပးတဲ့ ဆိုကၠားဆရာဦးေလးႀကီးေတြသာ မရွိရင္ သူက ရပ္မွာေတာင္ မဟုတ္ပါဘူး။

Aye Mon Kyaw