“ဆီေစ်းႀကီးလို႔ လွ်ပ္စစ္ကား စိတ္ဝင္စားပါတယ္ဆိုမွ. . . အားသြင္းဖို႔ မီးစက္ပါတယ္ဆိုတဲ့ ျမန္မာ့ လွ်ပ္စစ္ကားအေၾကာင္း ဖတ္ၾကည့္ပါဦး”

Unicode

မြန်မာ့ ပထမဆုံး မီးစက်ပါ လျှပ်စစ်ကားက ဂျင်းကားလား..

အခုတလောလူပြောများနေတဲ့ ‌ရွှေပြည်သာသာဓုကန်တယ်စလာလေးအကြောင်းကို ကျနော်သိသလောက်လေး ပြောပြပေးမယ်။ဆရာကြီးတော့မဟုတ်ပါဘူးတစ်ချိန်က ကျနော်သဘောကျခဲ့ဖူးလို့ လေ့လာဖူးတာလေးပါ။

ခိုင်ခိုင်းဆန်းဒါးဟာ၂၀၁၈ လောက်ကတည်းကသတင်းစာတွေတော်တော်များများထဲမှာတောင် ခေါင်းကြီးပိုင်းမှာဘတ်ထရီကားဆိုပြီးနာမည်ကြီးခဲ့ဖူးပါတယ်.

ကျနော်လည်းအဲ့လောက်တည်းက စိတ်ဝင်စားခဲ့တာပေါ့။ ၂၀၁၉-၂၀၂၀ လောက်မှာသာဓုကန်စက်ရုံမှာစတင်ပြီး ရောင်းချခဲ့တယ်။

အစီးရေ ၅၀၀ ပဲထုတ်မှာဘာညာနဲ့ လျှောက်ကြော်ငြာခဲ့ပေမယ့် ကျနော်သိရတာ ၅ စီးတောင် ပြည့်မယ်မထင်ဘူး။ တကယ်ဝယ်စီးတဲ့ သူတစ်ယောက်ရဲ့

feedback ကိုတောင် ကျနော်လေ့လာခဲ့သေးတယ်ဗျ။ စစချင်းတော့ KSD က မိုက်တယ်ဆိုပြီး လျှောက်တင်ထားတာတွေ့တယ်။

သိပ်မကြာဘူး သူ charging cable တိုင်ပတ်တယ်ဆိုပြီး စက်ရုံကိုသွားပြတယ် တင်ထားတယ်။ နောက်ကျတော့ စက်ရုံရက်ကြာတာနဲ့ ပစ္စည်းမရှိတာ

ဘာဖြစ်တယ် ညာဖြစ်ဆိုပြီး စဆဲပါလေရော။ နောက်ပိုင်းသူ့အိမ်နဲ့ စက်ရုံကို မြေအောက်လိုဏ်ဂူဖောက်ဖို့ ကြိုးစားလာတယ် (စတာဘာ)

စက်ရုံကို ချောင်းပေါက်အောင် သွားနေရတယ်။ နောက်ဆုံး စက်ရုံမှာ ကားထားရတဲ့ထိတောင် ဖြစ်လာတယ်။ နောက်ပြီး စာတစ်စောင် သူ့ fb အကောင့်မှာ

တင်ထားတယ် Soldout တဲ့။ မယုံရင် we love KSD ဆိုလား group အရင်ကရှိတယ် ရှာကြည့်ကြည့်။ကျနော်လည်း

တစ်စီးတစ်လေဖောက်တာနေမှာပါဆိုပြီး ဝယ်ဖို့ကြိုးစားသေးတယ်။ ကြော်ငြာစာရွက်မှာပါတဲ့ ဖုန်းနံပါတ်တွေခေါ်တယ် တစ်လုံးမှခေါ်ရဘူး။

ဒီလိုနဲ့ နောက်ပိုင်း KSD ကားလေးတွေ မြင်မြင်လာတယ်။ ကိုယ့်ကား မြန်တယ်။ သူ့ကို ကျော်ကျော်သွားတယ်ဆိုပြီး သေချာမကြည့်ဖြစ်ဘူး။

တစ်ရက်တော့ ကျနော့်ယောက္ခမနဲ့ သံစကာသွားဝယ်တုန်း သူ့ကိုထပ်တွေ့တယ်။ ဒီလိုနဲ့ထပ်ပြီး ကျော်တက်သွားတာပေါ့။

သံစကာဝယ်ပြီး ပိုက်ဆံရှင်း ကားပေါ်တင် အကုန်လုပ်ပြီး ရှေ့ခပ်လှမ်းလှမ်းမှာ ပြန်တွေ့တော့ ယောက္ခမကိုလည်း ပြမယ်ပေါ့။

နေပူထဲတောင် ရပ်ပြီး သူ့ကိုစောင့်နေတာ မြင်တော့မြင်နေရတယ်။ မရွေ့ဘူးထင်နေတာ အနားရောက်တော့မှ ဘယ်ဟုတ်မလဲ

high speed နဲ့ လမ်းလျောက်နေတာ။ မစ္စတာဘင်း စက်ဘီးခိုးပြေးသလိုပဲ လမ်းလျောက်တစ်ရေးတစ်မော အိပ်ပြီးလိုက်တာတောင်

မှီသေးတယ်။ အတွင်းခန်း ဂရိတ်ကိုလည်းရှိုး မီနီအိုးဝေ နီးနီးကိုမိုက်တာဗျာ။ ခရီးသွားရင်း တုတ်တုတ်စီးရသလိုလို မိုက်နေတာ။နမူနာ Video လေးကြည့်လိုက်ပါဦး (ကြိုးနဲ့ ဆွဲနေရပီ)

အလကား ပြောနေတာတော့မဟုတ်ဘူး။ လက်ရှိဆီဈေး တလီတာ ၂၀၀၀ ကျော်မှာ သူက အသစ်ကို သိန်း ၁၀၀ ကျော်နဲ့ရမယ်ဆိုပြီး

နာမည်ပြန်ကြီးနေလို့ သတိပေးတာ ညီအကိုတို့ရေ။ သာဓုကန်က ညီအကိုတွေတော့ ဝယ်ချင်ဝယ်လို့ရတယ်။

Crd

Zawgyi

ျမန္မာ့ ပထမဆုံး မီးစက္ပါ လွ်ပ္စစ္ကားက ဂ်င္းကားလား..

အခုတေလာလူေျပာမ်ားေနတဲ့ ‌ေ႐ႊျပည္သာ သာဓုကန္ တယ္စလာေလးအေၾကာင္းကို က်ေနာ္သိသေလာက္ေလး ေျပာျပေပးမယ္။ ဆရာႀကီးေတာ့ မဟုတ္ပါဘူး တစ္ခ်ိန္က က်ေနာ္သေဘာက်ခဲ့ဖူးလို႔ ေလ့လာဖူးတာေလးပါ။

ခိုင္ခိုင္းဆန္းဒါးဟာ ၂၀၁၈ ေလာက္ကတည္းက သတင္းစာေတြေတာ္ေတာ္မ်ားမ်ားထဲမွာေတာင္ ေခါင္းႀကီးပိုင္းမွာ ဘတ္ထရီကားဆိုၿပီး နာမည္ႀကီးခဲ့ဖူးပါတယ္.

က်ေနာ္လည္းအဲ့ေလာက္တည္းက စိတ္၀င္စားခဲ့တာေပါ့။ ၂၀၁၉-၂၀၂၀ ေလာက္မွာ သာဓုကန္စက္႐ုံမွာ စတင္ၿပီး ေရာင္းခ်ခဲ့တယ္။

အစီးေရ ၅၀၀ ပဲထုတ္မွာဘာညာနဲ႔ ေလွ်ာက္ေၾကာ္ျငာခဲ့ေပမယ့္ က်ေနာ္သိရတာ ၅ စီးေတာင္ ျပည့္မယ္မထင္ဘူး။ တကယ္၀ယ္စီးတဲ့ သူတစ္ေယာက္ရဲ႕

feedback ကိုေတာင္ က်ေနာ္ေလ့လာခဲ့ေသးတယ္ဗ်။ စစခ်င္းေတာ့ KSD က မိုက္တယ္ဆိုၿပီး ေလွ်ာက္တင္ထားတာေတြ႕တယ္။

သိပ္မၾကာဘူး သူ charging cable တိုင္ပတ္တယ္ဆိုၿပီး စက္႐ုံကိုသြားျပတယ္ တင္ထားတယ္။ ေနာက္က်ေတာ့ စက္႐ုံရက္ၾကာတာနဲ႔ ပစၥည္းမရွိတာ

ဘာျဖစ္တယ္ ညာျဖစ္ဆိုၿပီး စဆဲပါေလေရာ။ ေနာက္ပိုင္းသူ႔အိမ္နဲ႔ စက္႐ုံကို ေျမေအာက္လိုဏ္ဂူေဖာက္ဖို႔ ႀကိဳးစားလာတယ္ (စတာဘာ)

စက္႐ုံကို ေခ်ာင္းေပါက္ေအာင္ သြားေနရတယ္။ ေနာက္ဆုံး စက္႐ုံမွာ ကားထားရတဲ့ထိေတာင္ ျဖစ္လာတယ္။ ေနာက္ၿပီး စာတစ္ေစာင္ သူ႔ fb အေကာင့္မွာ

တင္ထားတယ္ Soldout တဲ့။ မယုံရင္ we love KSD ဆိုလား group အရင္ကရွိတယ္ ရွာၾကည့္ၾကည့္။က်ေနာ္လည္း

တစ္စီးတစ္ေလေဖာက္တာေနမွာပါဆိုၿပီး ၀ယ္ဖို႔ႀကိဳးစားေသးတယ္။ ေၾကာ္ျငာစာ႐ြက္မွာပါတဲ့ ဖုန္းနံပါတ္ေတြေခၚတယ္ တစ္လုံးမွေခၚရဘူး။

ဒီလိုနဲ႔ ေနာက္ပိုင္း KSD ကားေလးေတြ ျမင္ျမင္လာတယ္။ ကိုယ့္ကား ျမန္တယ္။ သူ႔ကို ေက်ာ္ေက်ာ္သြားတယ္ဆိုၿပီး ေသခ်ာမၾကည့္ျဖစ္ဘူး။

တစ္ရက္ေတာ့ က်ေနာ့္ေယာကၡမနဲ႔ သံစကာသြား၀ယ္တုန္း သူ႔ကိုထပ္ေတြ႕တယ္။ ဒီလိုနဲ႔ထပ္ၿပီး ေက်ာ္တက္သြားတာေပါ့။

သံစကာ၀ယ္ၿပီး ပိုက္ဆံရွင္း ကားေပၚတင္ အကုန္လုပ္ၿပီး ေရွ႕ခပ္လွမ္းလွမ္းမွာ ျပန္ေတြ႕ေတာ့ ေယာကၡမကိုလည္း ျပမယ္ေပါ့။

ေနပူထဲေတာင္ ရပ္ၿပီး သူ႔ကိုေစာင့္ေနတာ ျမင္ေတာ့ျမင္ေနရတယ္။ မေ႐ြ႕ဘူးထင္ေနတာ အနားေရာက္ေတာ့မွ ဘယ္ဟုတ္မလဲ

high speed နဲ႔ လမ္းေလ်ာက္ေနတာ။ မစၥတာဘင္း စက္ဘီးခိုးေျပးသလိုပဲ လမ္းေလ်ာက္တစ္ေရးတစ္ေမာ အိပ္ၿပီးလိုက္တာေတာင္

မွီေသးတယ္။ အတြင္းခန္း ဂရိတ္ကိုလည္းရႈိး မီနီအိုးေဝ နီးနီးကိုမိုက္တာဗ်ာ။ ခရီးသြားရင္း တုတ္တုတ္စီးရသလိုလို မိုက္ေနတာ။နမူနာ Video ေလးၾကည့္လိုက္ပါဦး (ႀကိဳးနဲ႔ ဆြဲေနရပီ)

အလကား ေျပာေနတာေတာ့မဟုတ္ဘူး။ လက္ရွိဆီေစ်း တလီတာ ၂၀၀၀ ေက်ာ္မွာ သူက အသစ္ကို သိန္း ၁၀၀ ေက်ာ္နဲ႔ရမယ္ဆိုၿပီး

နာမည္ျပန္ႀကီးေနလို႔ သတိေပးတာ ညီအကိုတို႔ေရ။ သာဓုကန္က ညီအကိုေတြေတာ့ ၀ယ္ခ်င္၀ယ္လို႔ရတယ္။

Crd