ကခ်င္ျပည္နယ္ တႏိုင္းၿမိဳ႕ရွိ ဘုန္းႀကီးေက်ာင္းဝင္းတစ္ခုအတြင္း ဂ်ပန္ေခတ္ ေရွးေဟာင္းပယင္း ဘုရားဆင္းတုေတာ္မ်ား တူးေဖာ္ေတြ႕ရွိ

Unicode

တနိုင်မြို့နယ် ဘုန်းကြီးကျောင်းတိုက်ရှိ အုတ်ပုံနေရာဟောင်းကို ရှင်းလင်းရာ ရှေးဟောင်း ပယင်းဘုရား ၂၆ ဆူ တူးဖော်တွေ့ရှိ

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ မိုင်းခွန် ကျေးရွာရှိ မိုင်းခွန် သတ္တမဇောတိက ကျောင်းတိုက် ဝန်းအတွ င်းရှိ အုတ်ပုံနေရာ

ဟောင်းကို ရှင်းလင်းရာမှ ရှေး ဟောင်း ပယင်းဘုရား ၂၆ ဆူ တူးဖော် တွေ့ရှိခဲ့ သ ည်။ အဆိုပါ ပယင်း ဘုရားများကို ဇန်နဝါရီလ ၂၄

ရက်နေ့က ကျောင်းတိုက် ဝန်းအတွင်း စေတီသစ်တည် ရန်အတွက် သန့်ရှင်းရေး ပြုလုပ်နေစဉ် တူးဖော် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး

ယခင်စေတီ အဟောင်း ၏ ဌာပနာများ ဖြစ်နိုင်ကြောင်း မိုင်းခွန်သတ္တမဇော တိက ကျောင်းတိုက် ဆရာတော်က မိန့်သည်။

“မိုင်းခွန် ကျေးရွာ ဆိုတာက အရင် ဂျပန်ခေတ် ထဲ ကရှိခဲ့တဲ့ ရှမ်းရွာ ဖြစ်တယ်။ အရင် ရှိခဲ့တဲ့ ဘုရားရဲ့ ဌာပနာ ဟောင်းတွေလို့ ပြောလို့ရတယ်။

ဘုရားအ ရေအတွက်က (၂၆) ဆူရှိတယ်” ဟု ဆရာတော်က မိန့်ကြားသည်။ အဆိုပါ တွေ့ရှိခဲ့သည့် ပယင်းဘုရား

များမှာ ၄ လက်မခွဲ ခန့်ရှိသည့် ပယင်းဘုရားကြီး တ စ်ဆူ၊ (၃) လက်မခွဲ ခန့်ဘုရား လေးဆူ၊ ၂ လက်မခွဲခန့် ဘုရားခုနှစ်ဆူ၊ ၂ လက်မခန့်

ဘုရား ဆယ့်တစ်ဆူ၊ အခြားဘုရားငယ် သုံးဆူ၊ စုစုပေါင်း ပယင်းဘု ရား (၂၆) ဆူနှင့် လက်တစ်ဆုပ် ခန့်အရွယ်ရှိ ခုံအ

မျိုး အစား ကျောက် (အခွံပါ) ကျောက် တစ်လုံး၊ ပ ယင်း ပုတီးစေ့ တစ်စေ့၊ လက် တစ်ဆစ်ခန့် ပယင်းကျောက်တစ်ခု၊ နဂါးပုံဟု ယူဆရသည့်

သံထည်တို့ ကို ရှာဖွေတွေ့ ရှိခဲ့သည်။ အဆိုပါ ရှာဖွေတွေ့ရှိသည့် ပယင်းဘုရား (၂၆) ဆူနှင့် ပစ္စည်းများကို စုပေါင်း

ကာ အသစ်ပြန်လည် တည်ထား ကိုးကွယ်မည့် ဓာ တ်ပေါင်းစု စေတီတွင် ဌာပနာသွားမည် ဖြစ်ကြော င်း မိုင်းခွန် သတ္တမဇောတိက ကျောင်းတိုက်၏ ကျောင်းထိုင် ဆရာတော်က မိန့်ကြားခဲ့သည်။

ဗညားနွဲ့(EPN)

Crd

Zawgyi

တႏိုင္ၿမိဳ႕နယ္ ဘုန္းႀကီးေက်ာင္းတိုက္ရွိ အုတ္ပုံေနရာေဟာင္းကို ရွင္းလင္းရာ ေရွးေဟာင္း ပယင္းဘုရား ၂၆ ဆူ တူးေဖာ္ေတြ႕ရွိ

ကခ်င္ျပည္နယ္၊ တႏိုင္းၿမိဳ႕နယ္၊ မိုင္းခြန္ ေက်း႐ြာရွိ မိုင္းခြန္ သတၱမေဇာတိက ေက်ာင္းတိုက္ ဝန္းအတြ င္းရွိ အုတ္ပုံေနရာ

ေဟာင္းကို ရွင္းလင္းရာမွ ေရွး ေဟာင္း ပယင္းဘုရား ၂၆ ဆူ တူးေဖာ္ ေတြ႕ရွိခဲ့ သ ည္။ အဆိုပါ ပယင္း ဘုရားမ်ားကို ဇန္နဝါရီလ ၂၄

ရက္ေန႔က ေက်ာင္းတိုက္ ဝန္းအတြင္း ေစတီသစ္တည္ ရန္အတြက္ သန္႔ရွင္းေရး ျပဳလုပ္ေနစဥ္ တူးေဖာ္ ေတြ႕ရွိခဲ့ျခင္း ျဖစ္ၿပီး

ယခင္ေစတီ အေဟာင္း ၏ ဌာပနာမ်ား ျဖစ္ႏိုင္ေၾကာင္း မိုင္းခြန္သတၱမေဇာ တိက ေက်ာင္းတိုက္ ဆရာေတာ္က မိန္႔သည္။

“မိုင္းခြန္ ေက်း႐ြာ ဆိုတာက အရင္ ဂ်ပန္ေခတ္ ထဲ ကရွိခဲ့တဲ့ ရွမ္း႐ြာ ျဖစ္တယ္။ အရင္ ရွိခဲ့တဲ့ ဘုရားရဲ႕ ဌာပနာ ေဟာင္းေတြလို႔ ေျပာလို႔ရတယ္။

ဘုရားအ ေရအတြက္က (၂၆) ဆူရွိတယ္” ဟု ဆရာေတာ္က မိန္႔ၾကားသည္။ အဆိုပါ ေတြ႕ရွိခဲ့သည့္ ပယင္းဘုရား

မ်ားမွာ ၄ လက္မခြဲ ခန္႔ရွိသည့္ ပယင္းဘုရားႀကီး တ စ္ဆူ၊ (၃) လက္မခြဲ ခန္႔ဘုရား ေလးဆူ၊ ၂ လက္မခြဲခန္႔ ဘုရားခုႏွစ္ဆူ၊ ၂ လက္မခန္႔

ဘုရား ဆယ့္တစ္ဆူ၊ အျခားဘုရားငယ္ သုံးဆူ၊ စုစုေပါင္း ပယင္းဘု ရား (၂၆) ဆူႏွင့္ လက္တစ္ဆုပ္ ခန္႔အ႐ြယ္ရွိ ခုံအ

မ်ိဳး အစား ေက်ာက္ (အခြံပါ) ေက်ာက္ တစ္လုံး၊ ပ ယင္း ပုတီးေစ့ တစ္ေစ့၊ လက္ တစ္ဆစ္ခန္႔ ပယင္းေက်ာက္တစ္ခု၊ နဂါးပုံဟု ယူဆရသည့္

သံထည္တို႔ ကို ရွာေဖြေတြ႕ ရွိခဲ့သည္။ အဆိုပါ ရွာေဖြေတြ႕ရွိသည့္ ပယင္းဘုရား (၂၆) ဆူႏွင့္ ပစၥည္းမ်ားကို စုေပါင္း

ကာ အသစ္ျပန္လည္ တည္ထား ကိုးကြယ္မည့္ ဓာ တ္ေပါင္းစု ေစတီတြင္ ဌာပနာသြားမည္ ျဖစ္ေၾကာ င္း မိုင္းခြန္ သတၱမေဇာတိက ေက်ာင္းတိုက္၏ ေက်ာင္းထိုင္ ဆရာေတာ္က မိန္႔ၾကားခဲ့သည္။

ဗညားႏြဲ႕(EPN)

Crd