ေခါင္းရိတ္ဖို႔ေရာက္လာတဲ့ ကင္ဆာေရာဂါသည္မိန္းကေလးကို စိတ္အားမငယ္ေအာင္ အေဖာ္အျဖစ္ သူ႔ရဲ႕ဆံပင္ကိုပါ ရိတ္လိုက္တဲ့ ဆံပင္ညႇပ္ဆရာ

Unicode

မကြာသေးမီက ထိုင်းနိုင်ငံမှ အမျိုးသမီးတစ်ဦးဟာ ဆံပင်ညှပ်ရန် သွားရောက်ခဲ့ပြီး ရိုက်ကူးခဲ့တဲ့ TikTok ကလစ်တိုလေးကြောင့် မထင်မှတ်ပဲ ပျံ့နှံ့သွားခဲ့ပါတယ် ။

ဒီးအမျိုးသမီးတစ်ဦးက ထိုင်းနိုင်ငံ၊ Chonburi ရှိ Tripple Barber ဆိုင်ထဲသို့ ဝင်လာပြီး ခေါင်းရိတ်ရန် တောင်းဆိုခဲ့ပါတယ် ။

ဆံပင်ညှပ်သူက အနည်းငယ် ထိတ်လန့်သွားပြီး “ဘာဖြစ်လို့ ရုတ်တရက်ကြီး ခေါင်းရိတ်ချင်ရတာလဲ အသည်းကွဲလို့လား” ဆိုပြီး မေးပါတယ် ။

သူမမှာ ကင်ဆာရောဂါရှိပြီး ဓာတုကုထုံးခံယူနေသောကြောင့် ဆံပင်အားလုံးကို ရိတ်လိုက်တာမှ ပိုကောင်းမယ်ထင်တယ်လို့ ပြန်ဖြေလိုက်ပါတယ် ။

ထိုအချိန်မှာ ဆံပင်ညှပ်သူက IG ကြော်ငြာများအတွက် ကလစ်အချို့ကို ရိုက်ကူးရန် သူ့ရဲ့ဖုန်းကို တပ်ဆင်ထားပြီး သူမရဲ့ တောင်းဆိုမှုကို လက်ခံပြီး ခေါင်းရိတ်ပေးခဲ့ပါတယ် ။

သူမအတွက် ခေါင်းရိတ်ပေးလို့ပြီးတာနဲ့ ဆံပင်ညှပ်ဆရာက သူမကို ထောက်ခံကြောင်းပြသရန် ညှပ်စက်နဲ့ သူ့ခေါင်းကိုသူ ပြန်ရိတ်ခဲ့ပါတယ် ။

အမျိုးသမီးသည် အံ့သြသွားပြီး သူမရဲ့ မျက်လုံးများမှာ မျက်ရည်များ စီးကျလာခဲ့ပါတယ် ။ ဆိုင်ရှင်က “ဆံပင်ဆိုတာ အမျိုးသမီးတိုင်းရဲ့ဘဝရဲ့

အစိတ်အပိုင်းတစ်ခုပါ။ ကီမိုဆေးနဲ့ ဆက်စပ်နေတဲ့ ဆံပင်ကျွတ်ခြင်းက အလွန်ထိလွယ် ရှလွယ်တဲ့အရာဖြစ်ပေမဲ့ ဆံပင်ရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ

လှပတယ်လို့ ကျွန်တော်ပြောချင်ပါတယ် ။ သင်ဟာ တခြားသူတွေနဲ့ မတူသလို လှပတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်” လို့ ပြောပါတယ် ။

JRose (KB Chimmy one)

Reference : worldofbuzz

Zawgyi

မၾကာေသးမီက ထိုင္းႏိုင္ငံမွ အမ်ိဳးသမီးတစ္ဦးဟာ ဆံပင္ညႇပ္ရန္ သြားေရာက္ခဲ့ၿပီး ႐ိုက္ကူးခဲ့တဲ့ TikTok ကလစ္တိုေလးေၾကာင့္ မထင္မွတ္ပဲ ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္ ။

ဒီးအမ်ိဳးသမီးတစ္ဦးက ထိုင္းႏိုင္ငံ၊ Chonburi ရွိ Tripple Barber ဆိုင္ထဲသို႔ ၀င္လာၿပီး ေခါင္းရိတ္ရန္ ေတာင္းဆိုခဲ့ပါတယ္ ။

ဆံပင္ညႇပ္သူက အနည္းငယ္ ထိတ္လန႔္သြားၿပီး “ဘာျဖစ္လို႔ ႐ုတ္တရက္ႀကီး ေခါင္းရိတ္ခ်င္ရတာလဲ အသည္းကြဲလို႔လား” ဆိုၿပီး ေမးပါတယ္ ။

သူမမွာ ကင္ဆာေရာဂါရွိၿပီး ဓာတုကုထုံးခံယူေနေသာေၾကာင့္ ဆံပင္အားလုံးကို ရိတ္လိုက္တာမွ ပိုေကာင္းမယ္ထင္တယ္လို႔ ျပန္ေျဖလိုက္ပါတယ္ ။

ထိုအခ်ိန္မွာ ဆံပင္ညႇပ္သူက IG ေၾကာ္ျငာမ်ားအတြက္ ကလစ္အခ်ိဳ႕ကို ႐ိုက္ကူးရန္ သူ႔ရဲ႕ဖုန္းကို တပ္ဆင္ထားၿပီး သူမရဲ႕ ေတာင္းဆိုမႈကို လက္ခံၿပီး ေခါင္းရိတ္ေပးခဲ့ပါတယ္ ။

သူမအတြက္ ေခါင္းရိတ္ေပးလို႔ၿပီးတာနဲ႔ ဆံပင္ညႇပ္ဆရာက သူမကို ေထာက္ခံေၾကာင္းျပသရန္ ညႇပ္စက္နဲ႔ သူ႔ေခါင္းကိုသူ ျပန္ရိတ္ခဲ့ပါတယ္ ။

အမ်ိဳးသမီးသည္ အံ့ၾသသြားၿပီး သူမရဲ႕ မ်က္လုံးမ်ားမွာ မ်က္ရည္မ်ား စီးက်လာခဲ့ပါတယ္ ။ ဆိုင္ရွင္က “ဆံပင္ဆိုတာ အမ်ိဳးသမီးတိုင္းရဲ႕ဘဝရဲ႕

အစိတ္အပိုင္းတစ္ခုပါ။ ကီမိုေဆးနဲ႔ ဆက္စပ္ေနတဲ့ ဆံပင္ကြၽတ္ျခင္းက အလြန္ထိလြယ္ ရွလြယ္တဲ့အရာျဖစ္ေပမဲ့ ဆံပင္ရွိသည္ျဖစ္ေစ၊မရွိသည္ျဖစ္ေစ

လွပတယ္လို႔ ကြၽန္ေတာ္ေျပာခ်င္ပါတယ္ ။ သင္ဟာ တျခားသူေတြနဲ႔ မတူသလို လွပတဲ့သူတစ္ေယာက္လည္း ျဖစ္ပါတယ္” လို႔ ေျပာပါတယ္ ။

JRose (KB Chimmy one)

Reference : worldofbuzz