ေခ်ာကလက္ကမာၻထဲေရာက္သြားသလို ခံစားရေစမယ့္ ၿဗိတိန္ကေခ်ာကလက္ဟိုတယ္

Unicode

ဗြိတိန်နိုင်ငံတောင်ဘက်မှာရှိတဲ့ချောကလက်တွေနဲ့အလှဆင်ထားတဲ့ဟိုတယ်တစ်ခုမှာတည်းချင်တယ်ဆိုရင်တော့လူတစ်ဦးကိုတစ်ညပေါင်(၃၀)ပေးရမှာဖြစ်ပါတယ်။

Chocolate Boutiqueဟိုတယ်ထဲမှာလာရောက်တည်းခိုတဲ့သူတွေစားနိုင်ဖို့ချောကလက်တွေထည့်ထားတဲ့ခြင်းတွေ၊ ရေတံခွန်ပုံစံအတိုင်း ကျနေတဲ့ ချောကလက်ရည်တွေနဲ့ အီစိမ့်နေတဲ့ ချောကလက်တွေကို ထားပေးထားပါတယ်။

ဒီဟိုတယ်ဟာ Bournemouth ကမ်းခြေကနေ မိနစ်အနည်းငယ်လောက်သွားရင်ရောက်ပါတယ်။ ဒီဟိုတယ်ကို ဒီနှစ်အစောပိုင်းမှာ BBC ရဲ့ Interior Design Masters

အစီအစဉ်မှာပါပြီးတဲ့နောက် မကြာသေးခင်ကမှ ပြန်လည်ပြင်ဆင်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်ဟိုတယ်ထဲမှာ အိပ်ခန်းပေါင်း(၁၅)ခန်းရှိပြီး အခန်းတွေကို

အညိုရောင်နဲ့ခရင်မ်ရောင်တွေကိုသုံးပြီးအလှဆင်ထားပါတယ်အခန်းတွေမှာတစ်ယောက်အိပ်ခန်း၊ နှစ်ယောက်အိပ်ခန်းတွေရှိပြီး အခန်းအားလုံးကို ချောကလက်ကမ္ဘာထဲရောက်သွားသလိုဖြစ်အောင် အလှဆင်ပေးထားပါတယ်။

လာရောက်တည်းခိုတဲ့သူတွေကိုနေ့စဉ်ချောကလက်ပန်ကိတ်အပါအဝင်ချောကလက်နဲ့ပြုလုပ်ထားတဲ့မနက်စာကိုလည်းစားသုံးနိုင်မှာဖြစ်ပါတယ်ရေတံခွန်ပုံစံ

အတိုင်းကျနေတဲ့ချောကလက်ရည်တွေနဲ့ချောကလက်နဲ့ပြုလုပ်ထားတဲ့မုန့်(၇)မျိုးကိုဝယ်ယူမယ်ဆိုရင်တော့(၃၅)ပေါင်ပေးရမှာဖြစ်ပါတယ်ဒါ့အပြင်ဒီဟိုတယ်မှာRomanticPackageဆိုတာလည်းရှိပါတယ်

ဒီRomanticPackageမှာCavaတစ်ပုလင်းချောကလက်ဝိုင်(၂)ခွက်နဲ့အသဲပုံချောကလက်တစ်ခုအပြင်ချောကလက်ရေတံခွန်ကိုလည်းထားပေးထားမှာဖြစ်ပါတယ်

ဒီPackageအတွက်ကုန်ကျစရိတ်ကတော့ (၇၉)ပေါင်ပေးရမှာဖြစ်ပါတယ်။

တကယ်လို့လာရောက်တည်းခိုသူတွေကချောကလက်ပြုလုပ်နည်းကိုသင်ချင်တယ်ဆိုရင်တော့(၃၈)ပေါင်ပေးပြီးသင်တန်းတက်ရောက်လို့ရပါ

တယ်ချောကလက်ပုံတူပန်းချီသင်တန်းချောကလက်အလှဆင်သင်တန်းနဲ့ချောကလက်ဝိုင်သင်တန်းတွေလည်းတက်ရောက်သင်ကြားနိုင်ပါတယ်

အခုနှစ်ကစပြီး(၂၀၂၀)ခုနှစ်မတ်လအတွင်းသင်ဟာချောကလက်ဟိုတယ်မှာ(၂)ညလာရောက်တည်းခိုမယ်ဆိုရင်ချောကလက်တွေထည့်ထားတဲ့ခြင်း ဒါမှမဟုတ် ချောကလက်ဝိုင်ကို အခမဲ့လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

Crd

Zawgyi

ၿဗိတိန္ႏိုင္ငံေတာင္ဘက္မွာရွိတဲ့ေခ်ာကလက္ေတြနဲ႔အလွဆင္ထားတဲ့ဟိုတယ္တစ္ခုမွာတည္းခ်င္တယ္ဆိုရင္ေတာ့လူတစ္ဦးကိုတစ္ညေပါင္(၃၀)ေပးရမွာျဖစ္ပါတယ္။

Chocolate Boutiqueဟိုတယ္ထဲမွာလာေရာက္တည္းခိုတဲ့သူေတြစားႏိုင္ဖို႔ေခ်ာကလက္ေတြထည့္ထားတဲ့ျခင္းေတြ၊ ေရတံခြန္ပုံစံအတိုင္း က်ေနတဲ့ ေခ်ာကလက္ရည္ေတြနဲ႔ အီစိမ့္ေနတဲ့ ေခ်ာကလက္ေတြကို ထားေပးထားပါတယ္။

ဒီဟိုတယ္ဟာ Bournemouth ကမ္းေျခကေန မိနစ္အနည္းငယ္ေလာက္သြားရင္ေရာက္ပါတယ္။ ဒီဟိုတယ္ကို ဒီႏွစ္အေစာပိုင္းမွာ BBC ရဲ႕ Interior Design Masters

အစီအစဥ္မွာပါၿပီးတဲ့ေနာက္ မၾကာေသးခင္ကမွ ျပန္လည္ျပင္ဆင္မႈေတြျပဳလုပ္ခဲ့တာျဖစ္ပါတယ္ဟိုတယ္ထဲမွာ အိပ္ခန္းေပါင္း(၁၅)ခန္းရွိၿပီး အခန္းေတြကို

အညိဳေရာင္နဲ႔ခရင္မ္ေရာင္ေတြကိုသုံးၿပီးအလွဆင္ထားပါတယ္အခန္းေတြမွာတစ္ေယာက္အိပ္ခန္း၊ ႏွစ္ေယာက္အိပ္ခန္းေတြရွိၿပီး အခန္းအားလုံးကို ေခ်ာကလက္ကမာၻထဲေရာက္သြားသလိုျဖစ္ေအာင္ အလွဆင္ေပးထားပါတယ္။

လာေရာက္တည္းခိုတဲ့သူေတြကိုေန႔စဥ္ေခ်ာကလက္ပန္ကိတ္အပါအဝင္ေခ်ာကလက္နဲ႔ျပဳလုပ္ထားတဲ့မနက္စာကိုလည္းစားသုံးႏိုင္မွာျဖစ္ပါတယ္ေရတံခြန္ပုံစံ

အတိုင္းက်ေနတဲ့ေခ်ာကလက္ရည္ေတြနဲ႔ေခ်ာကလက္နဲ႔ျပဳလုပ္ထားတဲ့မုန႔္(၇)မ်ိဳးကိုဝယ္ယူမယ္ဆိုရင္ေတာ့(၃၅)ေပါင္ေပးရမွာျဖစ္ပါတယ္ဒါ့အျပင္ဒီဟိုတယ္မွာRomanticPackageဆိုတာလည္းရွိပါတယ္

ဒီRomanticPackageမွာCavaတစ္ပုလင္းေခ်ာကလက္ဝိုင္(၂)ခြက္နဲ႔အသဲပုံေခ်ာကလက္တစ္ခုအျပင္ေခ်ာကလက္ေရတံခြန္ကိုလည္းထားေပးထားမွာျဖစ္ပါတယ္

ဒီPackageအတြက္ကုန္က်စရိတ္ကေတာ့ (၇၉)ေပါင္ေပးရမွာျဖစ္ပါတယ္။

တကယ္လို႔လာေရာက္တည္းခိုသူေတြကေခ်ာကလက္ျပဳလုပ္နည္းကိုသင္ခ်င္တယ္ဆိုရင္ေတာ့(၃၈)ေပါင္ေပးၿပီးသင္တန္းတက္ေရာက္လို႔ရပါ

တယ္ေခ်ာကလက္ပုံတူပန္းခ်ီသင္တန္းေခ်ာကလက္အလွဆင္သင္တန္းနဲ႔ေခ်ာကလက္ဝိုင္သင္တန္းေတြလည္းတက္ေရာက္သင္ၾကားႏိုင္ပါတယ္

အခုႏွစ္ကစၿပီး(၂၀၂၀)ခုႏွစ္မတ္လအတြင္းသင္ဟာေခ်ာကလက္ဟိုတယ္မွာ(၂)ညလာေရာက္တည္းခိုမယ္ဆိုရင္ေခ်ာကလက္ေတြထည့္ထားတဲ့ျခင္း ဒါမွမဟုတ္ ေခ်ာကလက္ဝိုင္ကို အခမဲ့လက္ေဆာင္ေပးသြားမွာျဖစ္ပါတယ္။

Crd