အျဖစ္မွန္ကိုမသိဘဲ သံသယစိတ္နဲ႔ ခ်စ္သူေကာင္ေလးရဲ႕ကားကို အမ်ိဳးသမီးလစဥ္သုံးပစၥည္းအျပည့္ကပ္ထားခဲ့တဲ့အမ်ိဳးသမီး

Unicode

ကျွန်တော်တို့ဟာ စိတ်လိုက်မာန်ပါဖြစ်တဲ့အခါ တစ်ခါတစ်ရံ ပြင်းထန်ပြီးအရိုင်းဆန်တဲ့အပြုအမူတွေပြုလုပ်တတ်ကြပါတယ်။တရုတ်နိုင်ငံက Li Tanအမည်ရှိတဲ့ဒီအမျိုးသမီးလိုပေါ့။

Liဟာ သူမချစ်သူကောင်လေး De Wuက ကတိပေးထားတဲ့အချိန်ထက်နောက်ကျမှအိမ်ပြန်ရောက်ခဲ့ပြီးနောက် သူမအပေါ်လိမ်လည်နေကြောင်းကို

သံသယဝင်သွားခဲ့ပြီး သူမအပေါ် ချစ်သူကောင်လေးရဲ့သစ္စာမဲ့ဖောက်ပြန်မှုအတွက်ပုံမှန်မဟုတ်တဲ့အပြစ်ဒဏ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သူမဟာ အနီးအနားက စတိုးဆိုင်သို့သွားပြီး အမျိုးသမီးလစဉ်သုံးပစ္စည်းအား ကားတစ်စီးကိုဖုံးပစ်ဖို့လုံလောက်တဲ့အထိများစွာဝယ်ယူခဲ့ပြီး

သံသယစိတ်နဲ့ Wuရဲ့ကားတစ်စီးလုံးကို အဆိုပါလစဉ်သုံးပစ္စည်းတွေအပြည့်ကပ်နေခဲ့ပါတယ်။Liဟာ လူရှုပ်နေတဲ့လမ်းဘေးက Wu ဌားရမ်းထားတဲ့အဆိုပါ

Toyotaကားပေါ်ကို အမျိုးသမီးလစဉ်သုံးပစ္စည်းအထုပ်၃၀ကျော်အကုန်ခံကပ်ခဲ့ပါတယ်။လမ်းဘေးကလူတွေက ဘာမှဝင်မပြောနိုင်ပေမဲ့

ကားပတ်ပတ်လည်ကိုကြည့်ရင်း နေရာအနှံ့လစဉ်သုံးပစ္စည်းတွေလိုက်ကပ်နေတဲ့ Liကို တအံ့တဩနဲ့သာ ကြည့်နေခဲ့ကြပါတယ်။အဲ့ဒီနောက်

သူမဟာ ဓာတ်ပုံရိုက်ပြီး onlineမှာ သူမရဲ့လုပ်ရပ်ကို သူမကိုယ်တိုင်”ဟုတ်တယ် အဲ့ဒါငါလုပ်ခဲ့တာဘဲ”လို့ဆိုကာ ဓာတ်ပုံတင်ခဲ့ပါသေးတယ်။အဆိုပါသူ့ပိုစ့်ဟာ

“အဲလို ပညာပြသင်တယ်”၊”နင့်သုံးပြီးသားဟာတွေနဲ့ ကပ်ရမှာ”လို့မှတ်ချက်ပေးကြတဲ့အင်တာနက်သုံးစွဲသူတွေရဲ့ထောက်ခံပေးမှုတွေကိုပါ ရရှိခဲ့ပါတယ်။နောက်ဆုံးတော့

သူဌားရမ်းထားတဲ့ကားက လစဉ်သုံးပစ္စည်းတွေနဲ့ပြည့်နေရတဲ့အကြောင်းကို သိရဖို့ Wuဟာ အိမ်ပြန်လာခဲ့ပြီး သံသယစိတ်နဲ့စိတ်လိုက်မာန်ပါလုပ်ခဲ့တဲ့Liကို အကျိုးအကြောင်းသေချာရှင်းပြခဲ့ရပါတော့တယ်။

Liဟာ အဖြစ်မှန်ကို သိလိုက်တော့ တုန်လှုပ်သွားခဲ့ရပြီး တကယ်တော့ Wuဟာ သူမအတွက် စပရိုက်မွေးနေ့ပါတီလုပ်ပေးဖို့ စီစဉ်နေခဲ့တာကြောင့်

အိမ်ပြန်နောက်ကျသွားခဲ့တာပါ။Wuဟာ ကြိုတင်စာရင်းသွင်းရတဲ့နာမည်ကြီးစားသောက်ဆိုင်တစ်မှရရှိတဲ့ဘေဖြတ်ပိုင်းနဲ့အတူ သူ့ရဲ့မကောင်းသတင်းကို ပြန်လည်ဖုံးဖိခဲ့ရပါတယ်။

အဆုံးတော့ အဆိုပါစုံတွဲဟာ အဆင်ပြေသွားခဲ့ပြီး Wuက”ဒီကားကိုတော့ ဘယ်သူမှ ထပ်ဌားချင်ကြမှာမဟုတ်ဘူး”လို့နောက်ပြောင်ပြောဆိုခဲ့ပါသေးတယ်။

ဒါကြောင့် ကိစ္စတစ်ခုကို စိတ်လိုက်မာန်ပါမလုပ်သင့်သလို ခေါင်းအေးအေးထားပြီးမှဘဲ ဖြေရှင်းသင့်ပါတယ်။

Crd

Zawgyi

ကြၽန္ေတာ္တို႔ဟာ စိတ္လိုက္မာန္ပါျဖစ္တဲ့အခါ တစ္ခါတစ္ရံ ျပင္းထန္ၿပီးအ႐ိုင္းဆန္တဲ့အျပဳအမူေတြျပဳလုပ္တတ္ၾကပါတယ္။တ႐ုတ္ႏိုင္ငံက Li Tanအမည္ရွိတဲ့ဒီအမ်ိဳးသမီးလိုေပါ့။

Liဟာ သူမခ်စ္သူေကာင္ေလး De Wuက ကတိေပးထားတဲ့အခ်ိန္ထက္ေနာက္က်မွအိမ္ျပန္ေရာက္ခဲ့ၿပီးေနာက္ သူမအေပၚလိမ္လည္ေနေၾကာင္းကို

သံသယဝင္သြားခဲ့ၿပီး သူမအေပၚ ခ်စ္သူေကာင္ေလးရဲ႕သစၥာမဲ့ေဖာက္ျပန္မႈအတြက္ပုံမွန္မဟုတ္တဲ့အျပစ္ဒဏ္ေပးဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။

သူမဟာ အနီးအနားက စတိုးဆိုင္သို႔သြားၿပီး အမ်ိဳးသမီးလစဥ္သုံးပစၥည္းအား ကားတစ္စီးကိုဖုံးပစ္ဖို႔လုံေလာက္တဲ့အထိမ်ားစြာဝယ္ယူခဲ့ၿပီး

သံသယစိတ္နဲ႔ Wuရဲ႕ကားတစ္စီးလုံးကို အဆိုပါလစဥ္သုံးပစၥည္းေတြအျပည့္ကပ္ေနခဲ့ပါတယ္။Liဟာ လူရႈပ္ေနတဲ့လမ္းေဘးက Wu ဌားရမ္းထားတဲ့အဆိုပါ

Toyotaကားေပၚကို အမ်ိဳးသမီးလစဥ္သုံးပစၥည္းအထုပ္၃၀ေက်ာ္အကုန္ခံကပ္ခဲ့ပါတယ္။လမ္းေဘးကလူေတြက ဘာမွဝင္မေျပာႏိုင္ေပမဲ့

ကားပတ္ပတ္လည္ကိုၾကည့္ရင္း ေနရာအႏွံ႔လစဥ္သုံးပစၥည္းေတြလိုက္ကပ္ေနတဲ့ Liကို တအံ့တဩနဲ႔သာ ၾကည့္ေနခဲ့ၾကပါတယ္။အဲ့ဒီေနာက္

သူမဟာ ဓာတ္ပုံ႐ိုက္ၿပီး onlineမွာ သူမရဲ႕လုပ္ရပ္ကို သူမကိုယ္တိုင္”ဟုတ္တယ္ အဲ့ဒါငါလုပ္ခဲ့တာဘဲ”လို႔ဆိုကာ ဓာတ္ပုံတင္ခဲ့ပါေသးတယ္။အဆိုပါသူ႔ပိုစ့္ဟာ

“အဲလို ပညာျပသင္တယ္”၊”နင့္သုံးၿပီးသားဟာေတြနဲ႔ ကပ္ရမွာ”လို႔မွတ္ခ်က္ေပးၾကတဲ့အင္တာနက္သုံးစြဲသူေတြရဲ႕ေထာက္ခံေပးမႈေတြကိုပါ ရရွိခဲ့ပါတယ္။ေနာက္ဆုံးေတာ့

သူဌားရမ္းထားတဲ့ကားက လစဥ္သုံးပစၥည္းေတြနဲ႔ျပည့္ေနရတဲ့အေၾကာင္းကို သိရဖို႔ Wuဟာ အိမ္ျပန္လာခဲ့ၿပီး သံသယစိတ္နဲ႔စိတ္လိုက္မာန္ပါလုပ္ခဲ့တဲ့Liကို အက်ိဳးအေၾကာင္းေသခ်ာရွင္းျပခဲ့ရပါေတာ့တယ္။

Liဟာ အျဖစ္မွန္ကို သိလိုက္ေတာ့ တုန္လႈပ္သြားခဲ့ရၿပီး တကယ္ေတာ့ Wuဟာ သူမအတြက္ စပ႐ိုက္ေမြးေန႔ပါတီလုပ္ေပးဖို႔ စီစဥ္ေနခဲ့တာေၾကာင့္

အိမ္ျပန္ေနာက္က်သြားခဲ့တာပါ။Wuဟာ ႀကိဳတင္စာရင္းသြင္းရတဲ့နာမည္ႀကီးစားေသာက္ဆိုင္တစ္မွရရွိတဲ့ေဘျဖတ္ပိုင္းနဲ႔အတူ သူ႔ရဲ႕မေကာင္းသတင္းကို ျပန္လည္ဖုံးဖိခဲ့ရပါတယ္။

အဆုံးေတာ့ အဆိုပါစုံတြဲဟာ အဆင္ေျပသြားခဲ့ၿပီး Wuက”ဒီကားကိုေတာ့ ဘယ္သူမွ ထပ္ဌားခ်င္ၾကမွာမဟုတ္ဘူး”လို႔ေနာက္ေျပာင္ေျပာဆိုခဲ့ပါေသးတယ္။

ဒါေၾကာင့္ ကိစၥတစ္ခုကို စိတ္လိုက္မာန္ပါမလုပ္သင့္သလို ေခါင္းေအးေအးထားၿပီးမွဘဲ ေျဖရွင္းသင့္ပါတယ္။

Crd