မခ်စ္ပဲ လက္မထပ္ခ်င္လို႔ Sperm အလႉခံၿပီး ကေလးယူလိုက္တဲ့ အမ်ိဳးသမီး

Unicode

နာမည်ကြီး TV personality Sayuri ကတော့ သူမရဲ့ရင်သွေးလေးကိုဂျပန်မှာ နိုဝင်ဘာ ၄ ရက်နေ့ကမွေးဖွားလိုက်ပါတယ်။

မွေးမယ်လို့ခန့်မှန်းထားတဲ့အချိန် ထက် ၁၀ ရက်လောက်စောမွေးခဲ့တာပါ။ သားလေးဖြစ်ပြီးကလေးရောမိခင်ပါကျန်းမာပါတယ်။

Sayuri ကလေးလေးမွေးတာနဲ့ပတ်သက်ပြီး အွန်လိုင်းပေါ်မှာအမြင်ကွဲလွဲမှုတွေငြင်းခုံမှုတွေ ဖြစ်နေပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းကတော့

ဒီကေလးကို Sperm အလှူခံပြီးမွေးထားတာပါ။ ပုံမှန်အနေအထားလိုယောက်ျားတစ်ယောက်နဲ့ လက်ထပ်ပြီးရလာတဲ့ကလေးမဟုတ်ပါဘူး။ ဒီအကြောင်းကိုတော့ All Kpop မှာ ဖော်ပြထားပါတယ်။

Sayuri Fujita ကတော့ကိုရီးယားအခြေစိုက် ဂျပန် TV personality တစ်ယောက်ပါ။ Sperm အလှူခံပြီး ကလေးယူလိုက်ရတဲ့အကြောင်းအရင်းရှိပါတယ်။

သူမရဲ့အသက်က ၄၁ နှစ်ရှိနေပါပြီ။ ပြီးခဲ့တဲ့အောက်တိုဘာတုန်းက ရာသီသွေးဆင်းတာမမှန်လို့ ဆေးခန်းကိုသွားပြခဲ့ပါတယ်။

အဲ့ဒီမှာပဲသူမရဲ့သားအိမ်ကပုံမှန် မဟုတ်တဲ့အနေအထားကြောင့် အခုလိုရာသီသွေးမမှန်ဖြစ်နေရတယ်ဆိုတာကိုသိခဲ့ရတာပါ။

အသက်ကြီးလာရင်ရာသီသွေးပုံမှန်မဟုတ်တော့ပဲ သားအိမ်က အသက်ကြီးအားနည်းလာပြီး ကလေးယူဖို့ခက်ခဲလာတဲ့အနေအထားမျိုးပါ။

ဒါမျိုးက အမျိုးသမီးတော်တော်များများ ကြုံရတတ်ပါတယ်။ တစ်ချို့ကျတော့လည်း အသက်နဲ့မဆိုင်ပဲသားအိမ်မှာအလုံးတွေအကြိတ်တွေ တည်တာမျိုးတွေဖြစ်တတ်ပါတယ်။

ဒီလိုအနေအထားမှာယောက်ျားမြန်မြန်ယူ ကလေးမွေးရင်တော့ပြဿနာမရှိပေမယ့် အိမ်ထောင်မပြုပဲဒီလိုအနေအထားနဲ့ကြာလာရင် ကလေးလုံးဝမရတော့တာမျိုးတွေဖြစ်နိုင်ပါတယ်။

Sayuri Fujita ကိုတော့ဆရာဝန်က သူမရဲ့သားအိမ်အနေအထားက သဘာဝအတိုင်းကိုယ်ဝန်ဆောင်တာဒါမှမဟုတ် ဖန်ပြွန်သန္ဓေသားနဲ့ကိုယ်ဆောင်ဖို့တောင်

ခက်ခဲတယ်လို့ပြောခဲ့ပါတယ်။ ဒီအတိုင်းကြာကြာဆက်ထားရင် ခက်ခဲရုံအဆင့်တင်မဟုတ်ပဲ ကလေးလုံးဝမရတော့တာမျိုးအထိဖြစ်နိုင်တယ်လို့

ဆရာဝန်ကပြောလာတဲ့အချိန်မှာ Sayuri တစ်ယောက် အရမ်းစိတ်ဓါတ်ကျသွားခဲ့ပါတယ်။ ကလေးမွေးပြီးမိခင်တစ်ယောက်ဖြစ်ချင်တဲ့သူမအနေနဲ့

အဲ့ဒီအချိန်မှာဘာလုပ်လို့လုပ်ရမှန်း မသိအောင်ဖြစ်ခဲ့ရပါတယ်။ ကလေးမရနိုင်တော့တာတစ်ခုတည်းနဲ့လည်း ယောက်ျား

တစ်ယောက်ကိုလက်မထပ်ချင်တဲ့သူမရဲ့စိတ်ကြောင့် နောက်ဆုံးမှာတော့ Sperm အလှူခံပြီး ကလေးယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။

“ကျွန်မကအရင်တည်းက ကလေးအရမ်းလိုချင်ခဲ့တဲ့လူလေ အရင်ဆုံးစဉ်းစားမိတာက လက်ထပ်လိုက်ရမလားဆိုပြီးတွေးမိတယ်

ဒါပေမယ့်လည်း ကလေးလိုချင်တဲ့ အတွက်ကြောင့်တော့ ယောက်ျားတစ်ယောက်ကို အလောတကြီးလက်မထပ်နိုင်ဘူး ကျွန်မမချစ်တဲ့ယောက်ျား

ကိုလည်းလက်မထပ်နိုင်ဘူး ဒါကြောင့်လက်မထပ်ပဲ ကလေးယူမယ့်နည်းကို ရွေးလိုက်တာပါ..” လို့ ပြောခဲ့ပါတယ်။

Sperm လှူတဲ့ဆေးရုံတွေမှာအလှူရှင်ရှာတော့လည်း လက်မထပ်ထားတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တာကြောင့် ရှာရတာခက်ခဲခဲ့ပါတယ်။

ဒါကြောင့်ဂျပန်ပြန်သွားပြီး ကိုယ်ဝန်ယူဖို့ကိစ္စကိုလုပ်ခဲ့ပါတယ်။ Sayuri ရဲ့ single mother အဖြစ်ရပ်တည်ချက်အပေါ် လေးစားချီးကျူးတာတွေရှိသလို

တစ်ချို့ကလည်းယောက်ျား ကောင်းတစ်ယောက်ကိုရှာယူသင့်ကြောင်းနဲ့ အဖေမရှိတဲ့ကလေးအတွက်စိတ်မကောင်းဘူးဆိုပြီး မှတ်ချက်ပေးခဲ့ကြတာတွေလည်းရှိပါတယ်။

Crd

Zawgyi

နာမည္ႀကီး TV personality Sayuri ကေတာ့ သူမရဲ႕ရင္ေသြးေလးကိုဂ်ပန္မွာ ႏိုဝင္ဘာ ၄ ရက္ေန႔ကေမြးဖြားလိုက္ပါတယ္။

ေမြးမယ္လို႔ခန႔္မွန္းထားတဲ့အခ်ိန္ ထက္ ၁၀ ရက္ေလာက္ေစာေမြးခဲ့တာပါ။ သားေလးျဖစ္ၿပီးကေလးေရာမိခင္ပါက်န္းမာပါတယ္။

Sayuri ကေလးေလးေမြးတာနဲ႔ပတ္သက္ၿပီး အြန္လိုင္းေပၚမွာအျမင္ကြဲလြဲမႈေတြျငင္းခုံမႈေတြ ျဖစ္ေနပါတယ္။ ဒီလိုျဖစ္ရတဲ့အေၾကာင္းအရင္းကေတာ့

ဒီေကလးကို Sperm အလႉခံၿပီးေမြးထားတာပါ။ ပုံမွန္အေနအထားလိုေယာက္်ားတစ္ေယာက္နဲ႔ လက္ထပ္ၿပီးရလာတဲ့ကေလးမဟုတ္ပါဘူး။ ဒီအေၾကာင္းကိုေတာ့ All Kpop မွာ ေဖာ္ျပထားပါတယ္။

Sayuri Fujita ကေတာ့ကိုရီးယားအေျခစိုက္ ဂ်ပန္ TV personality တစ္ေယာက္ပါ။ Sperm အလႉခံၿပီး ကေလးယူလိုက္ရတဲ့အေၾကာင္းအရင္းရွိပါတယ္။

သူမရဲ႕အသက္က ၄၁ ႏွစ္ရွိေနပါၿပီ။ ၿပီးခဲ့တဲ့ေအာက္တိုဘာတုန္းက ရာသီေသြးဆင္းတာမမွန္လို႔ ေဆးခန္းကိုသြားျပခဲ့ပါတယ္။

အဲ့ဒီမွာပဲသူမရဲ႕သားအိမ္ကပုံမွန္ မဟုတ္တဲ့အေနအထားေၾကာင့္ အခုလိုရာသီေသြးမမွန္ျဖစ္ေနရတယ္ဆိုတာကိုသိခဲ့ရတာပါ။

အသက္ႀကီးလာရင္ရာသီေသြးပုံမွန္မဟုတ္ေတာ့ပဲ သားအိမ္က အသက္ႀကီးအားနည္းလာၿပီး ကေလးယူဖို႔ခက္ခဲလာတဲ့အေနအထားမ်ိဳးပါ။

ဒါမ်ိဳးက အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ား ႀကဳံရတတ္ပါတယ္။ တစ္ခ်ိဳ႕က်ေတာ့လည္း အသက္နဲ႔မဆိုင္ပဲသားအိမ္မွာအလုံးေတြအႀကိတ္ေတြ တည္တာမ်ိဳးေတြျဖစ္တတ္ပါတယ္။

ဒီလိုအေနအထားမွာေယာက္်ားျမန္ျမန္ယူ ကေလးေမြးရင္ေတာ့ျပႆနာမရွိေပမယ့္ အိမ္ေထာင္မျပဳပဲဒီလိုအေနအထားနဲ႔ၾကာလာရင္ ကေလးလုံး၀မရေတာ့တာမ်ိဳးေတြျဖစ္ႏိုင္ပါတယ္။

Sayuri Fujita ကိုေတာ့ဆရာဝန္က သူမရဲ႕သားအိမ္အေနအထားက သဘာ၀အတိုင္းကိုယ္ဝန္ေဆာင္တာဒါမွမဟုတ္ ဖန္ႁပြန္သေႏၶသားနဲ႔ကိုယ္ေဆာင္ဖို႔ေတာင္

ခက္ခဲတယ္လို႔ေျပာခဲ့ပါတယ္။ ဒီအတိုင္းၾကာၾကာဆက္ထားရင္ ခက္ခဲ႐ုံအဆင့္တင္မဟုတ္ပဲ ကေလးလုံး၀မရေတာ့တာမ်ိဳးအထိျဖစ္ႏိုင္တယ္လို႔

ဆရာဝန္ကေျပာလာတဲ့အခ်ိန္မွာ Sayuri တစ္ေယာက္ အရမ္းစိတ္ဓါတ္က်သြားခဲ့ပါတယ္။ ကေလးေမြးၿပီးမိခင္တစ္ေယာက္ျဖစ္ခ်င္တဲ့သူမအေနနဲ႔

အဲ့ဒီအခ်ိန္မွာဘာလုပ္လို႔လုပ္ရမွန္း မသိေအာင္ျဖစ္ခဲ့ရပါတယ္။ ကေလးမရႏိုင္ေတာ့တာတစ္ခုတည္းနဲ႔လည္း ေယာက္်ား

တစ္ေယာက္ကိုလက္မထပ္ခ်င္တဲ့သူမရဲ႕စိတ္ေၾကာင့္ ေနာက္ဆုံးမွာေတာ့ Sperm အလႉခံၿပီး ကေလးယူဖို႔ဆုံးျဖတ္ခဲ့ပါတယ္။

“ကြၽန္မကအရင္တည္းက ကေလးအရမ္းလိုခ်င္ခဲ့တဲ့လူေလ အရင္ဆုံးစဥ္းစားမိတာက လက္ထပ္လိုက္ရမလားဆိုၿပီးေတြးမိတယ္

ဒါေပမယ့္လည္း ကေလးလိုခ်င္တဲ့ အတြက္ေၾကာင့္ေတာ့ ေယာက္်ားတစ္ေယာက္ကို အေလာတႀကီးလက္မထပ္ႏိုင္ဘူး ကြၽန္မမခ်စ္တဲ့ေယာက္်ား

ကိုလည္းလက္မထပ္ႏိုင္ဘူး ဒါေၾကာင့္လက္မထပ္ပဲ ကေလးယူမယ့္နည္းကို ေ႐ြးလိုက္တာပါ..” လို႔ ေျပာခဲ့ပါတယ္။

Sperm လႉတဲ့ေဆး႐ုံေတြမွာအလႉရွင္ရွာေတာ့လည္း လက္မထပ္ထားတဲ့အမ်ိဳးသမီးတစ္ေယာက္ျဖစ္တာေၾကာင့္ ရွာရတာခက္ခဲခဲ့ပါတယ္။

ဒါေၾကာင့္ဂ်ပန္ျပန္သြားၿပီး ကိုယ္ဝန္ယူဖို႔ကိစၥကိုလုပ္ခဲ့ပါတယ္။ Sayuri ရဲ႕ single mother အျဖစ္ရပ္တည္ခ်က္အေပၚ ေလးစားခ်ီးက်ဴးတာေတြရွိသလို

တစ္ခ်ိဳ႕ကလည္းေယာက္်ား ေကာင္းတစ္ေယာက္ကိုရွာယူသင့္ေၾကာင္းနဲ႔ အေဖမရွိတဲ့ကေလးအတြက္စိတ္မေကာင္းဘူးဆိုၿပီး မွတ္ခ်က္ေပးခဲ့ၾကတာေတြလည္းရွိပါတယ္။

Crd