တောင်ငူမြို့တွင် ငယ်စဉ်ကပင်မွေးမြူခဲ့သည့် ဝက်ဝံကိုက်သတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး
ပဲခူးတိုင်း၊တောင်ငူမြို့နေ တိရစ္ဆာန်ချစ်သူများအကြားထင်ရှားသည့် အနှိုင်းမဲ့အကြင်နာပရဟိတ ဦးကိုကိုအောင်သည်
ဧပြီ ၇ ရက်(ယနေ့)နံနက် ၃ နာရီခွဲခန့်က ၎င်းမွေးမြူခဲ့သည့် ဝက်ဝံနှစ်ကောင်မှ ကိုက်သတ်ခဲ့သဖြင့်သေဆုံးခဲ့သည်ဟု တောင်ငူနာရေးကူညီမှုအသင်းမှသိရသည်။
သေဆုံးခဲ့သည့်ဦးကိုကိုအောင်သည် တောင်ငူမြို့၌ မြင့်မိုရ်နန်းတည်းခိုခန်းနှင့် KTV ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်ကာ
ဝက်ဝံနှစ်ကောင်နှင့်တိရစ္ဆာန်များစွာအား အနှိုင်းမဲ့အကြင်နာပရဟိတ အမည်ဖြင့်ထိန်းသိမ်းစောင့်ရှောက်ပေးနေသူတစ်ဦးဖြစ် ကြောင်း သိရသည်။
ဦးကိုကိုအောင်အား ၎င်းမွေးမြူထားသည့် ဝက်ဝံနှစ်ကောင်ဖြစ်သော ချစ်ပိုနှင့်အိစိကွေးတို့မှ အရိုင်းစိတ်ဝင်၍
ကိုက်သတ်ခဲ့ခြင်းဖြစ်ကာ ကိုက်ခံရချိန်တွင် ဦးကိုကိုအောင်အား ဝင်ရောက်ကူညီပေးခဲ့သည့် အိမ်မွေးခွေးအချို့လည်း ဝက်ဝံကိုက်ခံရသဖြင့်သေဆုံးခဲ့သည်ဟု သိရသည်။
“ကိုအောင်ရဲ့အမျိုးသမီးက ကိုအောင် ဝက်ဝံကိုက်ခံရလို့ ကူညီပေးပါလို့ရုံးကိုဖုန်းဆက်တာကြောင့်
ကျွန်တော်တို့သွားပြီးကူညီပေးခဲ့ပါတယ် လူအင်အားအလုံအလောက်နဲ့သွားခဲ့ပေမယ့် အ လောင်းကောက်ဖို့တောင်မလွယ်တဲ့အတွက်
ဌာနဆိုင်ရာကလူကြီးတွေကိုအကူအညီတောင်းခဲ့ရပါတယ်”ဟုတောင်ငူနာရေးကူညီမှုအသင်းဝင်တစ်ဦးကပြောသည်။
ဦးကိုကိုအောင်၏ ရုပ်အလောင်းအားသယ်ထုတ်ရန် အရိုင်းစိတ်ဝင်နေသည့်
ဝက်ဝံနှစ်ကောင်အား တာဝန်ရှိသူများက သေနတ်ဖြင့်ပစ်သတ်ခဲ့ရသည်ဟု သိရသည်။
ထိုသို့ ပစ်သတ်ပြီးနောက် ဦးကိုကိုအောင်၏ရုပ်အ လောင်းအား တောင်ငူနာရေးကူညီမှုအသင်းကားဖြင့်
တောင်ငူဆေးရုံရင်ခွဲရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။
Zawgyi
ေတာင္ငူၿမိဳ႕တြင္ ငယ္စဥ္ကပင္ေမြးျမဴခဲ့သည့္ ဝက္ဝံကိုက္သတ္မႈေၾကာင့္ အမ်ိဳးသားတစ္ဦးေသဆုံး
ပဲခူးတိုင္း၊ေတာင္ငူၿမိဳ႕ေန တိရစာၦန္ခ်စ္သူမ်ားအၾကားထင္ရွားသည့္ အႏႈိင္းမဲ့အၾကင္နာပရဟိတ ဦးကိုကိုေအာင္သည္
ဧၿပီ ၇ ရက္(ယေန႔)နံနက္ ၃ နာရီခြဲခန္႔က ၎ေမြးျမဴခဲ့သည့္ ဝက္ဝံႏွစ္ေကာင္မွ ကိုက္သတ္ခဲ့သျဖင့္ေသဆုံးခဲ့သည္ဟု ေတာင္ငူနာေရးကူညီမႈအသင္းမွသိရသည္။
ေသဆုံးခဲ့သည့္ဦးကိုကိုေအာင္သည္ ေတာင္ငူၿမိဳ႕၌ ျမင့္မိုရ္နန္းတည္းခိုခန္းႏွင့္ KTV ဆိုင္ပိုင္ရွင္တစ္ဦးျဖစ္ကာ
ဝက္ဝံႏွစ္ေကာင္ႏွင့္တိရစာၦန္မ်ားစြာအား အႏႈိင္းမဲ့အၾကင္နာပရဟိတ အမည္ျဖင့္ထိန္းသိမ္းေစာင့္ေရွာက္ေပးေနသူတစ္ဦးျဖစ္ ေၾကာင္း သိရသည္။
ဦးကိုကိုေအာင္အား ၎ေမြးျမဴထားသည့္ ဝက္ဝံႏွစ္ေကာင္ျဖစ္ေသာ ခ်စ္ပိုႏွင့္အိစိေကြးတို႔မွ အ႐ိုင္းစိတ္ဝင္၍
ကိုက္သတ္ခဲ့ျခင္းျဖစ္ကာ ကိုက္ခံရခ်ိန္တြင္ ဦးကိုကိုေအာင္အား ဝင္ေရာက္ကူညီေပးခဲ့သည့္ အိမ္ေမြးေခြးအခ်ိဳ႕လည္း ဝက္ဝံကိုက္ခံရသျဖင့္ေသဆုံးခဲ့သည္ဟု သိရသည္။
“ကိုေအာင္ရဲ႕အမ်ိဳးသမီးက ကိုေအာင္ ဝက္ဝံကိုက္ခံရလို႔ ကူညီေပးပါလို႔႐ုံးကိုဖုန္းဆက္တာေၾကာင့္
ကြၽန္ေတာ္တို႔သြားၿပီးကူညီေပးခဲ့ပါတယ္ လူအင္အားအလုံအေလာက္နဲ႔သြားခဲ့ေပမယ့္ အ ေလာင္းေကာက္ဖို႔ေတာင္မလြယ္တဲ့အတြက္
ဌာနဆိုင္ရာကလူႀကီးေတြကိုအကူအညီေတာင္းခဲ့ရပါတယ္”ဟုေတာင္ငူနာေရးကူညီမႈအသင္းဝင္တစ္ဦးကေျပာသည္။
ဦးကိုကိုေအာင္၏ ႐ုပ္အေလာင္းအားသယ္ထုတ္ရန္ အ႐ိုင္းစိတ္ဝင္ေနသည့္
ဝက္ဝံႏွစ္ေကာင္အား တာဝန္ရွိသူမ်ားက ေသနတ္ျဖင့္ပစ္သတ္ခဲ့ရသည္ဟု သိရသည္။
ထိုသို႔ ပစ္သတ္ၿပီးေနာက္ ဦးကိုကိုေအာင္၏႐ုပ္အ ေလာင္းအား ေတာင္ငူနာေရးကူညီမႈအသင္းကားျဖင့္
ေတာင္ငူေဆး႐ုံရင္ခြဲ႐ုံသို႔ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။