“လွ်ပ္စစ္စီးေနခ်ိန္မွာ ဓာတ္ႀကိဳးေပၚမွာ နားေနတဲ့ ငွက္ေတြ ဓာတ္မလိုက္ရတဲ့ အေၾကာင္းရင္း”

Unicode

လျှပ်စစ်ဓာတ်အားဆိုတာ လူတွေအတွက်တော့ အသုံးဝင်လွန်းတဲ့အရာဖြစ်သလို အရမ်းလည်း အန္တရာယ် များတဲ့အရာပါ။ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲကို လျှပ်စီးကြောင်းတစ်ခုဖြတ်စီးသွားရင် စက္ကန့်အနည်းငယ် အတွင်းမှာပဲ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ပြင်းပြင်းထန်ထန်ထိခိုက်သွားနိုင်ပြီး နှလုံးကို ပျက်စီး သွားစေပါလိမ့်မယ်။

ဒါကြောင့် ပလက်ပေါက်တွေထဲ လက်ချောင်းတွေမထည့်မိဖို့၊ အိမ်မှာ လျှပ်စစ်သွယ်ထားတဲ့ဝိုင်ယာကြိုးတွေကို အမှုမဲ့မကိုင်မိဖို့ ကျွန်တော်တို့ အမြဲသတိထားနေကြတာပါ။

ဒါပေမဲ့ လျှပ်စစ်သွယ်တန်းထားတဲ့ဓာတ်ကြိုးတွေက အခုလောက် အရမ်းအန္တရာယ်များတယ်ဆိုပါလျက် “ငှက်တွေကျတော့ ဓာတ်ကြိုးပေါ်မှာနားရင် ဘာလို့ဓာတ်မလိုက်လဲ” ဆိုတဲ့မေးခွန်းကို တွေးမိဖူးကြမှာပါပဲ။

ဓာတ်ကြိုးပေါ်မှာနားနေတဲ့ငှက်တွေကို လျှပ်စစ်ဖြတ်မစီး (ဓာတ်မလိုက်) ရတဲ့အကြောင်းရင်းက (၂) ခုရှိပါတယ်။ ပထမတစ်ခုက သူတို့ရဲ့ခန္ဓာကိုယ်ဟာ

လျှပ်စစ်စီးကူးဖို့ မကောင်းမွန်လို့ပါပဲ။ ငှက်ရဲ့ခန္ဓာကိုယ်က ဆဲလ်နဲ့ တစ်ရှုးတွေဟာ လျှပ်စီးကြောင်းဖြတ်စီးနိုင်ဖို့ ကြေးနီဝိုင်ယာကြိုးတစ်ချောင်းထက် ပိုခက်ခဲလို့ပါ။

လျှပ်စစ်ဓာတ်အားဟာ တစ်နေရာကနေ အခြားတစ်နေရာကို စီးဆင်းတဲ့အခါ ဗို့အားမြင့်ရာကနေ ဗို့အားနိမ့်ရာဆီပဲ စီးတတ်ပါတယ်။

ဓာတ်အားလိုင်းတစ်ခုတည်းမှာ ဗို့အား (၃၅၀၀၀) ပမာဏနဲ့ စီးနေတဲ့ လျှပ်စီးကြောင်း တစ်ခုအနေနဲ့ ဝိုင်ယာမှာ ဗို့အားခြားနားချက် တစ်ခုခုရှိမနေရင်

လျှပ်စစ်ခုခံအား အနည်းဆုံး လမ်းကြောင်းကနေပဲ ဆက်စီးသွားမှာပါ။ ဒီလိုအချက်တွေကြောင့် လျှပ်စီးကြောင်းဟာ ဓာတ်ကြိုးပေါ်နားနေတဲ့ ငှက်ကို ဖြတ်မစီးဘဲ ပိုအဆင်ပြေတဲ့ ဝိုင်ယာကြိုးကနေပဲ ဆက်စီးသွားတယ်လို့ ဆိုတာဖြစ်ပါတယ်။

ဒုတိယအကြောင်းရင်းကတော့ ငှက်ရဲ့ခြေထောက်နှစ်ဘက်လုံးက ဝိုင်ယာကြိုးတစ်ချောင်းတည်းပေါ်မှာပဲ ရှိနေတာဖြစ်လို့ ခြေထောက်နဲ့ ဝိုင်ယာကြိုး

အကြားမှာ ဗို့အားခြားနားမှု ရှိမနေပါဘူး။ တကယ်လို့ ငှက်က ဝိုင်ယာကြိုးပေါ်နားနေတုန်း မြေပြင်ကိုထိလိုက်မယ် (ဒါမှမဟုတ်) အတောင်ပံခတ်လိုက်ရင်း ဗို့အားမတူတဲ့ တခြားဝိုင်ယာကြိုးကို ထိမိလိုက်မယ် ဆိုရင်တော့ ဓာတ်လိုက်ပြီး သေဆုံးရမှာ သေချာပါတယ်။

ဒါကြောင့် ဓာတ်အားလိုင်းတွေကို မြေပြင် အထက်မြင့်မားတဲ့ နေရာတွေမှာပဲ တွေ့ရတာဖြစ်ပြီး ဝိုင်ယာကြိုးတစ်ချောင်းနဲ့ တစ်ချောင်းကိုလည်း ခပ်ခွာခွာပဲ

သွယ်တန်းထားကြတာပါ။ ဘာပဲဖြစ်ဖြစ် လျှပ်စစ်စီးနေတဲ့ ဝိုင်ယာကြိုးတစ်ချောင်းကို သတိလက်လွတ် ထိမိ၊ ကိုင်မိလိုက်မယ်ဆိုရင် အသက်အန္တရာယ်ရှိတာကြောင့် ဂရုတစိုက် ကိုင်တွယ်အသုံးပြုဖို့ကိုတော့ အမြဲသတိချပ်စေချင်ပါတယ်။

Crd

Zawgyi

လွ်ပ္စစ္ဓာတ္အားဆိုတာ လူေတြအတြက္ေတာ့ အသုံးဝင္လြန္းတဲ့အရာျဖစ္သလို အရမ္းလည္း အႏၲရာယ္ မ်ားတဲ့အရာပါ။ လူတစ္ေယာက္ရဲ႕ခႏၶာကိုယ္ထဲကို လွ်ပ္စီးေၾကာင္းတစ္ခုျဖတ္စီးသြားရင္ စကၠန႔္အနည္းငယ္ အတြင္းမွာပဲ ကိုယ္အဂၤါအစိတ္အပိုင္းေတြ ျပင္းျပင္းထန္ထန္ထိခိုက္သြားႏိုင္ၿပီး ႏွလုံးကို ပ်က္စီး သြားေစပါလိမ့္မယ္။

ဒါေၾကာင့္ ပလက္ေပါက္ေတြထဲ လက္ေခ်ာင္းေတြမထည့္မိဖို႔၊ အိမ္မွာ လွ်ပ္စစ္သြယ္ထားတဲ့ဝိုင္ယာႀကိဳးေတြကို အမႈမဲ့မကိုင္မိဖို႔ ကြၽန္ေတာ္တို႔ အၿမဲသတိထားေနၾကတာပါ။

ဒါေပမဲ့ လွ်ပ္စစ္သြယ္တန္းထားတဲ့ဓာတ္ႀကိဳးေတြက အခုေလာက္ အရမ္းအႏၲရာယ္မ်ားတယ္ဆိုပါလ်က္ “ငွက္ေတြက်ေတာ့ ဓာတ္ႀကိဳးေပၚမွာနားရင္ ဘာလို႔ဓာတ္မလိုက္လဲ” ဆိုတဲ့ေမးခြန္းကို ေတြးမိဖူးၾကမွာပါပဲ။

ဓာတ္ႀကိဳးေပၚမွာနားေနတဲ့ငွက္ေတြကို လွ်ပ္စစ္ျဖတ္မစီး (ဓာတ္မလိုက္) ရတဲ့အေၾကာင္းရင္းက (၂) ခုရွိပါတယ္။ ပထမတစ္ခုက သူတို႔ရဲ႕ခႏၶာကိုယ္ဟာ

လွ်ပ္စစ္စီးကူးဖို႔ မေကာင္းမြန္လို႔ပါပဲ။ ငွက္ရဲ႕ခႏၶာကိုယ္က ဆဲလ္နဲ႔ တစ္ရႈးေတြဟာ လွ်ပ္စီးေၾကာင္းျဖတ္စီးႏိုင္ဖို႔ ေၾကးနီဝိုင္ယာႀကိဳးတစ္ေခ်ာင္းထက္ ပိုခက္ခဲလို႔ပါ။

လွ်ပ္စစ္ဓာတ္အားဟာ တစ္ေနရာကေန အျခားတစ္ေနရာကို စီးဆင္းတဲ့အခါ ဗို႔အားျမင့္ရာကေန ဗို႔အားနိမ့္ရာဆီပဲ စီးတတ္ပါတယ္။

ဓာတ္အားလိုင္းတစ္ခုတည္းမွာ ဗို႔အား (၃၅၀၀၀) ပမာဏနဲ႔ စီးေနတဲ့ လွ်ပ္စီးေၾကာင္း တစ္ခုအေနနဲ႔ ဝိုင္ယာမွာ ဗို႔အားျခားနားခ်က္ တစ္ခုခုရွိမေနရင္

လွ်ပ္စစ္ခုခံအား အနည္းဆုံး လမ္းေၾကာင္းကေနပဲ ဆက္စီးသြားမွာပါ။ ဒီလိုအခ်က္ေတြေၾကာင့္ လွ်ပ္စီးေၾကာင္းဟာ ဓာတ္ႀကိဳးေပၚနားေနတဲ့ ငွက္ကို ျဖတ္မစီးဘဲ ပိုအဆင္ေျပတဲ့ ဝိုင္ယာႀကိဳးကေနပဲ ဆက္စီးသြားတယ္လို႔ ဆိုတာျဖစ္ပါတယ္။

ဒုတိယအေၾကာင္းရင္းကေတာ့ ငွက္ရဲ႕ေျခေထာက္ႏွစ္ဘက္လုံးက ဝိုင္ယာႀကိဳးတစ္ေခ်ာင္းတည္းေပၚမွာပဲ ရွိေနတာျဖစ္လို႔ ေျခေထာက္နဲ႔ ဝိုင္ယာႀကိဳး

အၾကားမွာ ဗို႔အားျခားနားမႈ ရွိမေနပါဘူး။ တကယ္လို႔ ငွက္က ဝိုင္ယာႀကိဳးေပၚနားေနတုန္း ေျမျပင္ကိုထိလိုက္မယ္ (ဒါမွမဟုတ္) အေတာင္ပံခတ္လိုက္ရင္း ဗို႔အားမတူတဲ့ တျခားဝိုင္ယာႀကိဳးကို ထိမိလိုက္မယ္ ဆိုရင္ေတာ့ ဓာတ္လိုက္ၿပီး ေသဆုံးရမွာ ေသခ်ာပါတယ္။

ဒါေၾကာင့္ ဓာတ္အားလိုင္းေတြကို ေျမျပင္ အထက္ျမင့္မားတဲ့ ေနရာေတြမွာပဲ ေတြ႕ရတာျဖစ္ၿပီး ဝိုင္ယာႀကိဳးတစ္ေခ်ာင္းနဲ႔ တစ္ေခ်ာင္းကိုလည္း ခပ္ခြာခြာပဲ

သြယ္တန္းထားၾကတာပါ။ ဘာပဲျဖစ္ျဖစ္ လွ်ပ္စစ္စီးေနတဲ့ ဝိုင္ယာႀကိဳးတစ္ေခ်ာင္းကို သတိလက္လြတ္ ထိမိ၊ ကိုင္မိလိုက္မယ္ဆိုရင္ အသက္အႏၲရာယ္ရွိတာေၾကာင့္ ဂ႐ုတစိုက္ ကိုင္တြယ္အသုံးျပဳဖို႔ကိုေတာ့ အၿမဲသတိခ်ပ္ေစခ်င္ပါတယ္။

Crd