ဆိုင္မွာ ေစ်းႀကီးေပးဝယ္စားရတဲ့ဝက္သားသုံးထပ္သာကင္ကိုယ္တိုင္လုပ္စားႏိုင္မယ့္နည္းလမ္း

Unicode

ဝက်သား သုံးထပ်သား ကင်နည်း

အသားကြိုက်သူဖြစ်ဖြစ်၊ အဆီကြိုက်သူဖြစ်ဖြစ် ၊ အခေါက်ကြိုက်သူဖြစ်ဖြစ် သုံးမျိုးလုံး အဆင်ပြေစေမယ့် ဝက်သားသုံးထပ်သားကို စားကောင်းအောင် ပြုလုပ်တဲ့ နည်းနဲ့ အားလုံးကို မိတ်ဆက်ပေးပါမယ်..

တကြွပ်ကြွပ်သံစဉ်နဲ့အတူ ဝါးလို့ကောင်းတဲ့ အသားကင်လို ဆိမ့်ဆိမ့်လေးဖြစ်နေအောင် သုံးထပ်သားကို သူတို့တွေ ဘယ်လိုလုပ်ကြသလဲ တစ်ချက်လောက် ရှိုးကြရအောင်…

(၁) အခေါက်တွေ အိသွားအောင် အရင် ဝက်သားကို အိုးထဲ ပြုတ်ရပါမယ် ။

(၂) ပြီးရင် ဆယ်ထားလိုက် အေးသွားရင် အခေါက်ကို ဓားအချွန်လေးနဲ့ ထိုးပြီး နေရာအနံ့စိတ်စိတ်ကလေး ထိုးဆွပေးရပါမယ်။

(၃) ဆား ၊ အချို မှုန့် ၊ ကြက်သားမှုန့် ၊ ငံပြာရည် ၊ ကြာညို့ဖြင့် နယ်ပါ (ရှောင်ကော ၊ ထုံချွင့် ၊ ပါကော ၊ ဟွားကြောင်း ၊ ဆန်အရက် ရှိပါက ထည့်သုံးနိုင်ပါတယ်) ။ ပြီးရင် ကြော်လိုက်ပါ ။

(၄) တစ်ခေါက်ကြော်ပြီးရင် အဲ့ဒီ ဆီထဲမှာ ဘဲ စိမ်ပြီး မီးပိတ် ထားလိုက်ပါ ။

အဲဒီလို စိတ်ရှည် လက်ရှည် သုံးပြန်လောက် လုပ်လိုက်ပါ အခေါက်လေးက ကြွပ်ရွလာပြီး စားလို့ကောင်းပါပြီ ။ ဒါဆို ရင် အသင့်စားလို့ရနေပါပြီကဲ..ဘယ်လောက်လွယ်တယ်မှတ်လဲ..

ဒီနည်းက လွယ်လည်းလွယ်၊ စားလို့လည်းကောင်း အရောင်အသွေးကလည်း စားချင်စိတ်တွေ တစ်ရွမ်းရွမ်း တက်လာစေတော့ ဝက်သားကင်ကြိုက်သူများနဲ့ ဆို အံကိုက်ပဲပေါ့….

#Yangonlife #SocialInterest #CookingTime

Zawgyi

ဝက္သား သုံးထပ္သား ကင္နည္း

အသားႀကိဳက္သူျဖစ္ျဖစ္၊ အဆီႀကိဳက္သူျဖစ္ျဖစ္ ၊ အေခါက္ႀကိဳက္သူျဖစ္ျဖစ္ သုံးမ်ိဳးလုံး အဆင္ေျပေစမယ့္ ဝက္သားသုံးထပ္သားကို စားေကာင္းေအာင္ ျပဳလုပ္တဲ့ နည္းနဲ႔ အားလုံးကို မိတ္ဆက္ေပးပါမယ္..

တႂကြပ္ႂကြပ္သံစဥ္နဲ႔အတူ ဝါးလို႔ေကာင္းတဲ့ အသားကင္လို ဆိမ့္ဆိမ့္ေလးျဖစ္ေနေအာင္ သုံးထပ္သားကို သူတို႔ေတြ ဘယ္လိုလုပ္ၾကသလဲ တစ္ခ်က္ေလာက္ ရႈိးၾကရေအာင္…

(၁) အေခါက္ေတြ အိသြားေအာင္ အရင္ ဝက္သားကို အိုးထဲ ျပဳတ္ရပါမယ္ ။

(၂) ၿပီးရင္ ဆယ္ထားလိုက္ ေအးသြားရင္ အေခါက္ကို ဓားအခြၽန္ေလးနဲ႔ ထိုးၿပီး ေနရာအနံ႔စိတ္စိတ္ကေလး ထိုးဆြေပးရပါမယ္။

(၃) ဆား ၊ အခ်ိဳ မႈန႔္ ၊ ၾကက္သားမႈန႔့္ ၊ ငံျပာရည္ ၊ ၾကာညိဳ႕ျဖင့္ နယ္ပါ (ေရွာင္ေကာ ၊ ထုံခြၽင့္ ၊ ပါေကာ ၊ ဟြားေၾကာင္း ၊ ဆန္အရက္ ရွိပါက ထည့္သုံးႏိုင္ပါတယ္) ။ ၿပီးရင္ ေၾကာ္လိုက္ပါ ။

(၄) တစ္ေခါက္ေၾကာ္ၿပီးရင္ အဲ့ဒီ ဆီထဲမွာ ဘဲ စိမ္ၿပီး မီးပိတ္ ထားလိုက္ပါ ။

အဲဒီလို စိတ္ရွည္ လက္ရွည္ သုံးျပန္ေလာက္ လုပ္လိုက္ပါ အေခါက္ေလးက ႂကြပ္႐ြလာၿပီး စားလို႔ေကာင္းပါၿပီ ။ ဒါဆို ရင္ အသင့္စားလို႔ရေနပါၿပီကဲ..ဘယ္ေလာက္လြယ္တယ္မွတ္လဲ..

ဒီနည္းက လြယ္လည္းလြယ္၊ စားလို႔လည္းေကာင္း အေရာင္အေသြးကလည္း စားခ်င္စိတ္ေတြ တစ္႐ြမ္း႐ြမ္း တက္လာေစေတာ့ ဝက္သားကင္ႀကိဳက္သူမ်ားနဲ႔ ဆို အံကိုက္ပဲေပါ့….

#Yangonlife #SocialInterest #CookingTime