မုန္တိုင္းၾကားမွ ကိုယ့္ကိုကိုယ္ မကာကြယ္ဘဲ မီးဖြားေနတဲ့မိခင္ေၾကာင္မတစ္ေကာင္အေပၚ အေျပးအလႊား ပလတ္စတစ္သြားအုပ္ေပးခဲ့တဲ့ ေကာင္ေလး

Unicode

ဖိလစ်ပိုင်နိုင်ငံ မနီလာပင်လယ်အော်မှာ ရာသီအကူးအပြောင်းများကြောင့် မကြာခဏဆိုသလို တိုင်ဖွန်းမုန်တိုင်းများ တိုက်ခတ်လေ့ရှိပါတယ်။

ဒီထိမိတဲ့ဓာတ်ပုံများကို 2015 ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ မိုးသည်းထန်စွာရွာသွန်းတဲ့ တိုင်ဖွန်း Egay

မုန်တိုင်းကြားကနေ ရိုက်ယူထားနိုင်ခဲ့တာဘဲဖြစ်ပါတယ်။ ထိုတိုင်ဖွန်း Egay မုန်တိုင်းက မနီလာပင်လယ်အော်မှာ မိုးသည်းထန်စွာ ရွာသွန်းစေပြီး

လေပြင်းများတိုက်ခတ်နေပေမဲ့လည်း အပြာရောင်အင်္ကျီနှင့် အဝါရောင်ဘောင်းဘီတိုကို ဝတ်ဆင်ထားသည့် မိုးရေစိုစွတ်နေတဲ့ ဒီကောင်လေးတစ်ဦးဟာ ၊

ပင်လယ်ရဲ့ကွန်ကရစ်အတားအဆီးပေါ်မှာ မီးဖွါးနေတဲ့ မိခင်ကြောင်မတစ်ကောင်ကို တွေ့လိုက်ရတဲ့အခါမှာ ကိုယ်တိုင်ရဲ့ဘေးကင်းရေးနှင့်

ကျန်းမာရေးကိုတောင် ဂရုမစိုက်နိုင်ဘဲ မီးဖွါးနေတဲ့ မိခင်ကြောင်မဆီသို့ အပြေး လျှောက်သွားခဲ့ပါတယ်။လေပြင်းတိုက်ပြီး မိုးသည်းကြီးမည်းကြီး

ရွာချနေတဲ့ ထိုတိုင်ဖွန်းမုန်တိုင်းအလယ်မှာတောင် အဆိုပါ အမည်မသိကောင်လေးတစ်ဦးက ထိုမိခင်ကြောင်မတစ်ကောင်နှင့် သူမရဲ့ကြောင်ပေါက်လေးများကို

မိုးရေများမစိုသွားအောင် ၎င်းတို့အပေါ် ကနေ ပလတ်စတစ်အုပ်ပေးရင်း လေဒဏ် မိုးဒဏ်ကို ထိန်းပေးရင်း သွားကာရံပေးခဲ့ပါတယ်။

ထိုအိုးမဲ့အိမ်မဲ့မိခင်ကြောင် နဲ့ သူမရဲ့ကြောင်လေးများကို နောက်ပိုင်းမှာ ဒေသခံတိရိစ္ဆာန်စောင့်ရှောက်ရေးက ကယ်ဆယ်ပေးခဲ့ကြပါတယ်။

ထိုကောင်လေးဟာ ၎င်းရဲ့အလွန်ရိုးရှင်းတဲ့စိုးရိမ်ကြောက်ကျ့မှုနှင့် ကရုဏာကြင်နာမှုတစ်ခုဖြင့် ပြင်းထန်တဲ့တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုအတွင်

း ထိုမိခင်ကြောင်မနှင့်ကြောင်ကလေးများကိုပင် ၎င်းကယ်တင်နိုင်ခဲ့ပုံကို ပြသပေးခဲ့ပါတယ်။တကယ်လည်း ဤအဖိုးတန်ကောင်လေးဟာ ထိုကဲ့သို့သောရဲစွမ်းသတ္တိနှင့် ကြင်နာမှုတို့ဖြင့် လူသားများစွာရဲ့တစ်ပါးသူအပေါ်ယုံကြည်မှုကို ပြန်လည်ထူထောင်ပြသပေးနိုင်ခဲ့ပါတယ်။

JRose (KB Chimmy one)

Reference : gtgoodtimes

Zawgyi

ဖိလစ္ပိုင္ႏိုင္ငံ မနီလာပင္လယ္ေအာ္မွာ ရာသီအကူးအေျပာင္းမ်ားေၾကာင့္ မၾကာခဏဆိုသလို တိုင္ဖြန္းမုန္တိုင္းမ်ား တိုက္ခတ္ေလ့ရွိပါတယ္။

ဒီထိမိတဲ့ဓာတ္ပုံမ်ားကို 2015 ခုႏွစ္မွာ ဖိလစ္ပိုင္ႏိုင္ငံ မနီလာၿမိဳ႕ေတာ္ကို ျဖတ္ေက်ာ္ဝင္ေရာက္ခဲ့တဲ့ မိုးသည္းထန္စြာ႐ြာသြန္းတဲ့ တိုင္ဖြန္း Egay

မုန္တိုင္းၾကားကေန ႐ိုက္ယူထားႏိုင္ခဲ့တာဘဲျဖစ္ပါတယ္။ ထိုတိုင္ဖြန္း Egay မုန္တိုင္းက မနီလာပင္လယ္ေအာ္မွာ မိုးသည္းထန္စြာ ႐ြာသြန္းေစၿပီး

ေလျပင္းမ်ားတိုက္ခတ္ေနေပမဲ့လည္း အျပာေရာင္အက်ႌႏွင့္ အဝါေရာင္ေဘာင္းဘီတိုကို ဝတ္ဆင္ထားသည့္ မိုးေရစိုစြတ္ေနတဲ့ ဒီေကာင္ေလးတစ္ဦးဟာ ၊

ပင္လယ္ရဲ႕ကြန္ကရစ္အတားအဆီးေပၚမွာ မီးဖြါးေနတဲ့ မိခင္ေၾကာင္မတစ္ေကာင္ကို ေတြ႕လိုက္ရတဲ့အခါမွာ ကိုယ္တိုင္ရဲ႕ေဘးကင္းေရးႏွင့္

က်န္းမာေရးကိုေတာင္ ဂ႐ုမစိုက္ႏိုင္ဘဲ မီးဖြါးေနတဲ့ မိခင္ေၾကာင္မဆီသို႔ အေျပး ေလွ်ာက္သြားခဲ့ပါတယ္။ေလျပင္းတိုက္ၿပီး မိုးသည္းႀကီးမည္းႀကီး

႐ြာခ်ေနတဲ့ ထိုတိုင္ဖြန္းမုန္တိုင္းအလယ္မွာေတာင္ အဆိုပါ အမည္မသိေကာင္ေလးတစ္ဦးက ထိုမိခင္ေၾကာင္မတစ္ေကာင္ႏွင့္ သူမရဲ႕ေၾကာင္ေပါက္ေလးမ်ားကို

မိုးေရမ်ားမစိုသြားေအာင္ ၎တို႔အေပၚ ကေန ပလတ္စတစ္အုပ္ေပးရင္း ေလဒဏ္ မိုးဒဏ္ကို ထိန္းေပးရင္း သြားကာရံေပးခဲ့ပါတယ္။

ထိုအိုးမဲ့အိမ္မဲ့မိခင္ေၾကာင္ နဲ႔ သူမရဲ႕ေၾကာင္ေလးမ်ားကို ေနာက္ပိုင္းမွာ ေဒသခံတိရိစာၦန္ေစာင့္ေရွာက္ေရးက ကယ္ဆယ္ေပးခဲ့ၾကပါတယ္။

ထိုေကာင္ေလးဟာ ၎ရဲ႕အလြန္႐ိုးရွင္းတဲ့စိုးရိမ္ေၾကာက္က်႕မႈႏွင့္ က႐ုဏာၾကင္နာမႈတစ္ခုျဖင့္ ျပင္းထန္တဲ့တိုင္ဖြန္းမုန္တိုင္းတိုက္ခတ္မႈအတြင္

း ထိုမိခင္ေၾကာင္မႏွင့္ေၾကာင္ကေလးမ်ားကိုပင္ ၎ကယ္တင္ႏိုင္ခဲ့ပုံကို ျပသေပးခဲ့ပါတယ္။တကယ္လည္း ဤအဖိုးတန္ေကာင္ေလးဟာ ထိုကဲ့သို႔ေသာရဲစြမ္းသတၱိႏွင့္ ၾကင္နာမႈတို႔ျဖင့္ လူသားမ်ားစြာရဲ႕တစ္ပါးသူအေပၚယုံၾကည္မႈကို ျပန္လည္ထူေထာင္ျပသေပးႏိုင္ခဲ့ပါတယ္။

JRose (KB Chimmy one)

Reference : gtgoodtimes