ေျမာင္းထဲ ေဇာက္ထိုးက်သြားတဲ့ ဗီယက္နမ္ ဂိုဏ္းစတား ေ႐ႊလူသား

Unicode

တစ်နေ့ကိုရွှေ ၁၅ ကီလိုဝတ်ပြီး သက်တော်စောင့်တွေနဲ့သွားရွှေအိမ်တော်နဲ့နေရွှေကားစီးနေသူ အာဏာပိုင်တွေကိုဖိနပ်ကြားညှပ်ထားသူ

ဖုအိပ်ခ်ျအို (Phuc XO) အသက် ၃၈ နှစ်ကို ဗီယက်နမ်နိုင်ငံဟိုချီမင်းမြို့သားတွေက မဟာဘောဂသူဌေးရွှေအိုကြီးလို့ ဘွဲ့ပေးထားကြပါတယ်။

တစ်နိုင်ငံလုံးမှာ XO နာမည်နဲ့ နိုက်ကလပ်တွေပိုင်ဆိုင်ထားလို့ အသက်ငယ်ငယ်နဲ့သူးဌေးဘွဲ့ကိုရသွားခဲ့တဲ့ ရွှေအိုကြီးနဲ့အပေါင်းပါ (၇) ဦးကို

ဟိုချီမင်းရဲတပ်ဖွဲ့က ဆေးရောင်းမှု၊ လက်နက်မှု၊ တရားမဝင်ငွေမဲတွေပိုင်ဆိုင်မှုနဲ့ ထောင် ၁၂ နှစ်ချလိုက်တဲ့သတင်းကြောင့် ကြားရသူတွေဟင်-ဟာနဲ့တအံ့တသြ ဖြစ်နေကြပါတယ်။

ရွှေအိုးကြီးပိုင်ဆိုင်မှုအားလုံးကိုလည်း နိုင်ငံတော်ပိုင်အဖြစ်သိမ်းလိုက်လို့ စိတ်ထိခိုက်နေတဲ့ရွှေအိုးကြီးဟာ ထောင်ထဲမှာချိနဲ့နဲ့လမ်းမလျှောက်နိုင်လောက်အောင် ဖြစ်သွားလို့ သူ့ကိုရုံးထုတ်တဲ့အခါတွဲခေါ်ထုတ်လာရပါတယ်။

နိုက်ကလပ်ကိုဟန်ပြပြီး လာပျော်ပါးတဲ့သူတွေကို စိတ်ကြွဆေးတွေရောင်းနေတာကို အထူးစုံစမ်းရေးရဲကဖေါ်ထုတ်ခဲ့ပြီး ဖမ်းဆီးတရားစွဲလိုက်တာပါ။

သူ့လိုမျိုး တရားမဝင်ဝင်ငွေနဲ့ချမ်းသာနေစည်းစိမ်ခံနေသူတွေလည်း ငါ့တို့အလှည့်ဘယ်တော့ရောက်လာမလည်း တွေးပူနေကြကြောင်းလည်းသိရပါတယ်။

Crd

Zawgyi

တစ္ေန႔ကိုေ႐ႊ ၁၅ ကီလိုဝတ္ၿပီး သက္ေတာ္ေစာင့္ေတြနဲ႔သြားေ႐ႊအိမ္ေတာ္နဲ႔ေနေ႐ႊကားစီးေနသူ အာဏာပိုင္ေတြကိုဖိနပ္ၾကားညႇပ္ထားသူ

ဖုအိပ္ခ္်အို (Phuc XO) အသက္ ၃၈ ႏွစ္ကို ဗီယက္နမ္ႏိုင္ငံဟိုခ်ီမင္းၿမိဳ႕သားေတြက မဟာေဘာဂသူေဌးေ႐ႊအိုႀကီးလို႔ ဘြဲ႕ေပးထားၾကပါတယ္။

တစ္ႏိုင္ငံလုံးမွာ XO နာမည္နဲ႔ ႏိုက္ကလပ္ေတြပိုင္ဆိုင္ထားလို႔ အသက္ငယ္ငယ္နဲ႔သူးေဌးဘြဲ႕ကိုရသြားခဲ့တဲ့ ေ႐ႊအိုႀကီးနဲ႔အေပါင္းပါ (၇) ဦးကို

ဟိုခ်ီမင္းရဲတပ္ဖြဲ႕က ေဆးေရာင္းမႈ၊ လက္နက္မႈ၊ တရားမဝင္ေငြမဲေတြပိုင္ဆိုင္မႈနဲ႔ ေထာင္ ၁၂ ႏွစ္ခ်လိုက္တဲ့သတင္းေၾကာင့္ ၾကားရသူေတြဟင္-ဟာနဲ႔တအံ့တၾသ ျဖစ္ေနၾကပါတယ္။

ေ႐ႊအိုးႀကီးပိုင္ဆိုင္မႈအားလုံးကိုလည္း ႏိုင္ငံေတာ္ပိုင္အျဖစ္သိမ္းလိုက္လို႔ စိတ္ထိခိုက္ေနတဲ့ေ႐ႊအိုးႀကီးဟာ ေထာင္ထဲမွာခ်ိနဲ႔နဲ႔လမ္းမေလွ်ာက္ႏိုင္ေလာက္ေအာင္ ျဖစ္သြားလို႔ သူ႔ကို႐ုံးထုတ္တဲ့အခါတြဲေခၚထုတ္လာရပါတယ္။

ႏိုက္ကလပ္ကိုဟန္ျပၿပီး လာေပ်ာ္ပါးတဲ့သူေတြကို စိတ္ႂကြေဆးေတြေရာင္းေနတာကို အထူးစုံစမ္းေရးရဲကေဖၚထုတ္ခဲ့ၿပီး ဖမ္းဆီးတရားစြဲလိုက္တာပါ။

သူ႔လိုမ်ိဳး တရားမဝင္ဝင္ေငြနဲ႔ခ်မ္းသာေနစည္းစိမ္ခံေနသူေတြလည္း ငါ့တို႔အလွည့္ဘယ္ေတာ့ေရာက္လာမလည္း ေတြးပူေနၾကေၾကာင္းလည္းသိရပါတယ္။

Crd