လူတစ္ကိုယ္စာထက္ ႀကီးၿပီး အရွည္ ၉ ေပခန္႔ရွိတဲ့ ဧရာမငါးခူႀကီးတစ္ေကာင္ကို မထင္မွတ္ဘဲ ဖမ္းမိခဲ့တဲ့ အေပ်ာ္တမ္းငါးဖမ္းအမ်ိဳးသားတစ္စု (႐ုပ္သံ)

Unicode

ငါးဖမ်းတဲ့အခါ ဘယ်ငါးကိုဖမ်းမိမယ်ဆိုတာကို ဘယ်သူတစ်ဦးတစ်ယောက်မှ ကြိုမသိထားနိုင်ပါဘူး။ ပုံမှန်နေ့များမှာ အင်းအိုင် (သို့) မြစ်ရှိ တူညီတဲ့ရလဒ်များ

ကိုပေးဆောင်လေ့ရှိပေမဲ့ အထူးနေ့များမှာ သင်က ကြီးကျယ်တာတစ်ခုခုဖမ်းမိနိုင်ပါတယ်။ ဒါပေမဲ့ လူတိုင်းက ကမ္ဘာ့စံချိန်ချိုးဖို့ထိတော့ အနည်းငယ်မျှသာ

မျှော်လင့်ထားတတ်ကြပါတယ်။ အီတလီနိုင်ငံရှိ River Po သို့ ခရီးစဉ်မှာ Benjamin Gründer အမည်ရှိအမျိုးသားတစ်ဦးဟာ ၎င်းရဲ့ငါးမျှားချိတ်မှ

ာ ဧရာမငါးခူကြီးတစ်ကောင် ချိတ်မိသွားခဲ့ပါတယ်။ ၎င်းဖမ်းမိခဲ့တဲ့ ဧရာမငါးခူကြီးတစ်ကောင်ရဲ့အရွယ်အစားက ကမ္ဘာ့စံချိန်ချိုးခဲ့တယ်ဆိုရင်တောင်

သူကိုယ်တိုင်က တရားဝင်မဟုတ်တာကြောင့် ထိုမှတ်တမ်းများပျက်ပြယ်သွားမယ်ဆိုတာကိုလည်း Benjamin က သိနေခဲ့ပါတယ်။

ထိုငါးခူကြီးရဲ့အရှည်က ၉ ပေခန့်ရှိပြီး အကြမ်းဖျင်းအားဖြင့် ၂၈၄ ပေါင်ရှိပါတယ်။ Benjamin တို့အဖွဲ့နှင့် ထိုငါးခူကြီးတို့ရဲ့ဓာတ်ပုံများက photoshop

လုပ်ထားတာနဲ့တူနေပေမဲ့ ထိုငါးခူကို ကမ်းပေါ်ဆွဲတင်လိုက်တဲ့အခါ ထင်ထားတာထက် ပိုကြီးနေတာကို တွေ့မြင်နိုင်ပါတယ်။ Benjamin ဟာ

တခြားသောငါးမျိုးစုံကိုလည်း ဖမ်းမိခဲ့ဖူးပေမဲ့ ဒီဧရာမငါးခူကြီးချိတ်မိပြီး သူ့ငါးမြှားချိတ်စတင်ပြန်ရစ်လိုက်စဉ်မှာ အခြားငါးများနှင့်အနည်းငယ်ကွဲပြားပုံရတာကို

သတိထားမိခဲ့ကြောင်း ဆိုပါတယ်။ ထို့ပြင် Benjamin က ထိုငါးမြှားချိတ်ကို သစ်ပင်အမြစ်ပေါ်မှီခိုပြီး ဆွဲယူလိုက်ရကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ထိုဧရာငါးခူကြီးရဲ့ ကြီးမားလှတဲ့ကိုယ်အလေးချိန်ကြောင့် ရွှေ့ရန်ခက်ခဲစေခဲ့ပြီး ရွေ့လျားနိုင်သည့်အရာတစ်ခုပေါ်မှာ ကြိုးဖြင့် ဆွဲထားခဲ့ရပါတယ်။

အံ့သြစရာကောင်းတာက ထိုဧရာမငါးခူကြီးတစ်ကောင်ကို လှေပေါ်ဆွဲတင်ဖို့ အချိန်က သိပ်မကြာနေခဲ့ဘဲ ၄၅ မိနစ်အတွင်းမှာပဲ ၎င်းက လှေပေါ်ရောက်လာခဲ့ပါတယ်။

ဒီလို အထင်ကြီးလောက်စရာ အဖြစ်အပျက်ကို မှတ်တမ်းသာမရှိရင် ဘယ်သူမှမယုံကြဘူးဆိုပေမဲ့ ကျေးဇူးတင်စွာဖြင့် ထိုအချိန်မှာ ၎င်းတို့အဖွဲ့ထဲကတစ်စုံတစ်ဦးဆီမှာ ကင်မရာတစ်လုံးရှိနေခဲ့ပါတယ်။

ဒါပေမဲ့လည်း အပျော်တမ်းငါးဖမ်းဖြစ်တဲ့ Benjamin က ၎င်းရဲ့ နောက်နေ့တွေမှာ အသက်ဆက်ရှင်နိုင်ဖို့အတွက် ကြီးကျယ်ခမ်းနားတဲ့ ၎င်းဧရာငါးခူကြီးကို ရေထဲပြန်လွှတ်ပေးခဲ့ပါတယ်။

Mia (Mckzone daily)

Reference : apost

Zawgyi

ငါးဖမ္းတဲ့အခါ ဘယ္ငါးကိုဖမ္းမိမယ္ဆိုတာကို ဘယ္သူတစ္ဦးတစ္ေယာက္မွ ႀကိဳမသိထားႏိုင္ပါဘူး။ ပုံမွန္ေန႔မ်ားမွာ အင္းအိုင္ (သို႔) ျမစ္ရွိ တူညီတဲ့ရလဒ္မ်ား

ကိုေပးေဆာင္ေလ့ရွိေပမဲ့ အထူးေန႔မ်ားမွာ သင္က ႀကီးက်ယ္တာတစ္ခုခုဖမ္းမိႏိုင္ပါတယ္။ ဒါေပမဲ့ လူတိုင္းက ကမာၻ႔စံခ်ိန္ခ်ိဳးဖို႔ထိေတာ့ အနည္းငယ္မွ်သာ

ေမွ်ာ္လင့္ထားတတ္ၾကပါတယ္။ အီတလီႏိုင္ငံရွိ River Po သို႔ ခရီးစဥ္မွာ Benjamin Gründer အမည္ရွိအမ်ိဳးသားတစ္ဦးဟာ ၎ရဲ႕ငါးမွ်ားခ်ိတ္မွ

ာ ဧရာမငါးခူႀကီးတစ္ေကာင္ ခ်ိတ္မိသြားခဲ့ပါတယ္။ ၎ဖမ္းမိခဲ့တဲ့ ဧရာမငါးခူႀကီးတစ္ေကာင္ရဲ႕အ႐ြယ္အစားက ကမာၻ႔စံခ်ိန္ခ်ိဳးခဲ့တယ္ဆိုရင္ေတာင္

သူကိုယ္တိုင္က တရားဝင္မဟုတ္တာေၾကာင့္ ထိုမွတ္တမ္းမ်ားပ်က္ျပယ္သြားမယ္ဆိုတာကိုလည္း Benjamin က သိေနခဲ့ပါတယ္။

ထိုငါးခူႀကီးရဲ႕အရွည္က ၉ ေပခန႔္ရွိၿပီး အၾကမ္းဖ်င္းအားျဖင့္ ၂၈၄ ေပါင္ရွိပါတယ္။ Benjamin တို႔အဖြဲ႕ႏွင့္ ထိုငါးခူႀကီးတို႔ရဲ႕ဓာတ္ပုံမ်ားက photoshop

လုပ္ထားတာနဲ႔တူေနေပမဲ့ ထိုငါးခူကို ကမ္းေပၚဆြဲတင္လိုက္တဲ့အခါ ထင္ထားတာထက္ ပိုႀကီးေနတာကို ေတြ႕ျမင္ႏိုင္ပါတယ္။ Benjamin ဟာ

တျခားေသာငါးမ်ိဳးစုံကိုလည္း ဖမ္းမိခဲ့ဖူးေပမဲ့ ဒီဧရာမငါးခူႀကီးခ်ိတ္မိၿပီး သူ႔ငါးျမႇားခ်ိတ္စတင္ျပန္ရစ္လိုက္စဥ္မွာ အျခားငါးမ်ားႏွင့္အနည္းငယ္ကြဲျပားပုံရတာကို

သတိထားမိခဲ့ေၾကာင္း ဆိုပါတယ္။ ထို႔ျပင္ Benjamin က ထိုငါးျမႇားခ်ိတ္ကို သစ္ပင္အျမစ္ေပၚမွီခိုၿပီး ဆြဲယူလိုက္ရေၾကာင္းလည္း ေျပာၾကားခဲ့ပါတယ္။

ထိုဧရာငါးခူႀကီးရဲ႕ ႀကီးမားလွတဲ့ကိုယ္အေလးခ်ိန္ေၾကာင့္ ေ႐ႊ႕ရန္ခက္ခဲေစခဲ့ၿပီး ေ႐ြ႕လ်ားႏိုင္သည့္အရာတစ္ခုေပၚမွာ ႀကိဳးျဖင့္ ဆြဲထားခဲ့ရပါတယ္။

အံ့ၾသစရာေကာင္းတာက ထိုဧရာမငါးခူႀကီးတစ္ေကာင္ကို ေလွေပၚဆြဲတင္ဖို႔ အခ်ိန္က သိပ္မၾကာေနခဲ့ဘဲ ၄၅ မိနစ္အတြင္းမွာပဲ ၎က ေလွေပၚေရာက္လာခဲ့ပါတယ္။

ဒီလို အထင္ႀကီးေလာက္စရာ အျဖစ္အပ်က္ကို မွတ္တမ္းသာမရွိရင္ ဘယ္သူမွမယုံၾကဘူးဆိုေပမဲ့ ေက်းဇူးတင္စြာျဖင့္ ထိုအခ်ိန္မွာ ၎တို႔အဖြဲ႕ထဲကတစ္စုံတစ္ဦးဆီမွာ ကင္မရာတစ္လုံးရွိေနခဲ့ပါတယ္။

ဒါေပမဲ့လည္း အေပ်ာ္တမ္းငါးဖမ္းျဖစ္တဲ့ Benjamin က ၎ရဲ႕ ေနာက္ေန႔ေတြမွာ အသက္ဆက္ရွင္ႏိုင္ဖို႔အတြက္ ႀကီးက်ယ္ခမ္းနားတဲ့ ၎ဧရာငါးခူႀကီးကို ေရထဲျပန္လႊတ္ေပးခဲ့ပါတယ္။

Mia (Mckzone daily)

Reference : apost

Vedio