Unicode
ဘင်္ဂလာဒေ့ခ်ျ့အလုပ်သမားတစ်ဦးဟာ သူ့သားဖြစ်သူအတွက် လက်ဆောင်အဖြစ် ကောင်းမွန်တဲ့အရာကို ရယူလိုခဲ့ပေမဲ့ သူ အလိမ်အညာခံလိုက်ရမှန်းသိလိုက်ရပြီးနောက်မှာတော့ စိတ်မကောင်း ဝမ်းနည်းသွားခဲ့ရပါတယ်။
Liu လို့ အမည်ရတဲ့ မိုဘိုင်းလ်ဖုန်းအရောင်းဆိုင်ပိုင်ရှင်တစ်ဦးရဲ့ ဖေ့စ်ဘွတ်ခ်မှာ တင်တဲ့ ပို့စ်တစ်ခုမှာတော့ အဆိုပါဘင်္ဂလားဒေ့ရှ် အမျိုးသားက သူ့ဆီ ချဉ်းကပ်လာကာ သားဖြစ်သူအတွက် iPhone တစ်လုံးကို နောက်ဆုံးမှာ ဝယ်ပေးနိုင်လိုက်လို့ဆိုပြီး ဝမ်းသာအားရနဲ့ သူ့အား ထုတ်ပြခဲ့ပါတယ်။
အဆိုပါဖခင်ဖြစ်သူဟာ အလွန်မက်မောဖွယ်ကောင်းတဲ့ ပစ္စည်းကို လက်ဆောင်အဖြစ် ရယူရန် ရင်းဂစ် 1,000 သုံးစွဲခဲ့ပေမဲ့လည်း စမတ်ဖုန်းကို လုပ်ဆောင်ရန် အခက်အခဲရှိနေတဲ့အတွက် ၎င်းက Liu ထံ အကူအညီလာတောင်းခဲ့တာပါ။
သို့ပေမဲ့ ၎င်းကို Liu က စစ်ဆေးကြည့်ဖို့ ဖွင့်ကြည့်လိုက်တဲ့အခါ ၎င်းတို့နှစ်ဦးစလုံး ထိတ်လန့်တုန်လှုပ်သွားအောင်ဘဲ ဘက်ထရီ သို့မဟုတ် ဆင်းမ်ကတ်ရှိနေရမဲ့အစား စမတ်ဖုန်းထဲမှာ ကျောက်ပြားတစ်ပြားကိုသာ တွေ့ရှိခဲ့ပါတယ်။
သူ အလိမ်ခံလိုက်ရမှန်း သိသွားတဲ့အခါမှာ အဆိုပါအမျိုးသားကသူ့မျက်ရည်တွေကိုထိန်းထားဖို့ အတတ်နိုင်ဆုံးကြိုးစားခဲ့ရကြောင်းLiu က ပြောပြခဲ့ပါတယ်။ ထို့ပြင် Liu က သနားစရာကောင်းတဲ့အမျိုးသားအတွက် သူတကယ်ခံစားခဲ့ရကြောင်းလည်း ဆိုပါခဲ့တယ်။
ထိုအမျိုးသားဟာတရုတ်ပြည်မကြီးရှိ အမျိုးသားတစ်ဦးထံမှလျှော့ဈေး’ နဲ့၎င်းiPhoneကိုဝယ်ယူခဲ့ပုံရကြောင်းလည်ထင်ရှားနေခဲ့ပါတယ်။
၎င်းဖေ့စ်ဘုတ်ခ်ပို့စ်ကို ဖတ်ရှုသူအများအပြားကထိုအမျိုးသားကိုသနားကာစိတ်မကောင်းဖြစ်ခဲ့ကြရပြီး အချို့သော Netizens များက၎င်းဟာပုံမှန်လိမ်လည်မှုတစ်ခုဖြစ်ပြီး အခြားဝယ်သူများ၌လည်း ဖြစ်ပွါးလေ့ရှိခဲ့ကြောင်း ထောက်ပြခဲ့ကြပါတယ်။
ထို့ပြင် ၎င်းတို့ထဲမှ အချို့က ထိုအမျိုးသားအား သားဖြစ်သူအတွက် အခြားစမတ်ဖုန်းတစ်လုံးဝယ်ဖို့ ကူညီရန် ရန်ပုံငွေရှာလိုခဲ့ကြပေမဲ့လည်း ဒီကိစ္စကို သီးသန့်ဖြေရှင်းပြီးဖြစ်တဲ့အတွက်ကြောင့် အလှူငွေများ ပေးပို့ရန် မလိုအပ်ကြောင်း Liu က ပြောကြားခဲ့ပါတယ်။
ဒါဟာ လူတိုင်းကို ပုံသေပုံစံများဖြင့် တံဆိပ်ကပ် မသတ်မှတ်ရန်လည်း သတိပေးချက်တစ်ခုပါဘဲ။ ထို့ပြင် အင်တာနက်အသုံးပြုသူအချို့ကလည်း မည်သည့်လူမျိုး၊ ဘာသာနှင့် နိုင်ငံမှာမဆို လူလိမ်များရှိတာကြောင့် အယုံမလွယ်ဘဲ သေချာ ဆန်းစစ်သင့်ကြောင်း ထောက်ပြခဲ့ကြပါတယ်။
JRose (KB Chimmy One)
Zawgyi
ဘဂၤလာေဒ့ခ္်႕အလုပ္သမားတစ္ဦးဟာ သူ႔သားျဖစ္သူအတြက္ လက္ေဆာင္အျဖစ္ ေကာင္းမြန္တဲ့အရာကို ရယူလိုခဲ့ေပမဲ့ သူ အလိမ္အညာခံလိုက္ရမွန္းသိလိုက္ရၿပီးေနာက္မွာေတာ့ စိတ္မေကာင္း ဝမ္းနည္းသြားခဲ့ရပါတယ္။
Liu လို႔ အမည္ရတဲ့ မိုဘိုင္းလ္ဖုန္းအေရာင္းဆိုင္ပိုင္ရွင္တစ္ဦးရဲ႕ ေဖ့စ္ဘြတ္ခ္မွာ တင္တဲ့ ပို႔စ္တစ္ခုမွာေတာ့ အဆိုပါဘဂၤလားေဒ့ရွ္ အမ်ိဳးသားက သူ႔ဆီ ခ်ဥ္းကပ္လာကာ သားျဖစ္သူအတြက္ iPhone တစ္လုံးကို ေနာက္ဆုံးမွာ ဝယ္ေပးႏိုင္လိုက္လို႔ဆိုၿပီး ဝမ္းသာအားရနဲ႔ သူ႔အား ထုတ္ျပခဲ့ပါတယ္။
အဆိုပါဖခင္ျဖစ္သူဟာ အလြန္မက္ေမာဖြယ္ေကာင္းတဲ့ ပစၥည္းကို လက္ေဆာင္အျဖစ္ ရယူရန္ ရင္းဂစ္ 1,000 သုံးစြဲခဲ့ေပမဲ့လည္း စမတ္ဖုန္းကို လုပ္ေဆာင္ရန္ အခက္အခဲရွိေနတဲ့အတြက္ ၎က Liu ထံ အကူအညီလာေတာင္းခဲ့တာပါ။
သို႔ေပမဲ့ ၎ကို Liu က စစ္ေဆးၾကည့္ဖို႔ ဖြင့္ၾကည့္လိုက္တဲ့အခါ ၎တို႔ႏွစ္ဦးစလုံး ထိတ္လန႔္တုန္လႈပ္သြားေအာင္ဘဲ ဘက္ထရီ သို႔မဟုတ္ ဆင္းမ္ကတ္ရွိေနရမဲ့အစား စမတ္ဖုန္းထဲမွာ ေက်ာက္ျပားတစ္ျပားကိုသာ ေတြ႕ရွိခဲ့ပါတယ္။
သူ အလိမ္ခံလိုက္ရမွန္း သိသြားတဲ့အခါမွာ အဆိုပါအမ်ိဳးသားက သူ႔ မ်က္ရည္ေတြကို ထိန္းထားဖို႔ အတတ္ႏိုင္ဆုံး ႀကိဳးစားခဲ့ရေၾကာင္း Liu က ေျပာျပခဲ့ပါတယ္။ ထို႔ျပင္ Liu က သနားစရာေကာင္းတဲ့အမ်ိဳးသားအတြက္ သူတကယ္ခံစားခဲ့ရေၾကာင္းလည္း ဆိုပါခဲ့တယ္။
ထိုအမ်ိဳးသားဟာ တ႐ုတ္ျပည္မႀကီးရွိ အမ်ိဳးသားတစ္ဦးထံမွ ‘ေလွ်ာ့ေဈး’ နဲ႔ ၎ iPhone ကို ဝယ္ယူခဲ့ပုံရေၾကာင္းလည္း ထင္ရွားေနခဲ့ပါတယ္။
၎ေဖ့စ္ဘုတ္ခ္ပို႔စ္ကို ဖတ္ရႈသူအမ်ားအျပားက ထိုအမ်ိဳးသားကို သနားကာ စိတ္မေကာင္းျဖစ္ခဲ့ၾကရၿပီး အခ်ိဳ႕ေသာ Netizens မ်ားက ၎ဟာ ပုံမွန္လိမ္လည္မႈတစ္ခုျဖစ္ၿပီး အျခားဝယ္သူမ်ား၌လည္း ျဖစ္ပြါးေလ့ရွိခဲ့ေၾကာင္း ေထာက္ျပခဲ့ၾကပါတယ္။
ထို႔ျပင္ ၎တို႔ထဲမွ အခ်ိဳ႕က ထိုအမ်ိဳးသားအား သားျဖစ္သူအတြက္ အျခားစမတ္ဖုန္းတစ္လုံးဝယ္ဖို႔ ကူညီရန္ ရန္ပုံေငြရွာလိုခဲ့ၾကေပမဲ့လည္း ဒီကိစၥကို သီးသန႔္ေျဖရွင္းၿပီးျဖစ္တဲ့အတြက္ေၾကာင့္ အလႉေငြမ်ား ေပးပို႔ရန္ မလိုအပ္ေၾကာင္း Liu က ေျပာၾကားခဲ့ပါတယ္။
ဒါဟာ လူတိုင္းကို ပုံေသပုံစံမ်ားျဖင့္ တံဆိပ္ကပ္ မသတ္မွတ္ရန္လည္း သတိေပးခ်က္တစ္ခုပါဘဲ။ ထို႔ျပင္ အင္တာနက္အသုံးျပဳသူအခ်ိဳ႕ကလည္း မည္သည့္လူမ်ိဳး၊ ဘာသာႏွင့္ ႏိုင္ငံမွာမဆို လူလိမ္မ်ားရွိတာေၾကာင့္ အယုံမလြယ္ဘဲ ေသခ်ာ ဆန္းစစ္သင့္ေၾကာင္း ေထာက္ျပခဲ့ၾကပါတယ္။
JRose (KB Chimmy One)