ထူးထူးျခားျခားလိင္အဂၤါႏွစ္ခုပါတဲ့သက္ရွိမ်ား

Unicode

ထူးထူးခြားခြား လိင်အင်္ဂါနှစ်ခုပါတဲ့ သက်ရှိများ (ဗဟုသုတရရှိစေဖို့ အချိန် ၁ မိနစ်ပေးဖတ်ပါ)

မြွေတွေမှာ လိင်အင်္ဂါနှစ်ခုပါပါတယ်။ ကမ္ဘာပေါ်မှာ တွားသွား သတ္တဝါ အမျိုးပေါင်းတစ်သောင်းကျော် အသက်ရှင်နေထိုင်နေကြပါတယ်။ ဖွတ်၊ ပုတ်သင်ညို၊မြွေလို အကောင်တွေကစလို့ မိကျောင်းလို အကောင်ကြီးတွေအထိ တွားသွားသတ္တဝါတွေဟာ အရွယ်စုံ၊ ဆိုက်စုံ၊ ပုံစံစုံရှိကြပါတယ်။

သူတို့ဟာ ကိုယ်ခန္ဓာကသာ အရွယ်စုံ၊ ဆိုက်စုံတာ မဟုတ်ပါဘူးတဲ့။ဒီတွားသွား သတ္တဝါတွေရဲ့ လိင်အင်္ဂါဟာလဲ တစ်ကောင်နဲ့တစ်ကောင် မတူကွဲပြားကြပါတယ်တဲ့။ အချွန်အတက်တွေနဲ့ လိင်အင်္ဂါတွေ၊ တစ်ကောင်ထဲမှာ လိင်အင်္ဂါ အများအပြားပါတဲ့ တွားသွားသတ္တဝါ တွေကနေ လိင်အင်္ဂါမပါတဲ့ သတ္တဝါတွေအထိ အမျိုးမျိုး ကွဲပြားကြပါတယ်။

အခုထက်ထိတော့ သိပ္ပံပညာရှင်တွေဟာ တွားသွားသတ္တဝါ အထီးတွေရဲ့ လိင်အင်္ဂါကိုသာ အသေးစိတ်လေ့လာရပါသေးတယ်။ ဘာလို့လဲဆိုတော့ တွားသွားသတ္တဝါ အမတွေရဲ့လိင်အင်္ဂါက ကိုယ်ခန္ဓာအတွင်းထဲ ရောက်နေတော့ လေ့လာရတာ ခက်လို့ပါတဲ့။

နှစ်ခုက တစ်ခုထက်ပိုကောင်းတယ်

မြွေတွေမှာ လိင်အင်္ဂါနှစ်ခုပါပါတယ်။ သူတို့ရဲ့လိင်အင်္ဂါကလဲ အချွန်အတက် ကလေးတွေနဲ့ပါ။ မြွေထီးတွေနဲ့ ဖွတ်တွေ၊ ပုတ်သင်ထီးတွေမှာ လိင်အင်္ဂါနှစ်ခုတောင် ပါပါတယ်တဲ့။ သူတို့ရဲ့ လိင်အင်္ဂါနှစ်ခုတွဲကို သိပ္ပံအခေါ်နဲ့ hemipenes လို့ခေါ်ပါတယ်။

ဒီလိုနှစ်ခုပါတာဟာ အထီးတွေအတွက် အကျိုးရှိပါတယ်တဲ့။ ဘာလို့လဲဆိုတော့ မိတ်လိုက်ရာသီမှာ အခြားမြွေထီးတွေနဲ့ အပြိုင်မိတ်လိုက်ရတာဆိုတော့ မြွေမရဲ့ဘယ်ဖက်ခြမ်းပဲဖြစ်ဖြစ်၊ ညာဖက်ခြမ်းပဲဖြစ်ဖြစ် မိတ်လိုက်နိုင်တဲ့အတွက် အောင်မြင်ဖို့ အခွင့်အလမ်း ပိုများပါတယ်တဲ့။

ဒီလိုမိတ်လိုက်ရာသီမှာဆိုရင် မြွေမတစ်ကောင်ကို မြွေထီးအကောင် လေးငါးဆယ်ကောင်ကနေ တစ်ရာလောက်ထိ ဝိုင်းမိတ်လိုက်တာဆိုတော့ လိင်အင်္ဂါနှစ်ခုပါတော့ ဘက်မရွေးပဲ အောင်မြင်မှုပိုရနိုင်တာပါ။

မြွေထီးတွေမှ လိင်အင်္ဂါနှစ်ခုပါတာ မဟုတ်ပါဘူး။ မြွေမတွေနဲ့ ဖွတ်အမတွေမှာလဲ လိင်အင်္ဂါနှစ်ခုပါပါတယ်တဲ့။ သူတို့ရဲ့လိင်အင်္ဂါကိုတော့ hemiclitores လို့ခေါ်ပါတယ်။ ဒီ hemiclitores နဲ့ပါတ်သက်လို့ကတော့ သိပ္ပံပညာရှင်တွေ ကောင်းကောင်း မသိကြသေးပါဘူး။

လုံးဝမပါလာတော့လဲ တစ်မျိုးကောင်းတာပါပဲ

မြွေတွေ၊ ဖွတ်တွေ၊ ပုတ်သင်တွေမှာ လိင်အင်္ဂါနှစ်ခုပါပေမယ့် နယူးဇီလန်မှာတွေ့ရတဲ့ Tuatara လို့ခေါ်တဲ့ ပုတ်သင်နဲ့ခပ်ဆင်ဆင်တူတဲ့ အကောင်တွေကတော့ လိင်အင်္ဂါပါမလာကြပါဘူး။ ဒီ့အစား ဒီတူအာတာရာတွေဟာ မိတ်လိုက်တဲ့အခါမှာ အထီးက အမပေါကိုတွယ်တက်ပြီး

သူတို့ရဲ့ဘုံယောနိအဝနဲ့ အမရဲ့ယောနိအဝနဲ့ကို တေ့ပေးလိုက်ပါတယ်တဲ့။ ဘုံယောနိ (cloaca) ဆိုတာကတော့ ဒီအကောင်တွေမှာ ယောနိရယ်လို့ သပ်သပ်မပါပဲ စအိုရယ်၊ ဆီးလမ်းကြောင်းရယ်၊ ယောနိရယ် အားလုံးပေါင်းနေတဲ့ အပေါက်တစ်ပေါက်ထဲပါပါတယ်။ ဒီနည်းနဲ့ တူအာတာရာ အထီးဟာ သူ့မျိုးစေ့ကို အမဆီလွှဲပေးတာပါ။

ငှက်အတော်များများကလဲ ဒီလိုနည်းနဲ့ပဲ မိတ်လိုက်တာပါ။ ငှက်တွေမှာလဲ လိင်အင်္ဂါသီးသန့်မပါပဲ ဘုံယောနိပဲပါပါတယ်။ သူတို့ကလဲဒီလိုပဲ အထီးအမဘုံယောနိချင်း ပွတ်သပ်ပြီးမိတ်လိုက်တာပါပဲတဲ့။

အမမှာလဲ လိင်တံပါနိုင်ပါတယ်

ဩစတြေးလျနိုင်ငံက သိပ္ပံပညာရှင်တွေဟာ မနှစ်က ပါးသိုင်းမွှေးရှည် ပုတ်သင်တစ်မျိုးကိုလေ့လာရင်း မထင်မှတ်တာတစ်ခုကို တွေ့ခဲ့ကြပါတယ်။ အဲဒါကတော့ ဒီပုတ်သင်မျိုးရဲ့ အမတွေဟာ ဥထဲမှာနေတုန်း အထီးတွေလို လိင်အင်္ဂါထွက်လာတာပါ။

အထီးတွေလိုပဲ နှစ်ခုထွက်လာတာပါတဲ့။ ဒါပေမယ့် ဥကပေါက်ခါနီးမှာတော့ အမတွေရဲ့လိင်တံဟာ ပျောက်ဆုံးသွားပါတယ်။

အချွန်အတက်ကလေးတွေနဲ့ လိင်အင်္ဂါ

မြွေတွေရဲ့လိင်အင်္ဂါမှာ အချွန်အတက် သေးသေးလေးတွေ ပါပါတယ်။ ဘာ့ကြောင့် ဒီလိုဖြစ်နေရတာလဲဆိုတာ သိပ္ပံပညာရှင်တွေ သေသေချာချာတော့ မသိသေးပါဘူး။ သီအိုရီတစ်ခုကတော့ မြွေတွေဟာ မျိုးတူချင်းမိတ်လိုက်ဖို့ အလွန်အရေးကြီးပါတယ်တဲ့။

မျိုးတူတဲ့မြွေတွေမှာ အထီးနဲ့အမရဲ့ လိင်အင်္ဂါပုံစံဟာ အံဝင်ခွင်ကျရှိပါတယ်တဲ့။ ဒီအချွန်အတက်တွေက မျိုးမတူတဲ့မြွေတွေ မှားယွင်းမိတ်လိုက်မိတာမျိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်တဲ့။

အချို့ကလဲ ဒီအချွတ်အတက်တွေ၊ ချိတ်တွေပါတဲ့အတွက် မိတ်လိုက်ချိန် ပိုကြာမြင့်ပြီး မျိုးစေ့တွေကို ပိုများများအမဆီ လွှဲပြောင်းပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။သသေချာချာ သိဖို့ဆိုတာကတော့ မြွေမတွေရဲ့အင်္ဂါကို သေခြာလေ့လာပြီးမှပဲ ပြောနိုင်မယ်လို့ ပညာရှင်တွေက ထောက်ပြပါတယ်။

Alligator မိကျောင်းထီးတွေရဲ့ လိင်အင်္ဂါဟာ အမြဲထောင်မတ်နေတယ်

အမေရိကန် ခေါင်းတိုမိချောင်းထီးတွေရဲ့လိင်အင်္ဂါဟာ အမြဲထောင်မတ် နေပါတယ်တဲ့။ ခေါင်းတို အမေရိကန်မိကျောင်း (Alligator) အထီးတွေဟာ မိတ်လိုက်ဖို့ အမြဲအသင့်ရယ်ဒီ ရှိနေပါတယ်တဲ့။ ဘာလို့လဲဆို ဒီမိကျောင်းတွေရဲ့ အထီးလိင်အင်္ဂါဟာ အမြဲပဲထောင်မတ်နေလို့ပါတဲ့။

ဒါပေမယ့်သူတို့ဟာ သူတို့ရဲ့အင်္ဂါကို အပြင်မှာထုတ်ထားတာမဟုတ်ပဲ ကိုယ်ထဲမှာ သိမ်းထားတာပါတဲ့။ အဲဒီ့ထက်ထူးခြားတာကတော့ ဒီအင်္ဂါကို သားရေကွင်းပစ်သလို ကိုယ်ခန္ဓာအပြင်ကို အရှိန်နဲ့ပစ်ထည့်နိုင်တာပါပဲ။ ပြီးလို့ရှိရင်လဲ ဒီအင်္ဂါဟာ အရှိန်နဲ့ကိုယ်တွင်းကို ပြန်ဝင်သွားပါတယ်။

ဒီလိုအင်္ဂါမျိုးကို အမေရိကန်မိကျောင်းတွေတင်မက အီဂျစ်က နိုင်းမြစ်မိချောင်းတွေနဲ့ ဩစတြေးလျတိုက်က ရငန်မိကျောင်းတွေမှာလဲ တွေ့ရပါတယ်။ ဘာလို့ဒီလို ခုန်ထွက်နိုင်တဲ့ လိင်အင်္ဂါရှိနေတာလဲ ဆိုတာကတော့ သိပ္ပံပညာရှင်တွေ စဉ်းစားမရဖြစ်နေဆဲပါတဲ့။

Source: National Geographic

ခရက်ဒစ်

Zawgyi

ထူးထူးျခားျခား လိင္အဂၤါႏွစ္ခုပါတဲ့ သက္ရွိမ်ား (ဗဟုသုတရရွိေစဖို႔ အခ်ိန္ ၁ မိနစ္ေပးဖတ္ပါ)

ေႁမြေတြမွာ လိင္အဂၤါႏွစ္ခုပါပါတယ္။ ကမာၻေပၚမွာ တြားသြား သတၱဝါ အမ်ိဳးေပါင္းတစ္ေသာင္းေက်ာ္ အသက္ရွင္ေနထိုင္ေနၾကပါတယ္။ ဖြတ္၊ ပုတ္သင္ညိဳ၊ေႁမြလို အေကာင္ေတြကစလို႔ မိေက်ာင္းလို အေကာင္ႀကီးေတြအထိ တြားသြားသတၱဝါေတြဟာ အ႐ြယ္စုံ၊ ဆိုက္စုံ၊ ပုံစံစုံရွိၾကပါတယ္။

သူတို႔ဟာ ကိုယ္ခႏၶာကသာ အ႐ြယ္စုံ၊ ဆိုက္စုံတာ မဟုတ္ပါဘူးတဲ့။ဒီတြားသြား သတၱဝါေတြရဲ႕ လိင္အဂၤါဟာလဲ တစ္ေကာင္နဲ႔တစ္ေကာင္ မတူကြဲျပားၾကပါတယ္တဲ့။ အခြၽန္အတက္ေတြနဲ႔ လိင္အဂၤါေတြ၊ တစ္ေကာင္ထဲမွာ လိင္အဂၤါ အမ်ားအျပားပါတဲ့ တြားသြားသတၱဝါ ေတြကေန လိင္အဂၤါမပါတဲ့ သတၱဝါေတြအထိ အမ်ိဳးမ်ိဳး ကြဲျပားၾကပါတယ္။

အခုထက္ထိေတာ့ သိပၸံပညာရွင္ေတြဟာ တြားသြားသတၱဝါ အထီးေတြရဲ႕ လိင္အဂၤါကိုသာ အေသးစိတ္ေလ့လာရပါေသးတယ္။ ဘာလို႔လဲဆိုေတာ့ တြားသြားသတၱဝါ အမေတြရဲ႕လိင္အဂၤါက ကိုယ္ခႏၶာအတြင္းထဲ ေရာက္ေနေတာ့ ေလ့လာရတာ ခက္လို႔ပါတဲ့။

ႏွစ္ခုက တစ္ခုထက္ပိုေကာင္းတယ္

ေႁမြေတြမွာ လိင္အဂၤါႏွစ္ခုပါပါတယ္။ သူတို႔ရဲ႕လိင္အဂၤါကလဲ အခြၽန္အတက္ ကေလးေတြနဲ႔ပါ။ ေႁမြထီးေတြနဲ႔ ဖြတ္ေတြ၊ ပုတ္သင္ထီးေတြမွာ လိင္အဂၤါႏွစ္ခုေတာင္ ပါပါတယ္တဲ့။ သူတို႔ရဲ႕ လိင္အဂၤါႏွစ္ခုတြဲကို သိပၸံအေခၚနဲ႔ hemipenes လို႔ေခၚပါတယ္။

ဒီလိုႏွစ္ခုပါတာဟာ အထီးေတြအတြက္ အက်ိဳးရွိပါတယ္တဲ့။ ဘာလို႔လဲဆိုေတာ့ မိတ္လိုက္ရာသီမွာ အျခားေႁမြထီးေတြနဲ႔ အၿပိဳင္မိတ္လိုက္ရတာဆိုေတာ့ ေႁမြမရဲ႕ဘယ္ဖက္ျခမ္းပဲျဖစ္ျဖစ္၊ ညာဖက္ျခမ္းပဲျဖစ္ျဖစ္ မိတ္လိုက္ႏိုင္တဲ့အတြက္ ေအာင္ျမင္ဖို႔ အခြင့္အလမ္း ပိုမ်ားပါတယ္တဲ့။

ဒီလိုမိတ္လိုက္ရာသီမွာဆိုရင္ ေႁမြမတစ္ေကာင္ကို ေႁမြထီးအေကာင္ ေလးငါးဆယ္ေကာင္ကေန တစ္ရာေလာက္ထိ ဝိုင္းမိတ္လိုက္တာဆိုေတာ့ လိင္အဂၤါႏွစ္ခုပါေတာ့ ဘက္မေ႐ြးပဲ ေအာင္ျမင္မႈပိုရႏိုင္တာပါ။

ေႁမြထီးေတြမွ လိင္အဂၤါႏွစ္ခုပါတာ မဟုတ္ပါဘူး။ ေႁမြမေတြနဲ႔ ဖြတ္အမေတြမွာလဲ လိင္အဂၤါႏွစ္ခုပါပါတယ္တဲ့။ သူတို႔ရဲ႕လိင္အဂၤါကိုေတာ့ hemiclitores လို႔ေခၚပါတယ္။ ဒီ hemiclitores နဲ႔ပါတ္သက္လို႔ကေတာ့ သိပၸံပညာရွင္ေတြ ေကာင္းေကာင္း မသိၾကေသးပါဘူး။

လုံးဝမပါလာေတာ့လဲ တစ္မ်ိဳးေကာင္းတာပါပဲ

ေႁမြေတြ၊ ဖြတ္ေတြ၊ ပုတ္သင္ေတြမွာ လိင္အဂၤါႏွစ္ခုပါေပမယ့္ နယူးဇီလန္မွာေတြ႕ရတဲ့ Tuatara လို႔ေခၚတဲ့ ပုတ္သင္နဲ႔ခပ္ဆင္ဆင္တူတဲ့ အေကာင္ေတြကေတာ့ လိင္အဂၤါပါမလာၾကပါဘူး။ ဒီ့အစား ဒီတူအာတာရာေတြဟာ မိတ္လိုက္တဲ့အခါမွာ အထီးက အမေပါကိုတြယ္တက္ၿပီး

သူတို႔ရဲ႕ဘုံေယာနိအဝနဲ႔ အမရဲ႕ေယာနိအဝနဲ႔ကို ေတ့ေပးလိုက္ပါတယ္တဲ့။ ဘုံေယာနိ (cloaca) ဆိုတာကေတာ့ ဒီအေကာင္ေတြမွာ ေယာနိရယ္လို႔ သပ္သပ္မပါပဲ စအိုရယ္၊ ဆီးလမ္းေၾကာင္းရယ္၊ ေယာနိရယ္ အားလုံးေပါင္းေနတဲ့ အေပါက္တစ္ေပါက္ထဲပါပါတယ္။ ဒီနည္းနဲ႔ တူအာတာရာ အထီးဟာ သူ႔မ်ိဳးေစ့ကို အမဆီလႊဲေပးတာပါ။

ငွက္အေတာ္မ်ားမ်ားကလဲ ဒီလိုနည္းနဲ႔ပဲ မိတ္လိုက္တာပါ။ ငွက္ေတြမွာလဲ လိင္အဂၤါသီးသန႔္မပါပဲ ဘုံေယာနိပဲပါပါတယ္။ သူတို႔ကလဲဒီလိုပဲ အထီးအမဘုံေယာနိခ်င္း ပြတ္သပ္ၿပီးမိတ္လိုက္တာပါပဲတဲ့။

အမမွာလဲ လိင္တံပါႏိုင္ပါတယ္

ဩစေၾတးလ်ႏိုင္ငံက သိပၸံပညာရွင္ေတြဟာ မႏွစ္က ပါးသိုင္းေမႊးရွည္ ပုတ္သင္တစ္မ်ိဳးကိုေလ့လာရင္း မထင္မွတ္တာတစ္ခုကို ေတြ႕ခဲ့ၾကပါတယ္။ အဲဒါကေတာ့ ဒီပုတ္သင္မ်ိဳးရဲ႕ အမေတြဟာ ဥထဲမွာေနတုန္း အထီးေတြလို လိင္အဂၤါထြက္လာတာပါ။

အထီးေတြလိုပဲ ႏွစ္ခုထြက္လာတာပါတဲ့။ ဒါေပမယ့္ ဥကေပါက္ခါနီးမွာေတာ့ အမေတြရဲ႕လိင္တံဟာ ေပ်ာက္ဆုံးသြားပါတယ္။

အခြၽန္အတက္ကေလးေတြနဲ႔ လိင္အဂၤါ

ေႁမြေတြရဲ႕လိင္အဂၤါမွာ အခြၽန္အတက္ ေသးေသးေလးေတြ ပါပါတယ္။ ဘာ့ေၾကာင့္ ဒီလိုျဖစ္ေနရတာလဲဆိုတာ သိပၸံပညာရွင္ေတြ ေသေသခ်ာခ်ာေတာ့ မသိေသးပါဘူး။ သီအိုရီတစ္ခုကေတာ့ ေႁမြေတြဟာ မ်ိဳးတူခ်င္းမိတ္လိုက္ဖို႔ အလြန္အေရးႀကီးပါတယ္တဲ့။

မ်ိဳးတူတဲ့ေႁမြေတြမွာ အထီးနဲ႔အမရဲ႕ လိင္အဂၤါပုံစံဟာ အံဝင္ခြင္က်ရွိပါတယ္တဲ့။ ဒီအခြၽန္အတက္ေတြက မ်ိဳးမတူတဲ့ေႁမြေတြ မွားယြင္းမိတ္လိုက္မိတာမ်ိဳးမျဖစ္ေအာင္ ကာကြယ္ေပးပါတယ္တဲ့။

အခ်ိဳ႕ကလဲ ဒီအခြၽတ္အတက္ေတြ၊ ခ်ိတ္ေတြပါတဲ့အတြက္ မိတ္လိုက္ခ်ိန္ ပိုၾကာျမင့္ၿပီး မ်ိဳးေစ့ေတြကို ပိုမ်ားမ်ားအမဆီ လႊဲေျပာင္းေပးႏိုင္တယ္လို႔ ယုံၾကည္ၾကပါတယ္။သေသခ်ာခ်ာ သိဖို႔ဆိုတာကေတာ့ ေႁမြမေတြရဲ႕အဂၤါကို ေသျခာေလ့လာၿပီးမွပဲ ေျပာႏိုင္မယ္လို႔ ပညာရွင္ေတြက ေထာက္ျပပါတယ္။

Alligator မိေက်ာင္းထီးေတြရဲ႕ လိင္အဂၤါဟာ အၿမဲေထာင္မတ္ေနတယ္

အေမရိကန္ ေခါင္းတိုမိေခ်ာင္းထီးေတြရဲ႕လိင္အဂၤါဟာ အၿမဲေထာင္မတ္ ေနပါတယ္တဲ့။ ေခါင္းတို အေမရိကန္မိေက်ာင္း (Alligator) အထီးေတြဟာ မိတ္လိုက္ဖို႔ အၿမဲအသင့္ရယ္ဒီ ရွိေနပါတယ္တဲ့။ ဘာလို႔လဲဆို ဒီမိေက်ာင္းေတြရဲ႕ အထီးလိင္အဂၤါဟာ အၿမဲပဲေထာင္မတ္ေနလို႔ပါတဲ့။

ဒါေပမယ့္သူတို႔ဟာ သူတို႔ရဲ႕အဂၤါကို အျပင္မွာထုတ္ထားတာမဟုတ္ပဲ ကိုယ္ထဲမွာ သိမ္းထားတာပါတဲ့။ အဲဒီ့ထက္ထူးျခားတာကေတာ့ ဒီအဂၤါကို သားေရကြင္းပစ္သလို ကိုယ္ခႏၶာအျပင္ကို အရွိန္နဲ႔ပစ္ထည့္ႏိုင္တာပါပဲ။ ၿပီးလို႔ရွိရင္လဲ ဒီအဂၤါဟာ အရွိန္နဲ႔ကိုယ္တြင္းကို ျပန္ဝင္သြားပါတယ္။

ဒီလိုအဂၤါမ်ိဳးကို အေမရိကန္မိေက်ာင္းေတြတင္မက အီဂ်စ္က ႏိုင္းျမစ္မိေခ်ာင္းေတြနဲ႔ ဩစေၾတးလ်တိုက္က ရငန္မိေက်ာင္းေတြမွာလဲ ေတြ႕ရပါတယ္။ ဘာလို႔ဒီလို ခုန္ထြက္ႏိုင္တဲ့ လိင္အဂၤါရွိေနတာလဲ ဆိုတာကေတာ့ သိပၸံပညာရွင္ေတြ စဥ္းစားမရျဖစ္ေနဆဲပါတဲ့။

Source: National Geographic

ခရက္ဒစ္