Unicode
လူတစ်ချို့မှာ ထူးဆန်းစွာရှိနေတတ်တဲ့ မွေးရာပါ နားပေါက်လေးတွေ အကြောင်း
လူတစ်ယောက်ရဲ့ ကိုယ်ခန္ဓာဖွဲ့စည်းပုံဟာ ထူးဆန်းလွန်းပါတယ်။ လူတိုင်းဟာ တူညီတဲ့ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းထားပေးမယ့်
တစ်ချို့သောအရာတွေမှာ အနည်းငယ် ကွဲပြားမှုတွေရှိနေပါတယ်။ လူတစ်ချို့မှာ လက်ပွား၊ ခြေပွားလေးတွေ ရှိနေတာက အကောင်းဆုံး ဥပမာပါ။
အခုဖော်ပြပေးမှာကတော့ လူတစ်ချို့မှာ ထူးဆန်းစွာရှိနေတတ်တဲ့ မွေးရာပါ နားပေါက် အကြောင်းဖြစ်ပါတယ်။
အဲလို မွေးရာပါ နားပေါက်ရဲ့ ဆေးပညာအခေါ်အဝေါ်က Preauricular Sinus ဖြစ်ပါတယ်။ နားပေါက်လေးတွေဟာ နားတစ်ဖက်ထဲတင်
မဟုတ်ဘဲ နားနှစ်ဖက်လုံးမှာလည်း ပါဝင်နိုင်ပါတယ်။ နားပေါက် တွေဟာ မျိုးရိုးလိုက်ပြီး ပါလေ့တော့ မရှိပါဘူး
အမေရိကန် ဆေးပညာစာကြည့်တိုက်(US National Library of Medicine)ရဲ့ မှတ်တမ်းတွေ အရတော့ ဆေးပညာသမိုင်းမှ
ာ ပထမဦးဆုံး မွေးရာပါနားပေါက် ပါလာသူအဖြစ် Van Heusinger ကို (၁၈၆၄)ခုနှစ်က မှတ်တမ်းတင်ခဲ့ပါတယ်။ နည်းပညာမတိုးတက်သေးတဲ့
ရှေးယခင်ခေတ်တွေမှာလည်း သူ့ထက်စောပြီး မွေးရာပါနားပေါက် ပါလာတဲ့လူတွေ ရှိနိုင်ပါသေးတယ်။နိုင်ငံတစ်ချို့မှာတော့
ဒီလို နားပေါက်ပါလာတဲ့ သူတွေဟာ ကံဆိုးမှုတွေ သယ်ယူလာတယ်ဆိုပြီး အယူရှိကြပါတယ်။ တစ်ချို့နိုင်ငံတွေမှာကျတော့ မွေးရာပါနားပေါက်ပါတဲ့
လူတွေကို ကံဆိုးမှာဆိုးလို့ နားကပ်ထပ်ပြီးတပ်ဖို့ ခွင့်မပြုပါဘူး။ တကယ်တော့ ဒီမွေးရာပါ နားပေါက်လေးတွေဟာ လူသားတွေရဲ့ အတိတ်သမိုင်းကို ဖော်ပြနေတာပါ။
ကမ္ဘာပေါ်က သက်ရှိအားလုံးရေထဲကနေ အစပြုခဲ့တာဖြစ်တာကြောင့် သက်ရှိအားလုံးဟာ မျိုးရိုးဗီဇဖွဲ့စည်းပုံတွေ ဘယ်လောက်ပဲ ကွဲကွဲ ၊
တစ်နေရာရာမှာတော့ ငါးတွေနဲ့ တူလေ့ရှိပါတယ်။ ဒါကြောင့် ငါးတွေမှာ ပါးဟပ်တွေ ရှိနေသလို မျိုးရိုးဗီဇ DNA ထူးတဲ့လူတစ်ချို့မှာလည်း
မွေးရာပါ နားပေါက်လေးတွေ ရှိနေတတ်ပါတယ်။ ဒီနားပေါက်လေးတွေဟာ ကျန်းမာရေးအတွက် ဘာအန္တရာယ်မှ မရှိပါဘူး။
တစ်ခုသတိထားရမှာကတော့ နားကွင်းတွေ၊ နားကပ်တွေကို မွေးရာပါနားပေါက်ထဲမှာ တပ်ဆင်တဲ့အခါ ထိခိုက်ဒဏ်ရာ မရဖို့ပဲ ဖြစ်ပါတယ်။
တကယ်လို့ ထိခိုက်ဒဏ်ရာရခဲ့ရင် အနာကျက်ဖို့ မလွယ်ဘဲ ဦးဏှောက်အာရုံကြောနဲ့ နီးကပ်နေတဲ့အတွက် ဆေးရုံမှာ ခွဲစိတ်ကုသမှုခံယူမှသာ အဆင်ပြေနိုင်မှာဖြစ်ပါတယ်။
Credit
Zawgyi
လူတစ္ခ်ိဳ႕မွာ ထူးဆန္းစြာရွိေနတတ္တဲ့ ေမြးရာပါ နားေပါက္ေလးေတြ အေၾကာင္း
လူတစ္ေယာက္ရဲ႕ ကိုယ္ခႏၶာဖြဲ႕စည္းပုံဟာ ထူးဆန္းလြန္းပါတယ္။ လူတိုင္းဟာ တူညီတဲ့ ကိုယ္တြင္းအဂၤါ အစိတ္အပိုင္းေတြနဲ႔ ဖြဲ႕စည္းထားေပးမယ့္
တစ္ခ်ိဳ႕ေသာအရာေတြမွာ အနည္းငယ္ ကြဲျပားမႈေတြရွိေနပါတယ္။ လူတစ္ခ်ိဳ႕မွာ လက္ပြား၊ ေျခပြားေလးေတြ ရွိေနတာက အေကာင္းဆုံး ဥပမာပါ။
အခုေဖာ္ျပေပးမွာကေတာ့ လူတစ္ခ်ိဳ႕မွာ ထူးဆန္းစြာရွိေနတတ္တဲ့ ေမြးရာပါ နားေပါက္ အေၾကာင္းျဖစ္ပါတယ္။
အဲလို ေမြးရာပါ နားေပါက္ရဲ႕ ေဆးပညာအေခၚအေဝၚက Preauricular Sinus ျဖစ္ပါတယ္။ နားေပါက္ေလးေတြဟာ နားတစ္ဖက္ထဲတင္
မဟုတ္ဘဲ နားႏွစ္ဖက္လုံးမွာလည္း ပါဝင္ႏိုင္ပါတယ္။ နားေပါက္ ေတြဟာ မ်ိဳး႐ိုးလိုက္ၿပီး ပါေလ့ေတာ့ မရွိပါဘူး
အေမရိကန္ ေဆးပညာစာၾကည့္တိုက္(US National Library of Medicine)ရဲ႕ မွတ္တမ္းေတြ အရေတာ့ ေဆးပညာသမိုင္းမွ
ာ ပထမဦးဆုံး ေမြးရာပါနားေပါက္ ပါလာသူအျဖစ္ Van Heusinger ကို (၁၈၆၄)ခုႏွစ္က မွတ္တမ္းတင္ခဲ့ပါတယ္။ နည္းပညာမတိုးတက္ေသးတဲ့
ေရွးယခင္ေခတ္ေတြမွာလည္း သူ႔ထက္ေစာၿပီး ေမြးရာပါနားေပါက္ ပါလာတဲ့လူေတြ ရွိႏိုင္ပါေသးတယ္။ႏိုင္ငံတစ္ခ်ိဳ႕မွာေတာ့
ဒီလို နားေပါက္ပါလာတဲ့ သူေတြဟာ ကံဆိုးမႈေတြ သယ္ယူလာတယ္ဆိုၿပီး အယူရွိၾကပါတယ္။ တစ္ခ်ိဳ႕ႏိုင္ငံေတြမွာက်ေတာ့ ေမြးရာပါနားေပါက္ပါတဲ့
လူေတြကို ကံဆိုးမွာဆိုးလို႔ နားကပ္ထပ္ၿပီးတပ္ဖို႔ ခြင့္မျပဳပါဘူး။ တကယ္ေတာ့ ဒီေမြးရာပါ နားေပါက္ေလးေတြဟာ လူသားေတြရဲ႕ အတိတ္သမိုင္းကို ေဖာ္ျပေနတာပါ။
ကမာၻေပၚက သက္ရွိအားလုံးေရထဲကေန အစျပဳခဲ့တာျဖစ္တာေၾကာင့္ သက္ရွိအားလုံးဟာ မ်ိဳး႐ိုးဗီဇဖြဲ႕စည္းပုံေတြ ဘယ္ေလာက္ပဲ ကြဲကြဲ ၊
တစ္ေနရာရာမွာေတာ့ ငါးေတြနဲ႔ တူေလ့ရွိပါတယ္။ ဒါေၾကာင့္ ငါးေတြမွာ ပါးဟပ္ေတြ ရွိေနသလို မ်ိဳး႐ိုးဗီဇ DNA ထူးတဲ့လူတစ္ခ်ိဳ႕မွာလည္း
ေမြးရာပါ နားေပါက္ေလးေတြ ရွိေနတတ္ပါတယ္။ ဒီနားေပါက္ေလးေတြဟာ က်န္းမာေရးအတြက္ ဘာအႏၲရာယ္မွ မရွိပါဘူး။
တစ္ခုသတိထားရမွာကေတာ့ နားကြင္းေတြ၊ နားကပ္ေတြကို ေမြးရာပါနားေပါက္ထဲမွာ တပ္ဆင္တဲ့အခါ ထိခိုက္ဒဏ္ရာ မရဖို႔ပဲ ျဖစ္ပါတယ္။
တကယ္လို႔ ထိခိုက္ဒဏ္ရာရခဲ့ရင္ အနာက်က္ဖို႔ မလြယ္ဘဲ ဦးေဏွာက္အာ႐ုံေၾကာနဲ႔ နီးကပ္ေနတဲ့အတြက္ ေဆး႐ုံမွာ ခြဲစိတ္ကုသမႈခံယူမွသာ အဆင္ေျပႏိုင္မွာျဖစ္ပါတယ္။
Credit