ဒိန္ခ်ဥ္ေဖာက္နည္း(၃)မ်ိဳးႏွင့္ဒိန္ခ်ဥ္ေကာင္းမေကာင္းၾကည့္နည္း

Unicode

ဒိန်ချဉ်ဖောက်နည်း (၃) နည်းနှင့် ဒိန်ချဉ်ကောင်းမကောင်းလေ့လာမယ်

နည်း (၁)

နွားနို့ 50သားလောက်ကျိုပြီး အအေးခံထား။ အပူလျော့ပြီး မအေးသေးတယ့်အနေထားမှာထမင်းစားဇွန်းတစ်ဇွန်းစာလောက်အချဉ်ထည့်မွှေပေး။ပြီးရင်ပလပ်စတစ် အပေါက်လေးတွေဖောက်ပီး၊ အုပ်ထား။ 8နာရီလောက်ဆိုရပြီ (မလှုပ်မိစေနဲ့နော်)

အချဉ်ဆိုတာက နွားနို့ အစိမ်းကို အခန်းအပူချိန်မှာအကြမ်းပန်းကန် တစ်လုံးစာဒီတိုင်းထား ရင် 24နာရီမှာအချဉ်ဖြစ်ပါတယ် (ဒါမလုပ်ချင်ရင် ဒိန်ချဉ်တစ်ဇွန်း ဆိုလည်းရတယ်။ )

နောက်တနည်း(၂)

အစအဆုံးလုပ်ချင်တယ်ဆိုရင် ပထမနေ့မှာ နွားနို့အစိမ်း လက်ဖက်ရည်တပန်းကန်လုံးလောက်ကို အခန်းအပူချိန် အတိုင်း ၂၄နာရီပြည့်အောင့်အချဉ်ခံထားပါ။ (ဥပမာ-ကြောင်အိမ်ထောင့် တနေရာရာမှာဖြစ်ဖြစ်ထား)

ဒုတိယနေ့မှာ နွားနို့ တပိဿာ ကြိုပါ။ လက်ညှိုးထိုးကြည့်လို့ရတဲ့ အပူရှိန်လောက်ဆိုရင် မနေ့ကအချဉ်ခံထားတဲ့နွားနို့တွေထည့်ပြီးနှံ့အောင်မွှေပါ။

ပြီးရင် ကြွေဖြစ်ဖြစ်၊ ဖန်ဖြစ်ဖြစ်၊ မြေအိုးဖြစ်ဖြစ် ဒိန်ချဉ်လုပ်မယ့် ခွက်တခုခုထဲကို ထည့်ပါ။အလွယ်တကူမထိ၊မလှုပ်အောင်အဖုံးမဖုံးဘဲထားပါ။မထိ၊မလှုပ်ပါနဲ့။၁၄နာရီလောက် ကြာရင် တော့ဒိန်ချဉ်ရပါပြီ။

အဲဒီတော့မှ အဖုံးဖုံးပြီး ရေခဲသေတာထဲထည့်ပါ။ တပတ်လောက်ခံပါတယ်။ နောက်တကြိမ်ထပ်လုပ်ဖို့အတွက် ဒိန်ချဉ် လက်ဖက်ရည်ပန်းကန်နဲ့တခွက်စာသပ်သပ်သိမ်းထားပါ။

နောက်တခါ ဒိန်ချဉ်လုပ်တဲ့အခါ သိမ်းထားတဲ့ဒိန်ချဉ်ကို ထည့်မွှေပြီး ထပ်လုပ်ရုံပဲ။ နို့ချဉ်ခံစရာ အဲဒါဆိုရင်မလိုတော့ဘူး။အဲနည်းအတိုင်း လုပ်တာပါပန်းကန်ကိုတော့ ခဲမခဲ လှုပ်ကြည့်မိတယ်

ရောင်းတန်းဝင် အိုးလေးဒိန်ချဉ်လုပ်နည်း (၃)

ဒိန်ချဉ်လုပ်နည်းတွေ အများအပြား ရှိပါတယ်။ အလွယ်နည်း၊ အခက်နည်း၊ ရောင်းတန်းအတွက် လုပ်နည်း စသဖြင့် အနည်းငယ်စီသာ ကွာခြားပါတယ်။အလွယ်နည်း ပြောနေတြတာကတော့ နွားနို့ထဲကို ဒိန်ချဉ်ထည့်ထားလိုက်ရင် ဒိန်ချဉ်ဖြစ်သွားတယ် ဆိုတာပါပဲ။

ဒါပေမယ့် အဲဒီဒိန်ချဉ်အနည်းငယ်ကို ဘယ်လိုလုပ်မလဲ။ အဲဒါကို အခု စပြောပြပါမယ်။ အိုးကို မြေအိုးရှိပါက ပိုအဆင်ပြေပါတယ်။ အခြားအိုးနဲ့လည်း ရနိုင်ပါတယ်။အရင်ဆုံး နို့အချဉ် စလုပ်ရမယ် ( ကိုယ်ဘာသာအချဉ်မဖောက်ချင်လို့ လုပ်ပြီးသားဒိန်ချဉ် ကိုလဲ ရောထည့်လဲရတယ် )

(၁) အိုးသစ်တစ်လုံးကို သန့်ရှင်းပြီး ခြောက်အောင်ထားပါ။

(၂) ၎င်းအိုးထဲကို ကျိုထားသောနွားနို့ စားပွဲတင်ဇွန်း ၄ ဇွန်းခန့် ထည့်ပါ။

(၃) အိုးကို အဖုံးအုပ်ထားပြီး နေပူထဲမှာ ၆ နာရီခန့် ချထားပါ။

(၄) အိုးထဲမှနွားနို့များ ခဲသွားသွားပြီး အချဉ်နံ့လေး ထွက်လာရင် ဒိန်ချဉ်စလုပ်လို့ ရပါပြီ။

ဒိန်ချဉ်ပြုလုပ်နည်း

(၁) ဒိန်ချဉ်ပြုလုပ်မည့် နွားနို့ကို အိုးသန့်သန့်ဖြင့် ၁၀ မိနစ်ခန့် ဆူပွတ်လာအောင် တည်ပါ။ (အပူ ဖာရင်ဟို 200 ခန့် ရှိရပါမယ်)

(၂) ပြီးလျှင် အောက်ချထားပြီး ကြက်သီးနွေးလေးအထိ (112 to 115 ဖာရင်ဟိုက်)ခန့် အအေးခံပေးပါ။

(၃) အနည်းငယ် နွေးသော အနေအထားမှာ အထက်က ဒိန်ချဉ်လုပ်ထားသော အိုးထဲကို အနည်းငယ် လောင်းထည့်ပြီး ခဲနေတဲ့ဒိန်ချဉ်ကို ကြေအောင်ချေပေးပါ။

(၄) ဒိန်ချဉ်အိုး တည်ထားမည့်နေရာကို ရွေးပါ။ အပူချိန် 110 ဖာရင်ဟိုက် ရှိရမည်။ အိုးမလှုပ်နိုင်သည့်နေရာမှာ ထားလျှင် ပိုကောင်းမည်။

(၅) ဒိန်ချဉ်ချေထားသော အိုးထဲကို တည်ထားသောနွားနို့များ အကုန်လောင်းထည့်ပြီး အဖုံးလုံအောင် ပိတ်ထားပါ။ နို့ဒိန်ချဉ်မကွဲအောင် အိုးကို ရွှေ့ခြင်း၊ မခြင်းမပြုရပါ။

(၆) နေရာအပူချိန်ပေါ် မူတည်ပြီး ၅ နာရီမှ ၇ နာရီခန့်ထိ ထားပေးပြီးလျှင် ဒိန်ချဉ်ကို မြည်းကြည့်ပြီး ကိုယ်လိုအပ်သည့် အချဉ် အနေတော်ဖြစ်လျှင် စတင်သုံးဆောင်နိုင်ပါပြီ။

ဒိန်ချဉ်နှင့်အလိုက်ဖက်ဆုံးသော အစားအစာမှာ စတော်ဘယ်ရီသီး ဖြစ်ပါတယ်။အချဉ်အရသာ ထပ်မပိုစေရန် ရေခဲသေတ္တာထဲထည့်၍လိုအပ်သလောက်သာ ပုဂံထဲထည့်စားနိုင်ပါတယ်။ ကုန်ခါနီးလျှင် လက်ကျန်ဒိန်ချဉ်ဖြင့် နောက်ထပ် ဒိန်ချဉ်အသစ်တစ်အိုးကို ဆင့်ပွါးလုပ်နိုင်ပါတယ်။ကိုအောင်မြင့်မြတ်

ဘယ်အချိန်မှာဒိန်ချဉ်ပျက်သွားတတ်သလဲ? အချဉ်ဖောက်ထားတဲ့အရာပဲ… ပျက်သွားတတ်လို့လား?

ဟုတ်ကဲ့။ ပျက်သွားတတ်ပါတယ်။ ရှင်းရှင်းပြောရရင် စားဖို့မသင့်တော်တော့ဘူးပေါ့။ ဘယ်အရာမှာမဆို သက်တမ်းဆိုတာရှိပါတယ်။

အဓိက အစာအိမ်နဲ့အူလမ်းကြောင်းအတွက် တန်ဆေး၊လွန်ဘေး ဖြစ်သွားမှာစိုးလို့ပါ။ ဒိန်ချဉ် ပျက်သွားတတ်တဲ့သဘောလေးသိထားရင်
အစာအိမ်ကျန်းမာရေး အားနည်းတဲ့သူတွေအတွက်၊ ဝမ်းပျက်လွယ်တဲ့သူတွေအတွက် သတိထားစားသုံးနိုင်ကြဖို့ အထောက်အကူဖြစ်စေမှာပါ။

ဒါဆိုရင် ဘယ်လိုမျိုးဆို ဒိန်ချဉ်ပျက်ပြီလို့ ယူဆကြမလဲ?

ဒေါ်ကြီးငယ်တို့ သေသေချာချာ စာတွေဖတ်လေ့လာထားတာရယ်၊ ဒိန်ချဉ်အပျက်ခံပြီး စမ်းသပ်ထားတာလေးတွေရယ်ကို အခြေခံပြီး မျှဝေပေးမယ်နော်။

အရသာချဉ်တဲ့အရသာ (အရမ်းပြင်းတာလဲရှိတယ်၊ ခပ်စိမ့်စိမ့်လေးလဲရှိတယ်)ဟာ ဒိန်ချဉ်ရဲ့ ပုံမှန်သဘာဝပါ။ ဒါပေမယ့် ဒိန်ချဉ်ကိုစသောက်လိုက်တာနဲ့ စပါကလင်လို စူးရှရှအရသာ လျှာပေါ်မှာခံစားလိုက်ရပြီဆိုရင် မသောက်ပါနဲ့တော့နော်။

အနံ့ ဒိန်ချဉ်မှာ နို့ချဉ်နံ့ထွက်နေတာဟာ ပုံမှန်သဘာဝပါ။ ဒါပေမယ့် ချဉ်စူးစူးနဲ့ အတော်ပြင်းထန်တဲ့အချဉ်အနံ့ကိုရရင်တော့ ဒိန်ချဉ်ဟာ သက်တမ်းကြာနေလောက်ပြီး

သာမာန်အခန်းအပူချိန်နဲ့ ထိတွေ့တာကြာနေပြီလို့ သတ်မှတ်နိုင်တာမို့ မသောက်သုံးပါနဲ့တော့နော်။

အမြင်မှိုအညိုရောင်လေးတွေစွဲနေပြီ၊ ပူစီပေါင်းလေးတွေ ထနေပြီဆိုရင် သိပ်ကိုသေချာပါတယ်။ အကျိုးပြု ဘက်တီးရီးယားလေးတွေကုန်လို့ ဒိန်ချဉ် ပျက်နေပါပြီ။ မသောက်သုံးပါနဲ့တော့နော်။

အချိန်ကာUSDA ရဲ့ လေ့လာချက်အရ ဒိန်ချဉ်ပြုလုပ်ပြီးရက်ကနေ ၂ပတ်အထိ ရေခဲသေတ္တာထဲမှာထားရင် အထားခံပါတယ်။ စားသုံးဖို့လဲ စိတ်ချရပါတယ်။

ဒါပေမယ့် အဖုံးဖွင့်လိုက်တာတို့၊ တဝက်စားပြီး တဝက်ကျန်တာတို့ (ဇွန်းအသန့်နဲ့ခပ်ဖို့လိုပါတယ်) ဆိုရင်တော့ ၅ရက် – ရရက် အတွင်းမှာပဲ စိတ်ချစွာစားသုံးပေးသင့်ပါတယ်။

ကဲ အခုဆိုရင် ဒိန်ချဉ်ကြိုက်နှစ်သက်တဲ့အချစ်တို့လဲ ဒိန်ချဉ်အကြောင်းနောက်တခုထပ်သိသွားပြီပေါ့နော်။
စားသုံးသူတွေအတွက် အမြဲစေတနာရှေ့ထားမယ့် ဒေါ်ကြီးငယ်။

Credit

Zawgyi

ဒိန္ခ်ဥ္ေဖာက္နည္း (၃) နည္းႏွင့္ ဒိန္ခ်ဥ္ေကာင္းမေကာင္းေလ့လာမယ္

နည္း (၁)

ႏြားႏို႔ 50သားေလာက္က်ိဳၿပီး အေအးခံထား။ အပူေလ်ာ့ၿပီး မေအးေသးတယ့္အေနထားမွာ ထမင္းစားဇြန္းတစ္ဇြန္းစာေလာက္အခ်ဥ္ထည့္ေမႊေပး။ၿပီးရင္ပလပ္စတစ္ အေပါက္ေလးေတြေဖာက္ပီး၊ အုပ္ထား။ 8နာရီေလာက္ဆိုရၿပီ (မလႈပ္မိေစနဲ႔ေနာ္)

အခ်ဥ္ဆိုတာက ႏြားႏို႔ အစိမ္းကို အခန္းအပူခ်ိန္မွာ အၾကမ္းပန္းကန္ တစ္လုံးစာ ဒီတိုင္းထား ရင္ 24နာရီမွာ အခ်ဥ္ျဖစ္ပါတယ္ (ဒါမလုပ္ခ်င္ရင္ ဒိန္ခ်ဥ္တစ္ဇြန္း ဆိုလည္းရတယ္။ )

ေနာက္တနည္း(၂)

အစအဆုံးလုပ္ခ်င္တယ္ဆိုရင္ ပထမေန႔မွာ ႏြားႏို႔အစိမ္း လက္ဖက္ရည္တပန္းကန္လုံးေလာက္ကို အခန္းအပူခ်ိန္ အတိုင္း ၂၄နာရီျပည့္ေအာင့္ အခ်ဥ္ခံထားပါ။ (ဥပမာ-ေၾကာင္အိမ္ေထာင့္ တေနရာရာမွာျဖစ္ျဖစ္ထား)

ဒုတိယေန႔မွာ ႏြားႏို႔ တပိႆာ ႀကိဳပါ။ လက္ညႇိဳးထိုးၾကည့္လို႔ရတဲ့ အပူရွိန္ေလာက္ဆိုရင္ မေန႔ကအခ်ဥ္ခံထားတဲ့ ႏြားႏို႔ေတြထည့္ၿပီး ႏွံ႔ေအာင္ေမႊပါ။

ၿပီးရင္ ေႂကြျဖစ္ျဖစ္၊ ဖန္ျဖစ္ျဖစ္၊ ေျမအိုးျဖစ္ျဖစ္ ဒိန္ခ်ဥ္လုပ္မယ့္ ခြက္တခုခုထဲကို ထည့္ပါ။ အလြယ္တကူမထိ၊ မလႈပ္ေအာင္ အဖုံးမဖုံးဘဲ ထားပါ။ မထိ၊ မလႈပ္ပါနဲ႔။ ၁၄နာရီေလာက္ ၾကာရင္ ေတာ့ဒိန္ခ်ဥ္ရပါၿပီ။

အဲဒီေတာ့မွ အဖုံးဖုံးၿပီး ေရခဲေသတာထဲထည့္ပါ။ တပတ္ေလာက္ခံပါတယ္။ ေနာက္တႀကိမ္ထပ္လုပ္ဖို႔အတြက္ ဒိန္ခ်ဥ္ လက္ဖက္ရည္ပန္းကန္နဲ႔ တခြက္စာသပ္သပ္သိမ္းထားပါ။

ေနာက္တခါ ဒိန္ခ်ဥ္လုပ္တဲ့အခါ သိမ္းထားတဲ့ဒိန္ခ်ဥ္ကို ထည့္ေမႊၿပီး ထပ္လုပ္႐ုံပဲ။ ႏို႔ခ်ဥ္ခံစရာ အဲဒါဆိုရင္မလိုေတာ့ဘူး။အဲနည္းအတိုင္း လုပ္တာပါပန္းကန္ကိုေတာ့ ခဲမခဲ လႈပ္ၾကည့္မိတယ္

ေရာင္းတန္းဝင္ အိုးေလးဒိန္ခ်ဥ္လုပ္နည္း (၃)

ဒိန္ခ်ဥ္လုပ္နည္းေတြ အမ်ားအျပား ရွိပါတယ္။ အလြယ္နည္း၊ အခက္နည္း၊ ေရာင္းတန္းအတြက္ လုပ္နည္း စသျဖင့္ အနည္းငယ္စီသာ ကြာျခားပါတယ္။အလြယ္နည္း ေျပာေနၾတတာကေတာ့ ႏြားႏို႔ထဲကို ဒိန္ခ်ဥ္ထည့္ထားလိုက္ရင္ ဒိန္ခ်ဥ္ျဖစ္သြားတယ္ ဆိုတာပါပဲ။

ဒါေပမယ့္ အဲဒီဒိန္ခ်ဥ္အနည္းငယ္ကို ဘယ္လိုလုပ္မလဲ။ အဲဒါကို အခု စေျပာျပပါမယ္။ အိုးကို ေျမအိုးရွိပါက ပိုအဆင္ေျပပါတယ္။ အျခားအိုးနဲ႔လည္း ရႏိုင္ပါတယ္။အရင္ဆုံး ႏို႔အခ်ဥ္ စလုပ္ရမယ္ ( ကိုယ္ဘာသာအခ်ဥ္မေဖာက္ခ်င္လို႔ လုပ္ၿပီးသားဒိန္ခ်ဥ္ ကိုလဲ ေရာထည့္လဲရတယ္ )

(၁) အိုးသစ္တစ္လုံးကို သန႔္ရွင္းၿပီး ေျခာက္ေအာင္ထားပါ။

(၂) ၎အိုးထဲကို က်ိဳထားေသာႏြားႏို႔ စားပြဲတင္ဇြန္း ၄ ဇြန္းခန႔္ ထည့္ပါ။

(၃) အိုးကို အဖုံးအုပ္ထားၿပီး ေနပူထဲမွာ ၆ နာရီခန႔္ ခ်ထားပါ။

(၄) အိုးထဲမွႏြားႏို႔မ်ား ခဲသြားသြားၿပီး အခ်ဥ္နံ႔ေလး ထြက္လာရင္ ဒိန္ခ်ဥ္စလုပ္လို႔ ရပါၿပီ။

ဒိန္ခ်ဥ္ျပဳလုပ္နည္း

(၁) ဒိန္ခ်ဥ္ျပဳလုပ္မည့္ ႏြားႏို႔ကို အိုးသန႔္သန႔္ျဖင့္ ၁၀ မိနစ္ခန႔္ ဆူပြတ္လာေအာင္ တည္ပါ။ (အပူ ဖာရင္ဟို 200 ခန႔္ ရွိရပါမယ္)

(၂) ၿပီးလွ်င္ ေအာက္ခ်ထားၿပီး ၾကက္သီးေႏြးေလးအထိ (112 to 115 ဖာရင္ဟိုက္)ခန႔္ အေအးခံေပးပါ။

(၃) အနည္းငယ္ ေႏြးေသာ အေနအထားမွာ အထက္က ဒိန္ခ်ဥ္လုပ္ထားေသာ အိုးထဲကို အနည္းငယ္ ေလာင္းထည့္ၿပီး ခဲေနတဲ့ဒိန္ခ်ဥ္ကို ေၾကေအာင္ေခ်ေပးပါ။

(၄) ဒိန္ခ်ဥ္အိုး တည္ထားမည့္ေနရာကို ေ႐ြးပါ။ အပူခ်ိန္ 110 ဖာရင္ဟိုက္ ရွိရမည္။ အိုးမလႈပ္ႏိုင္သည့္ေနရာမွာ ထားလွ်င္ ပိုေကာင္းမည္။

(၅) ဒိန္ခ်ဥ္ေခ်ထားေသာ အိုးထဲကို တည္ထားေသာႏြားႏို႔မ်ား အကုန္ေလာင္းထည့္ၿပီး အဖုံးလုံေအာင္ ပိတ္ထားပါ။ ႏို႔ဒိန္ခ်ဥ္မကြဲေအာင္ အိုးကို ေ႐ႊ႕ျခင္း၊ မျခင္းမျပဳရပါ။

(၆) ေနရာအပူခ်ိန္ေပၚ မူတည္ၿပီး ၅ နာရီမွ ၇ နာရီခန႔္ထိ ထားေပးၿပီးလွ်င္ ဒိန္ခ်ဥ္ကို ျမည္းၾကည့္ၿပီး ကိုယ္လိုအပ္သည့္ အခ်ဥ္ အေနေတာ္ျဖစ္လွ်င္ စတင္သုံးေဆာင္ႏိုင္ပါၿပီ။

ဒိန္ခ်ဥ္ႏွင့္အလိုက္ဖက္ဆုံးေသာ အစားအစာမွာ စေတာ္ဘယ္ရီသီး ျဖစ္ပါတယ္။အခ်ဥ္အရသာ ထပ္မပိုေစရန္ ေရခဲေသတၱာထဲထည့္၍
လိုအပ္သေလာက္သာ ပုဂံထဲထည့္စားႏိုင္ပါတယ္။ ကုန္ခါနီးလွ်င္ လက္က်န္ဒိန္ခ်ဥ္ျဖင့္ ေနာက္ထပ္ ဒိန္ခ်ဥ္အသစ္တစ္အိုးကို ဆင့္ပြါးလုပ္ႏိုင္ပါတယ္။ကိုေအာင္ျမင့္ျမတ္

ဘယ္အခ်ိန္မွာဒိန္ခ်ဥ္ပ်က္သြားတတ္သလဲ? အခ်ဥ္ေဖာက္ထားတဲ့အရာပဲ… ပ်က္သြားတတ္လို႔လား?

ဟုတ္ကဲ့။ ပ်က္သြားတတ္ပါတယ္။ ရွင္းရွင္းေျပာရရင္ စားဖို႔မသင့္ေတာ္ေတာ့ဘူးေပါ့။ ဘယ္အရာမွာမဆို သက္တမ္းဆိုတာရွိပါတယ္။

အဓိက အစာအိမ္နဲ႔အူလမ္းေၾကာင္းအတြက္ တန္ေဆး၊လြန္ေဘး ျဖစ္သြားမွာစိုးလို႔ပါ။ ဒိန္ခ်ဥ္ ပ်က္သြားတတ္တဲ့သေဘာေလးသိထားရင္
အစာအိမ္က်န္းမာေရး အားနည္းတဲ့သူေတြအတြက္၊ ဝမ္းပ်က္လြယ္တဲ့သူေတြအတြက္ သတိထားစားသုံးႏိုင္ၾကဖို႔ အေထာက္အကူျဖစ္ေစမွာပါ။

ဒါဆိုရင္ ဘယ္လိုမ်ိဳးဆို ဒိန္ခ်ဥ္ပ်က္ၿပီလို႔ ယူဆၾကမလဲ?

ေဒၚႀကီးငယ္တို႔ ေသေသခ်ာခ်ာ စာေတြဖတ္ေလ့လာထားတာရယ္၊ ဒိန္ခ်ဥ္အပ်က္ခံၿပီး စမ္းသပ္ထားတာေလးေတြရယ္ကို အေျခခံၿပီး မွ်ေဝေပးမယ္ေနာ္။

အရသာခ်ဥ္တဲ့အရသာ (အရမ္းျပင္းတာလဲရွိတယ္၊ ခပ္စိမ့္စိမ့္ေလးလဲရွိတယ္)ဟာ ဒိန္ခ်ဥ္ရဲ႕ ပုံမွန္သဘာဝပါ။ ဒါေပမယ့္ ဒိန္ခ်ဥ္ကိုစေသာက္လိုက္တာနဲ႔ စပါကလင္လို စူးရွရွအရသာ လွ်ာေပၚမွာခံစားလိုက္ရၿပီဆိုရင္ မေသာက္ပါနဲ႔ေတာ့ေနာ္။

အနံ႔ ဒိန္ခ်ဥ္မွာ ႏို႔ခ်ဥ္နံ႔ထြက္ေနတာဟာ ပုံမွန္သဘာဝပါ။ ဒါေပမယ့္ ခ်ဥ္စူးစူးနဲ႔ အေတာ္ျပင္းထန္တဲ့အခ်ဥ္အနံ႔ကိုရရင္ေတာ့ ဒိန္ခ်ဥ္ဟာ သက္တမ္းၾကာေနေလာက္ၿပီး

သာမာန္အခန္းအပူခ်ိန္နဲ႔ ထိေတြ႕တာၾကာေနၿပီလို႔ သတ္မွတ္ႏိုင္တာမို႔ မေသာက္သုံးပါနဲ႔ေတာ့ေနာ္။

အျမင္မႈိအညိဳေရာင္ေလးေတြစြဲေနၿပီ၊ ပူစီေပါင္းေလးေတြ ထေနၿပီဆိုရင္ သိပ္ကိုေသခ်ာပါတယ္။ အက်ိဳးျပဳ ဘက္တီးရီးယားေလးေတြကုန္လို႔ ဒိန္ခ်ဥ္ ပ်က္ေနပါၿပီ။ မေသာက္သုံးပါနဲ႔ေတာ့ေနာ္။

အခ်ိန္ကာUSDA ရဲ႕ ေလ့လာခ်က္အရ ဒိန္ခ်ဥ္ျပဳလုပ္ၿပီးရက္ကေန ၂ပတ္အထိ ေရခဲေသတၱာထဲမွာထားရင္ အထားခံပါတယ္။ စားသုံးဖို႔လဲ စိတ္ခ်ရပါတယ္။

ဒါေပမယ့္ အဖုံးဖြင့္လိုက္တာတို႔၊ တဝက္စားၿပီး တဝက္က်န္တာတို႔ (ဇြန္းအသန႔္နဲ႔ခပ္ဖို႔လိုပါတယ္) ဆိုရင္ေတာ့ ၅ရက္ – ရရက္ အတြင္းမွာပဲ စိတ္ခ်စြာစားသုံးေပးသင့္ပါတယ္။

ကဲ အခုဆိုရင္ ဒိန္ခ်ဥ္ႀကိဳက္ႏွစ္သက္တဲ့အခ်စ္တို႔လဲ ဒိန္ခ်ဥ္အေၾကာင္းေနာက္တခုထပ္သိသြားၿပီေပါ့ေနာ္။
စားသုံးသူေတြအတြက္ အၿမဲေစတနာေရွ႕ထားမယ့္ ေဒၚႀကီးငယ္။

Credit