Unicode
Theropodsဒိုင်နိုဆောတွေဆီကနေဆင်းသက်လာတဲ့ ကြက်တွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅သောင်း၈ထောင်ခန့်က ကမ္ဘာပေါ်မှာ
စတင်ပေါ်ပေါက်လာခဲ့ပြီး ကြက်တွေစတင်ပေါ်ပေါက်ခဲ့ရာကာလနဲ့ ဝေးကွာလာတဲ့ယနေ့ခေတ်နဲ့ နောက်ပိုင်းရာစုနှစ်တွေမှာတော့ ကြက်ဥနဲ့ကြက်မမှာ ဘယ်ဟာကအရင်စဖြစ်လဲဆိုတဲ့ကိစ္စက ငြင်းခုန်စရာတစ်ခုဖြစ်လာပါတယ်
တချို့ကလည်း အဖြေရှာမတွေ့တော့ချိန်မှာ ထုံးစံအတိုင်း လွှဲချစရာအချို့ဆီကိုပဲ လွှဲချလိုက်ကြပါတော့တယ်။ ဒါကြောင့် ကြက်ဥနဲ့ကြက်မမှာ ဘယ်သူအရင်စဖြစ်လဲဆိုတဲ့အကြောင်းအရာကို နည်းနည်းလောက်ဆွေးနွေးကြည့်ချင်ပါတယ်။
ကမ္ဘာပေါ်ကသက်ရှိတွေအားလုံးဟာ ဆဲလ်တစ်လုံးသာပါတဲ့ ရိုးရှင်းတဲ့သက်ရှိတွေဘဝကနေ အခုလို ရှုပ်ထွေးတဲ့သက်ရှိတွေအဖြစ်
ဆင့်ကဲပြောင်းလဲတိုးတက်လာခဲ့ကြတယ်ဆိုတာကိုတော့ အားလုံးသိပြီးသားပါ။ ဒီလိုနဲ့ တိရိစ္ဆာန်တွေဖြစ်ပေါ်လာပြီးနောက်ပိုင်း ဥအမျိုးမျိုးလည်း ပေါ်ပေါက်လာပါတယ်။
ဥဆိုတာဟာ အမှေးပါးဝန်းရံထားတဲ့ သန္ဓေသားနေထိုင်ရာအရည်အိတ်တစ်အိတ်ဖြစ်ပြီး မိမိခြေထောက်ပေါ်မိမိရပ်တည်နိုင်လောက်အောင် ကြီးထွားသန်မာလာတဲ့အထိ သန္ဓေသားက ဒီအရည်အိတ်ထဲမှာ နေထိုင်ရပါတယ်။
ယခင်က ငှက်တွေဟာ မျိုးပွားဖို့အတွက် ရေကိုအမှီပြုကြရပြီး သူတို့ရဲ့ဥတွေမခြောက်သွေ့သွားစေဖို့ ရေအိုင်တွေနဲ့ စိုစွတ်တဲ့ပတ်ဝန်းကျင်ဒေသတွေမှာသာ ဥချကြရပါတယ်။
ဒီ့နောက်မှာတော့ အမှေးပါးအပို၃ခုပါတဲ့ ဥအမျိုးအစားသစ်တစ်မျိုးပေါ်ထွက်လာခဲ့ပြီး ဒီအပိုအမှေးပါး၃ခုဟာ ပြီးပြည့်စုံတဲ့ ထောက်ပံ့မှုစနစ်တစ်ခုကို
ဖန်တီးပေးနိုင်တာကြောင့် ဥရဲ့အပြင်ဘက်မှာ ရေရှိနေဖို့လည်းမလိုအပ်တော့ဘဲ အပေါ်ဆုံးက အခွံမာကလည်း သန္ဓေသားကို ထပ်ဆောင်းအကာအကွယ်ပေးပါတယ်။
ဒီတော့ ကြက်ဥနဲ့ကြက်မဘယ်သူအရင်စဖြစ်လဲဆိုတဲ့မေးခွန်းရဲ့ ပထမဖြစ်နိုင်ခြေက – ကြက်မဟုတ်တဲ့ ငှက်၂ကောင်မိတ်လိုက်ပြီးနောက်မှာ
သူတိ၂ဦးရဲ့DNAတွေပေါင်းစပ်မိသွားပြီး ပထမဆုံးဖြစ်ပေါ်လာတဲ့ဆဲလ်တွေမှာ မျိုးဗီဇသန္ဓေပြောင်းမှုတွေဖြစ်လာကာ ဒီဆဲလ်တွေကနေမှ
ထပ်တူညီတဲ့နောက်ထပ်ဆဲလ်တွေအဖြစ်ပြန်ပွားထုတ်ရာကနေ ပထမဆုံးကြက်တစ်ကောင်အဖြစ်ကို ရောက်ရှိသွားခဲ့တာဖြစ်နိုင်ပါတယ်။
ဒါကြောင့် ပထမဖြစ်နိုင်ခြေအနေနဲ့ ကြက်မဟုတ်တဲ့ငှက်တစ်ကောင်ကနေ ကြက်ဥတစ်လုံးကို ဥထုတ်ပေးခဲ့တာမျိုးဖြစ်နိုင်ပါတယ်။
ဒုတိယဖြစ်နိုင်ခြေအနေနဲ့ – ကြက်ဥရဲ့အပြင်ခွံဖြစ်လာဖို့အတွက် ကလ်ဆီယမ်တွေဟာ ကလ်ဆီယမ်ကာဗွန်နိတ်ဒြပ်ပေါင်းအဖြစ်
အနယ်ကျဖို့လိုအပ်ပြီး ဒီဖြစ်စဉ်ဖြစ်လာဖို့အတွက် ovocleidin-17လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးပေါ်ကို မှီခိုနေရတယ်။ ဒီပရိုတင်းကို ကြက်မရဲ့
သားဥအိမ်ထဲမှာသာတွေ့ရတာကြောင့် ကြက်ဥက ကြက်မထက်အရင်ဖြစ်လာဖို့ကလည်း မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ဒီဖြစ်နိုင်ခြေ၂ခုမှာ ဘယ်ဟာက တကယ်ဖြစ်နိုင်တယ်ဆိုတာ ဆက်ဆွေးနွေးကြည့်ရအောင်ပါ။
ပထမအချက်မှာပြောခဲ့တာက ကြက်မဟုတ်တဲ့ငှက်တစ်ကောင်ကနေ ကြက်ဥဥတယ်ဆိုတဲ့သဘောဖြစ်နေပါတယ်။ ကြက်မဟုတ်တဲ့ငှက်
တစ်ကောင်ကနေ ရုတ်တရက်ကြက်ဥဥလာတယ်ဆိုတာ တကယ်တော့လုံးဝမဖြစ်နိုင်ပါဘူး။ ဒုတိယဖြစ်နိုင်ခြေမှာတော့ ကြက်မက
ကြက်ဥထက်အရင်ဖြစ်တယ်ဆိုတာက ဆင့်ကဲဖြစ်စဉ်အရလည်း ယုတ္တိရှိနေတဲ့သဘောဖြစ်နေပါတယ်။ ဒါပေမယ့် ပထမဖြစ်နိုင်ခြေကို ဒုတိယဖြစ်နိုင်ခြေနဲ့အတူညှိနှိုင်းပေးပြီး ဖြစ်နိုင်ခြေတစ်ခုတည်းကို တွေးလို့ရပါသေးတယ်။
ပထမအချက်မှာပြောထားသလို ကြက်မဟုတ်တဲ့ငှက်တစ်ကောင်ကနေ ကြက်ဥ ဥချဖို့ဆိုတာကမဖြစ်နိုင်ပေမယ့် ဒီဥကနေမွေးလာတဲ့ငှက်ရဲ့
ဆဲလ်အချို့က ဗီဇသန္ဓေပြောင်းနေပြီး အဆိုပါသန္ဓေပြောင်းဆဲလ်တွေက အချိန်နဲ့အမျှ ပုံတူပွားလာရင်းကနေ သူ့ရဲ့ရှိရင်းစွဲ
ဆဲလ်တွေအားလုံးနေရာမှာအစားထိုးပြီးသွားတဲ့အခါမှာ ဒီငှက်တစ်ကောင်လုံးဟာ သူ့အဖေအမေနဲ့မတူတော့တဲ့ သီခြားငှက်(ကြက်)
တစ်ကောင်ဘဝရောက်လာတာဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကြက်ဥမဟုတ်တဲ့ဥတစ်ခုကနေမွေးလာတဲ့ ငှက်တစ်ကောင်ဟာ မွေးပြီးခါမှ
အခြေအနေအရပ်ရပ်ကြောင့် ဆင်းကဲပြောင်းလဲခြင်းဖြစ်စဉ်အရ မျိုးဗီဇသန္ဓေပြောင်းကာ ကြက်ဘဝကိုရောက်ရှိသွားပြီး ဒီကနေမှ ကြက်ဥအစစ်တွေကို ဥထုတ်ပေးမှာဖြစ်လို့ ဒုတိယအဆိုနဲ့လည်းညီညွတ်သွားပါတယ်။
ကြက်မရဲ့မျိုးဥအိမ်ထဲက ovocleidin-17ပရိုတင်းသာမရှိရင် ကြက်ဥရယ်လို့လည်း ဖြစ်လာစရာမရှိတာကြောင့် ကြက်ဥထက် ကြက်မကသာ
အရင်ဖြစ်ခဲ့တာဖြစ်ပြီး လုံးဝကွဲပြားနေတဲ့ငှက်တစ်ကောင်ကနေ ရုတ်တရက်ကြက်ဖြစ်လာတာတော့မဟုတ်ဘဲ ကြားထဲမှာ အဆင့်ပေါင်းများစွာ
ကိုဖြတ်သန်းပြီး ဆင့်ကဲဖြစ်စဉ်ပေါင်းများစွာဖြစ်ပွားပြီးမှသာ ကြက်ဘဝကိုရောက်ရှိလာတာဖြစ်ပါတယ်။ ဒါကြောင့် ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်(evolution)
ကိုသာ နားလည်လက်ခံနိုင်မယ်ဆိုရင် ကြက်ဥနဲ့ကြက်မပြသနာဟာ အရမ်းလည်းနက်နဲလှတဲ့ပြသနာမျိုး မဟုတ်တော့ပါဘူး။
SOURCE : SCIENCE.ORG
#MyanmarSciencePlatform
Zawgyi
Theropodsဒိုင္ႏိုေဆာေတြဆီကေနဆင္းသက္လာတဲ့ ၾကက္ေတြဟာ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၅ေသာင္း၈ေထာင္ခန္႔က ကမာၻေပၚမွာ
စတင္ေပၚေပါက္လာခဲ့ၿပီး ၾကက္ေတြစတင္ေပၚေပါက္ခဲ့ရာကာလနဲ႔ ေဝးကြာလာတဲ့ယေန႔ေခတ္နဲ႔ ေနာက္ပိုင္းရာစုႏွစ္ေတြမွာေတာ့ ၾကက္ဥနဲ႔ၾကက္မမွာ ဘယ္ဟာကအရင္စျဖစ္လဲဆိုတဲ့ကိစၥက ျငင္းခုန္စရာတစ္ခုျဖစ္လာပါတယ္
တခ်ိဳ႕ကလည္း အေျဖရွာမေတြ႕ေတာ့ခ်ိန္မွာ ထုံးစံအတိုင္း လႊဲခ်စရာအခ်ိဳ႕ဆီကိုပဲ လႊဲခ်လိုက္ၾကပါေတာ့တယ္။ ဒါေၾကာင့္ ၾကက္ဥနဲ႔ၾကက္မမွာ ဘယ္သူအရင္စျဖစ္လဲဆိုတဲ့အေၾကာင္းအရာကို နည္းနည္းေလာက္ေဆြးေႏြးၾကည့္ခ်င္ပါတယ္။
ကမာၻေပၚကသက္ရွိေတြအားလုံးဟာ ဆဲလ္တစ္လုံးသာပါတဲ့ ႐ိုးရွင္းတဲ့သက္ရွိေတြဘဝကေန အခုလို ရႈပ္ေထြးတဲ့သက္ရွိေတြအျဖစ္
ဆင့္ကဲေျပာင္းလဲတိုးတက္လာခဲ့ၾကတယ္ဆိုတာကိုေတာ့ အားလုံးသိၿပီးသားပါ။ ဒီလိုနဲ႔ တိရိစာၦန္ေတြျဖစ္ေပၚလာၿပီးေနာက္ပိုင္း ဥအမ်ိဳးမ်ိဳးလည္း ေပၚေပါက္လာပါတယ္။
ဥဆိုတာဟာ အေမွးပါးဝန္းရံထားတဲ့ သေႏၶသားေနထိုင္ရာအရည္အိတ္တစ္အိတ္ျဖစ္ၿပီး မိမိေျခေထာက္ေပၚမိမိရပ္တည္ႏိုင္ေလာက္ေအာင္ ႀကီးထြားသန္မာလာတဲ့အထိ သေႏၶသားက ဒီအရည္အိတ္ထဲမွာ ေနထိုင္ရပါတယ္။
ယခင္က ငွက္ေတြဟာ မ်ိဳးပြားဖို႔အတြက္ ေရကိုအမွီျပဳၾကရၿပီး သူတို႔ရဲ႕ဥေတြမေျခာက္ေသြ႕သြားေစဖို႔ ေရအိုင္ေတြနဲ႔ စိုစြတ္တဲ့ပတ္ဝန္းက်င္ေဒသေတြမွာသာ ဥခ်ၾကရပါတယ္။
ဒီ့ေနာက္မွာေတာ့ အေမွးပါးအပို၃ခုပါတဲ့ ဥအမ်ိဳးအစားသစ္တစ္မ်ိဳးေပၚထြက္လာခဲ့ၿပီး ဒီအပိုအေမွးပါး၃ခုဟာ ၿပီးျပည့္စုံတဲ့ ေထာက္ပံ့မႈစနစ္တစ္ခုကို
ဖန္တီးေပးႏိုင္တာေၾကာင့္ ဥရဲ႕အျပင္ဘက္မွာ ေရရွိေနဖို႔လည္းမလိုအပ္ေတာ့ဘဲ အေပၚဆုံးက အခြံမာကလည္း သေႏၶသားကို ထပ္ေဆာင္းအကာအကြယ္ေပးပါတယ္။
ဒီေတာ့ ၾကက္ဥနဲ႔ၾကက္မဘယ္သူအရင္စျဖစ္လဲဆိုတဲ့ေမးခြန္းရဲ႕ ပထမျဖစ္ႏိုင္ေျခက – ၾကက္မဟုတ္တဲ့ ငွက္၂ေကာင္မိတ္လိုက္ၿပီးေနာက္မွာ
သူတို႔၂ဦးရဲ႕DNAေတြေပါင္းစပ္မိသြားၿပီး ပထမဆုံးျဖစ္ေပၚလာတဲ့ဆဲလ္ေတြမွာ မ်ိဳးဗီဇသေႏၶေျပာင္းမႈေတြျဖစ္လာကာ ဒီဆဲလ္ေတြကေနမွ
ထပ္တူညီတဲ့ေနာက္ထပ္ဆဲလ္ေတြအျဖစ္ျပန္ပြားထုတ္ရာကေန ပထမဆုံးၾကက္တစ္ေကာင္အျဖစ္ကို ေရာက္ရွိသြားခဲ့တာျဖစ္ႏိုင္ပါတယ္။
ဒါေၾကာင့္ ပထမျဖစ္ႏိုင္ေျခအေနနဲ႔ ၾကက္မဟုတ္တဲ့ငွက္တစ္ေကာင္ကေန ၾကက္ဥတစ္လုံးကို ဥထုတ္ေပးခဲ့တာမ်ိဳးျဖစ္ႏိုင္ပါတယ္။
ဒုတိယျဖစ္ႏိုင္ေျခအေနနဲ႔ – ၾကက္ဥရဲ႕အျပင္ခြံျဖစ္လာဖို႔အတြက္ ကလ္ဆီယမ္ေတြဟာ ကလ္ဆီယမ္ကာဗြန္နိတ္ျဒပ္ေပါင္းအျဖစ္
အနယ္က်ဖို႔လိုအပ္ၿပီး ဒီျဖစ္စဥ္ျဖစ္လာဖို႔အတြက္ ovocleidin-17လို႔ေခၚတဲ့ ပ႐ိုတင္းတစ္မ်ိဳးေပၚကို မွီခိုေနရတယ္။ ဒီပ႐ိုတင္းကို ၾကက္မရဲ႕
သားဥအိမ္ထဲမွာသာေတြ႕ရတာေၾကာင့္ ၾကက္ဥက ၾကက္မထက္အရင္ျဖစ္လာဖို႔ကလည္း မျဖစ္ႏိုင္ေတာ့ပါဘူး။ ဒါေၾကာင့္ ဒီျဖစ္ႏိုင္ေျခ၂ခုမွာ ဘယ္ဟာက တကယ္ျဖစ္ႏိုင္တယ္ဆိုတာ ဆက္ေဆြးေႏြးၾကည့္ရေအာင္ပါ။
ပထမအခ်က္မွာေျပာခဲ့တာက ၾကက္မဟုတ္တဲ့ငွက္တစ္ေကာင္ကေန ၾကက္ဥဥတယ္ဆိုတဲ့သေဘာျဖစ္ေနပါတယ္။ ၾကက္မဟုတ္တဲ့ငွက္
တစ္ေကာင္ကေန ႐ုတ္တရက္ၾကက္ဥဥလာတယ္ဆိုတာ တကယ္ေတာ့လုံးဝမျဖစ္ႏိုင္ပါဘူး။ ဒုတိယျဖစ္ႏိုင္ေျခမွာေတာ့ ၾကက္မက
ၾကက္ဥထက္အရင္ျဖစ္တယ္ဆိုတာက ဆင့္ကဲျဖစ္စဥ္အရလည္း ယုတၱိရွိေနတဲ့သေဘာျဖစ္ေနပါတယ္။ ဒါေပမယ့္ ပထမျဖစ္ႏိုင္ေျခကို ဒုတိယျဖစ္ႏိုင္ေျခနဲ႔အတူညႇိႏႈိင္းေပးၿပီး ျဖစ္ႏိုင္ေျခတစ္ခုတည္းကို ေတြးလို႔ရပါေသးတယ္။
ပထမအခ်က္မွာေျပာထားသလို ၾကက္မဟုတ္တဲ့ငွက္တစ္ေကာင္ကေန ၾကက္ဥ ဥခ်ဖို႔ဆိုတာကမျဖစ္ႏိုင္ေပမယ့္ ဒီဥကေနေမြးလာတဲ့ငွက္ရဲ႕
ဆဲလ္အခ်ိဳ႕က ဗီဇသေႏၶေျပာင္းေနၿပီး အဆိုပါသေႏၶေျပာင္းဆဲလ္ေတြက အခ်ိန္နဲ႔အမွ် ပုံတူပြားလာရင္းကေန သူ႔ရဲ႕ရွိရင္းစြဲ
ဆဲလ္ေတြအားလုံးေနရာမွာအစားထိုးၿပီးသြားတဲ့အခါမွာ ဒီငွက္တစ္ေကာင္လုံးဟာ သူ႔အေဖအေမနဲ႔မတူေတာ့တဲ့ သီျခားငွက္(ၾကက္)
တစ္ေကာင္ဘဝေရာက္လာတာျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ ၾကက္ဥမဟုတ္တဲ့ဥတစ္ခုကေနေမြးလာတဲ့ ငွက္တစ္ေကာင္ဟာ ေမြးၿပီးခါမွ
အေျခအေနအရပ္ရပ္ေၾကာင့္ ဆင္းကဲေျပာင္းလဲျခင္းျဖစ္စဥ္အရ မ်ိဳးဗီဇသေႏၶေျပာင္းကာ ၾကက္ဘဝကိုေရာက္ရွိသြားၿပီး ဒီကေနမွ ၾကက္ဥအစစ္ေတြကို ဥထုတ္ေပးမွာျဖစ္လို႔ ဒုတိယအဆိုနဲ႔လည္းညီၫြတ္သြားပါတယ္။
ၾကက္မရဲ႕မ်ိဳးဥအိမ္ထဲက ovocleidin-17ပ႐ိုတင္းသာမရွိရင္ ၾကက္ဥရယ္လို႔လည္း ျဖစ္လာစရာမရွိတာေၾကာင့္ ၾကက္ဥထက္ ၾကက္မကသာ
အရင္ျဖစ္ခဲ့တာျဖစ္ၿပီး လုံးဝကြဲျပားေနတဲ့ငွက္တစ္ေကာင္ကေန ႐ုတ္တရက္ၾကက္ျဖစ္လာတာေတာ့မဟုတ္ဘဲ ၾကားထဲမွာ အဆင့္ေပါင္းမ်ားစြာ
ကိုျဖတ္သန္းၿပီး ဆင့္ကဲျဖစ္စဥ္ေပါင္းမ်ားစြာျဖစ္ပြားၿပီးမွသာ ၾကက္ဘဝကိုေရာက္ရွိလာတာျဖစ္ပါတယ္။ ဒါေၾကာင့္ ဆင့္ကဲေျပာင္းလဲျခင္းျဖစ္စဥ္(evolution)
ကိုသာ နားလည္လက္ခံႏိုင္မယ္ဆိုရင္ ၾကက္ဥနဲ႔ၾကက္မျပသနာဟာ အရမ္းလည္းနက္နဲလွတဲ့ျပသနာမ်ိဳး မဟုတ္ေတာ့ပါဘူး။
SOURCE : SCIENCE.ORG
#MyanmarSciencePlatform