အဘိုးအဘွားတွေကို ကြည်နူးစရာကောင်းတဲ့ အမှတ်တရဓာတ်ပုံတွေရိုက်ကူးပေးဖို့ မင်္ဂလာပွဲပြန်လည်ကျင်းပပေးခဲ့တဲ့ မြေးလေးများ

Unicode

မကြာသေးမီကအသက်၈၀နှစ်အရွယ်ဗီယက်နမ်အဘိုးအဘွားနှစ်ဦးဟာသားသမီး၊ မြေးတွေကမင်္ဂလာပွဲကျင်းပပေးခဲ့ပါတယ် ။

မိသားစုတစ်စုလုံးကအဆိုပါပျော်ရွှင်စရာအခိုက်အတန့်ကိုသက်သေခံရန်စုဝေးကြပြီး၊အင်္ကျီလက်ရှည်ဖြင့် ပြောင်ပြောင်တောက်အဘိုးအိုတစ်ဦးနဲ့

နူးညံ့သိမ်မွေ့တဲ့ ဂါဝန်ရှည်ဖြစ်အဖွားကို ထိမ်းမြားလက်ထပ်ပေးခဲ့တာပါ ။အဆိုပါသက်ကြီးရွယ်အိုနှစ်ဦးမှာ အသက်၇၅နှစ်ရှိပေမဲ့သန်မာပြီးကျန်းမာရေးကောင်းမွန်ကြောင်းသိရှိရပါတယ် ။

ယခင်မင်္ဂလာဆောင်တုန်းကဒီသက်ကြီးရွယ်အိုဇနီးမောင်နှံဟာအမှတ်တရဓာတ်ပုံတွေမရိုက်ခဲ့ကြတာကြောင့် အမှတ်တရ ဖန်တီးရန်အတွက်

၎င်းတို့ရဲ့ သားသမီးများနဲ့ မြေးများက မင်္ဂလာပွဲလေးတစ်ခု ကျင်းပခဲ့ပါတယ် ။ ဒီအရွယ်မှာ လူတော်တော်များများက အိမ်ထောင်ပြုဖို့ ကြောက်ရွံ့ကြပြီး

ဓာတ်ပုံရိုက်ခဲကြပေမယ့်ဒီအဘိုးအဘွားနှစ်ယောက်ကတော့အလွန်အဆင်ပြေပါတယ်။တစ်ယောက်နဲ့တစ်ယောက် ဘေးချင်းကပ်ထိုင်ပြီး

ကြည်နူးပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးရဖို့ဘိုးဘွားတွေတစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေ အများကြီးရှိကြပြီး နွေးထွေးပျော်ရွှင်တဲ့

မိသားစုဘဝလေး ပိုင်ဆိုင်ဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် စိတ်ရှည်သည်းခံစွာ ဓါတ်ပုံတွေရိုက်ခဲ့ကြတာပါ ။ လူမှုကွန်ရက်ပေါ် မျှဝေပြီး အွန်လိုင်းအသိုင်းအဝန်းက

အဘိုးအဘွားများ အချင်းချင်း ချစ်ခြင်းမေတ္တာကို လေးလေးနက်နက် မှတ်ချက်ပေးခဲ့ကြပါတယ် ။

JRose (KB Chimmy one)

Reference : bestie

Zawgyi










JRose (KB Chimmy one)

Reference : bestie