Unicode
အချို့သောအရာတွေရဲ့ ပြန်လည်ပေါင်းစည်းခြင်းက တစ်ကယ့်ကိုလှပလွန်းလှပါတယ် ။ ဒီတစ်ခေါက်မှာလည်း Giorgi Bereziani အမည်ရှိတဲ့အမျိုးသားဟာ လွန်ခဲ့တဲ့
2015 ခုနှစ်က သူ့ရဲ့ခွေးလေး Jorgen ကို ဆုံးရှုံးလိုက်ရပါတယ် ။ 3 နှစ်ခန့်ခွေးလေးကို မရပ်မနားတမ်းရှာဖွေပြီး ၊ ကြော်ငြာစာရွက်တွေပါ ချိတ်ဆွဲပြီး ရှာဖွေနေခဲ့တာပါ ။
တစ်ရက်မှာတော့ Jorgen နဲ့ဆင်တူတဲ့ လမ်းဘေးခွေးတစ်ကောင်ကို သူ့ရဲ့အဆောက်အအုံအနီးမှာ တွေ့နေရလေ့ရှိပြီး လူတစ်ယောက်က
ဆက်သွယ်အကြောင်းကြားလာခဲ့လို့ Bereziani ကိုယ်တိုင် အဆိုပါနေရာသို့ ချက်ချင်းသွားရောက်ခဲ့ပါတယ် ။
Bereziani က ခွေးလေးကို
ပထမဆုံးတွေ့လိုက်ရချိန်မှာတော့ ခွေးလေးဟာ သစ်ပင်အောက်မှာ အိပ်နေခဲ့ပါတယ် ။ ထို့နောက် ခွေးလေးအနားကပ်ပြီး Jorgen ဆိုတဲ့အမည်ကို
အော်လိုက်ချိန်မှာတော့ ခွေးလေးက ချက်ချင်းလှည့်လာခဲ့ပါတယ် ။ အစပိုင်းမှာတော့ ခွေးလေးက သခင်ကို မမှတ်မိခဲ့ပေမဲ့လည်း ခဏအကြာမှာတော့
Bereziani ရဲ့ ကိုယ်အနံ့ကိုရရှိပြီး ချက်ချင်းဘဲ ပွေ့ဖက်ခုန်ကာ ပျော်မြူးနေခဲ့တာပါ ။ Bereziani ကလည်း သူ့ရဲ့ခွေးလေးနဲ့ ပြန်ပေါင်းစုံနိုင်ခဲ့တဲ့အဖြစ်ကို
video ရိုက်ကူးထားခိုင်းခဲ့ပြီး ယခုလို social media ပေါ်မှာ ပြန်လည်ဝေမျှပေးခဲ့တာဖြစ်ပါတယ် ။
ခွေးလေးမှာတော့ နာရွက်မှာ အဝါရောင်ကတ်လေး ချိတ်ဆွဲထားခံရပြီး ဒေသခံတွေ လုံခြုံစေရေးအတွက် ခွေးလေးဟာ အိမ်ခြေမဲ့လမ်းဘေးခွေး
တစ်ကောင်အနေနဲ့ သတ်မှတ်ခံထားခဲ့ရတာဖြစ်ပါတယ် ။ ခွေးလေးမှာတော့ သခင်နဲ့ပြန်ဆုံဆည်းနိုင်မဲ့နေ့ကို ခက်ခဲပင်ပန်းစွာ စောင့်မျှော်နေခဲ့မှန်း သိသာလွန်းလှပါတယ် ။
Credit-Jasmine (Mckzone Daily)
Zawgyi
အခ်ိဳ႕ေသာအရာေတြရဲ႕ ျပန္လည္ေပါင္းစည္းျခင္းက တစ္ကယ့္ကိုလွပလြန္းလွပါတယ္ ။ ဒီတစ္ေခါက္မွာလည္း Giorgi Bereziani အမည္ရွိတဲ့အမ်ိဳးသားဟာ လြန္ခဲ့တဲ့
2015 ခုႏွစ္က သူ႔ရဲ႕ေခြးေလး Jorgen ကို ဆုံးရႈံးလိုက္ရပါတယ္ ။ 3 ႏွစ္ခန႔္ေခြးေလးကို မရပ္မနားတမ္းရွာေဖြၿပီး ၊ ေၾကာ္ျငာစာ႐ြက္ေတြပါ ခ်ိတ္ဆြဲၿပီး ရွာေဖြေနခဲ့တာပါ ။
တစ္ရက္မွာေတာ့ Jorgen နဲ႔ဆင္တူတဲ့ လမ္းေဘးေခြးတစ္ေကာင္ကို သူ႔ရဲ႕အေဆာက္အအုံအနီးမွာ ေတြ႕ေနရေလ့ရွိၿပီး လူတစ္ေယာက္က
ဆက္သြယ္အေၾကာင္းၾကားလာခဲ့လို႔ Bereziani ကိုယ္တိုင္ အဆိုပါေနရာသို႔ ခ်က္ခ်င္းသြားေရာက္ခဲ့ပါတယ္ ။
Bereziani က ေခြးေလးကို
ပထမဆုံးေတြ႕လိုက္ရခ်ိန္မွာေတာ့ ေခြးေလးဟာ သစ္ပင္ေအာက္မွာ အိပ္ေနခဲ့ပါတယ္ ။ ထို႔ေနာက္ ေခြးေလးအနားကပ္ၿပီး Jorgen ဆိုတဲ့အမည္ကို
ေအာ္လိုက္ခ်ိန္မွာေတာ့ ေခြးေလးက ခ်က္ခ်င္းလွည့္လာခဲ့ပါတယ္ ။ အစပိုင္းမွာေတာ့ ေခြးေလးက သခင္ကို မမွတ္မိခဲ့ေပမဲ့လည္း ခဏအၾကာမွာေတာ့
Bereziani ရဲ႕ ကိုယ္အနံ႔ကိုရရွိၿပီး ခ်က္ခ်င္းဘဲ ေပြ႕ဖက္ခုန္ကာ ေပ်ာ္ျမဴးေနခဲ့တာပါ ။ Bereziani ကလည္း သူ႔ရဲ႕ေခြးေလးနဲ႔ ျပန္ေပါင္းစုံႏိုင္ခဲ့တဲ့အျဖစ္ကို
video ႐ိုက္ကူးထားခိုင္းခဲ့ၿပီး ယခုလို social media ေပၚမွာ ျပန္လည္ေဝမွ်ေပးခဲ့တာျဖစ္ပါတယ္ ။
ေခြးေလးမွာေတာ့ နာ႐ြက္မွာ အဝါေရာင္ကတ္ေလး ခ်ိတ္ဆြဲထားခံရၿပီး ေဒသခံေတြ လုံၿခဳံေစေရးအတြက္ ေခြးေလးဟာ အိမ္ေျခမဲ့လမ္းေဘးေခြး
တစ္ေကာင္အေနနဲ႔ သတ္မွတ္ခံထားခဲ့ရတာျဖစ္ပါတယ္ ။ ေခြးေလးမွာေတာ့ သခင္နဲ႔ျပန္ဆုံဆည္းႏိုင္မဲ့ေန႔ကို ခက္ခဲပင္ပန္းစြာ ေစာင့္ေမွ်ာ္ေနခဲ့မွန္း သိသာလြန္းလွပါတယ္ ။
Credit-Jasmine (Mckzone Daily)