လူသူမရွိေတာ့တဲ့ အေဝးေျပးလမ္းမႀကီးေပၚမွာ ညဥ့္နက္စြာ ေသာင္တင္ေနရသည့္ သားအဖႏွစ္ဦးတို႔ကို ၾကင္နာစြာ ကူညီေပးခဲ့တဲ့ အမ်ိဳးသမီးတစ္ဦး

Unicode

အဝေးပြေးလမ်းမအလယ်မှာမှ ပြဿနာတစ်ခုခုဖြစ်သွားတဲ့ ကား ဒါမှမဟုတ် ဆိုင်ကယ်တွေက ဖြတ်သွားတဲ့ ဘယ်သူကိုမဆို စိတ်ဖိစီးစေသလို

ညဘက်ဆိုပိုဆိုးပါတယ်။မလေးရှားနိုင်ငံရှိ ဖေ့စ်ဘုတ်အသုံးပြုသူAlessandra Ngအမည်ရှိအမျိုးသမီးက ည၁၁နာရီခန့်မှာ အဝေးပြေးလမ်းမကြီးတစ်လျှောက်

ကားမောင်းနေစဉ်ကားလမ်းဘေးရှိ ဆိုင်ကယ်စီးရန်ရုန်းကန်နေသည့်အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့ကို တွေ့ရှိခဲ့ကြောင်းကို မျှဝေခဲ့ပါတယ်။

Alessandraက၎င်းတို့အားသူမတစ်ခုခုကူညီနိုင်မလားဆိုတာသိရဖို့၎င်းတို့နားချဉ်းကပ်ခဲ့ပြီးနောက် ၎င်းတို့က အဖေနှင့်သမီးဖြစ်နေကြပြီး

၎င်းတို့ဆိုင်ကယ်အတွက်ဓာတ်ဆီလိုအပ်နေတာကိုသူမသိလိုက်ရပါတယ်။ထို့နောက်Alessandraက ၎င်းတို့လိုအပ်တာတွေကိုရဖို့

အနီးနားက ာတ်ဆီဆိုင်သို့သူမကားမောင်းပို့ပေးဖို့လုပ်ပေမဲ့ဖခင်ဖြစ်သူကအားနာနာနဲ့ ငြင်းဆန်ပြီးထိုနေရာသို့သူကိုယ်တိုင်သာ

လမ်းလျှောက်သွားမယ်လို့အခိုင်အမာ ပြောကြားလာခဲ့ပါတယ်။ Alessandra ကလည်း ဖခင်ဖြစ်သူကို သူ့ကိုယ်သူလမ်းလျှောက်ခွင့်မပေးဘဲ “

ဦးလေးကကျွန်မရဲအကူအညီမလိုအပ်ပေမဲ့ ဦးလေးသမီးကလိုအပ်နေတယ် ” လို့ ပြန်ပြောခဲ့ပေမဲ့လည်း ထိုဖခင်ကသူမရဲ့ကမ်းလှမ်းမှုကို

ထပ်ငြင်းပြီး သူ့မှာ ပိုက်ဆံမရှိဘူးလို့ဆိုကာ Alessandra ကို သူမသွားလိုရာနေရာကိုသာ ဆက်သွားဖို့ပြောပြန်ပါတယ်။

ထိုကဲ့သို့ဆက်ငြင်းနေချိန်မှာ Alessandra က ၎င်းတို့ကို အကူအညီပေးဖို့ တစ်စုံတစ်ဦးက ရပ်ပြီးလာမေးခဲ့လားလို့ထပ်မေးတော့

ဖခင်ဖြစ်သူက “ သူတို့တွေ လာကူကြတယ် ၊ ဒါပေမယ့် ငါ့မှာ ပိုက်ဆံမရှိဘူး။ အဆင်ပြေပါတယ် ၊ ဆိုင်ကယ်ရဲ့အင်ဂျင်က ပူနေတော့

ဆက်မောင်းလို့ရလောက်တယ် ” လို့ ထပ်ပြောလာခဲ့ပြန်ပါတယ်။ ထိုအချိန်မှာ Alessandra က ထိုဖခင်က သူမအကူအညီကို

ဆက်လက်ငြင်းဆိုနေရတဲ့အကြောင်းရင်းကို သူမနားလည်လာတော့ ၎င်းရဲ့မော်တော်ဆိုင်ကယ်ဆီဖြည့်ဖို့ သူမဆီက ပိုက်ဆံနည်းနည်းလောက်

ချေးမှာလားလို့ကမ်းလှမ်းလိုက်မှဘဲ ထိုဖခင်ဖြစ်သူက သူမရဲ့တောင်းဆိုချက်ကြောင့် အံ့အားသင့်သွားပြီး ၊ မျက်ရည်များပြည့်နေတဲ့မျက်လုံးများဖြင့်

သူမကို ကျေးဇူးတင်ကြောင်းပြောပြီး နောက်ဆုံး အနီးဆုံးဓာတ်ဆီဆိုင်ကိုရှာဖို့ Alessandra ရဲ့ကားပေါ်တက်ဖို့ သဘောတူလိုက်ပါတယ်

ကားမောင်းနေစဉ်မှာ သူတို့ဘာကြောင့် ညဉ့်နက်နေတာလဲလို့မေးတော့ ၎င်းတို့မိသားစုဝင်တစ်ဦးကွယ်လွန်သွားခဲ့တာကြောင့် ၎င်းတို့က

အခြားမြို့တစ်မြို့သို့ ရုတ်တရက် သွားခဲ့ကြတာဘဲဖြစ်ပါတယ်။ ထိုအချိန်မှာဘဲ Alessandra က ထိုဖခင်ဟာ သူစိမ်းတွေဆီက ပိုက်ဆံကိုလက်ခံရတာ

ရှက်လွန်းပြီး ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေမှာ သူ့သမီးအတွက် စံနမူနာကောင်းပြချင်ခဲ့တာဖြစ်ပုံရတာကြောင့် သူမအကူအညီကို ဘယ်ကြောင့် ငြင်းဆိုနေရလဲဆိုတာကိုပါ နားလည်သွားခဲ့ပါတယ်။

အချိန်အတန်ကြာရှာဖွေပြီးနောက် နောက်ဆုံးမှာ ဓာတ်ဆီဆိုင်ကိုရှာတွေ့သွားခဲ့တဲ့အတွက် Alessandra နှင့် ၎င်းသားအဖတို့ရဲ့တွေ့ဆုံမှုကလည်း

တောက်ပစွာ ပြီးဆုံးသွားခဲ့ပါတယ်။ ဓာတ်ဆီဝယ်ပြီး ဆိုင်ကယ်ကိုဆီဖြည့်လိုက်တော့ မကြာခင်မှာဘဲ ထိုဆိုင်ကယ်က လမ်းပေါ်

အဆင်ပြေပြေနဲ့ ပြန်တက်သွားခဲ့ပြီး Alessandra ကလည်း သူမရဲ့၎င်းပို့စ်အဆုံးမှာ လူတိုင်းအပေါ် ကြင်နာစွာဆက်ဆံရန်နှင့်

လိုအပ်နေသူများအား အတတ်နိုင်ဆုံး ကူညီရန်အတွက် လူတိုင်းကို သတိပေးသွားခဲ့ပါသေးတယ်။

JRose (KB Chimmy one)

Reference : therakyatpost

Zawgyi

အေဝးေျပးလမ္းမအလယ္မွာမွ ျပႆနာတစ္ခုခုျဖစ္သြားတဲ့ ကား ဒါမွမဟုတ္ ဆိုင္ကယ္ေတြက ျဖတ္သြားတဲ့ ဘယ္သူကိုမဆို စိတ္ဖိစီးေစသလို ​​

ညဘက္ဆိုပိုဆိုးပါတယ္။မေလးရွားႏိုင္ငံရွိ ေဖ့စ္ဘုတ္အသုံးျပဳသူAlessandra Ngအမည္ရွိအမ်ိဳးသမီးက ည၁၁နာရီခန႔္မွာ အေဝးေျပးလမ္းမႀကီးတစ္ေလွ်ာက္

ကားေမာင္းေနစဥ္ကားလမ္းေဘးရွိ ဆိုင္ကယ္စီးရန္႐ုန္းကန္ေနသည့္အမ်ိဳးသားတစ္ဦးႏွင့္အမ်ိဳးသမီးတစ္ဦးတို႔ကို ေတြ႕ရွိခဲ့ေၾကာင္းကို မွ်ေဝခဲ့ပါတယ္။

Alessandraက၎တို႔အားသူမတစ္ခုခုကူညီႏိုင္မလားဆိုတာသိရဖို႔၎တို႔နားခ်ဥ္းကပ္ခဲ့ၿပီးေနာက္ ၎တို႔က အေဖႏွင့္သမီးျဖစ္ေနၾကၿပီး

၎တို႔ဆိုင္ကယ္အတြက္ဓာတ္ဆီလိုအပ္ေနတာကိုသူမသိလိုက္ရပါတယ္။ထို႔ေနာက္Alessandraက ၎တို႔လိုအပ္တာေတြကိုရဖို႔

အနီးနားက ာတ္ဆီဆိုင္သို႔သူမကားေမာင္းပို႔ေပးဖို႔လုပ္ေပမဲ့ဖခင္ျဖစ္သူကအားနာနာနဲ႔ ျငင္းဆန္ၿပီးထိုေနရာသို႔သူကိုယ္တိုင္သာ

လမ္းေလွ်ာက္သြားမယ္လို႔အခိုင္အမာ ေျပာၾကားလာခဲ့ပါတယ္။ Alessandra ကလည္း ဖခင္ျဖစ္သူကို သူ႔ကိုယ္သူလမ္းေလွ်ာက္ခြင့္မေပးဘဲ “

ဦးေလးကကြၽန္မရဲအကူအညီမလိုအပ္ေပမဲ့ ဦးေလးသမီးကလိုအပ္ေနတယ္ ” လို႔ ျပန္ေျပာခဲ့ေပမဲ့လည္း ထိုဖခင္ကသူမရဲ႕ကမ္းလွမ္းမႈကို

ထပ္ျငင္းၿပီး သူ႔မွာ ပိုက္ဆံမရွိဘူးလို႔ဆိုကာ Alessandra ကို သူမသြားလိုရာေနရာကိုသာ ဆက္သြားဖို႔ေျပာျပန္ပါတယ္။

ထိုကဲ့သို႔ဆက္ျငင္းေနခ်ိန္မွာ Alessandra က ၎တို႔ကို အကူအညီေပးဖို႔ တစ္စုံတစ္ဦးက ရပ္ၿပီးလာေမးခဲ့လားလို႔ထပ္ေမးေတာ့

ဖခင္ျဖစ္သူက “ သူတို႔ေတြ လာကူၾကတယ္ ၊ ဒါေပမယ့္ ငါ့မွာ ပိုက္ဆံမရွိဘူး။ အဆင္​​ေျပပါတယ္​ ၊ ဆိုင္ကယ္ရဲ႕အင္ဂ်င္က ပူေနေတာ့

ဆက္ေမာင္းလို႔ရေလာက္တယ္ ” လို႔ ထပ္ေျပာလာခဲ့ျပန္ပါတယ္။ ထိုအခ်ိန္မွာ Alessandra က ထိုဖခင္က သူမအကူအညီကို

ဆက္လက္ျငင္းဆိုေနရတဲ့အေၾကာင္းရင္းကို သူမနားလည္လာေတာ့ ၎ရဲ႕ေမာ္ေတာ္ဆိုင္ကယ္ဆီျဖည့္ဖို႔ သူမဆီက ပိုက္ဆံနည္းနည္းေလာက္

ေခ်းမွာလားလို႔ကမ္းလွမ္းလိုက္မွဘဲ ထိုဖခင္ျဖစ္သူက သူမရဲ႕ေတာင္းဆိုခ်က္ေၾကာင့္ အံ့အားသင့္သြားၿပီး ၊ မ်က္ရည္မ်ားျပည့္ေနတဲ့မ်က္လုံးမ်ားျဖင့္

သူမကို ေက်းဇူးတင္ေၾကာင္းေျပာၿပီး ေနာက္ဆုံး အနီးဆုံးဓာတ္ဆီဆိုင္ကိုရွာဖို႔ Alessandra ရဲ႕ကားေပၚတက္ဖို႔ သေဘာတူလိုက္ပါတယ္

ကားေမာင္းေနစဥ္မွာ သူတို႔ဘာေၾကာင့္ ညဥ့္နက္ေနတာလဲလို႔ေမးေတာ့ ၎တို႔မိသားစုဝင္တစ္ဦးကြယ္လြန္သြားခဲ့တာေၾကာင့္ ၎တို႔က

အျခားၿမိဳ႕တစ္ၿမိဳ႕သို႔ ႐ုတ္တရက္ သြားခဲ့ၾကတာဘဲျဖစ္ပါတယ္။ ထိုအခ်ိန္မွာဘဲ Alessandra က ထိုဖခင္ဟာ သူစိမ္းေတြဆီက ပိုက္ဆံကိုလက္ခံရတာ

ရွက္လြန္းၿပီး ခက္ခဲၾကမ္းတမ္းတဲ့အခ်ိန္ေတြမွာ သူ႔သမီးအတြက္ စံနမူနာေကာင္းျပခ်င္ခဲ့တာျဖစ္ပုံရတာေၾကာင့္ သူမအကူအညီကို ဘယ္ေၾကာင့္ ျငင္းဆိုေနရလဲဆိုတာကိုပါ နားလည္သြားခဲ့ပါတယ္။

အခ်ိန္အတန္ၾကာရွာေဖြၿပီးေနာက္ ေနာက္ဆုံးမွာ ဓာတ္ဆီဆိုင္ကိုရွာေတြ႕သြားခဲ့တဲ့အတြက္ Alessandra ႏွင့္ ၎သားအဖတို႔ရဲ႕ေတြ႕ဆုံမႈကလည္း

ေတာက္ပစြာ ၿပီးဆုံးသြားခဲ့ပါတယ္။ ဓာတ္ဆီဝယ္ၿပီး ဆိုင္ကယ္ကိုဆီျဖည့္လိုက္ေတာ့ မၾကာခင္မွာဘဲ ထိုဆိုင္ကယ္က လမ္းေပၚ

အဆင္ေျပေျပနဲ႔ ျပန္တက္သြားခဲ့ၿပီး Alessandra ကလည္း သူမရဲ႕၎ပို႔စ္အဆုံးမွာ လူတိုင္းအေပၚ ၾကင္နာစြာဆက္ဆံရန္ႏွင့္

လိုအပ္ေနသူမ်ားအား အတတ္ႏိုင္ဆုံး ကူညီရန္အတြက္ လူတိုင္းကို သတိေပးသြားခဲ့ပါေသးတယ္။

JRose (KB Chimmy one)

Reference : therakyatpost