လျှာကိုအသုံးပြုပြီး စက္ကူလှေနှင့် ငှက်ပုံလေးတွေကို ခေါက်ကာ ဝင်ငွေရှာနေသော မသန်စွမ်းအမျိုးသမီး (ရုပ်သံ)

ဗီယက်နမ်နိုင်ငံမှ အသက်၃၄နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ငယ်စဉ်က အရိုးပျော့ရောဂါကူးစက်ခံရကာ မသန်စွမ်းသူတစ်ယောက်ဖြစ်လာခဲ့ပြီး မိခင်ဖြစ်သူမှ

အနီးကပ်စောင့်ရှောက်ပေးဖို့ရာ အလုပ်မှအနားယူခဲ့ရသည်။အမျိုးသမီးသည် ရောဂါဝေဒနာကြောင့် အိပ်ရာထဲအမြဲလဲနေရပြီး ထထိုင်ဖို့ပင်

မစွမ်းပဲ တစ်နေ့မှာ အဖွားဖြစ်သူအဝတ်ချုပ်ရာ၌ အပ်ပေါက်ထဲ ချည်မျှင်လေးထည့်မရဖြစ်နေရာ သူမရဲ့ပါးစပ်နဲ့ ချည်မျှင်လေးကို အပ်ပေါက်ထဲ ထည့်ပေးနိုင်ခဲ့သည်။

ထိုအချိန်ကစပြီး အမျိုးသမီးသည် ဖန်စီပုလဲလုံးလေးတွေကို ပါးစပ်ထဲထည့်ကာ လျှာကို အသုံးပြုပြီး အပ်ချည်လေးတွေမှာ စီခဲ့ပြီး

စက္ကူလေးတွေကိုလည်း လှေပုံနှင့် ငှက်ပုံလေးတွေ ခေါက်နိုင်ခဲ့ကာ ခရီးသွားများကြားအမှတ်တရ လက်ဆောင်ပစ္စည်းအဖြစ် ရောင်းချရင်း ဝင်ငွေရှာခဲ့သည်။

Rain (For Ialinks)

Zawgyi






video

Rain (For Ialinks)